← Chapters

ကူးပြောင်းခြင်းအစီအရင် သုံးလို့ရပြီ.....

Vol. 22 Ch. 301

ကူးပြောင်းခြင်းအစီအရင် သုံးလို့ရပြီ.....

Vol. 22 Ch. 301

လီလော့ အတော်စိတ်လေနေပြီ......

ရှိန့်ပိန်းတွေ့ဆုံပွဲသည် လော့လန်အိမ်တော်အစည်းအဝေးပွဲထက် စောနေသည့်အတွက် ကောင်းကင်ဝံပုလွေထံမှစွမ်းအားများကို လီလော့ မဖြစ်မနေ ထုတ်ယူဖို့လိုလိမ့်မည်။

ကောင်းကင်ဝံပုလွေ၏စွမ်းအားကို ထုတ်ယူလိုက်ပါက တစ်ချက်ခုတ်နှစ်ချက်ပြတ်မည်သာ....ထိုအချက်ကိုကြိုတွေးပြီး ဖန်ချန်ယွမ်ဘက်က လီလော့သေချာပေါက်လက်ခံလိမ့်မည်ဟု တွေးထားပုံရသည်။

သို့သော်လည်း ကြယ်တာယာခရီးရှည်ကောလိပ် အနိူင်ရမည်ဟု မည်သူအတပ်ပြောနိုင်မည်နည်း။

လီလော့သည် အတွေးပေါင်းစုံ ရှုပ်ထွေးနေသောကြောင့် ကျန်းချင်းအာဘက်သို့လှည့်လိုက်ပြီး......

" လာမယ့်ပြိုင်ပွဲမှာ ငါတို့ကောလိပ် ချန်ပီယံဖြစ်နိုင်ပါ့မလား......"

"ဖြစ်နိုင်တယ်....တခြားနှစ်တွေထက် ပိုဖြစ်နိုင်တယ်...."

"ဘာ့ကြောင့်လဲ....."

" ငါဝင်​ပြိုင်မှာမို့လို့ပေါ့......"

လီလော့ သူမကို စိုက်ကြည့်နေပြီး ဘာပြာရမှန်းပင်မသိတော့ပေ။

ဘယ်လောက်တောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတာလဲ....ကောလိပ်ရဲ့ တာဝန်တွေကို နင်တစ်ယောက်တည်း ပခုံးထမ်းထားမလို့လား......

မည်သို့ပင်ဆိုစေ ကျန်းချင်းအာလို စံချိန်ပေါင်းစုံချိုးနိူင်သူတစ်ယောက်အဖို့တော့ ဖြစ်နိုင်လိမ့်မည်။

သူမ၏ ထူးချွန်မှုသည် ရာစုနှစ်အတွင်းမည်သူမျှလိုက်မမီနိုင်​သောထူးချွန်မျှမျိုးဖြစ်သည်။

"ဒါပေမယ့်..."

" ရှန့်ပိန်းပြိုင်ပွဲတွေရဲ့ ပွဲစဉ်တွေကထင်ထားတာထက်ပိုရှုပ်ထွေးတယ်....တစ်ဉီးတစ်ယောက်တည်း ထူးချွန်နေရုံနဲ့ ချန်ပီယံမဖြစ်နိုင်ဘူး.....ဒါပေမယ့် နင်နဲ့သာအတူပြိုင်ရမယ်ဆို ငါတို့တွေ ချိန်ပီယံဖြစ်နိုင်ချေပိုများလာလိမ့်မယ်......"

"ငါနဲ့အတူပြိုင်မယ်...."

လီလော့အမှန်ပင် အံ့သြနေမိသည်။

" ဘာလဲ....မဖြစ်နိူင်ဘူးလား.....နင့်ကိုယ်နင် ဘယ်တုန်းက ဒီလောက်ထိလျှော့တွက်လိုက်တာလဲ....."

" မဟုတ်ပါဘူး...ငါကအခုမှ ပထမနှစ်ပဲရှိသေးတာလေ.....နင်တို့လို တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူတွေနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ....

