← Chapters

စျာပန.......

Vol. 22 Ch. 303

စျာပန.......

Vol. 22 Ch. 303

အရိပ်လှိုဏ်ဂူ၏ ရက်စက်ကြမ်းကြုတ်ပြီး မှောင်မိုက်သည့် အတွေ့အကြုံများကြောင့်   ငြိမ်းချမ်းရေး၏ အနှစ်သာရကို လိုလားတောင့်တတတ်လာကြပြီ......

အခုဆိုလျှင် သေခြင်းတရားရဲ့ ချိန်းခြောက်မှုမရှိဘဲ ကြိုးစားလေ့ကျင့်နေရသည့်ကျောင်းသားဘဝကို ပို၍ပင်တန်ဖိုးထားတတ်လာကြပြီ။

ကျောင်းသားများသည် အိမ်ပြန်ရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေကြရှာသည်။

လီလော့ကထိုမြင်ကွင်းကိုကြည့်ပြီး တခုခုနားလည်သဘောပေါက်လာသည့်အတွက်......

"ချင်းအာ....တကယ်ဆို ရှပြည်ထောင်စုမှာနေထိုင်သူတိုင်း ဘေးကင်းလုံခြုံတဲ့ဘဝမှာနေရတဲ့အတွက် ကြယ်တာယာခရီးရှည်ကောလိပ်ကိုကျေးဇူးတင်သင့်တယ်......"

သူများတွေ ဘေးကင်းစေဖို့ နှစ်တိုင်း ပေးဆပ်ခဲ့တဲ့ ဘဝတွေကို သူ အရင်က မသိခဲ့မိဘူး......

ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စု ၏ ကြီးကျယ်သော အကာအကွယ်ပေးသူဖြစ်ပုံရပြီး တော်ဝင်နန်းတော်သည် အုပ်စိုးသူသက်သက်သာဖြစ်သည်။

ကြယ်တာယာခရီးရှည်ကောလိပ်သည် ရှပြည်ထောင်စုတစ်ခုလုံး၏ ကယ်တင်ရှင်ဆိုလည်းမမှားနိူင်ပေ။

ကျန်းချင်းအာကလည်း ဤအချက်ကို သဘောတူသည်။ ကြယ်တာယာခရီးရှည်ကောလိပ်သည် အရင်းမြစ်များစွာ သုံးပြီး ကျောင်းသားများကို ပျိုးထောင်ပေးရုံသာမက သာမာန်လူတန်းစားများကိုလည်း အကာအကွယ်ပေးနေရသေးသည်။

ရှန်းလိသစ်သားတံခါးအနီးတွင် ကျောင်းသားတိုင်း ကူးစက်ခံရခြင်းရှိမရှိ တစ်ဖန်စစ်ဆေးမှုခံယူရကြသည်။

သို့သော်လည်း မှောင်မိုက်သောနေရာမှ ထွက်လာနိုင်ပြီဖြစ်သော​ကြောင့် ကျောင်းသားတိုင်း ပျော်ရွှင်နေကြသည်သာ......

ယုချိန်တွင် ကောလိပ်ဆီသို့ပြန်ရောက်ပြီဖြစ်သော်လည်း ရှန်းလိသစ်ပင်များရှိသည့် နယ်မြေထဲမှ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြူသေးဘဲ နည်းပြများက တင်းတင်းကြပ်ကြပ်ဝိုင်းရံစောင့်ကြည့်နေကြသည်။

အချို့သော ကျောင်းသားများသည် ကမ္ဘာခြားသက်ရှိများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် မသိလိုက်ဘဲ ကူးစက်ခံရနိုင်သည်။ စောစောစီးစီး မဖော်ထုတ်နိုင်ရင် ကူးစက်မှုနက်ရှိုင်း ကြီးထွားလာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေလိမ့်မည်။

ထို့ကြောင့် စစ်ဆေးမှုတိုင်းကို သေချာခံယူမှဖြစ်မည်။

ခရမ်းအဆင့် နည်းပြနှစ်ဉီးသည် လေထုထဲသို့ခုန်တက်သွားပြီး ကျောင်းသားများအပေါ် အလင်းတန်းများလွှမ်းခြုံလိုက်လေသည်။

ထိုအလင်းတန်းများသည်အေးမြနေပြီး တစ်ချိန်တည်းတွင် ၎င်းတို့အားလုံးကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။

ခန္ဓာကိုယ် ပြေလျော့သွားတဲ့အခါ ဖုံးကွယ်ထားတဲ့ အရာတွေ ပေါ်လာလိမ့်မည်။

"အား!"

