ကျောင်းအုပ်ကြီး၏တောင်းဆိုချက်.......
Vol. 22 Ch. 298
သဘောတူညီချက်ကို လက်ခံပါသလား......
လီလော့သည် စိတ်ရှုပ်ထွေးစွာဖြင့် ဖန်ချန်ယွမ်ကို စိုက်ကြည့်နေသည်။
ဖန်ချန်ယွမ်လို အားကြီးတဲ့ဘုရင်အဆင့်က သူ့လို အားပျော့တဲ့ ဆရာသခင်အဆင့်ဆီက ဘာများတောင်းမလို့လဲ.....
ဘုရင်တစ်ပါးက သူတောင်းစားဆီက ပြန်တောင်းနေတာလား.......
အကယ်၍ ကျောင်းအုပ်ကြီးသာ အရိပ်လှိုဏ်ဂူက ထွက်လာရင် ရှပြည်ထောင်စုတစ်ခုလုံး သူ့ရှေ့မှောက်မှာ ဦးညွှတ်နေရမည်သာ....
ဘုရင်အဆင့်ကျွမ်းကျင်သူများရှေ့တွင် မြို့စားအဆင့်များသည် ဘာဆိုဘာမျှမဟုတ်တော့ပေ။
သို့သော်လည်း ဤဘုရင်အဆင့်သည် နိမ့်ကျသော လီလောကို မျက်နှာသာပေးကာ တောင်းဆိုနေသည်။
"ကျောင်းအုပ်ကြီးက ဘာလိုချင်လို့လဲ"
ယခုအချိန်တွင်၊ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေ၏ အဖွင့်ကမ်းလှမ်းချက်သည် အလွန်ဆွဲဆောင်မှုရှိသည်။ ၎င်းသည် နှစ်ဝက်အချိန်အတွင်း အိမ်တော်အစည်းဝေးပွဲ တိုက်ပွဲတွင်ပါဝင်နိုင်စေမည်ဖြစ်သည်။ လီလော့သည် ဘေးကနေထိုင်ပြီး ကျန်းချင်းအာကို ဝံပုလွေတွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်ခိုင်းမည့်သူမဟုတ်ပေ။
ဖန်ချန်ယွမ်က ချက်ချင်းပြန်မဖြေသေးဘဲ.....
"ငါ မင်းကို နည်းနည်းလောက် ပြောပြမယ်...... ပထမတစ်ချက်အနေနဲ့...အမြီးသုံးချောင်းကောင်းကင်ဝံပုလွေရဲ့ စွမ်းအားတွေက မင်းအတွက် ဆွဲဆောင်မှု ရှိကောင်းရှိနိုင်ပေမယ့် ဒီကမ္ဘာမှာ အလကားရတဲ့အရာမရှိဘူးဆိုတာသိလောက်အောင် မင်းလည်း ထက်မြက်ပါတယ်.....
"ကောင်းကင်ဝံပုလွေက ရိုင်းစိုင်းတဲ့ဗီဇရှိတယ်..... မင်းရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကအတော်လေးကွာခြားတဲ့အတွက် မင်း သူ့ဆီက စွမ်းအားတွေချေးယူတဲ့အခါ ရိုင်းစိုင်းတဲ့သဘာဝကြောင့် ထိခိုက်စေလိမ့်မယ်.....ဒါကိုငါတို့က တိရိစ္ဆာန်စိတ်ပေါက်တယ်လို့ခေါ်တယ်......မင်း သေချာမထိန်းနိုင်ရင် သွေးဆာလာလိမ့်မယ်.......ဒါ့ကြောင့် အရေးကြီးတဲ့အခြေနေမဟုတ်ရင် မသုံးဖို့အကြံပေးချင်တယ်......"
ထိုအကြံပြုချက်ကို လီလော့က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
ကြီးမားသောရလဒ်အတွက် ကြီးမားသောပေးဆပ်မှုရှိမည်ကိုတွက်ဆထားပြီးဖြစ်သည်။ သို့သော်လည်း အရေးကြုံချိန်တွင် ထုတ်သုံးဖို့ နောက်ထပ်ဝှက်တစ်ခုရှိလာသည်မှာ အရှုံးတော့မရှိနိုင်ပေ။
"အခုလိုသတိပေးတဲ့အတွက် ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်......"