သူသည် ဆရာသခင် တတိယအဆင့်ဖြစ်ပြီး ကျန်းချင်းအာက ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ဖြစ်သည်။ အမာခံခုနှစ်ဉီးစာရင်းဝင် မင်းသမီးကြီးနှင့်ကုန်းရှန်ကျွင်းတို့သည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်များဖြစ်ကြသည်။

ကွာဟချက်ကြီးမားလွန်းလှသည်။

" ရှန့်ပိန်း​ပြိုင်ပွဲတွေက နည်းနည်းရှုပ်ထွေးတယ်......ခန်းမတစ်ခုချင်းစီကနေ အတော်ဆုံးကျောင်းသားတစ်ယောက်စီ ရွေးထုတ်ထားတာဆိုတော့.....ကြယ်တစ်ပွင့်နဲ့ကြယ်နှစ်ပွင့်ခန်းမက ကျောင်းသားတွေလည်း ဝင်​ပြိုင်ရမှာ......ငါသိသိသလောက်ပြောရရင် အရင်တုန်းက ရှန့်ပိန်းပြိုင်ပွဲတွေကို အဆင့်နှစ်ဆင့် ခွဲထားဆယ်....ပထမအဆင့်ကတော့ ခန်းမတစ်ခုနဲ့တစ်ခု တိုက်ခိုက်ရမှာ ပြိုင်ဘက်တွေအားလုံးကို အလဲထိုးနိူင်မှဖြစ်မယ်.....နောက်ဆုံးကျန်ခဲ့တဲ့ကျောင်းသားကို အသန်မာဆုံးကျောင်းသားတွေလို့ခေါ်ပြီး အမှတ်တွေပေးတယ်...အဲ့လိုအမှတ်ရတဲ့ကျောင်းသားအရေအတွက်များတဲ့ကောလိပ်ကသာ လုံကူရှန့်ပိန်း ရတနာကို ရမှာ......"

"ဒါ့ကြောင့်မို့ နင်သာ ကြယ်တစ်ပွင့်ခန်းမရဲ့ အထူးချွန်ဆုံးကျောင်းသားဘွဲ့ရခဲ့ရင် ငါတို့တွေချန်ပီယံဖြစ်နိုင်ပြီ......"

ဒါဆို တခြားကောလိပ်က ကြယ်တစ်ပွင့်ကျောင်းသားတွေနဲ့ တိုက်ခိုက်ရမှာပေါ့...အခကတောင် ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ပထမနှစ်တွေထဲမှာ ချင်ဇူလုကိုအသန်မာဆုံးအဖြစ်သတ်မှတ်ထားကြတာ.....အကယ်၍ အခြားကောလိပ်က ပထမနှစ်ကျောင်းသားတွေသာ ချင်ဇူလုလိုသန်မာနေရင်.......

ဘာပဲဖြစ်ဖြစ် ရအောင်ကြိုးစားရမယ်....နိူ့မို့ဆို ချန်ပီယံဖြစ်ဖို့နောက်ထပ်အနှစ်သုံးဆယ်လောက် ထပ်စောင့်နေရမယ်.....ရှန့်ပိန်းပြိုင်ပွဲရောက်ဖို့ အချိန်လိုသေးတယ်....အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ကြိုးစားလေ့ကျင့်ရတော့မှာပဲ........

ထိိုသို့ဖြင့် ရှန့်ပိန်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်လေပြီ။

ထိုအချိန်တွင် နယ်​​မြေ ၁၃အတွင်းရှိကျောင်းသားများ၏ဆူညံစွာအော်ဟစ်နေသံများထွက်ပေါ်လာလေ၏။

ကျန်းချင်းအာက.....

" ကြည့်ရတာ ကောလိပ်ကပို့ပေးတဲ့စစ်ကူတွေရောက်လာပြီထင်တယ်......"

ကူးပြောင်းရေးအစီအရင်ထဲကနေ လူနှစ်ယောက်ထွက်လာသည်ကို ငုံ့ကြည့်လိုက်ပြီး......

" နောက်ဆုံးတော့ အခြေနေဆိုးကြီးကနေ ရုန်းထွက်နိုင်ခဲ့ပြီ..."

လီလော့တို့ အရိပ်လှိုဏ်ဂူထဲရောက်နေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ ထို့အပြင် မကြာသေးခင်ကကြုံတွေ့ခဲ့ရသောအခြေနေများကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နွမ်းလျနေကြပြီ။

အားတင်းထားသမျှ လျှော့ချလိုက်လျှင် အကုန်အလောင်းကောင်တွေဖြစ်ကုန်လိမ့်မည်။

ဤမျှကြီးမားသော အကျပ်အတည်းကို ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သောကြောင့် မစ်ရှစ်ဖျက်သိမ်းပြီး ကောလိပ်ဆီပြန်ကြရတော့မည်။

ကျောင်းသားများပျော်ရွှင်နေကြသော်လည်း လီလော့ကတော့......

