← Chapters

လီလော့၏ကြွားလုံး....

Vol. 22 Ch. 307

လီလော့၏ကြွားလုံး....

Vol. 22 Ch. 307

"အဆင့်​​ရှစ်လျှို့ဝှက်ရေအရင်းအမြစ်......"

လီဘိုင်အပါအဝင် မိန်းက​လေးသုံးဉီးစလုံး လီလော့ကိုအံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

ကျန်းချင်းအာနှင့်ယန်လင်းချီတို့ နှစ်ယောက်လုံး စိတ်မသက်မသာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဘာတွေဖြစ်ကုန်တာလဲ.......

ရေအရင်းအမြစ်၏နောက်ကွယ်ရှိ လျှို့ဝှက်ကြိုးကိုင်သူသည် လီလော့ဖြစ်မှန်း သိနေကြသည့်အတွက် မည်သို့အဆင့်မြှင့်မည်ကိုတွေးမရတော့ပေ။

ကျန်းချင်းအာ၏ မျက်လုံးထဲတွင် သံသယအရိပ်အမြွက်များဖြစ်ပေါ်လာသည်။

လီလော့က သူတို့ကို စိတ်ချမ်းသာအောင် ခေါင်းညိတ်အချက်ပြလိုက်ပြီး လီဘိုင်ဆီသို့ လှည့်ကာ.....

"စီနီယာလီဘိုင်...ကျွန်တော်တို့ရှီးယန်ရဲ့ရေအရင်းမြစ်က သန့်စင်တဲ့အပြင် ပိုပြီးအဆင့်မြှင့်လာလိမ့်မယ်......"

သူမ သိသလောက်ဆို အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်ပိုင်ဆိုင်ထားသည့် စံအိမ်သည် သုံးခုလောက်သာရှိသည့်အတွက် ရှီးယန်လိုမထင်မရှားစံအိမ်လေးတွင် ဘယ်နည်းနဲ့မျှရှိလာနိုင်မည်မဟုတ်ပေ။

အဆင့်ငါး ပညာရှင်တစ်ယောက်အနေဖြင့်၊ ရေအရင်းအမြစ်သည် မည်မျှ ရှားပါးပြီး အဖိုးတန်သည်ကို သူမ သိသည်။ ရှီးယန်မှာသာ ဒီလို ပိုင်ဆိုင်မှုမျိုး အမှန်တကယ်ရှိခဲ့ရင်  ကြီးကျယ်ခမ်းနားတဲ့ အနေအထားအထိ မြင့်တက်လာလိမ့်မည်သာ.....

" လီလော့....ဒါ နောက်ရမယ့်ကိစ္စမဟုတ်ဘူးနော်.....နင် ငါ့ကို ပူးပေါင်းစေချင်တာတစ်ခုတည်းနဲ့ မဖြစ်နိုင်တာတွေလျှောက်မပြောနဲ့ ယုံကြည်မှုဆုံးရှုံးသွားရင် နာမည်ပျက်လိမ့်မယ်......"

နှစ်စဉ်နှစ်တိုင်း ပဲ့တင်ထပ်သံပြုပြင်သူခန်းမ မှ အရည်အချင်းရှိသည့် ကျောင်းသားများကို မြှူဆွယ်ရန် ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုသည့် စ့အိမ်ကြီးများလည်းရှိခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ပညာရှင်များကို ဦးစွာအပါခေါ်ပြီးနောင်ခါလာနောင်စျေးဖြေရှင်းတတ်ကြသည်။

လီလော့သာ ထိုကဲ့သို့ချဉ်းကပ်ရန် စီစဉ်ခဲ့ပါက၊ ရှီးယန်စံအိမ်သည် နာမည်ပျက်စာရင်းသွင်းခံရလိမ့်မည်။

" စိတ်ချပါ....ကျွန်တော် ဒီလိုမိုက်မဲတာမျိုးတွေမလုပ်ပါဘူး....အကယ်၍ ရှီးယန်ကသာ အဆင့်ရှစ် လျှို့ဝှက်ရေအရင်းမြစ် ထုတ်ပေးနိုင်မယ်ဆို ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ ဉီးစားပေးစဉ်းစားပေးမှာလား....."

