ဒုစရိုက်မြစ်.....
Vol. 22 Ch. 300
အရိပ်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးအတွင်းပိုင်းတွင်......ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားကာ အဆက်မပြတ် ပျက်ဆီးနေသော အခြေအနေတွင် လှည့်ပတ်နေသည်။ ရူးသွပ်သွားခြင်း၊ ရေ၊ လေ၊ မြေကြီး၊ မီး အစရှိသည့်သဘာဝဒြပ်စင်များသည် ရူးသွပ်နေသည့်နှယ် အချင်းချင်း အဆုံးမရှိ အပြင်းအထန် တိုက်ခိုက်နေကြသည်။ မြို့စားအဆင့်ကျွမ်းကျင်သူများပင် ဤနေရာတွင် ခြေမချဝံ့ကြပေ။
ထိုပရမ်းပတာများကြားတွင် လူတစ်ယောက်သည် ရွှေရောင်ကြာပန်းတစ်ပွင့်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။
သူသည် ကြယ်တာခရီးရှည်ကောလိပ်၏ ကျောင်းဝတ်စုံကို ၀တ်ဆင်ထားသော်လည်း ထိုဝတ်စုံကို ရွှေချည်ဖြင့် ပြုလုပ်ထားသော ကြယ်များဖြင့် အလှဆင်ထားသည်။
ထိုသူသည် အခြားသူမဟုတ်....ကျောင်းအုပ်ကြီးဖန်ချန်ယွမ်သာပင်......
သူသည် ယခုချိန်တွင် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ လေးလေးနက်နက် တွေးတောနေရင်းကနေ ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကိုလည်း စူးစမ်းလေ့လာနေ၏။
"လော့လန်အိမ်တော်သခင်လေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်..... သူ့စရိုက်က လီတိုင်ရွှမ်နဲ့ တိုင်တန်လန်တို့နဲ့ လုံးဝမတူဘူး......"
လီလော့၏မိဘများနှင့်တွေ့ဆုံခဲ့စဉ်က နှစ်ဉီးစလုံး မြို့စားအဆင့်တွင်သာရှိခဲ့သည်။ သို့သော်လည်း လီတိုင်ရွှမ်သည် ကောင်းကင်ဘုရင်လီ၏သွေးမျိုးဆက်ပီပီ သူ့ (ဖန်ချန်ယွမ်)ကို လုံးဝ ကြည်ညိုလေးစားခြင်းမပြုခဲ့ပေ။
လီတိုင်ရွှမ်သည် ပါရမီကောင်းသူဖြစ်သောကြောင့် နှစ်အနည်းငယ်အတွင်း ဘုရင်အဆင့်ရောက်နိုင်မည်ကို သံသယဝင်နေစရာမလိုပေ။
တိုင်တန်လန်အကြောင်းပြောရမည်ဆိုလျှင်..... သူမသည်လည်း ထူးခြားသူတစ်ယောက်ပင်..... သူမသည် ဇတ်ဇာတ်ကျဲပုံရသော်လည်း လီတိုင်ရွှမ်လို ပါရမီကောင်းသူတစ်ယောက်ဖြစ်သည်။ လီတိုင်ရွှမ်လိုထက်မြက်သောသူပင် သူမရှေ့တွင် ဉီးညွတ်ခဲ့ရသည်မဟုတ်လော။ မိန်းမသားတစ်ဉီးဖြစ်သော်လည်း ပါရမီကောင်းသည့်အပြင် ဉာဏ်ရည်ထက်မြက်သူဖြစ်သောကြောင့် အခြေကြီးလှသော လီတိုင်ရွှမ်ပင်လျှင် သူမအလိုကျအရှေ့ပိုင်းကုန်းမြေတိုက်ကို စွန့်ခွာပြီး ရှပြည်ထောင်စုလို ဝေးလံခေါင်သီသောအရပ်ဆီလိုက်ပါလာခဲ့ရသည်။
လီတိုင်ရွှမ်နှင့်တိုင်တန်လန် နှစ်ဦးစလုံးသည် ရဲရင့်တောက်ပသော အားကျဖွယ်ဇနီးမောင်နှံဖြစ်ပြီး ရောက်လေရာအရပ်တိုင်းတွင် ခေါင်းမော့ရင်ကော့ထားနိုင်သူများဖြစ်ကြသည်။
သူတို့နဲ့ ယှဉ်ရင် လီလော့က ပိုသတိထားရမာ့်သူပင်....သို့သော်လည်း နယ်မြေ၁၃တွင်ဖြစ်ပျက်ခဲ့သည့်အတွေ့အကြုံများအရ လီလော့တွင် ဖုံးကွယ်ထားသေယအရာများရှိနေမည်မှန်း သိလိုက်ရသည်။
သူသည် မိဘများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော်လည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့်သူမဟုတ်ပေ။
ဖန်ချန်ယွမ်သည် သူ့ပတ်ဝန်းကျင်ရှိ ပျက်စီးမှုများကို တဖန်အာရုံစိုက်လိုက်ချိန်တွင် မြေပြင်ပေါ်တွင် အက်ကြောင်းရာများဖြစ်ပေါ်လာပြီး မဟူရာမြစ်တစ်စင်းပေါ်ထွက်လာလေ၏။
မည်းမှောင်နေသော မြစ်ရေသည် တအိအိ ရွေ့လျားနေပြီး ပုပ်နံ့များထောင်းထောင်းထနေ၏။
လီလော့ အကြောင်း တွေးရင်း ကြည်နူးမှု မှန်သမျှ ပျောက်ကွယ်သွားလေပြီ။
ဤသည်မှာ ဒုစရိုက်မြစ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ မကောင်းမှုများအားလုံး စုံစည်းနေသောနေရာဖြစ်သည်။
အရိပ်ကမ္ဘာ၏ အလယ်ဗဟိုတွင် ဒုစရိုက်မြစ်များစုံစည်းရာ ပင်လယ်ကြီးတစ်ခုရှိသည်ဟု ဆိုကြသည်။
ဘုရင်အဆင့်တစ်ယောက်ပင်လျှင် ဒုစရိုက်မြစ်ကို သတိထားနေရသည့်အတွက် မြို့စားအဆင့်များဆိုလျှင် တခဏအတွင်း ပြုစားခံလိုက်ရမည်သာ.....
