← Chapters

အမြီးသုံးချောင်းသားရဲကိုချိတ်ပိတ်ခြင်း.....

Vol. 22 Ch. 295

အမြီးသုံးချောင်းသားရဲကိုချိတ်ပိတ်ခြင်း.....

Vol. 22 Ch. 295

မင်းသမီးကြီး၏ နက်ရှိုင်းသော ပဲ့တင်ထပ်သံစွမ်းအားများကို ချေးငှားသုံးစွဲလိုက်သည့်အခါ လီလော့၏လက်ဖဝါးပေါ်ရှိ စည်းတံဆိပ် ပိုမိုအားကောင်းလာပြီး သားရဲကြီး၏ပတ်ပတ်လည်တွင် အလင်းတန်းများ ပိုများလာကာ အသွေးအသားထဲထိ စိမ့်ဝင်သွားကြသည်။

ဝေါင်းးးးးးးးး

နာကျင်လွန်းသဖြင့် အော်ဟစ်နေသောအသံသည် အဆုံးမရှိသော မိုးခြိမ်းသံကဲ့သို့ပင်.....

မင်းသမီးကြီး၏ ပဲ့တင်ထပ်သံစွမ်းအားများကြောင့် နောက်ဆုံးတွင် အမြီးသုံးချောင်းသားရဲကြီးကို  ဖမ်းမိခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်သည် လီလော့ဆီသို့ စတင်ပျံသန်းလာသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ ကျုံ့သွားပြီး မကြာမီ လီလော့၏ လက်ဖဝါးပေါ်မှ စည်းတံဆိပ်ထဲသို့ အလင်းတန်းတစ်ခုအဖြစ်ဝင်ရောက်ဖို့ဟန်ပြင်နေသည်။

"စည်းတံဆိပ်....."

လီလော့ ထိုသို့လှမ်းအော်လိုက်ပြီး လက်ဖဝါးကို မြေပြင်ပေါ် ဖိလိုက်သည့်အခါ

အလင်းတန်းများသည် နာခံမှုရှိရှိ လမ်းကြောင်းပြောင်းလိုက်ကြပြီး ယခုအခါ မြေကြီးထဲသို့ ဝင်သွားပြီး အမြီးသုံးချောင်းသားရဲပုံသဏ္ဍာန်ကျောက်ရုပ်ထုကြီးတစ်ခုဖြစ်ပေါ်လာသည်။

ရုပ်တုကို သံကြိုးများဖြင့် ချည်နှောင်ထားသည်။

နောက်ဆုံးတွင်၊ အမြီးသုံးချောင်းသားရဲကို ကောင်းမွန်စွာ တံဆိပ်ခတ်နိုင်ခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် လီလော့၏ လက်ဖဝါးပေါ်ရှိ ရှေးဟောင်းစည်းတံဆိပ် မှိန်ဖျော့သွားသော်လည်း သူ့လက်ကောက်ဝတ်တစ်ဝိုက်တွင် နွေးထွေးမှုကို ခံစားရသည်။

အနီရောင်လက်ကောက်တစ်ကွင်း သူ့လက်ကောက်ဝတ်တွင် ဖြစ်ပေါ်လာသဖြင့် လူမမြင်အောင်အလျင်အမြန် ဖုံးကွယ်လိုက်ရသည်။

ဟေးးးးး

"အားလုံးပြီးပြီ......"

လီလော့ လှည့်ကြည့်လိုက်သည့်အခါ ဝိုင်းစက်နေသော မင်းသမီးကြီး၏  ဖီးနစ်သဏ္ဍာန်မျက်ဝန်းအစုံကြောင့် အံ့သြနေမိသည်။

မင်းသမီးကြီးက ခုနက ဖြစ်ပျက်ခဲ့တာတွေကို လိုက်မမှီနိုင်သေးပေ။

အမြီးသုံးချောင်သားရဲကို ခက်ခက်ခဲခဲ တိုက်ခိုက်ရမည်ထင်ခဲ့သော်လည်း လီလော့က လွယ်လွယ်ကူကူ တံဆိပ်ခတ်နိုင်ခဲ့သည်။

ဘယ်လိုမှော်ပညာမျိုးလဲ.......

အရိပ်လှိုဏ်ဂူထဲမှာ ဘာတွေဖြစ်ကုန်တာလဲ.....

