← Chapters

မီးစပျိုးခြင်း.....

Vol. 22 Ch. 304

မီးစပျိုးခြင်း.....

Vol. 22 Ch. 304

စျာပနပြီးဆုံးချိန်တွင် ခရမ်းအဆင့်နည်းပြများက ကျောင်းသားများကို ကောင်းကောင်းအနားယူဖို့ တိုက်တွန်းနေကြသည်။

လီလော့အပါအဝင် ပထမနှစ်ကျောင်းသားများသည် ကြုံတွေ့ခဲ့ရသော စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများမှ နာလံထူနိုင်ဖို့အတော်ကြိုးစားရမည်။

သူတို့ထဲက အတော်များများဟာ အရိပ်လှိုဏ်ဂူ ခရီးစဉ်မှာ တွေ့ကြုံခဲ့ရသည်များကို အပြန်အလှန်ဖောက်သည်ချနေကြသည့်အတွက် လီလော့တို့၏ နယ်မြေ ၁၃ အကြောင်း တခဏအတွင်းသတင်းပျံ့သွားခဲ့လေပြီ။

ထိုအဖြစ်အပျက်သည် ကြားရသူတိုင်းကို အံ့သြတုန်လှုပ်စေခဲ့သည်။

ကောင်းကင်ဘုံကပ်ဘေးအဆင့် မည်မျှထိတ်လန့်စရာကောင်းသည်ကို ကျောင်းသားအားလုံး သိကြသည်။ ပစ်မှတ်ထားခံရခြင်းသည် သန့်စင်သောနယ်​မြေတစ်ခုလုံးအတွက်ဘေးဥပဒ်ဖြစ်စေနိုင်သည်။

လီလော့နှင့်ကျန်းချင်းအာတို့ ခြံပြင်သို့ပင် မထွက်ရသေးခင် သူတို့ဆီ တစ်စုံတစ်ဉီးအပြေးအလွှားရောက်ချလာခဲ့သည်။

"လီလော့.... နင်အဆင်ပြေရဲ့လား"

လုချင်းအာတစ်ယောက် သတင်းကြားကြားချင်း အပြေးအလွှားရောက်လာခဲ့ခြင်းဖြစ်သည်။

သူမ အမှန်တကယ်စိုးရိမ်နေသည့်အတွက် လီလော့က ပြုံးလိုက်ပြီး......

" မြင်တဲ့အတိုင်းပဲလေ....အဆင်ပြေပါတယ်....."

"ဂျူနီယာချင်းအာက လီလော့အတွက် အရမ်း စိတ်ပူနေတာပဲ......"

လုချင်းအာက ကျန်းချင်းအာ၏ အကြည့်ကိုရှောင်လွှဲလိုက်ပြီး......

" ကျွန်...ကျွန်မ သူငယ်ချင်းတွေအကုန်လုံးကို စိတ်ပူတာ ဘာမှားနေလို့လဲ....."

"အိုးးး ဒါဆိုလည်း ငါကပဲ လီလော့ ကိုယ်စား ကျေးဇူးတင်ပါတယ်....."

" ရပါတယ်......"

လီလော့သည် သူတို့နှစ်ဦးကြားတွင်  တစ်ခုခုထူးဆန်းဖြစ်နေသည်ကို ခံစားမိသော်လည်း လုချင်းအာက ဘာမှပြန်မပြောမီ ရှောင်ထွက်သွားသာကြောင့် ထွေထွေထူးထူး စဉ်းစားမနေတော့ပေ။

ထိုအချိန်တွင်.......

"လီလော့..... မင်းအခု အရမ်းသန်မာနေပြီမဟုတ်လား......"

ကျယ်လောင်သော အသံပိုင်ရှင်သည် အခြားသူမဟုတ် ချင်ဇူလုသာပင်....

" အင်း....နည်းနည်းသန်မာလာပြီ......"

လီလော့ ချင်ဇူလုကိုကြည့်ပြီး အတော်အံ့သြနေမိသည်။

" မင်း...မင်း ဆရာသခင် တတိယအဆင့်ရောက်နေပြီ......"