ဒုစရိုက်မြစ်သည် အရိပ်လှိုဏ်ဂူရှိ ပြဿနာအားလုံး၏ မူလအအရင်းအမြစ်ဖြစ်သည်။
ကွေ့ကောက်စွာစီးဆင်းနေသော မြစ်ရေပြင်သို့ စူးစိုက်ကြည့်လိုက်သည့်အခါ ဖန်ချန်ယွမ် သူ့ကိုယ်သူတွေ့မြင်လိုက်ရသည်။
သူတို့နှစ်ယောက် ဝေးကွာသော်လည်း တင်းမာမှု မီးတောက်များ ပျံ့လွင့်နေဆဲပင်.....
ဤကဲ့သို့သော ပရမ်းပတာအခြေအနေတွင်၊ ကမ္ဘာပေါ်ရှိ သဘာဝစွမ်းအင်များက ကီလိုမီတာထောင်ပေါင်းများစွာကို ဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်စေခဲ့သည်။
ခစ်..ခစ်...ခစ်......
မည်းမှောင်သောရေပြင်ထဲမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။
သူသည် အမှောင်မြစ်ထဲတွင် နှစ်ပေါင်းများစွာ ရုန်းကန်နေခဲ့ရသာ့်အတွက် အခြေနေအရပ်ရပ်ကို ကောင်းစွာ နားလည်နေပြီဖြစ်သောကြောင့် ထိုအရာများကို လျစ်လျူရှုထားလိုက်ပါသည်။
ဖန်ချန်ယွမ်နှင့် ဖန်ချန်ယွမ်ပုံသဏ္ဍာန်ကိုအသွင်ယူထားသော ကမ္ဘာခြားသက်ရှိတို့သည် ဘယ်သူအရင်အကွက်ရွေ့မလဲစောင့်ကြည့်နေကြဆဲပင်.....
ပို၍ကြောက်စရာကောင်းသည့်အရာမှာ ကမ္ဘာခြားသက်ရှိများမဟုတ်ဘဲ လူသားများဖြစ်ကြောင်း ခံစားမိသည်။ လူသားတို့သည် ရှုပ်ထွေးပွေလီသော အကုသိုလ်နှင့် ဆိုးယုတ်မှုများ၏ အဓိကအရင်းမြစ်များဖြစ်ကြသည်မဟုတ်လော.....
ဤနှစ်များတစ်လျှောက်လုံးတွင်၊ သူသည် သူ့အလိုဆန္ဒကိုဆန့်ကျင်ပြီး ဤနေရာတွင် ပိတ်မိနေခဲ့သည်။
ရှပြည်ထောင်စုတွင်း၌သော်လည်း ကောလိပ်အတွင်း၌သော်လည်းကောင်း အမှောင်အင်အားစုတွေများကလည်း လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီ.......
ဒီအချိန်မှာ လုံကူရှန့်ပိန်းကို ပြန်ယူလာနိုင်မယ်ဆို ပိုလွယ်ကူလာမလား......
ဖန်ချန်ယွမ် သက်ပြင်းချကာ မျက်လုံးမှိတ်ထားလိုက်ပြန်သည်။
.....................................
လီလော့ သတိပြန်ရလာသောအခါတွင် သူသည် အနက်ရောင်နယ်မြေမှ လွတ်မြောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ကြည်လင်တောက်ပနေသော
ရွှေရောင်မျက်လုံးတစ်စုံက သူ့ကို နူးနူးညံ့ညံ့စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။
"ဘာတဲ့လဲ. "
ကျန်းချင်းအာက ပေါ့ပေါ့ပါးပါး မေးသည်။
"ကျောင်းအုပ်ကြီးဆီက လက်ဆောင်ပါ...."