တုန်လှုပ်ထိတ်လန့်နေသော်လည်း ရင့်ကျက်သူပီပိတခဏအတွင်း စိတ်ငြိမ်အောင်ထိန်းလိုက်နိုင်သည်။

"ဘာလုပ်လိုက်တာလဲ...." တည်ငြိမ်သောအသံဖြင့် သူမမေးလိုက်သည်။

"ကျောင်းအုပ်ကြီး ချန်ထားခဲ့တဲ့ စည်းတံဆိပ်ကို သုံးလိုက်တာပါ....မရေရာတဲ့အစီအစဉ်ဆိုပေမယ့်လည်း ယုံယုံကြည်ကြည်နဲ့ စည်းတံဆိပ်လွှဲပေးခဲ့တယ်လေ.....ဒါပေမယ့် ကျွန်တော်က အားနည်းနေလို့ စည်းတံဆိပ်ကိုအပြည့်အဝ မသုံးနိုင်ခဲ့ဘူး....ဒါ့ကြောင့်မင်သမီးဆီက စွမ်းအင်ချေးငှားခဲ့ရတာ.. "

“ကျောင်းအုပ်ကြီးရဲ့ တံဆိပ်…....တံဆိပ်ကို ဒီလိုနည်းနဲ့ သုံးလို့ရလို့လား.... ဒါဆို ငါပြန်မလာလဲ နင်တို့အဆင်ပြေသွားမှာမပဲမဟုတ်လား.. "

သူမ ဆံပင်တွေ ညစ်ပတ်နေတယ်ဆိုတာ ဂရုမစိုက်ဘဲ ရက်ပေါင်းများစွာ သူတို့ဆီ အရှိန်ပြင်းပြင်းနဲ့ စွဲချက်တင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေ သူမကို မလိုအပ်ခဲ့ဘူးလား?

စိတ်ဆိုး ဒေါသထွက်လာတာကြောင့် လီလော့ကို ဆံပင်ဆောင့်ဆွဲဖို့ပြင်လိုက်သော်လည်း ကြိုသိနေသော လီလော့က အ​မြန်ရှောင်တိမ်းလိုက်ပြီး......

"အဲ့...အဲ့လို မပြောပါနဲ့ မင်းသမီးရဲ့ ပဲ့တင်ထပ်သံစွမ်းအားမရှိရင် ကျွန်တော် ဒီသားရဲကို တံဆိပ်ခတ်န်ိုင်မှာမဟုတ်ဘူး....."

ကျန်းချင်အာနှင့်ဒူဇီဟုန်လျန်တို့လိုအားကောင်းသော တိုက်ခိုက်ရေးသမားများရှိနေပါလျှက်နှင့် သူမကို အပိုစွမ်းအင်ထိန်းသိမ်းသူတစ်ယောက်လိုအသုံးချခဲ့သည့်အတွက် ပို၍ပင်ဒေါသထွက်လာမိသည်။

သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး.....

" အေးလေ...နင်ပြောတော့လည်း နင့်စကားပေါ့......."

သူမ သန့်စင်သောနယ်မြေဆီ လှည့်ထွက်သွားလေ၏။

လီလော့ သူမ၏ သွယ်လျသော အသွင်အပြင်ကို လှမ်းကြည့်လိုက်သည်။

အော်....မိန်းမတွေများနားလည်ရခက်လိုက်တာ....တော်ဝင်မျိုးနွယ် မင်းသမီးတစ်ယောက်ဆီမှာတောင် မရင့်ကျက်မှုတွေရှိနေသေးတာပဲ.......

"အမြီးသုံးချောင်းသားရဲကို တံဆိပ်ခတ်တာ ဘာများမှားနေလို့လဲ.......တကယ်ဆိုသူလဲတိုက်ခိုက်နိုင်တာမဟုတ်ဘဲနဲ့..... "

လီလော့သည် ရုပ်တုကိုလှည့်ကြည့်ကာ သူ့လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လက်ကောက်ကို ပွတ်သပ်လိုက်ပြီး ခဏအကြာတွင် သန့်စင်နယ်မြေထဲသို့ ပြန်သွားခဲ့သည်။

မြင့်မားသောနံရံတွင်ရှိနေသူတိုင်း ရုပ်တုကို တအံ့တသြငေးကြည့်နေကြသည်။

ဝိညာဉ်သားရဲက အရူးမျက်နှာ ထက်ပိုကြောက်စရာကောင်းပေမယ့် လီလော့က အလွယ်တကူ တံဆိပ်ခတ်ထားခဲ့တယ်... မင်းသမီးကြီးမဟုတ်ဘဲ လီလော့က တံဆိတ်ခတ်ခဲ့တာ........

