← Chapters

နည်းပြများရောက်ရှိလာခြင်း.....

Vol. 22 Ch. 302

နည်းပြများရောက်ရှိလာခြင်း.....

Vol. 22 Ch. 302

"လီလော့....."

ချီချန်းနှင့် ရှန်းကျင်းရှောင်တို့ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။အကယ်၍ ဤစကားကိုပြောသည်မှာ မင်းသမီးကြီးမဟုတ်ဘဲ အခြားသူတစ်ယောက်သာဆို ဟာသပြောနေသည်ဟုပင်ထင်မိကြလိမ့်မည်။

ခရမ်းအဆင့်နည်းပြနှစ်ယောက်စလုံး  ထိတ်လန့်တကြားဖြစ်နေသဖြင့် မင်းသမီးကြီးလည်း တုန်လှုပ်နေရှာသည်။  သို့သော် သူမ ခေါင်းညိတ်လိုက်ပြီး.....

"ဟုတ်တယ်..... အတိအကျပြောရရင် လီလော့တစ်ယောက်တည်း အကုန်ဖြေရှင်းသွားတာ.....ကျွန်မတို့ရောက်လာတဲ့အချိန် သူတစ်ယောက်တည်း အခြေနေအရပ်ရပ်ကိုထိန်းချုပ်ပြီးနေပြီ......"

ချီချန်းက  အတည်ပြုရန် ကုန်းရှန်ကျွင်းကို ကြည့်လိုက်သည့်အခါ

" ကျွန်တော်က လွမ်ယုထက်ပိုနောက်ကျတယ်....ကျန်တော်ဒီကိုရောက်တော့ သားရဲကြီးကို ချိတ်ပိတ်ပြီးနေပြီ......"

"သားရဲကြီး?!"

နောက်တစ်ကြိမ် အံ့သြရပြန်ပြီ....ဘာတွေဖြစ်ကုန်တာလဲ....ကောလိပ်ကိုသတင်းပို့တုန်းက ကောင်းကင်ဘုံကပ်ဘေးအဆင့်ဆို....သားရဲကြီးကဘယ်ကနေ

ပေါ်လာရတာတုန်း.......

မင်းသမီးက  တားမြစ်နယ်​မြေမှ အမြီးသုံးချောင်းသားရဲကို ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့် တိုက်ခိုက်ရန် ဆွဲဆောင်ခြင်းအပါအဝင် အခြေအနေအရပ်ရပ်ကို ရှင်းပြခဲ့သည်။

မင်းသမီးကြီး ပြောပြသည်များကို နားထောင်ပြီးချိန်တွင် နည်းပြနှစ်ယောက်စလုံးပို၍ပင် အံ့သြနေကြရှာသည်။

တကယ်ပဲလား.....ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို တိုက်ခိုက်ဖို့ သားရဲကြီးကို တကယ်ပဲခေါ်ထုတ်ခဲ့တာလား....အကယ်၍ အဲ့နှစ်ကောင်ပူးပါင်းသွားရင်ဘယ်လိုလုပ်မလဲ......တွေးကြည့်ရုံနှင့်ပင် ရူးလောက်သည်။

ထို့အပြင် သူသည် မယုံနိုင်လောက်အောင် ကံကောင်းခြင်းများစွာကို ရရှိခဲ့သည်။ ကျောင်းအုပ်ကြီး၏ စည်းတံဆိပ်၏ကို ရခဲ့ခြင်းသည် နည်းပြများအတွက်တော့ အိမ်မက်တစ်ခုသဖွယ်ပင်......

သူသည် ဤအကျပ်အတည်းတစ်ခုလုံးကို ဉာဏ်ရည်အသုံးချပြီး ဖြေရှင်းခဲ့သည်။ သူ့အကြံအစည်ကြောင့်မဟုတ်ရင် အသက်ရှင်ကျန်ရစ်သူရှိနိုင်မည်မထင်.....

နည်းပြများကြားတွင် သဘောကျသော ချီးကျူးသံများ ထွက်ပေါ်လာသည်။

ချီချန်း တောက်ပစွာ ပြုံးရယ်နိုင်ပြီဖြစ်သည်။ ဆရာကောင်းတပည့် ပန်းကောင်းပန်သည်ဟူသော စကားပုံအတိုင်းပင်.......

