← Chapters

လာဘ်ထိုးခြင်း.....

Vol. 22 Ch. 308

လာဘ်ထိုးခြင်း.....

Vol. 22 Ch. 308

လီလော့သည် တည်းခိုဆောင်ကပြန်လာပြီးသည်နှင့် နည်းပြချီချန်းဆီ ပြေးသွားခဲ့သည်။

ထင်းရှူးပင်နှင့် ထင်းရူးရနံ့တို့က ဥယျာဉ်ကို လွှမ်းခြုံထားပြီး အေးမြသောအရိပ်တွင် နည်းပြချီချန်း  လက်ဖက်ရည်ပူပူတစ်ခွက်ဖြင့် အနားယူအပန်းဖြေနေသည်။

လီလော့ ရောက်လာသည်နှင့် ရိုရိုသေသေ ဂါရဝပြုလိုက်ပြီးသည့်အခါ ......

" ဘာကိစ္စလဲ....."

" ဆရာ...ကျွန်တော့်ကို နောက်ဖေးပေါက်က ဝင်ခွင့်ပြုပါ......ရှီးယန်စံအိမ်ကို ပဲ့တင်ထပ်သံပြုပြင်သူခန်းမရဲ့ ဖိတ်ကြားထားတဲ့စာရင်းထဲထည့်ပေးဖို့တောင်းဆိုပါရစေ....."

"များသောအားဖြင့် သူများတွေဆို ဒီလိုဝင်ဖို့ ခိုးကြောင်ခိုးဝှက်ကြိုးစားကြတယ်....နင့်လိုဘယ်သူမှ တည့်တိုးကြီးလာမတောင်းဆိုဘူး....."

"ကျေးဇူးပါ ဆရာ....."

ချီချန်းသည် အင်္ကျီလက်စထဲကနေ ရွှေရောင်သစ်ရွက်တစ်ရွက်ကို ထုတ်ယူကာ သူ့ထံ လွှင့်ပစ်လိုက်သည်။ ၎င်းပေါ်တွင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ အမှတ်အသားကို ထွင်းထုထားသည်။

"အဲ့ဒီမှာ ဖိတ်စာပါတယ်"

လီလော့ ဆွံ့နေမိသည်။

လွယ်လှချည်လား......... အာပေါက်မတတ်ပြောရမယ်ထင်ခဲ့တာ......

"ဖိတ်ကြားမယ်စာရင်းကို ဆုံးဖြတ်ကတည်းက ရှီးယန်အတွက် ဖိတ်စာကြို

ယူထားတယ်....ဒါပေမယ့် မပြောခဲ့ဘူး....မင်းငါ့ကိုလာမတောင်းရင် ထုတ်ပေးမှာမဟုတ်ဘူး....."

"ဘာဖြစ်လို့လဲ နားလည်လား"

ထိုမေးခွန်းကြောင့် လီလော့​တုံ့ဆိုင်းသွားသည်။

"ဘာလို့လဲဆို​တော့ ရှီးယန်စံအိမ်က ဖိတ်ကြားရလောက်တဲ့အထိ အဆင့်မမီလို့ပါ...... "

" ဟွန့်....ကိုယ့်အကြောင်းကိုယ်သိသားပဲ....."

"ဒါဆို  ဘာလို့ ပေးလိုက်တာလဲ....."

"မင်းက ထက်မြက်တဲ့သူမို့ အသုံးမဝင်တဲ့အရာတွေကို မလုပ်တတ်ဘူး...... မင်းမှာ ဘာအစီအစဉ်မှ မရှိဘဲ အခုလို လာတောင်းဆိုမှာမဟုတ်ဘူးလေ.....မင်းမှာ ဘာအစီအစဉ်တွေရှိလဲ မသိပေမယ့် မင်းကိုယုံကြည်တာမို့ ထောက်ပံ့ပေးဖို့ဆုံးဖြတ်လိုက်တာ....."

လီလော့ ငိုချင်သလို ခံစားနေရသည်။

"ဆရာ...ဆရာက အကောင်းဆုံးပဲ"

ချီချန်းက သူ့အမူအရာကြောင့် စိတ်မပျက်ဘဲ လက်ဖက်ရည်ခွက်ကိုဆော့ကစားနေပြီး....

"မင်း ကျောင်းကို အမှတ် 100,000 ဆုပေးခိုင်းတာ ငါကြားတယ်....."

ဘုရားရေ.....ယုလန်ရဲ့သတင်းဖြန့်ချက်က မြန်လှချည်လား..... ဒီကောင် တကယ်တော်တယ်......