"ကျောင်းအုပ်ကြီးက လျို့ဝှက်တဲ့ နည်းလမ်းကို ရွေးချယ်တဲ့အတွက် သူ့မှာ အကြောင်းပြချက် ရှိရမယ်....လောလောဆယ် ငါ့ကို ဘာမှ မပြောနဲ့တော့......"
လီလော့ သေချာစဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ အမြီးသုံးချောင်း
ကောင်းကင်ဝံပုလွေပဲဖြစ်ဖြစ် သူ့သွေးအဆီအနှစ်ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက ကျန်းချင်းအာကိုစိတ်ပူစေလိမ့်မည်။
ဆိုးရွားသောအကျိုးဆက်များနှင့်အတူ ၎င်းကိုအသုံးမပြုရန် လက်ကောက်ကိုပင် ထိန်းချုပ်ထားလိမ့်မည်။
သူ့ရဲ့ သွေးအဆီအနှစ်နဲ့ ပတ်သက်ပြီး ဘေးကင်းရေးအတွက် ကျန်းချင်းအာသည် အလွန်အကျွံကာကွယ်မှုများ ပြုလုပ်လာနိုင်သည်။
လတ်တလောတွင် အရာရာကိုကိုယ်တိုင်စီမံပြီး သန်မာလာမှသာထုတ်ပြောဖို့ကြံရွယ်ထားလိုက်ပြီ။
" ချင်းအာ...ရှန့်ပိန်းတွေ့ဆုံပွဲအကြောင်း နင်သိလား......"
" ရှန့်ပိန်းတွေ့ဆုံပွဲ......သိတယ်လေ...အဲ့ပြိုင်ပွဲက အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာရှိတဲ့ ကျောင်းတော်တွေရဲ့ အပြင်းထန်ဆုံးပြိုင်ပွဲပဲဟာ......ရှန့်ပိန်းတွေ့ဆုံပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပကြတယ်....နောက်နှစ်ဆို ပွဲစတော့မယ်......"
"အောင်နိုင်သူကို လုံကူရှန့်ပိန်းဆိုတဲ့ အဖိုးတန်ရတနာ ဆုချတယ်လို့ကြားဖူးတယ်.....နောက်ဆုံးပြိုင်ပွဲမှာ ဘယ်သူနိုင်သွားလဲ....."
"ပြီးခဲ့တဲ့နှစ်ကဆို ရှန့်ထိုက်ရန်အင်ပါယာရဲ့ဝူရှင်းကောလိပ်ကအနိုင်ရသွားတာ..... တကယ် အားကောင်းတဲ့သူတွေလေ....ပြိုင်ပွဲတော်တော်များများကိုသူတို့ပဲအနိုင်ခဲ့ကြတာ......
"ရှန့်ထိုက်ရန်အင်ပါယာရဲ့ ဝူရှင်းကောလိပ်........"
လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ အရင်က ဒီလိုသတင်းတွေကို သေသေချာချာ မစုံစမ်းခဲ့ဖူးပေ။
ကြယ်တာယာခရီးရှည်ကောလိပ်ထက်ညအားကောင်းတဲ့ ကောလိပ်တွေရှိနေသေးတာလား....
ဝူရှင်းကောလိပ် မည်မျှ အားကောင်းသနည်း.....
"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေမှာ မှာ စုစုပေါင်း ကောလိပ်ငါးခုရှိတယ်.....ဝူရှင်းကောလိပ်အပြင် ကျန်တဲ့ သုံးခုကလည်း တော်တော်သန်မာကြတယ်.... ဒါ့ပြင် ဒီကောလိပ်ငါးခုက အမြဲတမ်းပြိုင်ဆိုင်နေကြတာဆိုတော့ ဘယ်သူ့ကိုမှလျှော့တွက်လို့မရဘူး....."
ရှန့်ပိန်းတွေ့ဆုံပွဲသည် သူမျှော်လင့်ထားသည်ထက် များစွာ ခက်ခဲနေပုံရသည်။
" ငါတို့ကောလိပ် ချန်ပီယံဖြစ်ခဲ့ဖူးလား...."
" ဖြစ်ခဲ့ဖူးတယ်...ငါမှတ်မိသလောက်ဆို လွန်ခဲ့တဲ့ အနှစ် 30 လောက်က ဖြစ်မယ်ထင်တယ်....."
သေလိုက်ပါတော့ကွာ....လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ချန်ပီယံဖြစ်ခဲ့ဖူးတာကို စကားထဲထည့်ပြောနေသေးတယ်....ကျောင်းအုပ်ကြီး ငါ့ကို ဂျင်းထည့်သွားပြီနဲ့တူတယ်....ကောင်းကင်ဓမ္မတေးသံ ဒုတိယအပိုင်းရဖို့ မေ့လိုက်တော့....ပထမတစ်ပိုင်းနဲ့တင်အဆင်ပြေအောင်ကြည့်လုပ်ရတော့မှာပဲ..........