လီဘိုင်.....
Vol. 22 Ch. 305
အေးမြသော လေပြည်တသုတ်သည် ကောလိပ်၏ညချမ်းချိန်ခါကို ပို၍ပင်အေးမြနေစေသည်။
ကျောင်းဝင်းထဲက တည်းခိုဆောင်တစ်ခုထဲတွင်.......
ဤတည်းခိုဆောင်ကို အရိပ်လှိုဏ်ဂူ ဖွင့်လှစ်ပြီးနောက် တစ်နှစ်လျှင်တစ်ကြိမ်သာ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
စိတ်ဖိစီးမှုအတွေ့အကြုံများကို ခံစားရပြီးနောက် ကျောင်းသားများကို လွတ်ငြိမ်းခွင့်ပေးရန် ထိုနေရာကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး
ထိုတည်းခိုဆောင်တွင် ရှန်းလိသစ်ပင်ပေါ်ရှိ ထူးခြားသော အင်းဆက်ပိုးမွှားမှ ဖန်တီးထားသော ဖြုတ်စိမ်းဗျစ်ရည် ဟူသော အထူးဗျစ်ရည်တစ်မျိုးတည်းကိုသာရောင်းချပေးသည်။
ထိုဗျစ်ရည်သည် ပင်ပန်းနွမ်းနယ်မှုများကို ပြေလျှော့စေနိုင်စွမ်းရှိသည်။
ပြတင်းပေါက်တစ်ခုအနီးတွင် လီလော့နှင့်အတူ ကျန်းချင်းအာနှင့် ယန်လင်းချီတို့အတူထိုင်နေသည်။
လီလော့သည် မိန်းကလေးနှစ်ယောက်၏ ခွက်ထဲသို့ အစိမ်းရောင်ဗျစ်ရည်လောင်းထည့်ပေးပြီးနောက် အိုးလိုက်မော့ချလိုက်လေတော့သည်။
ကောင်းမွန်လှသော ဗျစ်ရည်သည် ပင်ပန်းမှုဟူသမျှကို တခဏအတွင်းပြေပျောက်သွားစေခဲ့သည်။
"နင်တို့နှစ်ယောက် ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့ ရင်ဆိုင်နေရတယ် ကြားတုန်းက ငါမှာသေလောက်အောင်စိတ်ပူနေခဲ့ရတာ...."
သူမလက်ကို ဆုပ်ကိုင်ထားသည့် ယန်လင်းချီကို ကျန်းချင်းအာက ပြုံးပြလိုက်သည်။
ထိုအချိန်တွင် လီလော့က သိချင်နေသည့်အကြောင်းအရာကိုတည့်တိုးမေးချလိုက်သည်။
" အစ်မလင်းချီ....ဘယ်သူ့ကိုဖိတ်ထားတာလဲ..... "
"စီနီယာလီဘိုင်ကို ဖိတ်ထားတယ်... သူက ပဲ့တင်ထပ်သံပြုပြင်သူခန်းမရဲ့ ရှားပါးတဲ့ အဆင့်ငါးပညာရှင်လေ...... နင်သာ သူ့ကို ရှီးယန်မှာ အလုပ်လုပ်ဖို့သိမ်းသွင်းနိုင်ရင် အခြားသူတွေပါ လိုက်လာကြလိမ့်မယ်......"
"အဆင့်ငါးပညာရှင်......"
ကြားလိုက်ရသည့်စကားသည် ဖြုတ်စိမ်းဗျစ်ရည်ထက်ပင်ချိုမြိန်လှသည်။
ပဲ့တင်ထပ်သံပြုပြင်သူခန်းမရဲ့ အဆင့်ငါးပညာရှင်ကိုသာ ရှီးယန်ဆီအပါခေါ်နိုင်ခဲ့ရင်.....
"သူသာ ရှီးယန်ကို လာချင်တယ်ဆို ဉက္ကဌရာထူးပေးပစ်ဖို့ ဝန်မလေးဘူး......"