" အင်း....လီလော့ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာပဲ....ကဲ....ငါတို့ကို ချိတ်ပိတ်ထားတဲ့သားရဲရုပ်ထုဆီခေါ်သွားပေး.....သန့်စင်တဲ့နယ်​မြေထဲမှာဆိုပေမယ့်လည်း သတိထားစရာရှိတာ သတိထားရမှာပဲ......"

မင်းသမီးကြီးနှင့်ကုန်းရှန်ကျွင်းတို့က ရှန်ကျင်းရှောင်ကို ဦးညွှတ်ခိုက်ပြီး ရုပ်တုဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ရှန်ကျင်းရှောင်နှင့် ချီချန်းတို့သည် ရုပ်ထုကို ကြည့်လိုက်ကြပြီး.....

"ဒီကောင်က တားမြစ်နယ်မြေထဲက အမြီးသုံးချောင်းကောင်းကင်ဝံပုလွေမဟုတ်လား......ပြီးတော့ မြို့စားအဆင့်ရောက်ဖို့နီးကပ်နေပြီလို့ပြောကြတယ်.....အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီဆိုပေမယ့် ကောလိပ်က နယ်မြေ ၁၃ကို အပြီးအပိုင်စွန့်လွှတ်ဆုံးဖြတ်လိုက်ပြီ.....ဒီကောင်ကြီးကို ချိတ်ပိတ်ထားနိုင်တော့ ပိုအဆင်ပြေသွားတာပေါ့......"

ချီချန်းစကား​ပြောနေစဉ်တွင် ရှန်ကျင်းရှောင် က ရုပ်ထုကိုအနီးကပ် ကြည့်ရှုနေသည်။

ရှန်ကျင်းရှောင်က  ရုတ်တရက် ရှေ့ကို လှမ်းပြီး  စွမ်းအားထုတ်ဖော်ကာ.....

"အမြီးသုံးချောင်းကောင်းကင်ဝံပုလွေက သိပ်ကိုကောက်ကျစ်စဉ်းလဲတယ်..... ဘေးကင်းဖို့အတွက် ဒီရုပ်ထုကို ဖျက်စီးပစ်ရမယ်...."

ရှန်ကျင်းရှောင် ယ၏ ရုတ်တရတ်လှုပ်ရှားမှုကြောင့် ကျောင်းသားများသည် အော်ဟစ်ကာ နောက်ဆုတ်သွားကြသည်။

ခရမ်းအဆင့်နည်းပြ နှစ်ဦးရှိသော်လည်း၊ အမြီးသုံးချောင်းကောင်းကင်ဝံပုလွေသည် လွှတ်လာသည်နှင့် တစ်ပြိုင်နက် မည်းမည်းမြင်သမျှအကုန်ကိုက်ဖျက်ဝါးမြိုလိမ့်မည်။

ချီချန်း အံ့သြနေသော်လည်း ရှန်ကျင်းရှောင်ပြောသည်မှာ ယုတ္တိရှိသောကြောင့် သဘေယတူသည့်အနေဖြင့်ခေါင်းညိတ်လိုက်လေသည်။

"ခဏနေပါဦး.... !"

အော်သံရဲ့ ဦးတည်ရာကို လှည့်ကြည့်လိုက်တော့ လူအုပ်ကြားထဲကနေ တိုးထွက်လာတဲ့ ကျန်းချင်းအာနဲ့လီလော့ကို တွေ့လိုက်ရသည်။

"လီလော့....ငါတို့တွေ ဒီသားရဲကို အပြီး ဖျက်စီးတော့မှာ....မင်း ဘာပြောချင်လို့လဲ....."

လီလော့သည် ချီချန်းကို ရိုရိုသေသေ ဉီးညွှတ်ပြီးနောက် ရှန်ကျင်းရှောင်ဘက်လှည့်ကာ......

"အလျင်မလိုပါနဲ့... ဒီစည်းတံဆိပ်ကို ထိလို့မရဘူး......"

"အိုး..ဘာဖြစ်လို့လဲ.....မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာကို လက်ခံပါတယ်.... ဒါပေမယ့် သားရဲကို ဒီမှာထားခဲ့တာက ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေလိမ့်မယ်.... ဖျက်ဆီးလိုက်တာ အကောင်းဆုံးပဲ......"