လီဘိုင်က အချိန်အတော်ကြာ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်သည် အလွန်ရှားပါးသော ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ အကယ်၍ သူမသာ ထိုအရာနှင့် လေ့ကျင့်ရမည်ဆို သူမ၏ ပညာရပ်အဆင့်များလည်းတိုးတင်လာလိမ့်မည်။

ရှီးယန်သည် အခြားနေရာများတွင် အားနည်းနေသော်လည်း အဆင့်ရှစ် ရေအရင်းအမြစ်သည် ၎င်း၏အခြားချို့ယွင်းချက်များကို ကောင်းစွာဖြည့်ဆည်းပေးနိုင်လိမ့်မည်။

လီလော့ ၏စကားသာမှန်ပါက ရှီးယန်စံအိမ်သည် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်တစ်ခုဖြင့် အလွန်လျင်မြန်စွာ အင်အားကြီးလာမည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိပ်တန်စံအိမ်ကြီးတစ်ခုဖြစ်လာဖို့ သေချာနေပြီဖြစ်သည်။

လီလော့က ကျေနပ်စွာ ပြုံးလိုက်ပြီး....

"အဲဒီအခြေအနေမှာ.... တခြားစံအိမ်ကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံဘဲ ကျွန်တော်တို့ကို အရင်စဉ်းစားဖို့ စီနီယာလီဘိုင်ကို တောင်းဆို​ပါရစေ.... ငါးရက်ကြာတဲ့အခါမှာ ရှီးယန်စံအိမ်က ပဲ့တင်ထပ်သံထပ်သံပြုပြင်သူခန်းမရဲ့ ဖိတ်ကြားမှုအတိုင်း ပွဲလာတက်ပါ့မယ်...အဲ့အချိန်ကြရင် လိမ်နေတာလား အမှန်တိုင်းပြောနေတာလား သိရလိမ့်မယ်......"

"စီနီယာလီဘိုင် စိတ်မပျက်စေရဘူးလို့ ကျွန်တော် ကတိပေးတယ်...."

လီဘိုင်၏ သံသယအကြည့်များက လီလော့၏တည်ငြိမ်သော မျက်လုံးများနှင့် တွေ့ဆုံကာ ယုံကြည်မှုအချို့ကို သတိပြုလိုက်မိသည်။

ထိုအချိန်တွင် ယန်လင်းချီက.....

"စီနီယာ....လီလော့ကို ယုံလိုက်လို့လုံးဝစိတ်မပျက်စေရဘူး.....ကျွန်မကတိပေးတယ်....နောက်ငါးရက်နေရင် စီနီယာလုံးဝအံ့သြသွားလိမ့်မယ်......"

"ကောင်းပြီ....နောက်ငါးရက်နေရင် တွေ့ကြမယ်......"

မင်းပြောတဲ့စကားက မှန်တယ်ဆိုရင် နင်နဲ့ လက်တွဲဖို့ စဉ်းစားမယ့်သူက ငါတစ်ယောက်ထဲမဟုတ်လောက်တော့ဘူး..... ငါ့ရဲ့ အရည်အချင်းရှိတဲ့ အတန်းဖော်အချို့လည်း ပူးပေါင်းကြလိမ့်မယ်......"

ဆိုလိုချင်တာက သူမရဲ့ သူငယ်ချင်းတွေကိုတောင် ခေါ်လာလိမ့်မည်.....

နောက်ထပ် မှတ်ချက်ကို စောင့်မနေဘဲ လီဘိုင်က ကျန်းချင်းအာနှင့်ယန်လင်းချီတို့ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့လေသည်။

အနီးနားတွင်ရှိနေသော မိန်ရွှမ်းအာသည် လီဘိုင် ထွက်ခွာသွားသည်ကို ကျေနပ်စွာ ကြည့်နေသည်။

သေချာတာကတော့ ဆွေးနွေးပွဲ မအောင်မြင်ဘူး.... ယန်လင်းချီတစ်ယောက် သူလို့ လူတကာကို ရွှံ့ထဲဆွဲချနိုင်မယ်ထင်နေတာလား.....ဘာပဲဖြစ်ဖြစ် ပွဲဖျက်နိုင်ခဲ့ပြီပဲ ...ငါ့စကားနားထောင်သူတွေရှိနေသ၍ ယန်လင်းချီအောင်မြင်နိုင်စရာအကြောင်းမရှိဘူး.....