ကျောင်းအုပ်က ငါ့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မလား..အမှတ်တစ်သိန်းသာမရရင် ကျန်းချင်းအာက ထပ်ပြီးစိုက်ပေးနေဉီးမှာ....ဒီ့ထက်ပိုပြီး သူ့ကိုဒုက္ခမပေးချင်တော့ဘူး......"

..........

သန့်စင်သောနယ်မြေ၏ မြင့်မားသောမျှော်စင်ပေါ်တွင်........

ခရမ်းရောင်အလင်းတန်းနှစ်ခုနှင့်အတူ  အစွမ်းထက်သော နည်းပြဆရာနှစ်ဦး ရောက်ရှိလာကြသည်။

" မဂ်လာပါ နည်းပြချီချန်း...နည်းပြရှန်ကျင်းရှောင်......"

ချီချန်း၏ မျက်နှာပေါ်ရှိ ပုဝါစသည် သူမ အမြန်ပြေးလာသဖြင့် မျက်မှောင်ကြုံ့နေသည်ကိုဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူမ၏ တပည့်များ ဤနေရာတွင်ရှိနေပြီး တစ်ခုခုသာဖြစ်သွားလျှင် သူမရင်ကွဲရလိမ့်မည်။

ကံကောင်းထောက်မစွာနဲ့ ရှန်ကျင်းရှောင် ကျောင်းကိုပြန်လာခဲ့ချိန်နဲ့တိုးပြီး နှစ်ယောက်စလုံး အပြေးအလွှားရောက်လာခဲ့ကြခြင်းဖြစ်သည်။

မျှော်စင်ပေါ်က အလင်းတန်းဖျော့ဖျော့ကိုတွေ့ရတော့မှသာ သူမ သက်ပြင်းချနိုင်ရှာတော့သည်။

မျှော်စင် ရပ်တန့်နေလျှင် နယ်​မြေ၁၃ ကျဆုံးပြီဟူသော အဓိပ္ပါယ်ပင်.......

ကုန်းရှန်ကျွင်းနှင့် မင်းသမီးကြီးတို့ကိုတွေ့လိုက်သည့်အခါ ပို၍ပင်စိတ်သက်သာရာရသွားခဲ့သည်။

ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်နှစ်ယောက်ရှိနေပါက ဘာကိုမျှ ဂရုစိုက်နေစရာမလိုတော့ပေ။

"ရှန်ကျွင်း...လွမ်ယု... မင်းတို့တွေ ကောင်းကင်ကပ်ဘေးအဆင့်ကို နှိမ်နင်းလိုက်ပြီလား......"

ရှန်ကျင်းရှောင်၏ ခပ်ပေါ့ပေါ့အမေးကို မင်းသမီးကြီးတို့က ခေါင်းညိတ်၍သာဖြေဆိုလိုက်ကြသည်။

"အသေအပျောက်များလား?"

ရှန်ကျင်းရှောင်က ပိုလေးနက်စွာ မေးလိုက်သည်။

"အသေအပျောက်တော့ရှိတယ်...ဒါပေမယ့် အရာအားလုံးကို ထိန်းချုပ်နိုင်ပါပြီ....."

" အင်းးးး မင်းတို့ အချိန်မီရောက်လာနိုင်လို့သာပေါ့.....ဒီ့အတွက် ကောလိပ်ကမင်းတို့ကုကောင်းကောင်း ချီးမြင့်ပေးမှာပါ....."

ရှန်ကျင်းရှောင်၏အပြောကြောင့် မင်းသမီးကြီးတို့ အိုးတို့အန်းတန်းဖြစ်သွားကြပြီး.....

"နည်းပြရှန်....ကျွန်မတို့ သူများအောင်မြင်မှုကို မခိူးယူဝံ့ပါဘူး..... တကယ်တော့ လီလော့ကသာ  အကုန်ဖြေရှင်းခဲ့တာပါ......"

ချီချန်းနှင့်ရှန်ကျင်းရှောင်တို့သည် မင်းသမီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။

All Chapters