← Chapters

မျက်နှာကြီးရာဟင်းဖတ်ပါ....

Vol. 22 Ch. 306

မျက်နှာကြီးရာဟင်းဖတ်ပါ....

Vol. 22 Ch. 306

ငြင်းပယ်ခံရသည့်အတွက် ထွေထွေထူးထူးစိတ်မကောင်းဖြစ်နေခြင်းမျိုးမရှိခဲ့ပေ။

ဤသည်မှာ စီးပွားရေးလုပ်နေခြင်းဖြစ်သည့်အတွက် မျက်နှာသာပေးဖို့လည်း မလိုခဲ့ပေ။

"စီနီယာလီဘိုင်....ရှီးယန်စံအိမ်မှာ အလားအလာကောင်းတွေအများကြီးရှိပါသေးတယ်..... သိပ်မကြာခင် ထိပ်တန်းစံအိမ် ဆယ်ခုစာရင်းဝင်နိုင်တော့မှာပါ......"

ယန်လင်းချီ ဇွဲမလျှော့နိုင်သေးပေ။

"မင်းပြောတာ ဖြစ်နိုင်ပါတယ်...ဒါပေမယ့်အဲ့လိုဖြစ်ဖို့အချိန်ဘယ်လောက်ကြာမှာလဲ... အဲ့အချိန်လောက်ဆို ငါလည်း ထိပ်တန်းအဆင့်ရောက်နေလောက်ပြီ......"

အမှန်တရား ခါးလွန်းလှသည့်အတွက် ယန်လင်းချီ တိတ်ဆိတ်သွားရှာသည်။ လီဘိုင်၏စကားများသည် နားဝင်ဆိုးသော်လည်း အမှန်တရားများသာဖြစ်သည်။မည်သူကများ ဖြောင့်ဖြူးသည့်လမ်းကိုစွန့်၍ မသေချာမရေရာသောလမ်းကိုလျှောက်မည်နည်း။

သူမသာလျှင် ကျန်းချင်းအာနှင့်ရင်းနှီးသောကြောင့် အခုလိုမျက်နှာသာပေးခဲ့ခြင်းဖြစ်သည်။

"တောင်းပန်ပါတယ်"

လီဘိုင်က တထစ်လျှော့လိုက်ပြီး.....

"နောက်ငါးရက်နေရင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမက ဘွဲ့ရကျောင်းသားတွေ အဆက်အသွယ်ကောင်းရအောင် ထိပ်တနစဲအိမ်တွေကို ဖိတ်ကြားလိမ့်မယ်...... ဖိတ်ကြားခံရတဲ့ စံအိမ်တွေက အရည်အချင်းရှိတဲ့ကျောင်းသားတွေကို ကမ်းလှမ်းကြလိမ့်မယ်.....နင့်ရဲ့ ရှီးယန်စံအိမ်ကို ပိုပြီးတိုးတက်စေချင်ရင် ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့. .."

ထိုသတင်းကြောင့် လီလော့ တုန်လှုပ်နေမိသည်။

" ဒါပေမယ့် ကျွန်တော်တို့မှ ဖိတ်ကြားမခံရတာ......"

" ဟုတ််တယ်....ချိုင်ဝေ ဘာမှသတင်းမပို့ထားဘူး......"

ကျန်းချင်းအာကလည်း လီလော့ကိုထောက်ခံလိုက်သည်။

လီဘိုင်က တစ်ခုခုစဉ်းစားနေဟန်ဖြင့်

"မဖြစ်နိူင်ဘူး....နင်တို့ ဖိတ်စာရအောင်ကြိုးစားလို့ရတယ်....."

လမ်းစပေါ်လာပြီဖြစ်သောကြောင့် လီလော့ အသက်ရှူရပ်မတတ်ပျော်ရွှင်နေမိသည်။

"ဖိတ်စာတွေကို အဆင့်မြင့်နည်းပြတွေကပဲဆုံးဖြတ်တာ.... နည်းပြ ချီချန်းလည်း အဲ့ထဲမှာပါတယ်..... သူက နင့်နည်းပြမဟုတ်ဘူးလား.....မျက်နှာသာပေးဖို့တောင်းဆိုကြည့်လိုက်ပေါ့......."