မည်သို့ပင်ဆိုစေ စိမ့်အိုင်စံအိမ်ဆီဘက်ပြောင်းသွားသော ဟန်ဇီသည် အဆင့်ငါယပညာရှင်တစ်ဉီးဖြစ်သည်။
ထိုသို့သောကျွမ်းကျင်ပညာရှင်တစ်ဦးကို ထိပ်တန်းစံအိမ်ကြီးများကပက် တလေးတစားဆက်ဆံကြရသည်။
" သူ့ကို ဒီရာထူးလောက်နဲ့ သိမ်းသွင်းနိုင်ပါ့မလား......"
ကျန်းချင်းအာက ဗျစ်ရည် မော့သောက်လိုက်ပြီး မှတ်ချက်ပေးလိုက်သည်။
"ဟုတ်တယ်....ရှီးယန်လို အသေးစားစံအိမ်ရဲ့ဉက္ကဌရာထူးလောက်နဲ့ ဆွဲဆောင်နိုင်မှာမဟုတ်ဘူး.....စီနီယာလီဘိုင်က လူချင်းတွေ့ဖို့ သဘောတူခဲ့ပေမယ့် သူ စိတ်ဝင်စားတာက ငါတို့ရဲ့ အဆင့်ခုနစ် အဆင့်မြင့် လျှို့ဝှက်ရေအရင်းအမြစ်ပဲဖြစ်ရမယ်.....ငါတို့ဘက်က မက်လုံးပေးစရာဆိုလို့ ရေအရင်းမြစ်တစ်ခုပဲရှိတာ....အဆင့်ခုနှစ် အဆင့်မြင့်ရေအရင်းမြစ်ဆိုတာ ထိပ်တန်းစံအိမ်ဆယ်ခုမှာတောင် ရှိတာမဟုတ်ဘူး. ...."
နဂါးတစ်ကောင်ကို သေးငယ်သော ရေကန်ထဲတွင်နေခိုင်းလို့မရပေ။ထို့အပြင် သူမသည် သူတို့၏ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်ပင် မဟုတ်သောကြောင့် အနာဂတ်တွင် အန္တရာယ်ပြုလာမည်ကိုလည်း ထည့်တွက်ရဉီးမည်။
ထိပ်တန်းစံအိမ်ကြီးများတွင်ဆို သူမသည် ပို၍ ကျွမ်းကျင်သော ပညာရှင်များနှင့် ရောနှောကာ တိုးတက်အောင် လုပ်နိုင်သည်။ သူမ လေ့ကျင့်ရန် အရည်အသွေးမြင့် ဖော်မြူလာများလည်း ရှိမည်ဖြစ်သည်။
ရှီးယန်သည် ထိုအခွင့်အလမ်းများနှင့် နှိုင်းယှဉ်ပါက စားကျက်မြေနှင့်ဖုန်းဆိုးမြေကဲ့သို့ပင်ကွာခြားလှသည်။
" အတတ်နိုင်ဆုံး ကြိုးစားကြည့်ကြတာပေါ့.....သူ့ဘက်က စိတ်မပါဘူးဆို ဓားထောက်ပြီး ချိန်းခြောက်လို့မှမရတာ....."
ထိုသို့ပြောလိုက်သောကျန်းချင်းအာကို ယန်လင်းချီက နှမြောသည့်အကြည့်များနှင့်ကြည့်နေပြီး......
"တကယ်ဆို နင့်အမှားတွေကြီးပဲ....."
"တောင်းပန်ပါတယ်...ဟားးးဟားးးး"
"နင့်ရဲ့အဆင့်ကိုး အလင်းပဲ့တင်ထပ်သံနဲ့သာဆို အခုလောက်ဆို အဆင့်ခြောက်ပညာရှင်ဖြစ်နေလောက်ပြီ.....အဲ့လိုသာဆို ရှပြည်ထောင်စုမှာ ရှီးယန်ကို ဘယ်သူမှမော်ကြည့်ရဲမှာမဟုတ်ဘူး......"
