နီညိုရောင်လက်ကောက်.....
Vol. 22 Ch. 296
တစ်ရက်ခွဲခန့်အကြာတွင် စစ်ကူခေါ်ယူထားသောကျောင်းသားများ ဆက်တိုက်ဝင်ရောက်လာသည်။
ဤကယ်တင်ရှင်များ ရောက်ရှိလာခြင်းသည် နယ်မြေ၁၃ရှိ ကျောင်းသားမျာကို စိတ်ဓာတ်တက်ကြွစေပြီး အဆုံးမရှိသော ရွှင်လန်းမှုများ ဖြစ်ပေါ်စေသည်။
ဤစစ်ကူများကို ကုန်းရှန်ကျွင်းမှ ဦးဆောင်ကာ ရဲရင့်စွာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် သူတို့ ပထမဆုံးမြင်ရသည့်အရာမှာ ဧရာမအမြီးသုံးချောင်းသားရဲရုပ်တုဖြစ်နေသည်။
အားလုံးက ရုပ်ထုကို စိတ်ရှုပ်ထွေးစွာ လှည့်ပတ်ကြည့်နေကြသည်။
" ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်နေလို့ အကူအညီလှမ်းတောင်းတာမဟုတ်ဘူးလား....ဘယ်လိုဖြစ်လို့ သားရဲရုပ်ထုကြီးရှိနေတာလဲ....."
"ဒီစည်းတံဆိပ်က တော်တော်ကို ရှုပ်ထွေးပုံရတယ်.....မင်းသမီးကြီး ချိတ်ပိတ်လိုက်တာလား....."
"အံ့သြစရာပဲ....."
" မင်းသမီးကြီး ဖြေရှင်းပြီးပြီထင်တယ်....ဒါဆို ငါတို့ပြန်လာတာအကျိုးမရှိတော့ဘူးပေါ့......"
ကြယ်လေးပွင့်ကျောင်းသားများ၏ တယောက် တယောက်ပေါက် ချီးမွမ်းသံများထွက်ပေါ်လာသည်။
စည်းတံဆိပ်၏ရှုပ်ထွေးမှုများကို မည်သူမျှနားမလည်နိုင်သော်လည်း အစွမ်းထက်သည်ကိုတော့ သာမာန်မျက်စိနှင့်ပင်မြင်နိုင်သည်။
ကုန်းရှန်ကျွင်းက ဝေခွဲမရဖြစ်နေဟန်ဖြင့် ခေါင်းခါလိုက်ပြီး.......
"မဟုတ်သေးဘူး....ဒါ လွမ်ယုရဲ့လက်ရာမဟုတ်တာတော့ သေချာတယ်....ဒါပေမယ့် စည်းတံဆိပ်က ထွက်လာတဲ့ ပဲ့တင်ထပ်သ့စွမ်းအားတွေက သူ့စွမ်းအားတွေဆိုတာတော့သေချာတယ်..... "
ကုန်းရှန်ကျွင်း၏မှတ်ချက်ကြောင့် အသစ်ရောက်လာသူတိုင်း အံ့သြကုန်ကြသည်။
မင်းသမီးကြီး မဟုတ်ရင် ဘယ်သူလဲ.....လက်ရှိ နယ်မြေ၁၃ ထဲမှာ မင်းသမီးကြီးလောက်အားကောင်းတဲ့သူ ဘယ်သူရှိသေးလို့လဲ.......
ပြီးတော့...ဒီလိုအစွမ်းထက်တဲ့စည်းတံတိပ်ကို ဘယ်သူဖန်တီးခဲ့တာလဲ......
