ချိတ်ပိတ်နိုင်သောရတနာ....
Vol. 22 Ch. 297
"ကျောင်းအုပ်က ငါ့အတွက် တစ်ခုခု ထားခဲ့တာလား....."
လီလော့သည် သူ့လက်မှ စည်းတံဆိပ်၏ စွမ်းအား ပျောက်ကွယ်သွားသည်ဟု တွေးထင်ခဲ့သည်။ ယင်းအစား အနီရောင်လက်ကောက်ကို လွှဲပြောင်းပေးခဲ့တာလား....
ဘုရင်အဆင့်ကျွမ်းကျင်သူများ၏ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို လိုက်မမီနိုင်တော့ပေ။
ထို့ပြင် ဒီလက်ကောက်၏အသုံးဝင်မှုအပေါ် သံသယဝင်နေမိသည်။
"နင့်ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေကို အဲ့အထဲ ထည့်ကြည့်လိုက်..... ကျောင်းအုပ်ကြီး နင့်အတွက် ပေးခဲ့တာဆို နင်ပဲဖွင့်နိုင်လိမ့်မယ်....."
ကျန်းချင်းအာ၏ အကြံပြုချက်ကြောင့် လီလော့ မျက်လုံးမှိတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများကို လက်ကောက်ထဲသို့ပို့လွှတ်လိုက်သည်အခါ ထူးဆန်းသည့်စွမ်းအားတစ်ခုက အသိစိတ်တစ်ခုလုံးကိုဝါးမြိုသွားလေသည်။
ကျောင်းအုပ်ကြီး!!!!!!
လီလော့၏ အသိစိတ်ထဲတွင် အနက်ရောင် ကွက်လပ်တစ်ခုဖြစ်ပေါ်လာပြီး သူ့ကိုယ်သူပြန်မြင်နေရသည်။
၎င်းကွက်လပ်ထဲတွင် မီတာအနည်းငယ်ရှည်လျားသော ကျောက်သားစကြ်န်တသ်ခုရှိနေသည်။၎င်း၏အလယ်တွင် စင်မြင့်တစ်ခုရှိနေပြီး ထိုစင်မြင့်ပေါ်တွင် ကျောင်းအုပ်ကြီးက တင်ပျဉ်ခွေ ထိုင်ကာ သူ့ကိုပြုံးပြနေသည်။
"ကျောင်းအုပ်ကြီး..."
လီလော့ အံ့အားသင့်ပြီး စိတ်သက်သာရာရစွာ အော်လိုက်သည်။
"ဒါဆို မင်းအစီအစဉ်အောင်မြင်ပြီပေါ့..... မဆိုးပါဘူး"
"ချီးကျူးလွန်းနေပါပြီ....ကျောင်းအုပ်ကြီးရဲ့ အထောက်အပံ့ကြောင့်ငါ မဟုတ်ရင် အမြီးသုံးချောင်းသားရဲကို အခုလိုချိတ်ပိတ်နိုင်မှာမဟုတ်ဘူး....ကျွန်တော့်အကြံအစည်ကမပြည့်စုံပါဘူး....ဟာကွက်တွေရှိနေပါတယ်...."
"လူတိုင်း ရူးသွပ်တဲ့အကြံအစည်မျိုးကြံစည်နိုင်ပေမယ့် မင်းလိုတော့ ဘယ်သူမှမအောင်မြင်နိုင်ဘူး..... သတ္တိနဲ့ သွေးအေးမှုကို ပေါင်းစပ်နိူင်မှဖြစ်မယ်... အဲဒီ စရိုက်လက္ခဏာမျိုးက အဆင့်မြင့်တဲ့ ပဲ့တင်ထပ်သံထက်တောင် ပိုတန်ဖိုးရှိတယ်....ငါပြောတာတွေကို မှတ်သားထားပါ....."
လီလော့သည် အပြင်ပန်းတွင် ရှက်ရွံ့စွာ ပြုံးနေသော်လည်း စိတ်ထဲတွင်မူ.....
ဟီးးး အဲ့လိုချီးကျူးစကားမျိုးလေးတွေကပိုနားထောင်လို့ကောင်းတယ်...များများလေးပြောပေးပါဉီး.....
သို့သော် ဖန်ချန်ယွမ်သည် ရုတ်တရက် စကားရပ်လိုက်ပြီး သူ့ကို စူးရှသောအကြည့်ဖြင့် ကြည့်နေလေ၏။
ထို့ကြောင့် လီလော့ အရှက်ပြေချောင်းဟန့်ကာ ပွင့်လင်းသော အတွေးများကို ဖုံးကွယ်လိုက်သည်။
"ဒါဆို ကျောင်းအုပ်ကြီးကြီး ကျွန်တော့်ကို ဘာလို့ခေါ်တာလဲဟင်....လက်ကောက်ထဲမှာ ဘာပါလို့လဲ.... "
"ဒါက ငါရဲ့ နောက်ဆုံးကျန်တဲ့စိတ်ဝိဉာဉ်အပိုင်းအစပါ..... မကြာခင် ပျောက်ကွယ်သွားလိမ့်မယ် ....လက်ကောက်ကတော့..... အဲ့ဒါက အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းပဲ မင်းကိုပေးမယ့် အထူးလက်ဆောင်ဆိုလည်းဟုတ်တယ်....."