ကျန်းချင်းအာက ပြုံးပြသော်လည်း ပြန်မဖြေခဲ့ပေ။
အဆင့်ခြောက် ပညာရှင်ဖြစ်ဖို့ထက် လော့လန်အိမ်တော် အရေးကိစ္စများကို ဖြေရှင်းဖို့ကသာ ပိုအရေးကြီးခဲ့သည်။ အဆင့်ခြောက်ပညာရှင်ဆိုသည်မှာ ဂုဏ်ပုဒ်တစ်ခုသက်သက်သာဖြစ်ပြီး အိမ်တော်၏ ဘေးအန္တာရာယ်များကိုဖြေရှင်းပေးနိူင်မည်မဟုတ်ပေ။ ထို့ကြောင့် ပို၍သန်မာလာအောင်ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားခဲ့ခြင်းဖြစ်သည်။
သူမသည် သူမ၏ကိုယ်ပိုင်ခွန်အားဖြင့် သခင်မတစ်ဦးဖြစ်ချင်သူပင်.....လူတကယငွေပေးဝယ်နိုင်သော ဝိဉာဉ်ရည်ထုတ်လုပ်ခြင်းမျိုးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။
ထို့ကြောင့် သူမသည် အဆင့်ကိုးအလင်း ပဲ့တင်ထပ်သံကို ကျင့်ကြံမှုတစ်ခုတည်းအတွက်သာ အသုံးပြုခဲ့သည်။
ကျန်းချင်းအာ၏ရွေးချယ်မှုကို နားလည်သည့်အတွက် လီလော့ မှတ်ချက်မပေးခဲ့မိပေ။
အကယ်၍ သူ့မိဘနှစ်ပါးသာရှိနေလျှင် ကျန်းချင်းအာတစ်ယောက် ပဲ့တင်ထပ်သံပြုပြုသူဖြစ်ကောင်းဖြစ်လာနိုင်သော်လည်း မိဘနှစ်ပါး မရှိသည့်အချိန်ကတည်းက အိမ်တော်အရေးကိစ္စများကို ပခုံးထမ်းဖြေရှင်းနေရသည့်အတွက် သူမတွင် ထိုပညာရပ်များကိုလေ့လာဖို့အချိန်မရှိမရှိခဲ့ရှာပေ။
သူကိုယ်တိုင်တောင် ဖန်တီးတုပထားသည့် ပဲ့တင်ထပ်သံများကြောင့်သာ ထိုပညာရပ်ကိုလေ့လာနေရခြင်းဖြစ်သည်။
သူတို့စကားပြောနေစဉ်တွင် အရပ်ရှည်ရှည် သွယ်လျသော အသွင်အပြင်သည် သူ့အမြင်အာရုံအစွန်းတွင် ရပ်တန့်သွားသည်။ သူမသည် ရိုးရှင်းသော အပြာရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အလှအပကို ဂရုမစိုက်သည့်အနေဖြင့် ဆံပင်တိုတိုညှပ်ထားသေးသည်။
ယန်လင်းချီက သူမကိုမြင်သည်နှင့် လက်ဝှေ့ယမ်းပြလိုက်ပြီး အနားရောက်သည်နှင့်နေရာထိုင်ခင်း ပြင်ဆင်ပေးလိုက်သည်။
"ဒါက စီနီယာ လီဘိုင်ပါ....."
"ကျန်းချင်းအာကို မိတ်ဆက်စရာမလိုဘူးဆိုတော့ သူက လီလော့ပါ ...."
လီဘိုင်က ကျန်းချင်းအာကို ပြုံးပြလိုက်ပြီး....
"ဂျူနီယာကျန်းရဲ့ နာမည်ကို နေရာတိုင်းမှာကြားနေရတယ်....မင်းရဲ့အရည်အချင်းကမိုးခြိမ်းသံလိုပဲနော်....."
"စီနီယာလီက သိပ်သဘောကောင်းတာပဲ...."
ကျန်းချင်းအာကလည်း ယဉ်ကျေးမှုအရပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက် လီဘိုင်က လီလော့ကို ကြည့်လိုက်ပြီး.....
" ဂျူနီယာ လီလော့....."