သူတို့မှာ မေးခွန်းတွေ အများကြီးရှိပေမယ့် ရှင်းရှင်းလင်းလင်းတဲ့ အဖြေမရှိသေးပေ။
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များ နယ်မြေ၁၃ ထဲသို့ ဝင်ရောက်လာသည့်အခါ
ကျောင်းသားများအားလုံး ချက်ချင်း ကြိုဆိုနေကြပြီး ထိူသူများထဲတွင် မင်းသမီးကြီးနှင့်ဒူဇီဟုန်လျန်တို့လည်း ပါဝင်နေပါသည်။
" လွမ်ယု.... မင်းရမယ့် ဆုလာဘ်ကို လုယူဖို့ မမျှော်လင့်ခဲ့ပါဘူး....... "
ကုန်းရှန်ကျွင်းက နွေးထွေးသောအမူအရာဖြင့် ရယ်မောလိုက်သည်။
သို့သော် သူ့အကြည့်ထဲတွင် သံသယအရိပ်အမြွက်များရှိနေသည်ကို မင်းသမီးကြီးကလည်း အလျင်အမြန်ကဲခတ်လိုက်နိုင်သည်။
သူမရောက်နေသော နေရာသည် ကုန်းရှန်ကျွင်းတို့ထက်ပင်ပိုဝေးနေသည်။သို့သော်လည်း ကုန်းရှန်ကျွင်းတို့ထက်အရင်ရောက်အောင် ဘယ်လိုများ ခရီးပြင်နှင်ခဲ့သလဲ.....တကယ်ဆို သတိပေးချက်လက်ခံရရှိသည့်အတွက် နယ်မြေ၁၃ကို ကူညီရမည်မှာ မှန်သော်လည်း ကောင်းကင်ဘုံကပ်ဘေးအဆင့်ကြောင့် အလောင်းကောက်ဖို့သာ မျှော်လင့်ထားရသည့်အခြေနေတွင် လာရကျိုးမနပ်တာလဲ ဖြစ်သွားနိုင်သည်မဟုတ်လော......
မင်းသမီးကြီး၏ စိတ်သဘောထားကိုအတွင်းသိနေသည့်အတွက် အလောတကြီးပြေးလာခြင်းကို ကုန်းရှန်ကျွင်း ထွေထွေထူးထူးစဉ်းစားမနေတော့ပေ။ သို့သော်လည်း သူမသည် ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ရသော်လည်း နွေးထွေးသော အပြုံးများအောက်တွင် အေးစက် မာကျောသော ကိုယ်ရည်ကိုယ်သွေးကို ကောင်းစွာဖုံးကွယ်ထားသူဖြစ်သည်။ မင်းမျိုးမင်းနွယ်အဖွဲ့ဝင်များအနေနှင့် ၎င်းတို့သည် နိုင်ငံရေးအလှည့်အပြောင်းများစွာဖြင့် ကြုံတွေ့နေရသည့်အတွက် ၎င်းတို့အားလုံးသည် အကာအကွယ်အတွက် မျက်နှာဖုံးများကို ၀တ်ဆင်ထားကြသည်မှာ မထူးဆန်းတော့ပေ။
မင်းသမီးကြီးသည်လည်း ထို့အတူပင်......
ထို့ကြောင့် ဤကယ်ဆယ်ရေးနှင့်ပတ်သက်သည့်အရာအားလုံးသည် မရေမတွက်နိုင်သောမေးခွန်းများနှင့် အံ့အားသင့်စရာများဖြစ်စေခဲ့သည်။
"ကျန်းချင်းအာ စိတ်ယိုင်အောင်ကြိုးစားပြနေတာလား....."
ကုန်းရှန်ကျွင်း၏အကြည့်များသည် စူးစမ်းချင်စိတ်ကြောင့်ပို၍တောက်ပလာသည်။
အလားအလာကောင်းသော ကျန်းချင်းအာကို သူ့ဘက်ပါအောင် မင်းသမီးကြီးသိမ်းသွင်းချင်သည်မှာလည်း လွန်တော့မလွန်ပေ။
မင်းသမီးကြီးက ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး......