ကောင်းရော....တစ်ခုခုလိုချင်ရင် ထူးထူးဆန်းဆန်း အပေးယူတွေလုပ်တတ်တဲ့နည်းပြကိုမှာ သွားပြောခိုင်းရသလား....ဒီအတိုင်းသာဆို ငါရဲ့ကျောင်းတော်ကနေ့ရက်တွေအတွက် မတွေးရဲစရာပါပဲလား......."

" အခုလိုအကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်......"

" ရပါတယ်....ကိစ္စမရှိပါဘူး..... "

လီဘိုင်က တစ်ခုခုထပ်ပြောဖို့ပြင်လိုက်သော်လည်း မပြောတော့ဘဲငြိမ်နေလိုက်သည်။

လီလော့လည်း ပညာရှင်တစ်ယောက်ဖြစ်သည့်အတွက်နားလည်သင့်သလောက်နားလည်မည်သာ....မည်သို့ပင်ဆိုစေ အရည်အချင်းမရှိဘဲ ပညာရှင်များကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင်......

"အိုး ဘယ်သူများလဲလို့....ယန်လင်းချီပါလား......ဘယ်ပါရမီရှင်တွေကိုများဆွဲဆောင်နေပါလိမ့်....."

မနှစ်မြို့ဖွယ် ရွဲ့စောင်းသော အသံတစ်ခုက သူတို့၏ စကားဝိုင်းဆီသို့ တည့်တည့်ကြီးရောက်ရှိလာသည်။

လီလော့နှင့်ကျန်းချင်းအာတို့လှည့်ကြည့်လိုက်သည့်အခါ  အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ဉီး သူတို့ဆီလျှောက်လာနေသည်ကို မြင်လိုက်ရသည်။

" မိန်ရွှမ်းအာ....နင့်ကို ကြုံတုန်း အကြံတစ်ခုပေးလိုက်မယ်....နင်စကားမပြောလို့လဲ နင့်ကို လျှာမပါဘူးလို့ ဘယ်သူမှမထင်ကြမှာမဟုတ်ဘူး....."

ယန်လင်းချီကတော့ စောင်းမြောင်းမနေဘဲ တည့်တိုးသာပြောချလိုက်သည်။

မိန်ရွှမ်းအာဆိုသော မိန်းကလေးသည် ယန်လင်းချီလောက်မလှပသည့်အပြင် ယုတ်မာကောက်ကျစ်မည့်ပုံရသည်။

"မိန်ရွှမ်းအာကလည်း ပဲ့တင်ထပ်သံပြုပြင်သူခန်းမကပဲလေ......သူလည်း လီဘိုင်လို ဒီနှစ်ဘွဲ့ရမှာ......"

လီလော့ကို ကျန်းချင်းအာက ဇာတ်ရည်လည်အောင် ခပ်တိုးတိုးရှင်းပြနေသည်။

"မိန်ရွှမ်းအာ ကြိတ်ကြိုက်နေတဲ့စီနီယာက သူ့ကိုပြန်မကြိုက်ဘဲ ယန်လင်းချီကို ​ကြိုက်နေလို့ မနာလိုဖြစ်ပြီး လိုက်တိုက်ခိုက်နေတာ......"

"ဟင်းးးဟင်းးး ယန်လင်းချီ.... နင် တွေ့သမျှလူတိုင်းကို ရှီးယန်စံအိမ်နဲ့ပူးပေါင်းဖို့သိမ်းသွင်းမနေစမ်းပါနဲ့....."

"ပြီးတော့ လီဘိုင်....နင်လည်း ယန်လင်းချီ လေကြောမှာမျောမနေနဲ့.....တော်ကြာဘာမှသုံးစားမရတဲ့စံအိမ်မှာ အရိုးဆွေးတဲ့အထိပိတ်မိနေမယ်.......

လီဘိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး

"ဒါ...ငါ့ကိစ္စ....နင်နဲ့မဆိုင်ဘူး.."

သူမသည် ဆုံးဖြတ်ချက်ချပြီးသားဖြစ်သော်လည်း ရွယ်တူချင်း မာရေကြောရေဆရာလာလုပ်သည်ကိုတော့ လက်မခံနိုင်ပေ။

သူ့အဓိကပစ်မှတ်က ယန်လင်းချီကို စောင်းမြောင်းဖို့ဖြစ်နေသောကြောင့် မိန်ရွှမ်းအာက လီဘိုင် ပြန်ပက်သည်ကို နည်းနည်းလေးမှစိတ်မဆိုးခဲ့ပေ။

" အော်...မင်းက လော့လန်အိမ်တော်သခင်လေးမဟုတ်လား......"

သူ့ဘက် မျှားဉီးလှည့်လာပြီဖြစ်သောကြောင့် လီလော့ ခေါင်းကြိမ်းနေလေပြီ။

" ဂျူနီယာလီလော့....မင်းတို့ ရှီးယန်မှာ ပညာရှင်တွေလိုအပ်နေတယ်မလား.....မင်းသာ ယန်လင်းချီကိုကန်ထုတ်မယ်ဆို ငါမင်းတို့နဲ့ပူးပေါင်းမယ်လေ.....ဘယ်လိုလဲ......"

" အဆင့်လေးနဲ့ အဆင့်ငါးကိုလဲရမှာပေါ့....မဆိုးဘူး....."

"ဟုတ်တယ်...ဒီ့ထက်ကောင်းတဲ့ အပေးအယူဘယ်မှာရှိမှာလဲ......"

"တောင်းပန်ပါတယ် ရှီးယန်စံအိမ်မှာ အလုပ်ခန့်ဖို့ ထူးခြားတဲ့နည်းလမ်းရှိတယ်......"

လီလော့ရဲ့လေသံက အမှန်အကန်တောင်းပန်နေသည့်နှယ် .......

“ကျွန်တော်တို့က အဆင့်တွေကို ဒုတိယဉီးစားပေးအနေနဲ့ပဲကြည့်တာ.....ရှီးယန်မှာ အလုပ်ဝင်ဖို့ဆို အရေးကြီးဆုံးက ရုပ်ချောရမယ်.....ဉပမာ စီနီယာလီဘိုင်တို့ စီနီယာယန်လင်းချီတို့ကိုပဲကြည့်လေ..... သူတို့လို သိပ်လှတယ်ဆို အချိန်မရွေး​ကြိုဆိုနေမှာပါ...ဒါပေမယ့် အစ်မက အရည်အချင်းရှိပေမယ့် ရုပ်ရည်က ရွက်ကြမ်းရေကျိုအဆင့်လောက်ပဲရှိတယ်ဆိုတော့.....ရှီးယန်မှာ အလုပ်ဝင်ဖို့မဖြစ်နိုင်ဘူး.....တောင်းပန်ပါတယ်...... "

ဖူးးးးးး

လီဘိုင်က သတိလက်လွတ် အော်ရယ်ပြီးကာမှ မကောင်းတတ်၍ နှုတ်ခမ်းကိုက်က ရယ်ချင်စိတ်ကိုထိန်းနေရရှာသည်။ ယန်လင်းချီကတော့ ခေါင်းငုံ့ပြီး အသံမထွက်အောင် ခိုးရယ်နေလေ၏။

အနာပေါ်တုတ်ကျသွားသည့်အတွက် မိန်ရွမ်းအာသည်လီလော့ကိုပြာကျမတတ်စိုက်ကြည့်နေသည်။

"စိတ်မပူပါနဲ့....ကမ္ဘာတစ်ဝှမ်းမှာ ရုပ်ချောစေတဲ့ ဆေးဝါးတချို့ ရှိတယ်လို့ ကျွန်တော်ကြားထားတယ်....ရှာဖွေပြီးစမ်းသုံးကြည့်ပါလား....ရုပ်ချောလာမှ အလုပ်လာလျှောက်ပေါ့......."

