ကောင်းကင်ဓမ္မတေးသံ.....
Vol. 22 Ch. 299
တစ်စုံတစ်ခုကိုအသည်းအသန်တွေးတောနေသည့်အတွက် လီလော့ငြိမ်ကျသွားသည်ကို ဖန်ချန်ယွမ်က စိတ်ရှည်လက်ရှည်စောင့်ဆိုင်နေလေ၏။
ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဉီးက အဘယ်ကြောင့် ဆရာသခင်အဆင့်တစ်ယောက်ရဲ့သွေးအဆီအနှစ်ကို လိုချင်နေရသနည်း။
သူတို့နှစ်ဉီ၏ စွမ်းအားကွာခြားချက်မှာ လူနှင့်ပုရွက်ဆိတ်ကဲ့သို့ပင်.....
ဗလာပဲ့တင်ထပ်သံနန်းတော်သုံးခုကြောင့်များလား......
ဗလာပဲ့တင်ထပ်သံနန်းတော်သုံးခုသည် ရှားပါးသော်လည်း ဘုရင်အဆင့်ရောက်သူတိုင်းတွင် ပဲ့တင်ထပ်သံသုံးခုရှိနေသည်မဟုတ်လော....
အားကောင်းသော ပဲ့တင်ထပ်သံနန်းတော်သုံးခုပိုင်ဆိုင်ထားသူတစ်ယောက်က အဘယ်ကြောင့်များ ဗလာပဲ့တင်ထပ်သံသုံးခုသမားဆီကနေ သွေးအဆီအနှစ်လာတောင်းနေရသလဲ.......
တဖြည်းဖြည်းတွေးတောရင်း နားလည်လာသည့်အတွက် လီလော့ ခေါင်းတဆတ်ဆတ်ညိတ်လိုက်မိသည်။
"ကောင်းကင်ဘုရင်လီရဲ့သွေးမျိုးဆက်ကြောင့်မဟုတ်လား......"
" ဟားးးဟားးးး မင်းက တကယ်ဉာဏ်ကောင်းတဲ့ကလေးပဲ.....ဟုတ်တယ်....မင်းရဲ့သွေးမျိုးဆက်က တကယ်အားကောင်းတယ်....စိတ်မပူပါနဲ့ မင်း ထိခိုက်စေမယ့်အရာမျိုး ဘာမှမလုပ်ပါဘူး.... တကယ်ဆို ငါလိုဘုရင်အဆင့်က မင်းရဲ့သွေးမျိုးဆက်ကိုသာမကြောက်ရင် အခုလိုတောင်းဆိုမနေဘဲ မင်းမသိအောင်ယူလိုက်လို့ရတယ်......ဘာလို့ မင်းရဲ့သွေးအနှစ်သာရကို ငါတကယ်လိုအပ်တာလဲဆိုတာတော့ လောလောဆယ်တော့ မပြောနိုင်သေးဘူး....."
"ငါမင်းကို ပြောပြနိုင်တာက လာမယ့်
နှစ်ဝက်အတွင်း ရှပြည်ထောင်စုမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်.....ကြယ်တာယာခရီးရှည်ကောလိပ်ကိုတောင် ရိုက်ခတ်မှုတွေရှိလာနိုင်တယ်....ဒါကြောင့်မို့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရမယ်......"
နှစ်ဝက်အတွင်းကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာမယ်တဲ့လား....ဒါဆို လော့လန်အိမ်တော်ရဲ့ အိမ်တော်အစည်းဝေးပွဲနဲ့ အချိန်ကိုက်ပဲ.....ဒီကိစ္စတွေက တစ်နည်းနည်းနဲ့ဆက်စပ်နေမလား......
" ကျောင်းအုပ်ကြီးလို ဘုရင်အဆင့်ကို ရှပြည်ထောင်စုမှာ ယှဉ်နိုင်တဲ့သူဘယ်သူရှိလို့လဲ.....ပြီးတော့ ကောလိပ်ရဲ့နောက်မှာ ဗဟိုကျောင်းသားသမဂ္ဂတစ်ခုလုံးရှိနေတာပဲကို....ဘာကြောက်စရာလိုလို့လဲ..... "
" ကောင်လေး....အကြောင်းအရာတွေက မင်းထင်နေသလို မရိုးရှင်းဘူး.....ငါတို့ကောလိပ်က ဗဟိုကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဆိုပေမယ့် အဖွဲ့ဝင်ကျောင်းတော်တွေအချင်းချင်း သယဇာတဖြစ်နေတယ်လို့ထင်နေတာလား......"
လီလော့ ထိတ်လန့်တကြားဖြင့် ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည့်အခါ တည်ငြိမ်သော မျက်လုံးတစ်စုံနှင့် အကြည့်ချင်းစုံသွားခဲ့လေသည်။
"ရှပြည်ထောင်စုကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်... အောင်မြင်တယ် မအောင်မြင်ဘူးကတော့ ကံတရားအတိုင်းပဲပေါ့ကွာ......."