"အကယ်၍ ငါသာနောက်ကျနေရင် ကျောင်းသားတွေအားလုံး ဒုက္ခရောက်ကုန်မှာပေါ့.....သူတို့ကိုကယ်တင်ဖို့အသည်းအသန်ပြေးလာခဲ့တာ ဘာမှားနေလို့လဲ......... "
မင်းသမီးကြီး၏ စကားကိုကြားသောအခါ အနီးနားရှိ လူအုပ်ကြီး၏ အကြည့်များသည် အဆုံးမရှိ ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေလေ၏။
လီလော့၏ များပြားလှသော အစီအမံများကြောင့် အရာရာ ပြေလည်သွားသော်လည်း မင်းသမီးကြီး၏ အချိန်မီရောက်ရှိမှုသည် ကျောင်းသားများအပေါ် သူမ၏စိုးရိမ်မှုနှင့် ဂရုစိုက်မှုကို ပြသနေသည့်အဓိပ္ပါယ်ပင်.....
လူထုမေတ္တာခံယူချင်နေသည့် မင်းသမီးကြီးကို ကုန်ရှန်ကျွင်းက ခပ်ပြုံးပြုံးမျက်နှာပေးဖြင့်သာ တုံ့ပြန်လိုက်သည်။
" အင်းပါ.....နင်ကသာ ကယ်တင်ရှင် ဂုဏ်ပုဒ်နဲ့အထိုက်အတန်ဆုံးသူပါ....."
ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူမ မချိပြုံး ပြုံးလိုက်မိသည်။
"မြို့စားအဆင့်ကို ချဉ်းကပ်နေတဲ့ ဝိညာဉ်သားရဲကို အနိုင်ယူဖို့ ငါ့မှာ အစွမ်းအစရှိတယ်လို့ အစ်ကိုတော် ထင်နေတာလား......"
"မြို့စားအဆင့် လမ်းစဉ်ကိုနားလည်စပြုနေတဲ့သားရဲကြီးလား......"
ကုန်းရှန်ကျွင်း ချက်ချင်းပဲ ကျောက်ရုပ်ထုကို လှည့်ကြည့်လိုက်မိသည်။ ဤကဲ့သို့သော သားရဲ၏တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အမှန်ပင် ခက်ခဲပေလိမ့်မည်။ သူတို့သည် မြို့စားအဆင့်၏နက်နဲသောအရာများကိုနားမလည်နိုင်သော ကောင်းကင်နစ်မြှုပ်ခြင်းအဆင့် တွင်သာရှိနေသည်မဟုတ်လော......
"ဒါဆို သားရဲကြီးကို ဘယ်သူ ချိတ်ပိတ်လိုက်တာလဲ......."
အသစ်ရောက်လာသူတိုင်း ထိုမေးခွန်းကို သိချင်နေကြသည်။အားကောင်းသော မင်းသမီးကြီးမဟုတ်လျှင် ဘယ်သူချိတ်ပိတ်လိုက်သလဲ......
"အမှန်တိုင်းပြောရရင် ဒါ ငါလုပ်ထားတာမဟုတ်ဘူး....အကယ်၍ ငါတို့ရောက်မလာရင်တောင် ဒီနယ်မြေမှာ အန္တာရာယ်ကြီးကြီးမားမားရှိမှာမဟုတ်ဘူး......"
မင်းသမီးက သူတပါး၏ ဂုဏ်သတင်းကို ခိုးယူရန် ရည်ရွယ်ချက်မရှိသောကြောင့် ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါသည်။
"ငါနားမလည်ဘူး.....ဘာဖြစ်သွားတာလဲ..... ဒီလောက်သန်မာတဲ့ သားရဲကြီးကို နင်တစ်ယောက်တည်းပဲ ကိုင်တွယ်ဖြေရှင်းနိုင်မှာလေ......."
ကျန်းချင်းအာသည် အလားအလာရှိသည်ဆိုသော်လည်း ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်တွင်သာရှိသေးသည့်အတွက် သားရဲကြီးကိုတစ်ယောက်တည်းရင်ဆိုင်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူမသာ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်သို့ရောက်နေမည်ဆိုလျှင်တော့ ရလဒ်တစ်မျိုးထွက်ပေါ်နိုင်သည်။
"လီလော့ကြောင့်သာ ဒီလိုအံ့ဖွယ်မျိုးတွေဖြစ်လာတာ......"