မင်းသမီးကြီး ဘာမှမလုပ်ဘူးဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အပြင် လီလော့တစ်ယောက်တည်းကသာ အစကနေအဆုံးထိ ကိုင်တွယ်ဖြေရှင်းခဲ့တယ်....

ဒါဟာအိမ်မက်ဆန်တဲ့အလှည့်အပြောင်းတစ်ခုဆိုပေမယ့်လည်း တကယ်မိုက်တယ်.....

ဒါမှမဟုတ် ဒါတွေဟာ အရူးမျက်နှာဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်တွေများလား......

ကျောင်းသားတစ်ယောက်က မယုံနိုင်သည့်အတွက် ကိုယ့်ပါးကိုယ်ရိုက်ကြည့်နေလေ၏။

ဟုတ်တယ်.....ဒါအမှန်တွေပဲ.....သားရဲကြီးကို လီလော့ တံဆိပ်ခတ်လိုက်တာ.......

"သူသုံးတဲ့ စည်းတံဆိပ်က တားမြစ်နယ်မြေမှာ ကျောင်းအုပ်ကြီး ချန်ထားခဲ့တဲ့စည်းတံဆိပ်ပဲဖြစ်ရမယ် ...ဒါကြောင့်မို့လည်း သားရဲကြီး အားနည်းနေတဲ့အချိန် တစ်ချက်တည်းနဲ့ ချိတ်ပတ်နိုင်လိုက်တာ......"

ကျန်းချင်းအာက သူမ၏ ထင်မြင်ချက်ကို တွေးတွေးဆဆထုတ်ပြောလိုက်သည်။

"ဟုတ်မယ်....." ဟု ထျန်ထျန်းက အတည်ပြုလိုက်သည်။

"ဒါဆို လီလော့မှာ  သားရဲကို နှိပ်ကွပ်ဖို့ နည်းလမ်း အဆင်သင့်ရှိထားပြီးသားပေါ့....."

ချိုးပိုင်၏ အပြောကို ကြယ်သုံးပွင့်ကျောင်းသူတစ်ဉီးက ချက်ချင်း ချေပလိုက်သည်။

"ဂျူနီယာလီလော့က စည်းတံဆိပ် အာမခံချက်ရှိမရှိမသိသေးတာတောင် သတ္တိရှိရှိ ရှေ့ထွက်ရင်ဆိုင်ခဲ့တယ်......."

"..........."

ချိုးပိုင် ဆွံ့အသွားရှာသည်။လီလော့ ၏ကျော်ကြားမှု အမြစ်တွယ်နေပြီဖြစ်သည်။

ရုပ်ချောတာ တကယ်အသုံးဝင်သားပဲ....ဘာလုပ်လုပ် ကောင်မလေးတွေပစ်ကြွေကုန်ရောပဲ.......

သို့တိုင် အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့သည့်အချက်နှင့် နှိုင်းယှဉ်ပါက မည်သည့်အရာမှ အရေးမကြီးတော့ပေ။

ကျောင်းသားအများအပြား အသက်ရှင်ကျန်ရစ်ပြီး စိတ်သက်သာရာရစွာ ပျော်ရွှင်နေကြပါသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအတွက် တိုက်ပွဲဝင်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးတွင်  သေလုမျောပါး ရုန်းကန်ခဲ့ရပြီးနောက် လုံးလုံးလျားလျား နွမ်းနယ်နေခဲ့ကြပြီဖြစ်သည်။

အသက်ဘေးမှ လွတ်မြောက်သည်ကို မပျော်ဘဲနေကြမည်လော......