ကျောင်းသူတစ်ဉီးထံမှ အော်ဟစ်သံထွက်ပေါ်လာပြီး သူမ၏မျက်နှာတစ်ဝိုက်တွင် အနက်ရောင်အမှုန်အမွှားများ ပေါ်ထွက်လာသည်။

သူမ ကူးစက်ခံထားရပြီ..... ထို့ကြောင့် နည်းပြများက သူမကို ကျောင်းသားများနှင့်ဝေးဂါဆီချက်ချင်းဆွဲထုတ်သွားလေ၏။

ဤစစ်ဆေးမှုတွင် ကူးစက်မှုသည် အများအားဖြင့် အလွန်ပြင်းထန်လေ့မရှိပေ။ အချိန်အနည်းငယ်ကြာအောင် သန့်စင်ပြီးရင်အဆင်ပြေသွားလိမ့်မည်။

ကူးစက်ခံရသူများကို သန့်စင်ရေးအခန်းများထဲတွင် ရက်အနည်းငယ်နေထိုင်ကြရမည်။

တခဏအတွင်း ကူးစက်ခံရသည့်ကျောင်းသားများကို ဖော်ထုတ်ပြီးပြီဖြစ်သောကြောင့် နည်းပြများက အလင်းတန်းများကိုပြန်ရုတ်သိမ်းလိုက်ကြသည်။

စစ်ဆေးမှုပြီးဆုံးပြီ........

လီလော့ ကျန်းချင်းအာ ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာသည် လွန်စွာတည်ငြိမ်နေသည်ကိုတွေ့လိုက်ရသည်။

"မပြီးသေးဘူးလား....."

"စောင့်ကြည့်လိုက်ပါ......"

ခရမ်းအဆင့်နည်းပြနှစ်ဦးသည် လူအုပ်ကြီးရှေ့သို့ လျှောက်လာပြီး......

“ဒီရှင်းလင်းရေးမစ်ရှင်မှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့အတွက် ဂုဏ်ယူပါတယ်.....မင်းတို့တွေ ပြန်လာန်ိုင်ခဲ့ပေမယ့် အချို့တွေကတော့ အရိပ်လှိုဏ်ဂူထဲမှာ ထာဝရအိပ်စက်အနားယူသွားကြပြီ........"

လူအုပ်ကြီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားကာ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

လွန်ခဲ့တဲ့ တစ်လလောက်က အတူစား၊အတူလေ့ကျင့်ခဲ့ကြသည့် သူငယ်ချင်းများကို ဆုံးရှုံးလိုက်ရပြီ...... သူတို့တွေနဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး......တချို့က တိတ်တိတ်လေး ငိုနေကြတယ်......

ခရမ်းအဆင့်​​နည်းပြနှစ်ဦးသည် ယခုတစ်ကြိမ်တွင် ကျဆုံးသွားသူများ၏ အမည်များကို ကြေငြာပေးနေသည်။

"ကြယ်နှစ်ပွင့်ခန်းမ.....ချန်ဇန်...."

"ကြယ်နှစ်ပွင့်ခန်းမ၊ လွီမိန်အာ..."

"ကြယ်သုံးပွင့်ခန်းမ၊ မျန်ချီ..... "

.......................

နာမည်တစ်ခုစီကို ဖတ်လိုက်သောအခါတွင်နည်းပြများ၏လက်စွပ်နှစ်ခုမှ အလင်းရောင်အနည်းငယ် ထွက်ပေါ်လာသည်။ တကယ်တော့ ထိုအလင်းတန်းများသည် နာမည်ရေးထားတဲ့ သစ်ရွက်လေးများသာပင်......

ထိုသစ်ရွက်များသည် ရှန်းလိသစ်ပင်ဆီသို့ လွင့်မျောသွားကာ အပွင့်အခက်အလက်တစ်ခုစီတွင် ခိုင်မြဲစွာ ချည်နှောင်သွားလေသည်။

လီလော့ နားလည်လိုက်ပါပြီ။

သစ်ပင်ပေါ်ရှိ အရွက်တိုင်းသည် အရိပ်လှိုဏ် ဂူကို တိုက်ခိုက်ရာတွင် သေဆုံးသွားသော ကျောင်းသားကို ကိုယ်စားပြုသည်...