မည်သို့ပင်ဆိုစေ ကျေးဇူးတင်သင့်သည်ကိုကျေးဇူးတင်ရမည်သာ......
ကျောင်းအုပ်ကြီးက ပြုံးပြီး ခေါင်းညိတ်သည်။
"မင်းက လိမ္မာတဲ့ ကလေးတစ်ယောက်ပါ...... ငါ့သတိမပေးလည်း မင်းဒါတွေကိုနားလည်မှာပါ.....ဒါပေမယ့် မဆရာတစ်ယောက်အနေနဲ့ မင်းကိုသတိပေးဖို့ ငါ့မှာ တာဝန်ရှိတယ်လေ..... ပြီးတော့ ပိုအရေးကြီးတာက...မင်းသာတစ်ခုခုဖြစ်ရင် မင်းအမေငါ့ကိုလာသတ်လိမ့်မယ်......"
လီလော့ ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဟငတ်ပေသည်။သူ့မိခင်သည် ကျားရဲတစ်ကောင်လို ဇတ်ဇတ်ကျဲသူတစ်ယောက်ပင်.....
"အမှန်က မင်းမှာ ငါမခိုင်းဘဲ လုပ်သင့်တဲ့အရာတစ်ခုရှိတယ်......"
ဖန်ချန်ယွမ် အလေးအနက်ထားပြီးပြောနေသည့်အတွက် လီလော့ အံ့အားသင့်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒီနှစ်အကုန်ရင် ငါတို့ကောလိပ်ကလည်း
အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ အထင်ကရကျောင်းတော်တွေ စီစဉ်ကျင်းပတဲ့ ရှန့်ပိန်းတွေ့ဆုံပွဲမှာ ပါဝင်ရမယ်......အနိုင်ရတဲ့သူကို ဗဟိုကျောင်းသားသမဂ္ဂက လုံကူရှန့်ပိန်းလို့ခေါ်တဲ့ မြင့်မြတ်တဲ့ရတနာတစ်ခုဆုချလိမ့်မယ်...အဲ့ရတနာက စွမ်းအားကြီးတဲ့အတွက် အရိပ်လှိုဏ်ဂူကိုဖိနှိပ်ထားနိူင်စွမ်းရှိတယ်......ငါတို့သာ လုံကူရှန့်ပိန်းကို ရခဲ့မယ်ဆို အရိပ်လှိုဏ်ဂူကိုအချိန်အတော်ကြာ ငြိမ်သက်အောင်ထိန်းထားနိုင်လိမ့်မယ်.....ဒါ့ကြောင့် လုံကူရှန့်ပိန်းကို အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ ကျောင်းတော်တိုင်း လိုချင်နေကြတာ....ဒါကိုသာရမယ်ဆို ကျောင်းသားတွေအခုလိုအသက်စွန့်ပြီး ကမ္ဘာခြားသက်ရှိတွေနဲ့တိုက်ခိုက်နေစရာမလိုတော့ဘူး......."
လီလော့ ဤအချက်အလက်ကြောင့် အံ့သြသွားခဲ့သည်။
သူကိုယ်တိုင် အရိပ်လှိုဏ်ဂူထဲတွင် တွေ့ကြုံခံစားခဲ့ရပြီးပြီဖြစ်သောကြောင့် ဖန်ချန်ယွမ်ပြောချင်သည့်သဘောကိုကောင်းစွာနားလည်သဘောပေါက်နိုင်ခဲ့ပါသည်။
အတိတ်ကာလတွေတုန်းကလည်း အခုလောက်အခြေနေမဆိုးပေမယ့် လူအသေအပျောက်ရှိခဲ့ဖူးသည်။တနည်းဆိုရသော် အရည်အချင်းရှိပြီး အလားအလာကောင်းသော ကျောင်းသားကျောင်းသူများကို နှစ်စဉ် ဆုံးရှုံးခဲ့ရသည့်သဘောပင်.....အသက်ရှင်ကျန်ရစ်သူတွေ ရယ်မောပျော်ရွှင်နေကြသော်လည်း သေဆုံးသွားသူများကို မည်သူအမှတ်ရနေဉီးမည်နည်း။
သေလွန်သူများတွင် တောက်ပသောအနာဂတ်ရှိနိုင်မည်မဟုတ်ပေ။
သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ယုလန် ၊လုချင်းအာ၊ကျောက်ခွော်တို့ကိုသာဆုံးရှုံးရမည်ဆိုမည်သို့ခံစားရမည်နည်း.......