သူမ၏အသံသည် ချိုသာသည်လည်းမဟုတ်၊ မာကြောသည်လည်းမဟုတ်......
" မဂ်လာပါ စီနီယာလီဘိုင်......"
သူမကို သိမ်းသွင်းဖို့ကြိုးစားရမည်ဖြစ်သောကြောင့် အတတ်နိုင်ဆုံး မျက်နှာချိုသွေးထားရပေမည်။
အလုပ်ဖြစ်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူ့တွင်ရှိသမျှလက်နက် အကုန်သုံးဖို့ပြင်ဆင်ထားရမည်။
ခဏလောက် စကားစမြည်ပြောပြီးနောက် လီဘိုင်က အဓိက ခေါင်းစဉ်ကို တည့်တိုးမေးချလိုက်သည်။
"ရှီးယန်စံအိမ်မှာ အဆင့်ခုနစ်အဆင့်မြင့်
လျှို့ဝှက်ရေအရင်းအမြစ် ရှိတယ်လို့ ကြားထားတယ်"
ကျန်းချင်းအာက လီလော့ကို တစ်ချက်ခေါင်းညိတ်ပြလိုက်ပြီး အိတ်ကပ်ထဲကနေ ဖန်ပုလင်းတစ်ခု ထုတ်ယူလိုက်ပြီး လီဘိုင်ဆီပေးလိုက်သည်။
" စီနီယာပြောတာမှန်ပါတယ်...ဒါက လျှို့ဝှက်ချက်မှမဟုတ်တာ....."
လီဘိုင်သည် ဖန်ပုလင်းကို သေသေချာချာ စစ်ဆေးပြီးနောက် ၎င်းကိုဖွင့်ကာ သူမ၏ ပဲ့တင်ထပ်သံစွမ်းအားသုံး၍ အရည် တစ်စက်ကို ထုတ်ယူလိုက်သည်။
သေချာစစ်ဆေးပြီးချိန်တွင် သူမ မျက်လုံးအဝိုင်းသားဖြစ်နေလေ၏။
"ဒါ တကယ်ပဲအဆင့်ခုနှစ်အဆင့်မြင့်လျှို့ဝှက်ရေအရင်းမြစ်ပဲ.....ဒါ့ကြောင့်လဲ ရှီးယန်စံအိမ်က နှစ်ဝက်အတွင်း တိုးတက်လာတာကိုး......"
သူမက ပုလင်းကိုချလိုက်ပြီး လီလော့ကို လေးလေးနက်နက် လှည့်ကြည့်လိုက်သည်။
"ဒါပေမယ့် ရှီးယန်စံအမ်က အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတယ်..... ဒါကို ထိန်းထားဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေ အဆင့်မြင့်ဖော်မြူလာတွေမရှိဘူး....ဒီလျှို့ဝှက်ရေအရင်းမြစ်က အံ့သြစရာကောင်းပေမယ့်လည်း ဆန်မရှိဘဲထမင်းချက်လို့မရဘူး......ဒါ့ကြောင့်ညထိပ်တန်းစံအိမ်ကြီးတွေနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး.....ပြီးတော့ စံအိမ်ကြီးတွေမှာက ခိုင်မာတဲ့အုတ်မြစ်တွေရှိပြီးသား....."
သူမသည် ထိုသို့ပွင့်ပွင့်လင်းလင်းပြောပြီးသည်နှင့် ကျန်းချင်းအာနှင့် ယန်လင်းချီကိုအားနာသည့်အပြုံးမျိုးပြုံးပြလိုက်ပြီး.....
" ဂျုနီယာလင်းချီ...မင်းဒီည ငါ့ဖိတ်တဲ့ရည်ရွယ်ချက်ကိုကောင်းကောင်းနားလည်ပါတယ်...ဒါပေမယ့် အကူအညီမပေးနိုင်တဲ့အတွက်စိတ်မကောင်းပါဘူး.....ငါ ရှီးယန်စံအိမ်နဲ့ပူးပေါင်းမှာမဟုတ်ဘူး..... "