"ချိတ်ပိတ်နိုင်တဲ့ အဖိုးတန်ပစ္စည်းတစ်ခုလား...."
အဖိုးတန်ပစ္စည်း များကြားတွင်ပင်၊ ၎င်းသည် အလွန်အရည်အသွေးမြင့်သော ပစ္စည်းတစ်ခု ဖြစ်နိုင်သည်။
ရတနာပစ္စည်းများထဲတွင် ပဲ့တင်ထပ်သံအဆင့် ရှေးဟောင်းပစ္စည်းများသည် ပို၍ အဆင့်အတန်းမြင့်မားပြီးအထိုက်အလျောက် အားကောင်းကြသည်။ အချို့သော အဖိုးတန်ရတနာများသည် ကျင့်ကြံခြင်းနှင့် တိုက်ပွဲများတွင် သုံးစွဲသူကို ကူညီပေးမည့် ဆန်းကြယ်သောစွမ်းအားများပါရှိသည်။
ပိုအားကောင်းပြီး ရှားပါးသော အဖိုးတန်ရတနာပစ္စည်းအချို့သည် ဝိညာဉ်ရည်နှင့် သန့်စင်သောအလင်းများမပါဘဲ လူတို့၏ ပဲ့တင်ထပ်သံကို သဘာဝအတိုင်း မြှင့်တင်ပေးနိုင်ကြသည်။
သို့သော် ထိုရတနာပစ္စည်းများသည် အလွန်ရှားပါးသောကြောင့် ရှပြည်ထောင်စု ၏ရွှေနဂါးဘဏ်တိုက်တွင်ပင် တစ်ခါမှမမြင်ဖူးခဲ့ပေ။
"လက်ကောက်က ချိတ်ပိတ်နိုင်တဲ့ရတနာဆို အထဲမှာ ဘာကိုချိတ်ပိတ်ထားတာလဲ....."
"မင်းက ထက်မြက်သားပဲ....အင်းးး.... မင်း အခု သေချာ ခန့်မှန်းပြီးပြီလား"
သူသည် အမှောင်ထဲသို့လက်ညိုးညွှန်ကာ အလင်းအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်အခါ အလင်းတန်းများသည် ပိုးစုန်းကြူးများသဖွယ် ကခုန်ပြီးနောက် မီးရှူးမီးပန်းအသေးစားတစ်ခုလို ပေါက်ကွဲသွားကြသည်။
လင်းထိန်နေသည့်အခိုက်အတန့်တွင် စင်မြင်အောက်တွင်ရှိနေသည့် အရာများကို မြင်လိုက်ရသည့်အတွက် ပင့်သက်ရှိုက်မိလိုက်လေသည်။
အလိုအလျောက်ဖြစ်ပေါ်လာသော
တုန်လှုပ်ချောက်ချားမှုကို မဖိနှိပ်နိုင်ခဲ့ပေ။
သူ့အောက်တွင် ကြီးမားသော သားရဲကြီးတစ်ကောင် ငိုက်မျဉ်းလျက် ရှိနေသည်။ ၎င်း၏အမြီးသုံးချောင်းကို သံကြိုးကြီးများဖြင့် ပိတ်လှောင်ထားသည်။
အမြီးသုံးချောင်းသားရဲ......
"ဒါပေမယ့် အဲ့.....အဲ့ဒါကို ရုပ်ထုထဲမှာ ချိတ်ပိတ်လိုက်တာမဟုတ်ဘူးလား.."
ဒါဆို အမြီးသုံးချောငးသားရဲက ကျောက်ရုပ်ထုထဲမှာမဟုတ်ဘဲ သူ့လက်ကောက်ထဲမှာရှိနေခဲ့တာလား......
"ရုပ်ထုကမလိုလားအပ်တဲ့ အာရုံတွေကို ရှောင်ရှားနိုင်အောင် လူမြင်အောင်ပြဖို့
ဖို့သက်သက်ပါ...... ငါပေးတဲ့လက်ဆောင်ကိုကြိုက်ရဲ့လား....."
"မဟုတ်....မဟုတ်သေးဘူးနော်...."
ကြိုက်ရဲ့လားတဲ့......ငိုချင်တာတောင်မျက်ရည်မထွက်တော့ဘူး....အမြီးသုံးချောင်းသားရဲကြီးရှိနေတဲ့လက်ကောက်ကို ဘယ်သူစိတ်ဖြောင့်ဖြောင့်နဲ့ဝတ်ရဲမှာလဲ ..ဒါကြီးသာအပြင်ထွက်လာရင် ဘယ်လိုလုပ်မလဲ.. ..