ဤနှစ်များတစ်လျှောက်လုံး ကောလိပ်သည် အရိပ်လှိုဏ်ဂူကို ခုခံရာတွင် အသက်ပေါင်းများစွာကို စတေးခဲ့ရသည်။

နောက်ဆုံးသစ်ရွက်ကို ရှန်းလိသစ်ပင်တွင် ချည်နှောင်ပြီးသည့်အခါ နည်းပြနှစ်ဦးသည် ငြိမ်သက်စွာ ဆုတောင်းကာ အတူတကွ လေးနက်စွာ ခေါင်းညွှတ်ဂါရဝပြုလိုက်ကြသည်။

"အကြောက်တရားတွေ ကင်းဝေးပါစေ"

"အသက်ရှည်ပါစေ......."

ကျောင်းသားများသည် သူတို့နောက်မှ လိုက်၍ သံပြိုင်ကြွေးကြော်လိုက်ကြသည်။

"​ကြောက်​စရာ​တွေ​ ကင်းဝေးပါစေ!"

"အသက်ရှည်ပါစေ!"

ရှန်းလိသစ်ပင်သည် အချို့သောသူများကို စွမ်းအားများပေးစွမ်းသော်လည်း အချို့သောသူများအတွက် ထာဝရအိပ်စက်ရာ သချိုင်းတစ်ခုဖြစ်နေလေ၏။

"အရိပ်လှိုဏ်ဂူကို ဖြေရှင်းဖို့ ကောလိပ်က  တခြားကျွမ်းကျင်သူတွေကို ဘာလို့မဖိတ်ခေါ်တာလဲ...."

လီလော့ သိချင်စိတ်ပြင်းပြလာသည့်အတွက် ကျန်းချင်းအာကိုချက်ချင်းမေးကြည့်လိုက်သည်။

" ကောလိပ်ကိုတက်ရောက်ခွင့်ရတဲ့ကျောင်းသားတိုင်း ထူးချွန်ကြတယ်....ပြီးတော့ ကျောင်းသားတွေကငယ်ရွယ်ဖြူစင်ကြတဲ့အတွက် အပြင်ကဖိတိခေါ်ထားတဲ့ ကျွမ်းကျင်သူတွေထက် ကူးစက်ခံရဖို့ အခွင့်အရေးနည်းတယ်......ကောလိပ်က လိုအပ်တိုင်း ကိုယ့်သဘောဆန္ဒနဲ့ လာကူညီပေးတဲ့ ကျွမ်းကျင်သူတွေရှိပါတယ်....ဒါပေမယ့် အလွယ်တကူ ကူးစက်ခံလိုက်ရတာချည်းပဲ....သူတို့တွေကူးစက်ခံရတာက ကျောင်းသားတွေကူးစက်ခံရတာထက် ပိုအန္တာရာယ်များတယ်....ဒါကြောင့်မို့ ကောလိပ်က ပြင်ပကပညာရှင်တွေကို ဖိတ်ခေါ်ဖို့ သတိထားနေရတာ....."

ဒီအတိုင်းသားဆို ကောလိပ်ဘက်က ကျောင်းသားများနှစ်စဉ် အသက်ပေးနေရသည်မှာ ထူးဆန်းမနေတော့ပေ။အဘယ့်ကြောင့်ဆိုသော် ရွေးချယ်စရာမရှိခဲ့သောကြောင့်ပင်.......

သေဆုံးမှုတွေအတွက် ဝမ်းနည်းပူဆွေးရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

သူ့ပတ်ဝန်းကျင်တွင် ဝမ်းနည်းပူဆွေးနေသူများကို အပြည့်အဝ စာနာနားလည်ပေးနိုင်ပါသည်။

ဟူးးးး ရုတ်တရက်ပြီး လုံကူရှန့်ပိန်းရအောင်ယူချင်စိတ်တွေပြင်းပြလာပြီ......

လုံကူရှန့်ပိန်းကိုသာ ရခဲ့မယ်ဆို အနည်းဆုံး လေးနှစ်လောက်တော့ သေခြင်းတရားကိုရှောင်တိမ်းနိုင်ပြီ....ဒါဆိ လုံကူရှန့်ပိန်းမရနိုင်တဲ့ကောလိပ်တွေအတွက်ကရော......

ဘယ်သူသေသေ ငတေမာရင်​ပြီးရော....ငါက သူတော်စင်တစ်ယောက်မဟုတ်တဲ့အတွက် လူတိုင်းအပေါ် မေတ္တာမထားပေးနိုင်ဘူး......

All Chapters