ချင်ဇူလု၏  စွမ်းအားသည် ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို သူ ကောင်းစွာ ခံစားနိုင်သည်။

တကယ်တော့ ချင်ဇူလုသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်၏ကန့်သတ်ချက်ထဲ ရောက်နေပြီဖြစ်ပြီး အချိန်မရွေး စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်သည်အထိ အားကောင်းနေပြီဖြစ်သည်။

သို့သော် ဤသည်မှာ အံ့သြစရာတော့ မဟုတ်ခဲ့ပေ။

လီလော့ ပွင့်လန်းခြင်းအဆင့်တွင်ရှိစဉ်အခါကတည်းက ချင်ဇူလုသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့် ရောက်နေပြီဖြစ်သည်။ရောင်စုံကျောက်ရေအိုင်ကြောင့် ကွာဟချက်ကို ချုံ့လိုက်နိုင်သော်လည်း အပြည့်အဝလိုက်မမီနိုင်သေးပေ။

"အရိပ်လှိုဏ်ဂူထဲမှာ အဖြူရောင်တိုက်စားသူတွေကိုချည်းပဲ လိုက်ရှာနေတာလေ...အဲ့တာကြောင့်လည်း အကြိမ်ကြိမ်သေတော့မလိုဖြစ်ခဲ့သေးတယ်....."

လုချင်းအာက ချင်ဇူလုရောက်လာသည့်အတွက် ချက်ချင်းမပြန်သေးဘဲ လီလော့တို့အနားတွင်တဝဲဝဲလည်နေသည်။

လီလော့ လျှာ ကိုက်မိလိုက်သည်။

ဒီကောင် အရူးပဲ.....သူများတွေ အဖြူရောင်တိုက်စားသူနဲ့တွေ့မှစိုးလို့ ပတ်ပြေးနေတာကို ဒင်းက တကူးတကလိုက်ရှာနေတယ်တဲ့......

" မင်း ငါနဲ့ ဘယ်တော့ တိုက်မှာလဲ ကြယ်တစ်ပွင့်ခန်းမမှာ ငါနဲ့တိုက်နိုင်တာ မင်းတစ်ယောက်တည်းပဲရှိတယ်....."

လီလော့သည် ယခင်ကတည်းက သန်မာသော်လည်း အဆင့်ကွာခြားမှုကြောင့် အသာရှောင်တိမ်းနေခဲ့ရသည်။ ယခုဆို အဆင့်တူနေပြီဖြစ်သောကြောင့် သူတို့နှစ်ဉီး၏တိုက်ပွဲသည် ဒဏ္ဍာရီဆန်နေလိမ့်မည်။

ချင်ဇူလုတစ်ယောက် လီလော့ကို အစိမ်းလိုက်မြိုချတော့မလို စိုက်ကြည့်နေသည့်အတွက် လီလော့မသက်မသာခံစားနေရရှာသည်။

"အေးပါကွာ.... တစ်နေ့နေ့ပေါ့....."

ချင်ဇူလု အထွန့်တက်ဖို့ပြင်လိုက်သော်လည်း

ယုလန်၏ ခုနှစ်သံချီအော်သံကိုကြားလိုက်ရသည်။

"လီလော့.... အမလေးလီလော့ရဲ့....ညီအစ်ကိုလိုချစ်ရတဲ့ ငါရဲ့ လီလော့........."

" ဟေ့ကောင်...မင်းငိုနေတာလား....."

ယုလန်က လီလော့အသံကြားတော့မှသာ မျက်ရည်သုတ်လိုက်ပြီး.....

"မင်း ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့ကြုံနေပြီ သတင်းကြားတော့ ငါ့မှာသေလောက်အောင်စိတ်ပူနေရတာ......."

ယုလန်က လီလော့ကို ပခုံးပုတ်လိုက်ပြီး ပိုင်မျန်မျန်ဘက်လှည့်ကာ.....

"မျန်မျန်...အဆင်ပြေရဲ့လား....ထိခိုက်ဒဏ်ရာတွေ ဘာတွေရထားသေးလား....ငါစစ်ဆေးပေးရမလား....."

"........."

ပိုင်မျန်မျန်သည် ယုလန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီလော့နောက်သို့ ဝင်ပုန်းနေလေ၏။

ယုလန် လီလော့ကို ဖယ်ခိုင်းဖို့ပြင်နေစဉ်တွင်...

" ဖယ်လိုက်စမ်း....."

ပိုင်တုတု၏ အေးစက်မာကြောသော အမိန့်သံကြောင့် ယုလန် တုန်ရီသွားပြီး စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ဒါဆို မင်းတို့တွေ ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့ တွေ့ခဲ့ကြတာပေါ့....."

ယုလန် မေးသည်ကို လီလော့က ခေါင်းညိတ်လိုက်သည်။

" ဒါဆို စီနီယာကျန်းချင်းအာကြောင့် မင်းတို့တွေ အသက်ရှင်နိုင်ခဲ့တာပေါ့.....ကျေးဇူးမမေ့ကြနဲ့နော်....."