တခြားကျောင်းသားတွေကလည်း ခေါင်းညိတ်နေကြသည်။ စည်းတံဆိပ်တသည် ယာယီဖြေရှင်းချက်တစ်ခုသာဖြစ်ပြီး သားရဲကို တစ်ခါတည်း သတ်လိုက်သည်ကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

လီလော့ စိတ်ထဲကနေသာ ကျိန်ဆဲလိုက်တော့သည်။ သို့သော် ထိုရုပ်ထုထဲတွင် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေမရှိသည့်အကြောင်း ရှန်ကျင်းရှောင် ထုတ်ပြောလိုက်ရင် အကုန် တိုင်ပတ်ကုန်လိမ့်မည်။

ဒီမသာကြီးကတော့ တနည်းမဟုတ် တန်ညးနဲ့ပြသာနာရှာနေတော့တာပဲ.....စောင့်နေပါ...သန်မာလာတဲ့တစ်နေ့ ခင်ဗျားကို ပိုးကောင်လိုနင်းချေပစ်မယ်......

“ကျောင်းအုပ်က မဖျက်စီးနဲ့လို့မှာလိုက်တယ်..... ဘာကြောင့်လဲတော့ မသိဘူး...သိချင်ရင် ကျောင်းအုပ်ကြီးကိုကိုယ်တိုင် သွားမေးကြည့်ပေါ့......"

ဟားးးဟားးး သွားမေးကြည့်လိုက်စမ်းပါ....ဟိုက ငါ့ကိုတောင် ကာကွယ်ပေးဉီးမှာ......

ကျောင်းအုပ်ကြီး..... ၎င်းသည် အမှန်တကယ် အသုံးပြုရန် အဆင်ပြေသော နာမည်တစ်ခုဖြစ်ပြီး အလွန်အစွမ်းထက်သော နာမည်တစ်ခုဆိုလည်းမမှားပေ။

ကျောင်းအုပ်ကြီးသည် သူတို့အတွက် နတ်ဘုရားတစ်ပါးလို ဖြစ်သောကြောင့် ကျောင်းသားများက သူ့စကားကို ချက်ချင်းလက်ခံကြသည်။ ကျောင်းအုပ်ကြီးက လီလော့ကို ယုံယုံကြည်ကြည် စည်းတံဆိပ်ပေးခဲ့သည့်အတွက် စည်းတံဆိပ်နှင့်ပတ်သက်သည့် သတိပေးချက် သို့မဟုတ် အကြံဉာဏ်မှန်သမျှကို ချန်ထားခဲ့မည်ကို မယုံကြည်နိုင်စရာအကြောင်းမရှိပေ။

ရှန်ကျင်းရှောင်မျက်မှောင်ကြုတ်လိုက်မိသည်။ လီလော့သည် အမှန်တကယ်ပင် ပြင်းထန်သော နိုင်ကွက်ကို ကိုင်ဆောင်ထားနိုင်ခဲ့ပြီး ၎င်းကို မငြင်းဆန်နိုင်ခဲ့ပေ။

ကျောင်းအုပ်ကြီးဘက်က ဒီလို ညွှန်ကြားချက်ပေးစရာအကြောင်းမရှိသည့်တိုင် သက်သေပြဖို့ မလွယ်ကူခဲ့ပေ။

"ကျောင်းအုပ်ကြီးက ပြောထားမှ​တော့ ဒီအတိုင်းပဲထားလိုက်ကြတာပေါ့....."

ချီချန်း၏ပြတ်သားသောစကားသံထွက်ပေါ်လာသည်။

လက်ရှိအခြေနေသည် ထူးဆန်းနေသောလည်း ရှန်ကျင်းရှောင်နှင့် လီလော့တို့ ထိပ်တိုက်တွေ့ကြပြီဆိုမှဖြင့် သူ့တပည့်ဘက်ကသာ ထောက်ခံပေးရမည်။

အဆုံးတွင်မူ မကျေနပ်သော်လည်း အများသဘောဆန္ဒအတိုင်း လိုက်လျောလိုက်ရသည်။

" ကောင်းပြီလေ....ဒီအတိုင်းပဲ ထားရတော့မှာပေါ့......"

ကျောင်းသားများကတော့ ထိုရုပ်ထုကို ဂုဏ်ယူဖွယ် အမှတ်အသားတစ်ခုအဖြစ် အလှပြထားချင်သည်ဟုသာ သတ်မှတ်လိုက်ကြသည်။

"ကောင်းကင်ဘုံကပ်ဘေးကောင် ဘယ်နေရာမှာ​​သေသွားတာလဲ....."