ကျောင်းအုပ်ကြီးပြောသသွားသမျှစကားတိုင်းက သူ့အတွက်စဉ်းစားစရာတွေချည်းပါပဲ........
ရှပြည်ထောင်စုမှ နှစ်ဝက်အတွင်း အပြောင်းအလဲတွေဖြစ်လာတော့မယ်....
"မင်းမှာ သံသယတွေရှိနေသေးရင် ချက်ချင်းအဖြေပေးစရာ မလိုပါဘူး..... ဒီကိစ္စကို လုံကူရှန့်ပိန်းရလာတော်မှသာ ဆက်ပြောကြတာပေါ့......လုံကူရှန့်ပိန်းမရှိရင် မင်းရဲ့သွေးအဆီအနှစ်ကို မလိုတော့ဘူး. "
အချိန်ယူစဉ်းစားဖို့လို့အပ်သောကြောင့် လီလော့ ခေါင်းညိတ်လိုက်သည်။
"ငါပြောခဲ့တဲ့ လျှို့ဝှက်ပညာရပ်နဲ့ ပတ်သက်ပြီး မင်းကို အခုလောလောဆယ် ပထမပိုင်းပေးလိုက်မယ်..... ဒါက ကြီးမားတဲ့ လျှို့ဝှက်ချက် မဟုတ်ပေမယ့် မင်းရဲ့ လက်ရှိ စွမ်းရည်ကြောင့်နဲ့ဆို ကောင်းကင်ဝံပုလွေရဲ့ စွမ်းအားကို အများကြီး ဆွဲထုတ်နိုင်မှာ မဟုတ်သေးဘူး......"
ဖန်ချန်ယွမ်သည် လီလော့၏ နဖူးပေါ် လက် တင်လိုက်ပြီး အလင်းတန်းအနည်းငယ် ပို့လွှတ်လိုက်သည်။
အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လီလော့
၏ စိတ်ထဲတွင် အချက်အလက်များ ရုတ်တရက် ရှင်းလင်းသွားခဲ့သည်။ သူသည် အချက်အလက်များကို ဂရုတစိုက်ဖတ်ပြီး စကားပြောဖို့ပင် ဆွံ့အနေမိသည်။
"ကောင်းကင်ဓမ္မတေးသံ....."
"ဒီလျှို့ဝှက်ပညာရပ်ကို လက်ကောက်ထဲမှာ ထည့်ထားပြီးသား .......အထူးဖွဲ့စည်းမှုတစ်ခုနဲ့ တွဲလုပ်ဖို့ လိုတယ်.... နောက်ပိုင်းကျရင် အဲ့နှစ်ခုကို ချိတ်ဆက်လိုက်ရင် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေရဲ့ စွမ်းအားကို ထုတ်ယူနိုင်လိမ့်မယ်......
"ဒါပေမယ့် သတိတော့ ထားပါ.. လိုအပ်တဲ့အခါမှသာသုံးပါ..... ရိုင်းစိုင်းတဲ့ပုံစံပြောင်းသွားရင် ကိုင်တွယ်ဖြေရှင်းဖို့ ခက်တယ်....."
Li Luo ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့..... ကျွန်တော်နားလည်ပါတယ်...... ဆရာကြီးရဲ့တောင်းဆိုချက်ရို ကျွန်တော် သေချာစဉ်းစားထားပါ့မယ်...."
ဟုတ်ပေသည်။ လုံကူရှိန့်ပိန်း မရှိလျှင် တောင်းဆိုချက်သည်လည်း အကျုံးမဝင်နိုင်ပေ။
"ရှန့်ပိန်းနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေကို မင်းရဲ့ နည်းပြဆီမှာ မေးလို့ရတယ်..... ငါ့မှာ အချိန်သိပ်မရှိဘူး..သွားရတော့မယ်......"
ကျောင်းအုပ်ကြီး၏ ကိုယ်ပွားပျောက်ကွယ်ခါနီးတွင် လီလော့က အသည်းအသန်လှမ်းခေါ်လိုက်ပြီး......
"ကျောင်းအုပ်ကြီး.... ခဏနေပါဦး......"
ဖန်ချန်ယွမ်က မသင်္ကာသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည့်အခါ.....
" ဆရာ....ကျွန်တော် အရိပ်လှိုဏ်ဂူထဲမှာ ကောင်းကောင်းအကျိုးဆောင်နိုင်ခဲ့တဲ့အတွက် ဆုလေးဘာလေးမပေးချင်ဘူးလားဟင်....."
" မင်းကို အခုလေးတင် ချိတ်ပိတ်ရတနာပေးပြီးပြီလေကွာ......"
" ဆရာကြီးကလည်း.....အဲ့တာ အမြီးသုံးချောင်းဝံပုလွေကို တားမြစ်နယ်မြေထဲက ခေါ်ထုတ်ပေးခဲ့လို့လေ....."