လီဘိုင်ထွက်သွားသည်နှင့် ယန်လင်းချီက လီလော့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး.....

"အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်တဲ့လား....နင်တကယ်ပြောနေတာလား......"

လီဘိုင် အနီးအနားမှာ ရှိစဉ်တုန်းက ဘာမှထုတ်မပြောခဲ့ပေမယ့် အခုတော့ သူမသံသယတွေကို ရှင်းရှင်းလင်းလင်းထုတ်မေးရတော့မည်။

ကျန်းချင်းအာကလည်း အဖြေသိချင်နေသည့်အတွက် စိုက်ကြည့်နေလေ၏။

"ဟီးးး ဟီးးးးးလောလောဆယ် ကျွန်တော့်မှာ အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ် မရှိဘူး...."

ယန်လင်းချီ သောက်လက်စ ဗျစ်ရည်များ အန်ထွက်တော့မတတ်ပင်....ဖြစ်နိုင်လျှငိ လီလော့ကို နားရွက်ကနေ ဆွဲပြီး ပြတင်းပေါက်ကနေသာပစ်ချလိုက်ချင်တော့သည်။

" မပူပါနဲ့...နောက်ငါးရက်လောက်နေရင် ရှိလာမှာပါ......"

"ဘာကိုဆိုလိုတာလဲ?"

လီလော့က ယန်လင်းချီမေးတာကိုပြန်မဖြေဘဲ ကျန်းချင်းအာဘက်သို့လှည့်ကာ....

"ချင်းအာ..အစ်မချိုင်ဝေဆီ စာတစ်စောင် ပို့ပေးဖို့ ကူညီပါဦး.....အဆင့်ရှစ် ဝိညာဉ်ရည် ပုလင်း ၅၀ နဲ့ သန့်စင်တဲ့အလင်း​တွေရသလောက်ပို့ပေးဖို့ ရေးလိုက်ပါ......"

"ပုလင်း ၅၀....."

ကျန်းချင်းအာ အာမေဋိတ်သံဖြင့်ရေရွတ်လိုက်သော်လည်း တည်ကြည်လေးနက်နေသော လီလော့​ကြောင့်......

"ငါ စာပို့လိုက်မယ်။ ဒါပေမယ့် အဆင့်ရှစ်ဝိဉာဉ်ရည် ပုလင်း ၅၀ က ကောင်းကင်ရွှေ တစ်သန်းကျော် ကုန်ကျလိမ့်မယ်.......ချိုင်ဝေရဲ့ အော်သံကို ဒီကနေတောင် ကြားရမယ်ထင်တယ်......."

ချိုင်ဝေ့အကြောင်းတွေးမိလိုက်ချိန်တွင်

သူ့စိတ်ထဲ ပြည့်နှက်နေသော  ပျော်ရွှင်မှု များပျောက်ကွယ်သွားသည်။ သူသည် လော့လန်အိမ်တော်၏ အဓိကငွေယိုပေါက်ကြီးတစ်ခုဖြစ်နေသည်။

သို့သော်လည်း ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို အရေးတကြီးလိုအပ်နေသည်မဟုတ်လော......

အရိပ်လှိုဏ်ဂူမှ ပြန်လာပြီးနောက်၊ သူ၏ ရေအလင်း ပဲ့တင်ထပ်သံ တိုးတက်လာသည်ဟုခံစားနေရသည်။ သို့သော်လည်း အဆင့်တက်ဖို့အရိပ်အယောင်မမြင်ရသေးပေ။

လီလော့ စိတ်ပျက်သွားသော်လည်း အရှုံးမပေးခဲ့ပေ။ အဆင့်ခြောက်မှာ အဆင့်ခုနှစ်သို့ ခုန်တက်ခြင်းသည် မှတ်တိုင်တစ်ခုဖြစ်ကြောင်း သူသိသည်။ အဆင့်ခြောက်

ပဲ့တင်ထပ်သံကို အလယ်အလတ်အဆင့်အဖြစ် သတ်မှတ်ပြီး အဆင့်ခုနစ်ကို မြင့်မားသောအဆင့်ဟု သတ်မှတ်ကြသည်။

၎င်းသည် အောင်မြင်ရန် အလွန်ခဲယဉ်းသော တိုးတက်မှုဖြစ်မည်ဟု ယုံကြည်ခဲ့သော်လည်း ပေးချေမှုမှာလည်း ကြီးမားလိမ့်မည်သာ.....