"ကျောင်းအုပ်ကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မကျီစားပါနဲ့ဗျာ....ကျွန်တော် ဘာအမှားများလုပ်မိလို့လဲ........အရင်က ကျွန်တော့်အဖေ အပြောအဆိုမတတ်ခဲ့တာတွေအတွက် ကျွန်တော့်ကို ဒဏ်ခတ်တော့မလို့လား....."
"တော်လောက်ပြီ....မင်း ငါ့ရည်ရွယ်ချက်ကို ဖော်ထုတ်ဖို့ကြိုးစားနေတာမလား....ငါပြောပြမယ်.....ဒီသားရဲကို အမြီးသုံးချောင်းကောင်းကင်ဝံပုလွေလို့ခေါ်တယ်.....ဒီကောင်ကြီးက မြို့စားအဆင့်ရောက်ဖို့ နီးစပ်နေပြီ.....တစ်နေ့မှာ အဲဒီအဆင့်ကို တကယ်ရောက်သွားရင် သူ့ခွန်အားကို မင်းတွေးကြည့်လိုက်စမ်း......လောလောဆယ် ငါသူ့ကို ချိတ်ပိတ်ပေးထားတယ်.....မင်း ဒီလက်ကောက်ကိုသုံးပြီး သူ့ရဲ့ခွန်အားကို မင်းရဲ့ကိုယ်ပိုင်ခွန်အားအဖြစ်ရယူနိုင်အောင် လျှို့ဝှက်ပညာရပ်တစ်ခုသင်ပေးခဲ့မယ်....ဒါဆို မင်းအချိန်တိုအတွင်း သန်မာလာလိမ့်မယ်....ဘယ်လိုလဲ......"
" ကောင်းကင်ဝံပုလွေရဲ့ခွန်အားကို ကိုယ်ပိုင်ခွန်အားအဖြစ် ရယူနိုင်မယ်...ဟုတ်လား......"
ဒီအတိုင်းသာဆို နှစ်ဝက်အချိန်အတွင်း လော့လန်အိမ်တော်ရဲ့ အိမ်တော်အစည်းဝေးပွဲမှာ အကျပ်အတည်းတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မယ်.....
လော့လန်အိမ်တော်အတွက် တိုက်ပွဲများစွာကြုံတွေရဉီးမယ့်အပြင် များပြားလှတဲ့ပြိုင်ဘက်တွေလည်း ရှိလာဉီးမှာ....ခန့်မှန်းထားသလောက်ဆို ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်လောက်ရောက်နေမှအဆင်ပြေနိုင်လိမ့်မယ်.....
အခုအခြေနေတိုင်းသာဆို ကျန်းချင်းအာတစ်ယောက်တည်း အခက်ခဲအားလုံးရင်ဆိုင်နေရတာကိုထိုင်ကြည့်နေရုံကလွဲရင် ဘာမှမကူညီနိုင်ခဲ့ဘူး....ဒါဟာသိပ်ကိုခံရခက်လွန်းတယ်......ဖြစ်နိုင်မယ်ဆို ကျန်းချင်းအာနဲ့အတူ အရာအားလုံးကိုဘေးချင်းယှဉ်တိုက်ခိုက်ချင်တယ်.......
ဒါပေမယ့် သူတကယ်ကို အားနည်းလွန်းတယ်..... ပြီးတော့ တစ်နှစ်ခွဲအချိန်ဆိုတဲ့အချိန်က သိပ်ကိုတိုတောင်းလွန်းတယ်.....ဒါပေမယ့် ဖန်ချန်ယွမ်ပြောတဲ့အတိုင်းဆို အရာရာအဆင်ပြေသွားလိမ့်မယ်.....
တစ်ခုတော့ရှိတယ် လောကမှာ အလကားစားရတဲ့နေ့လည်စာဆိုတာမရှိဘူး......ဖန်ချန်ယွမ်ဘက်က ကောင်းကင်ဝံပုလွေကို ဘယ်နည်းနဲ့မှ ရက်ရက်ရောရောပေးမှာမဟုတ်ဘူး....သေချာပေါက် ပေးရမယ့် နောက်ထပ်ဈေးတစ်ခု ရှိနေလိမ့်မယ်......
လီလော့သည် စိတ်အားထက်သန်သော သွေးဆောင်မှုမှ တည်ငြိမ်သော တွက်ချက်မှုဆီသို့ ကူးပြောင်းလာသည်ကို မြင်လိုက်ရသည်နှင့် ဖန်ချန်ယွမ် သဘောကျစွာပြုံးနေလေ၏။
အန္တရာယ်တွေနဲ့ စည်းစိမ်ဉစ္စာတွေရှေ့မှညတောင် တည်ငြိမ်တဲ့စိတ်တွေးတောနိုင်တယ်....... ဒီကလေးက တကယ်ပဲ ကောင်းကင်ဘုရင်လီရဲ့ သွေးသားပီသပါပေတယ်.....
"အမှန်ပါပဲ မင်း အလကားမရဘူး......အဲ့အတွက် မင်းငါ့ကို တစ်ခုခုလုပ်ပေးရမယ်...ဘယ်လိုလဲ လက်ခံမှာလား......"