"နင်....နင်သေတော့မယ်.....ငါ့လို နတ်သမီးတစ်ပါးက နင့်ရဲ့ စံအိမ်အစုတ်မှာ အလုပ်လာလျှောက်စရာလား....ယန်လင်းချီကို အရှက်ခွဲချင်လို့ သက်သက်ပြောလိုက်တာကို အဟူတ်ကြီးထင်မနေနဲ့ ......မာနကြီးတဲ့စောက်ရူးကောင်ရဲ့......"

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျန်းချင်းအာသည် မိန်ရွှမ်းအာ၏ စော်ကားမှုများကို သည်းမခံနိုင်တော့သောကြောင့် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး အကြည့်စူးစူးတစ်ချက်ပစ်လွှတ်လိုက်သည့်အခါ မိန်ရွှမ်းအာ  ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

" အပြောအဆိုဆင်ခြင်.....ဒါမှမဟုတ်ရင်ကျောင်းမှန်းကန်မှန်းသိအောင် လုပ်ပေးလိုက်မယ်......"

မိန်ရွှမ်းအာ အားကိုးရှာဖို့နောက်လှည့်ကြည့်လိုက်သောလည်း ​ကျန်းချင်းအာကို မယှဉ်နိုင်သဖြင့် အားလုံးက မသိချင်ယောင်ဆောင်နေကြသည်။

အားမတန်သဖြင့် စိတ်ထဲကနေ ကျိန်ဆဲပြီး မိန်ရွှမ်းအာ လှည့်ထွက်သွားလေသည်။

မိန်ရွှမ်းအာ မရှိတော့သော်လည်း ယန်လင်းချီ မျက်နှာညိုးငယ်နေဆဲပင်....ဝမ်းနည်းနေခြင်းမဟုတ်သော်လည်း သူမ၏ကြိုးစားမှုများအရာမထင်သည့်အတွက် စိတ်မကောင်းဖြစ်နေရှာသည်။

ထိုအချိန်တွင် နွေးထွေးသော လက်တစ်စုံဖြင့် အားပေးသည့်အနေဖြင့် ထွေးပွေ့လာငေါကြောင့် မော့ကြည့်လိုက်သည့်အခါ ကျန်းချင်းအာဖြစ်နေလေ၏။

ကျန်းချင်းအာသည် အလင်းပဲ့တင်ထပ်သံပိုင်ရှင်ပီပီ တစ်ဖက်နွေးထွေးစေနိုင်စွမ်းရှိသည်။

ပြန်ဖို့ အချိန်တန်ပြီဖြစ်သောကြောင့် လီဘိုင်မတ်တပ်ထရပ်လိုက်သည့်အခါ.....

"ခဏနေပါဉီး....စီနီယာလီဘိုင်....."

လီဘိုင်သည် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့လှည့်လိုက်သည်။

သူမ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးပြီမဟုတ်လော....

"စီနီယာလီဘိုင်ပြောသလိုပဲ  ရှီးယန်မှာ မက်လောက်စရာ ဘာမှမရှိဘူး...... "

"ဒါပေမယ့် ရှီးယန်ရဲ့ လျှို့ဝှက်ရေအရင်းအမြစ်သာ ဒီ့ထက် အဆင့်ပိုမြင့်လာမယ်ဆိုရင်ရော...... အကယ်၍ အဆင့်ရှစ်အထိ အဆင့်မြင့်လာမယ်ဆို စီနီယာဘယ်လိုသဘောရလဲ. ...."

ယခုချိန်တွင် လီဘိုင်သာမက ကျန်းချင်းအာနှင့်ယန်လင်းချီတို့ကပါ သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

All Chapters