" အော် ဒါနဲ့....မင်း ရောင်စုံကျောက်ရေအိုင်မှာ တော်ဝင်သစ်စေးတွေ ဓားပြတိုက်ခဲ့တယ်ဆို.....ဘာလဲ မင်းအတွက် အရေးတကြီးအသုံးလိုနေလို့လား....ငါ့မှာ တပုလင်းတော့ရှိတယ်.....အရင်ယူသုံးထားမလား....ကြိုတော့ပြောထားမယ်နော်...သေချာပေါက်ပြန်ပေးရမယ်....ငါ့မှာ တပုလင်းရဖို့တောင်ခက်ခက်ခဲခဲကြိုးစားထားရတာ....."

ယုလန် ပြောတော့မှသာ ရောင်စုံကျောက်ရေအိုင်တွင် တော်ဝင်သစ်စေးနှင့်အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းအကြောင်း သတင်းပျံ့နေပြီကို သိလိုက်ရတော့သည်။

" ကိုယ့်ဘာသာကိုယ်သိမ်းထားစမ်းပါ....ငါ့မှာလုံလုံလောက်လောက်ရှိတယ်....."

ယုလန်သည် ပေါ့ပေါ့ပျက်ပျက်နေတတ်ပုံရသော်လည်း သူငယ်ချင်းများအပေါ် သစ္စာရှိသူတစ်ယောက်ဖြစ်သည်။ တော်ဝင်သစ်စေးတစ်ပုလင်းသည် အမှတ် ၅၀၀၀ တန်ကြေးရှိသည့်အတွက် ယုလန် နှစ်ဝက်လုံးစုဆောင်းရမည့်ပမာဏဖြစ်သည်။ ထို့ကြောင့် မယူရက်နိုင်ခဲ့ပေ။

သန့်စင်နယ်​​မြေ 13 ရှိ မျှော်စင်များသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်ကြောင့် ပြန်လည်မှောင်မိုက်သွားသော်လည်း ကောလိပ်က ထိုအရာကိုထည့်မတွက်ဘဲ အရင်တိုင်းအမှတ်ပေးမည်ဆိုလျှင် လီလော့အတွက် အမှတ်များစွာရနိုင်လိမ့်မည့်အပြင် အပိုဆုတောင်ရနိုင်သေးသည်။

ထိုအချိန်တွင် ပိုင်မျန်မျန်သည် ပိုင်တုတု၏ လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရှာသည်။

ပိုင်တုတုသည်လည်း သူ့ညီမရှိနေသောအရပ်တွင် ကောင်းကင်ဘုံကပ်ဘေးအဆင့် ပေါ်လာသည့်သတင်း ကြားကြားချင်းကဆို အသည်းနှလုံးပြုတ်ကျလုမတတ်ထိတ်လန့်ခဲ့ရရှာသည်။

" စီနီယာကျန်း..... ကျေးဇူးအများကြီးတင်ပါတယ် "

ကျန်းချင်းအာကြောင့် သူ့ညီမ ဘေးကင်းကင်းပြန်လာနိုင်သည်ထင်ပြီး ပိုင်တုတုက ကျန်းချင်းအာကို ကျေးဇူးတင်စကားဆိုနေလေ၏။

ဤသည်ကို ပိုင်မျန်မျန်က ရယ်မောလိုက်ပြီး......

" မမ...စီနီယာကျန်းက ငါတို့အတွက် အများကြီး ကြိုးစားခဲ့ပေမယ့် ခေါင်းဆောင်ကသာ သားရဲကြီးကိုရော ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုပါ ရှင်းပစ်ခဲ့တာ......"

ထိုစကားကြောင့် ပိုင်တုတု နှင့် ယုလန်တို့ မူးလဲလုနီးပါးဖြစ်ကုန်ကြပြီသ လုချင်းအာနှင့် ချင်ဇူလုတို့က လီလော့ကို လူထူးဆန်းတစ်ယောက်သဖွယ် စိုက်ကြည့်နေကြသည်။

ပိုင်မျန်မျန်ဆီက ဖြစ်ကြောင်းကုန်စင် နားထောင်ပြီးချိန်တွင် လေးယောက်စလုံး ဆွံ့အကုန်ကြသည်။

လီလော့က နယ်​မြေ 13 ရဲ့ အကျပ်အတည်းကို တစ်ယောက်တည်း​ဖြေရှင်းခဲ့တာလား.....

"လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ရုံပါကွာ......ငါ့အသက်တစ်ချောင်းရင်းပြီး အသက်ပေါင်းများစွာကယ်တင်နိုင်မယ့် ကိစ္စပဲဟာ ဘာလုပ်ရဲစရာရှိလို့လဲ....ဒါ့ပြင် ကောလိပ်က ငါ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ အမှတ်တွေအများကြီးပေးလိမ့်မယ်ထင်တယ်......"