မင်းသမီးကြီးက အားလုံးသိချင်နေသည့်မေးခွန်းကို အဖြေပေးလိုက်ပြီဖြစ်သည်။
ထိုအဖြေသည် ကြယ်လေးပွင့် ကျောင်းသားတွေကို ကောင်းကောင်းကြီးထိတ်လန့်တုန်လှုပ်စေခဲ့ပါသည်။
စိတ်ဓာတ်ကျနေသလိုဖြစ်နေသော မင်းသမီးကြီးကိုကြည့်ပြီး ကုန်းရှန်ကျွင်းလည်း ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။
"ဒါဆို လီလော့က သားရဲကြီးကို ချိတ်ပိတ်ခဲ့တာပေါ့......"
ထိုမေးခွန်းကြောင့် ကြယ်လေးပွင့်ကျောင်းသားများ၏ ရယ်မောသံများ ထွက်ပေါ်လာသည်။
သို့သော်လည်း မင်းသမီးကြီးသာမက နယ်မြေ၁၃အတွင်းရှိကျောင်းသားအားလုံးကလည်း တညီတညွတ်တည်းခေါင်းညိတ်ထောက်ခံနေကြသဖြင့် မယုံချင်သော်လည်း ယုံရတော့မည်သာ.....
မဖြစ်နိုင်ဘူး.... လီလော့ကညအခုမှ အရိပ်လှိုဏ်ဂူထဲကိုဝင်ဖူးတဲ့ ကြယ်တစ်ပွင့်ကျောင်းသားမဟုတ်လား.....ဒီလိုသားရဲကြီးနဲ့ယှဉ်ရမယ်ဆို မင်းသမီးကြီးနဲ့ကုန်းရှန်ကျွင်းတို့တောင် တော်တော်ခက်ခက်ခဲခဲရင်ဆိုင်ရမှာ.......
"ဒါကို လီလော့ တကယ်ပဲ ဖြေရှင်းခဲ့တာပါ....."
ထိုအချိန်တွင် ဒူဇီဟုန်လျန်၏စကားသံထွက်ပေါ်လာသည်။
လီလော့အတွက် ရပ်တည်ပေးမယ့် နေ့တစ်နေ့ ရောက်လာမည်မှန်း သူမ မမျှော်လင့်ထားမိခဲ့ပေ။
မည်သို့ပင်ဆိုစေ ဒါဟာအမှန်တရားတစ်ခုဖြစ်နေသည်မဟုတ်လော.....
ထို့နောက် သူမသည် လီလော့၏ အစီအစဉ်တစ်ခုလုံးနှင့်သားရဲကြီးကို မည်ကဲ့သို့ ချိတ်ပိတ်နိုင်ခဲ့ပုံကို အကျဉ်းချုံးရှင်းပြခဲ့သည်။
ဒူဇီဟုန်လျန် ရှင်းပြသည်ကို နားထောင်ပြီးချိန်တွင် ကုန်းရှန်ကျွင်း၏အမူအရာမှာ လုံးဝကို အံ့သြထိတ်လန့်နေပုံရသည်။
ကျန်တဲ့ ကြယ်လေးပွင့်ကျောင်းသားတွေကလည်း ကုန်းရှန်ကျွင်း နည်းတူအံ့သြနေကြပြီး လီလေ့အပေါ် အထင်ပြီးလေးစားနေကြသည်။
ပတ်ဝန်းကျင်အသစ်မှာ ပစ်ချခံရတဲ့ ကျောင်းသားအသစ်က ဒီလောက်အောင်မြင်ခဲ့တာလား........
ဆိုးရွားသောအခြေအနေများကြားတွင် ထိုကဲ့သို့ ရဲရင့်မှုကို ဆင့်ခေါ်နိုင်ခြင်းမှာ အမှန်တကယ် ရိုးရှင်းသောလုပ်ဆောင်မှုတစ်ခု မဟုတ်ပေ။
ကုန်ရှန်းကျွင်းသည် တဖြည်းဖြည်း စိတ်ငြိမ်အောင်ထိန်းလိုက်ပြီး လူအုပ်ကြားကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ သို့သော် ကျန်းချင်းအာနှင့်လီလော့ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ပေ။
"ဒါဆို ဂျူနီယာ လီလော့က တကယ်အံဖွယ်ပဲ......"