မင်းသမီးကြီသည် ၎ကျောင်းသားများကို စစ်ကူများ မကြာမီ လိုက်လာတော့မည်ဖြစ်ကြောင်း သတင်းပို့ပြီးသည်နှင့် ကျန်းချင်းအာတို့ဆီ လျှောက်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ် မင်းသမီးကြီး....." ကျန်းချင်းအာက ယဉ်ကျေးမှုအရ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

" အဲ့လိုမပြောပါနဲ့....အသည်းအသန်ပြေးလာခဲ့ရပေမယ့် စွမ်းအင်နည်းနည်းပါးပါးချေးငှားပေးလိုက်ရုံပဲတတ်နိုင်တယ်.....လော့လန်အိမ်တော်သခင်လေးက တကယ့်လူတော်ပဲနော်.....ဆရာသခင်အဆင့်နဲ့ ကာင်းကင််နစ်မြှုပ်ခြင်းအဆင့်သားရဲကို တစ်ယောက်တည်းရင်ဆိုင်နိုင်တယ်......"

"ဒါ သူ့ခွန်အားမဟုတ်ဘူး....ကျောင်းအုပ်ကြီးရဲ့ခွန်အားကြောင့်ပါ......."

" ဘာပဲဖြစ်ဖြစ်..... သားရဲကြီးက အရူးမျက်နှာထက်တောင် အားကောင်းသေးတယ်.....ဒီလို ကြံစည်ရဲတဲ့သတ္တိကိုတော့ မလေးစားလးဘဲမနေနိုင်ဘူး.....ဟူးးးးးလော့လန်အိမ်တော်မှာ အိပ်ပျော်နေတဲ့နဂါးတစ်ကောင်ရှိနေတာပဲ....."

ယခင်စိတ်နဲ့ဆို မင်းသမီးကြီး၏ ချီးကျုးမှုကို လှောင်ပြောင်မည်ဖြစ်သော်လည်း ယခုချိန်တွင် ဒူဇီဟုန်လျန် နှုတ်ဆိတ်နေရှာသည်။

အဘယ်ကြောင့်ဆိုသော် လီလော့၏အကြံအစည်ကြောင့်သာမဟုတ်ပါက၊ သန့်စင်ထားသောနယ်မြေသည် အရူးမျက်နှာလက်ထဲသို့  ကျရောက်သွားပြီး အားလုံးသေကြေပျက်စီးရမည်သာ....

ထို့​ကြောင့် လီလော့၏ ပံ့ပိုးကူညီမှုနှင့်ပတ်သက်၍ မည်သူမျှ ဝေဖန်နိုင်ခြင်းမရှိပေ။

အရင်တုန်းကတော့......မောင်ဖြစ်သူ ဒူဇီပိုင်ရွှမ်းကို အနိူင်မခံ အရှုံးမပေးတတ်သည့် ဇွဲကောင်းသူတစ်ယောက်ဟုယူဆခဲ့သော်လည်း လီလော့၏ အပြုအမူများကြောင့် ဒူဇီဟုန်လျန် အခက်တွေ့နေလေပြီ.....

တစ်ခါတစ်ရံတွင် လူလေးစားခံရဖို့ ခွန်အားသန်မာယုံနှင့်မလုံလောက်နိုင်ပေ။

ကျန်းချင်းအာသည် လက်ရှိတွင် အဖွဲ့သားများနှင့် စကားစမြည်ပြောကာ ရယ်မောနေသော သူမ၏ စေ့စပ်ထားသူကို ကြည့်နေသည်။လီလော့အနားတွင် ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများအပါအဝင် ကျေးဇူးသိတတ်သည့် ကျောင်းသားများစွာ စုပြုံနေသည်။

ထို့ကြောင့် သူမ ပြုံးလိုက်မိသည်။

ဂုဏ်သတင်း.....လီလော့သည် ထိုအရာများကို တစ်ခါမျှ ဂရုမစိုက်ဖူးခဲ့ဘဲ ဒီခရီးစဉ်မှာ အမှတ် 100,000 ရဖို့အတွက်သာ ဂရုစိုက်ခဲ့သူပါ.....

သို့တိုင်၊ ကျောင်းသားအားလုံးကို အသက်ဘေးမှကယ်တင်ပေးခဲ့သည်။

သူမလိုသန်မာသူတစ်ယောက်အတွက်ပင်လျှင် ကြီးမားသော သက်သာရာရမှုတစ်ခု ဖြစ်ခဲ့ပါသည်။

All Chapters