ရှန်ကျင်းရှောင်၏အမေးကို လီလော့က ဘုတော တောပြီးပြန်မေးသည်က......

" ဘာဖြစ်ပြန်ပြီလဲ..... "

ကြားထဲက မနေနိုင်သော ချီချန်းကပဲ ဝက်ဖြေလိုက်ရတော့သည်။

"ကောင်းကင်ဘုံကပ်ဘေးအဆင့်တွေက သေဆုံးသွားရင်တောင် ဆိုးယုတ်မှုတွေ ချန်ထားတတ်ကြတယ်.....ဒါကြောင့်မို့အကြွင်းအကျန်တွေကိုသေချာသန့်စင်ဖို့လိုတယ်......"

ရှန်ကျင်းရှောင်သည် လီလော့ကို လျစ်လျူရှုကာ သူညွှန်ပြထားသည့်သို့သွားပြီး စွမ်းအားများသုံးကာ အကြွင်းအကျန်များကို စတင်ဖျက်စီးလိုက်လေသည်။

ထိုမြင်ကွင်းကို လီလော့က  သံသယကြီးစွာဖြင့် ကြည့်နေသည်။

တစ်နည်းနည်းနဲ့ မှုခင်းအခင်းဖြစ်ပွားရာနေရာကို ရှင်းထုတ်နေတဲ့ ရာဇ၀တ်ကောင်နဲ့တူနေသည်မဟုတ်လော......

"နည်းပြရှန်.....  ကောင်းကင်ဘုံကပ်ဘေးအဆင့်  ဒီမှာပေါ်လာတာ နည်းနည်း ထူးဆန်းမနေဘူးလား....."

လီလော့က ရှန်ကျင်းရှောင်ကို အငိုက်ဖမ်းပြီး ရုတ်တရက် မေးလိုက်သည်။

"စုံစမ်းစစ်ဆေးသင့်တယ်လို့ တွေးမိလို့ပါ....တော်ကြာ အမှောင်ထဲကနေ ကြိုးကိုင်နေတဲ့သူတွေရှိရင် ဘယ်လိုလုပ်မလဲ....."

" ဟမ့်....မင်းတို့ လူငယ်တွေ တော်တော် စိတ်ကူးယဉ်တတ်ကြတာပဲနော်....အရိပ်လှိုဏ်ဂူထဲမှာ ကောင်းကင်ဘုံကပ်ဘေးအဆင့် ရှားပါးတယ်ဆိုပေမယ့် တစ်ကောင်မှမရှိဘူးလို့ပြောတာမှမဟုတ်တာ.....အရိပ်လှိုဏ်ဂူရဲ့အတွင်းပိုင်းမှာ ဒီထက်အရေးကြီးတဲ့ဖြေရှင်းစရာတွေရှိနေတာကို ဘယ်သူက တရေးတယူစုံစမ်းစစ်ဆေးနေမှာလဲ......"

ရှန်ကျင်းရှောင်က လီလော့ကိုပြောနေရင်းကနေ ကျောင်းသားတွေဘက်လှည့်ကာ......

" ကဲ....ပြန်ဖို့ပြင်ဆင်ထားကြတော့....သုတ်သင်ရှင်းလင်းရေးမစ်ရှင် ပြီးပြီဆိုတော့ အနားယူဖို့အိမ်ပြန်ပို့ပေးမယ်......"

အိမ်ပြန်ရတော့မည်​ဖြစ်သောကြောင့် ကျောင်းသားတိုင်း ပျော်ရွှင်နေကြသည်။ထိုသို့အိမ်ပြန်ခွင့်ရအောင် ကယ်တင်ပေးခဲ့သည့် လီလော့ကိုလည်း ကျေးဇူးတင်ဖို့မမေ့ခဲ့ကြပေ။

နေရာတိုင်းတွင် လီလော့ကိုချီးကျူးနေသံများကိုသာကြားနေရသဖြင့် ရှန်ကျင်းရှောင် အတော် ဒေါသထွက်နေရသည်။

ဒုက္ခရောက်အောင် လုပ်လိုက်ကာမှ နာမည်ပိုကြီးအောင် ပံ့ပိုးပေးသလိုဖြစ်နေပြီ.......

All Chapters