လီလော့က ယုလန်ကို တံ​တောင်နဲ့ လှမ်းတွတ်လိုက်ပြီး......

" ဟုတ်တယ်မလား...."

" သိပ်ဟုတ်တာပေါ့ကွာ.....မင်းလို သက်စွန့်ကြိုးပမ်းခဲ့သူကို ထိုက်ထိုက်တန်တန် ဆုမချရင် ဘယ်တရားပါ့မလဲ....... အနည်းဆုံး အမှတ် 30,000 လောက်ပေးသင့်တယ်....."

လီလော့က ချောင်းဟန့်လိုက်ပြီး.....

" အဟမ့်..... ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့စကားအတိုင်းဆို........"

"အင်း....အမှတ် 50,000 လောက်တော့ပေးသင့်တယ်မဟုတ်လား...."

"ဟေ့ကောင်...ဒုံးမဝေးစမ်းနဲ့ကွာ......"

ယုလန် သူ့ကို စိုက်ကြည့်နေ၏။

ဒီကောင် ဘယ်လောက် လောဘကြီးလိုက်သလဲ....  မသိရင် နေ့ခင်းကြောင်တောင်  ဓားပြတိုက်နေသလိုပဲ......

"100,000 လား....."

လီလော့ ခေါင်းညိတ်လိုက်သည့်အတွက် ယုလန် ပြောစရာစကားလုံးများပျောက်ရှကုန်လေပြီ........

ယုလန်....သူငယ်ချင်းလေး ငါ့ကိုကူညီပေးပါကွာ....ဒီသတင်းသာပျံ့သွားရင် ကျောင်းအုပ်ကြီး ကတိမတည်မှာ စိတ်ပူနေစရာမလိုတော့ဘူး.....ငါကိုယ်တိုင် သတင်းဖြန့်တာထက် မင်း ဖြန့်ပေးတာကပိုထိရောက်တယ်.....

ဒါတောင် ကိုယ်တိုင်ကိုယ်ကျ မလုပ်တာ အကောင်းဆုံးပါပဲ။ Yu Lang ဝင်လာတဲ့နေရာ။

ယုလန်နှင့်အသေးစိတ်အချက်အလက်များအကြောင်း လျှို့ဝှက်စွာဆွေးနွေးပြီးနောက် လီလော့သည် ကျန်းချင်အာတို့ဆီပြန်လာခဲ့လိုက်သည်။

ဒီတစ်ကြိမ်တွင် ယန်လင်းချီပါရောက်နေခဲ့ပြီဖြစ်သည်။

ကျန်းချင်းအာက လီလော့ကိုမြင်သည်နှင့်.....

" လင်းချီဆီသွားလိုက်....သတင်းကောင်းရှိတယ်......."

"အဲ့ဒါဘာလဲ...."

" ရှီးယန်ကို တိုးချဲ့ဖို့ စိတ်ကူးထားတယ်မလား......ပဲ့တင်ထပ်သံပြုပြင်သူခန်းမက စီနီယာကျောင်းသားတွေဘွဲ့ယူတော့မယ်လေ......"

ထိုသတင်းကြောင့် လီလော့၏၏ မျက်လုံးများ တောက်ပလာသည်။

ကြယ်တာယာခရီးရှည်ကောလိပ်၏ ပဲ့တင်ထပ်သံပြုပြင်သူခန်းမတွင် အကောင်းဆုံးနှင့် အတောက်ပဆုံး အရည်အချင်းများရှိသည်။ နှစ်စဉ်နှစ်တိုင်း ဘွဲ့ရသူတွေဟာ စံအိမ်ကြီးတွေရဲ့အဓိက ပစ်မှတ်တွေ ဖြစ်လာလိမ့်လာကြလိမ့်မည်။

အရည်အသွေးမြင့် ပညာရှင်များကိုသာ ရအောင် သိမ်းသွင်းနိူင်လျှင် ရှီးယန်စံအိမ်သည် ကံကြမ္မာအတွက် မှန်ကန်သောလမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်နိုင်မည်ဖြစ်သည်။

ရှီးယန်စံအိမ် အားကောင်းလာသည်နှင့်အမျှ လော့လန်အိမ်တော်၏ ခံစစ်အကာအကွယ်လည်း အားကောင်းလာလိမ့်မည်။

သို့ပါက နှစ်ဝက်အတွင်းကျင်းပမည့်အိမ်တော်အစည်းအဝေးပွဲတွင်ဖြစ်လာနိုင်မည့် အန္တာရယ်များကို ကြိုတင်ကာကွယ်နိုင်လိမ့်မည်။

ဒီလိုအခွင့်ရေးကို အဘယ်ကြောင့်လက်လွှတ်ခံရမည်နည်း။

All Chapters