သူ့မျက်နှာပေါ်တွင် ပြတ်သားသောအကြည့်တစ်ခု လွင့်ပျံလာသည်။
အရိပ်လှိုဏ်ဂူသည် အဆုံးမရှိသော ချောက်ကြီးတစ်ခုဖြစ်ပြီး ၎င်းကို ဖိနှိပ်နိုင်ရန် အဆက်မပြတ် အသက်စတေးရန် တောင်းဆိုနေသည်။
ကြယ်တာယာခရီးရှည်ကောလိပ်သည် လေးလံလွန်းလှသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရသည်။အကယ်၍ ကောလိပ်ကသာ ကမ္ဘာခြားသက်ရှိများကို မတားဆီးနိုင်လျှင် ရှပြည်ထောင်စုရှိ အပြစ်မဲ့ပြည်သူများစွာ သေကြေပျက်စီးကိန်းဆိုက်ကုန်လိမ့်မည်
ထိုကဲ့သို့သော ပြဿနာများကို ကြယ်တာယာခရီးရှည်ကောလိပ်တစ်ခုတည်းရင်ဆိုင်နေရခြင်းမဟုတ်ဘဲ အခြားသောကောလိပ်များသည်လည်း ကမ္ဘခြားသက်ရှိများကို နှိမ်နင်းဖို့ အဖိုးတန်ကျောင်းသားများကို ဆုံးရှုံးခဲ့ရမည်သာ......
လုံကူရှန့်ပိန်းသည် ထိုလေးလံသော ဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်နိုင်စေလိမ့်မည်။ အရိပ်လှိုကဏ်ဂူကိုနှစ်အနည်းငယ်ကြာဖိနှိပ်ထားနိုင်ပါက ကျောင်းသားများလည်း စိတ်ဖြောင့်ဖြောင့်ကျင့်ကြံနိုင်လိမ့်မည်။
ထို့ကြောင့် လုံကူရှန့်ပိန်းသည် ဆွဲဆောင်နိုင်လွန်းသော ဆုလာဘ်တစ်ခုဖြစ်နေသည်မှာ ငြင်းရက်စရာပင်မရှိတော့ချေ။
"ဒါဆို ကျောင်းအုပ်ကြီးက ကျွန်တော့်ကို ရှန့်ပိန်းပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းမလို့လား.....ကျွန်တော်က အခုမှပထမနှစ်ပဲရှိသေးတာ ဘယ်လိုလုပ်အရည်အချင်းပြည့်မီနိုင်မှာလဲ......"
"ဟုတ်ပါတယ်... ကျောင်းတိုင်းက သူတို့ရဲ့ အတော်ဆုံးကျောင်းသားတွေကိုပဲ ရှန့်ပိန်းပြိုင်ပွဲဆီ စေလွှတ်ကြတာ.. ....မင်းက ငါတို့ကောလိပ်ရဲအတော်ဆုံးကျောင်းသားစာရင်းဝင်ပေမယ့် မင်းကိုလဲ လုံကူရှန့်ပိန်းရအောင်မယူခိုင်းပါဘူးကွာ....အဲ့အစား ငါတို့ကောလိပ်ကသာ လုံကူရှန့်ပိန်း ရလာမယ်ဆို တစ်ခုခုလုပ်ပေးဖို့တောင်းဆိုချင်တာပါ......"
" လုံကူရှန့်ပိန်းရလာပြီဆို မင်းရဲ့သွေးအဆီအနှစ်အချို့ကို အဲ့အထဲထည့်ပေးဖို့ပါပဲ....."
ဖန်ချန်ယွမ်၏ ပွင့်လင်းသော တောင်းဆိုမှုကြောင့် လီလော့ တွေးရခက်နေလေပြီ.....
ဒီလူ ငါရဲ့သွေးအဆီအနှစ်ကိုယူပြီး ဘာလုပ်မလို့လဲ..........