ထိုသို့သော မရိုးစင်းသောအစီအစဥ်သည် ဖရိုဖရဲခြေအနေကို ဖြေရှင်းနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ကံကြမ္မာရဲ့ သဲလွန်စတစ်ခု လိုအပ်မှာ သေချာပေမယ့် ဒါက အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ ဤရဲရင့်သောအစီအစဥ်ကို အကောင်အထည်ဖော်နိုင်ခြင်းသည် လူတစ်ဦး၏ စိတ်နေသဘောထားနှင့်အများကြီးသက်ဆိုင်နေသည်။
ကုန်းရှန်ကျွင်း၏ မျက်လုံးများတွင် လေးစားမှုအရိပ်အမြွက်အချို့ရှိနေသည်။
လေးစားအပ်ပါသော လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့သည် ပြီးပြည့်စုံသော အမှိုက်တစ်ကောင်ကို မည်သို့ မွေးဖွားနိုင်မည်နည်း။
တစ်ချိန်တည်းမှာပင် သူသည် လော့လန်သခင်လေးကို လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့လေပြီ။
ထိုအချိန်တွင်.......
"အမြီးသုံးချောင်းသားရဲကို ချိတ်ပိတ်ပြီးမှ ဒီလက်ကောက်ပေါ်လာတာလာ...."
ကုန်းရှန်ကျွင်းတို့ လီလော့အကြောင်းဆွေးနွေးနေချိန်တွင် ကျန်းချင်းအာနှင့်လီလော့တို့က ကျောက်သားတဲအိမ်တစ်ခုတွင် တစ်စုံတစ်ခုကိုတိုင်ပင်ဆွေးနွေးနေကြသည်။
သူမသည် လီလော့၏လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ ရွှေရောင်မျက်ဝန်းအစုံသည် လက်ကောက်ကိုသာ စူးစိုက်ကြည့်နေသည်။
လီလော့သည် ရုတ်တရက်ပေါ်လာသော နီညိုရောင်လက်ကောင်အကြောင်း ကျန်းချင်းအာကိုပြောပြလိုက်ပြီဖြစ်သည်။ သည် ၎င်းတို့နှစ်ဦးသည် အလွန်ရင်းနှီးသောကြောင့် ၎င်းတို့ကြားတွင် လျှို့ဝှက်နေစရာမလိုပေ။
လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း လီလော့သည် ကျန်းချင်းအာ၏ လှပကျော့ရှင်းသော
မျက်နှာကို အပြည့်အဝကြည့်ရှုနေလေ၏ယ
သူမ၏ ဆီးနှင်းတမျှဖြူဖွေးသော အသားအရေသည် အကောင်းမွန်ဆုံးသော ကျောက်စိမ်းသဖွယ် စွဲမက်ဖွယ်ကောင်းလှသည်။ ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လီလော့ သူမ၏လက်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရုံမှတပါး မတတ်နိုင်ရှာတော့ပေ။
"ရူးကြောင်ကြောင်လုပ်နေတာတွေရပ်လိုက်စမ်း....."
ကျန်းချင်းအာ သူ့ကိုစိုက်ကြည့်နေသည့်အတွက် လီလော့ လိပ်ပြာလွင့်မတတ်လန့်ဖြန့်သွားရှာသည်။
"ဒီလက်ကောက်ထဲမှာ အားကောင်းတဲ့စွမ်းအားတွေရှိနေတယ်... ငါ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေနဲ့တောင် မထိုးဖောက်နိုင်ဘူး..... အထဲမှာရှိနေတဲ့အရာရဲ့ ခွန်အားကတော်ရုံတော်မဟုတ်ဘူး.....ကြည့်ရတာ ဒီလက်ကောက်က အမြီးသုံးချောင်းသားရဲအတွက်ဖန်တီထားတာများလား.....ဒီလက်ကောက်ကို နင့်အတွက် ကျောင်းအုပ်ကြီး တမင်ပေးခဲ့တာထင်တယ်....."