" မင်း ဘာလိုချင်လို့လဲ.... "
" ကောလိပ်အတွက် သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစားပေးခဲ့တဲ့အတွက် အမှတ်တစ်သိန်းလောက်မပေးချင်ဘူးလား....."
" ဟေ့ကောင်....အလျှော့ပေးလို့ကမ်းတက်မလာနဲ့နော်....."
" နယ်မြေ ၁၃က ကျောင်းသားတွေကို ကျွန်တော်ကယ်တင်ခဲ့တာလေဗျာ....."
" အဲ့တာနဲ့ပဲ အမှတ်တစ်သိန်းပေးရမယ်ပေါ့....ကျောင်းမှာ ဆုပေးဒဏ်ပေးစနစ်သတ်မှတ်ထားပြီးသား....ကောလိပ်ကိုပြန်ရောက်ရင် စုရှင်း သေချာတွက်ချက်ပေးလိမ့်မယ်....."
လီလော့က လိုချင်တာရှိသည့်အတွက် အတတ်နိုင်ဆုံး မျက်နှာငယ်လေးနဲ့သနားစဖွယ်ဖြစ်အောင် တောင်းပန်နေရှာသည်။
" ကျွန်တော်ရဲ့ ဗလာနန်းတော်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရင်းအခြေခံအုတ်မြစ်ထိခိုက်သွားတယ်....ဒါကို အစွမ်းထက်တဲ့ဆရာကြီးလည်း သိပြီးလောက်မှာပါ.....အခြေခံအုတ်မြစ်ပြန်ကောင်းအောင် တော်ဝင်သစ်စေး ဝယ်သုံးမှဖြစ်မယ်....အဲ့လိုမှဝယ်မသုံးနိင်ရင် နှစ်ဝက်အတွင်း ကျွန်တော်သေရလိမ့်မယ်...ဒါဆို လုံကူရှန့်ပိန်း ရလာရင်တောင် သွေးအဆီအနှစ်ပေးနိုင်မှာမဟုတ်ဘူး......"
ဖန်ချန်ယွမ်က လီလော့ကို အစုံအဆန်ကြည့်လိုက်ပြီး......
" အင်း...ငါ အစကတည်းက အာရုံခံမိသားပဲ...ဒါပေမယ့် မင်းရဲ့မိုက်မဲတုံးအမှုကြောင့်လိုပဲထင်နေမိတာ......"
ဘာပဲဖြစ်ဖြစ် အမှတ်တစ်သိန်းရဖို့ စိတ်လျှော့ရမယ်......
"ကျောင်းအုပ်ကြီး ....."
လီလော့ မရမချင်း ဂျီတိုက်နေမည်ကို ကြိုသိနေသောကြောင့် ကျောင်းအုပ်ကြီးခေါင်းကိုက်နေလေပြီ.......
"အေးကွာ...ငါ စုရှင်းကိုပြောထားလိုက်မယ်...ငါသွားတော့မယ်ကွာ....."
ကျောင်းအုပ်ကြီးသည် လီလော့၏ အဖြေကို မစောင့်ဘဲ မီးခိုးငွေ့များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။
"ဒီလောက်မြန်မြန် ပြေးသွားပုံထောက်ရင် သူ့မှာ လေပဲ့တင်ထပ်သံရှိတယ်နဲ့တူတယ်..... "
လီလော့ ငြီးတွားလိုက်သည်။
ကောင်းပြီ.....ရတော့လည်း အမြတ်၊မရတော့လည်း အရင်းပေါ့ကွာ.....
သူသည် ပတ်ဝန်းကျင်ရှိ အမှောင်ထုကို လှည့်ကြည့်ကာ သားရဲကို ငုံ့ကြည့်ပြန်သည်။ ဒီတစ်ခါတော့ သူ မကြောက်တော့ဘဲတော်တော်လေး စိတ်လှုပ်ရှားနေမိသည်။
အမြီးသုံးချောင်းကောင်းကင်ဝံပုလွေသည် သူကိုင်တွယ်နိုင်သည်ထက် အစွမ်းပိုရှိသော်လည်း ၎င်းသည် ဝှက်ဖဲဖြစ်နေဆဲဖြစ်သည်။
သို့တိုင်၊ နှစ်ဝက်အတွင်း ဖြစ်လာမည့်အပြောင်းအလဲများအကြောင်း ကြိုတင်သတင်းသည် အနည်းငယ်မျှသာ တွေးတောစရာဖြစ်သည်။ ရှပြည်ထောင်စုသည် စိုးရိမ်ဖွယ်အနေအထားတွင်ရောက်နေပြီဖြစ်သည်။
ဟူးးးး ဘာပဲဖြစ်ဖြစ် နောင်ခါလာနောက်စျေးပေါ့ကွာ... အရင်ဆုံး သန်မာအောင်ကြိုးစားရမယ်....သန်မာနေမှသာ ဘာမဆိုရင်ဆိုင်နိုင်မှာ......အခုချိန်မှာ ဆရာသခင်အဆင့်ကနေ အဆင့်တက်နိုင်အောင်ကြိုးစားရမယ်.....