သူ၏ ရေအလင်း ပဲ့တင်ထပ်သံသည် အဆင့်ခုနှစ်သို့ ရောက်သောအခါ၊ သူထုတ်လုပ်သော လျှို့ဝှက်ရေအရင်းအမြစ်သည် အခက်အခဲများစွာမရှိဘဲ အဆင့်ရှစ်သို့ ရောက်ရှိသွားဖွယ်ရှိသည်။

၎င်းသည် ရှီးယန်ကို ပိုမိုလျင်မြန်စွာ အားကောင်းလာစေမည်ဖြစ်သည်။ ပိုင်မျန်မျန်၏ ကြယ်လေးပွင့်ဖော်မြူလာနှင့်အတူ ရှီးယန်ကို ကြီးကျယ်ခမ်းနားစွာ အသုံးချနိုင်မည်ဖြစ်သည်။

ရင်းနှီးမြုပ်နှံထားတဲ့ အရင်းအနှီးအားလုံးကို ပြန်ရလိမ့်မည်......

ယန်လင်းချီက......

"အဲ့ဒီအရည်တွေထဲမှာ နင်ရေကူးဖို့ စိတ်ကူးနေတာလား..... ဒါပေမယ့် နင်သာ ပြောတဲ့အတိုင်းအဆင့်ရှစ်အရင်းအမြစ်ကို ထုတ်လုပ်နိူင်မယ်ဆို ငါနင့်ကိုမနာလိုဖြစ်မိလိမ့်မယ်......"

လီလော့သည် လျှို့ဝှက်ရေအရင်းအမြစ်ကို ဖန်တီးသူဖြစ်ကြောင်း သူမ သိသော်လည်း အကန့်အသတ်မရှိသော စွမ်းအားဖြင့် ဝိညာဉ်အရည်များကို စုပ်ယူနိုင်သည်ကို သူမ မသိခဲ့ပေ။

" ဒါဆို ဖိတ်စာရဖို့က နင့်အပေါ်မူတည်သွားပြီ......"

နည်းပြချီချန်းနှင့် ရင်းနှီးသူ တစ်ယောက်မျှ မရှိသောကြောင့် လီလော့သည်သာ တစ်ခုတည်းသော မျက်နှာသာပေးမှုကို တောင်းခံနိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။

လီလော့ ဟန်မပျက် မတ်တပ်ထရပ်လိုက်ပြီး တံခါးဝဆီ​ခြေလှမ်းလိုက်သည်။

အရိပ်လှိုဏ်ဂူထဲမှာတောင် ကြိုးစားခဲ့သေးတာပဲ...ဒီလောက်ကတော့ ဘာအရေးလဲ.....

ယန်လင်းချီက လီလော့ရဲ့ကျောပြင်ကိုကြည့်ပြီး........

" အဆင်ပြေပါ့မလား......"

ရှီးယန်၏အခြေအနေကို သူမကောင်းစွာသိသည်။ အဘက်ဘက်ကအားနည်းနေသော်လည်း အနာဂတ်တွင် အားကောင်းလာမည်ဟု သူမယုံကြည်ခဲ့သည်။

ကျန်းချင်းအာက ယန်လင်းချီအတွက် တစ်ခွက်ငှဲ့ပေးလိုက်ပြီး......

"စိတ်မပူပါနဲ့.....လီလော့က ယုံကြည်မှုဘဲ  ကြွားဝါတတ်တဲ့သူမှမဟုတ်တာ....ဒါနဲ့ အိရပလှိုဏ်ဂူထဲမှာ နင်မရှိတာ တကယ်နာတယ်....နို့မို့ဆိုသူ့ရဲ့ကြွားလုံးတွေကို ထိုင်ရယ်နေရမှာ......"

" အိုး...ဟုတ်လား....ငါ့ကိုပြောပြစမ်းပါဉီး....."

ဤသို့ဖြင့် နှစ်ယောက်သား သောက်ရင်းစားရင် လီလော့အကြောင်းအတင်းတုပ်နေကြလေ၏။

All Chapters