မည်သို့ပင်ဆိုစေကာမူ သူသည် မည်သည့်အရာကိုမျှ ဝန်ခံရန် နည်းလမ်းမရှိပေ။ သူ ခေါင်းခါလိုက်ပြီး....

“ဒီလို မဟုတ်ပါဘူး......မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ခဲ့တဲ့အတွက် ကျောင်းဘက်က ကျွန်တော့်ကို မျက်နှာပြန်ပေးမယ်ထင်ခဲ့မိတာပါ..... ဒါပေမယ့် ကျောင်းသားတိုင်း လုပ်ရမယ့် အရာပါပဲ.....ကျွန်တော့်ကို တစ်မှတ်မှမပေးဘူးဆိရင်တောင် ဘာမှမထွန့်တက်နေစရာမရှိပါဘူး......"

"တိတ်စမ်း.....လာမယ့်ရက်အနည်းငယ်အတွင်း ဆုပေးမယ့်အကြောင်း မင်းကြားရလိမ့်မယ်။ ဒုကျောင်းအုပ်ကြီး စုရှင်းထင်မြင်ချက်တောင်းရင် မင်းကိုယ်စား ငါပြောပေးလိုက်မယ်.....ဘာမှ ကွယ်ဝှက်မနေနဲ့ အသက်ပေါင်းတစ်ရာကျော်လောက်ကယ်တင်ထားတဲ့အတွက် ထိုက်ထိုက်တန်တန် ဆုချမှာပါ......."

လီလော့ ပြောမပြတတ်အောင် တုန်လှုပ်သွားသည်။

"ဒါနဲ့...ဆရာ ကျွန်တော့်အဖေကိုသိလား..... "

" ဟမ်....."

"မဟုတ်ဘူးလောက်ပါဘူးနော်.... ကျွန်တော့်အဖေက ခန့်ချောကြီးမို့ အဖေတူသားလေးကျွန်တော့်ကို ဆရာ အချစ်ပိုနေတာများလားလို့...ဟီးးးး"

"ရှုး....."

လက်ဖက်ရည်ပူပူသည် ချွန်ထက်သော မြှားများအဖြစ် လီလော့ဆီပျံသန်းသွားလေသည်။

"ဆရာ.... တောင်းပန်ပါတယ်!"

စနောက်နေရာကနေ လီလော့ ရုတ်တရက်မျက်နှာတည်သွားပြီး.....

"ဆရာ....နယ်မြေ ၁၃ကို ကောင်းကင်ဘုံကပ်ဘေးအဆင့် ရောက်လာတာ မသင်ကာစရာကောင်းမနေဘူးလား....."

"မင်းဘာတွေတွေးနေလဲ?" ချီချန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သေတော့မသေချာဘူး...ဒါပေမယ့် စိတ်ထဲကနေ အလိုလိုထင်နေမိတာ.....ကျွန်တော် သိချင်တာက ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်နိုင်ပါ့မလား......."

" မင်း ရှန်ကျင်းရှောင်ကို သံသယရှိနေတာလား သံသယဝင်နေလို့လဲ ဘာမှလုပ်လို့မရဘူး..... မင်းရဲ့သံသယအတွက်နဲ့ ခရမ်းအဆင့် နည်းပြကို ကျောင်းက စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူး.... ပိုအရေးကြီးတာက စုံစမ်းမှုတစ်ခုက ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာ ငါလည်း အာမမခံနိုင်ဘူး...... သံသယတွေကို သိမ်းထားပါ....မင်း သူ့ထက်သန်မာလာတဲ့အချိန်ကျရင် လူသိအောင်ထုတ်ပြောလို့ရပြီ....."

ဟုတ်ပေသည်။လုံလောက်အောင်သန်မာလာသည့်အခါ ခံစားခဲ့ရသမျှ အတိုးအရင်းပေါင်းပြီး ပြောနိုင်လိမ့်မည်။

လိုချင်တာရပြီးပြီဖြစ်သောကြောင့် ချီချန်းအနားယူနေသည်ကို မနှောက်ယှက်တော့ဘဲပြန်လာခဲ့လိုက်သည်။

ချီချန်းသည် လီလော့ထွက်သွားသည်ကိုကြည့်နေရင်း လက်ဖက်ရည်ခွက်ကိုချလိုက်သည်။

"ရှန်ကျင်းရှောင်....တကယ်ပဲနင့်လက်ချက်လား......."

................................

လီလော့သည် ချီချန်းဆီမှ ထွက်လာပြီးနောက် သူ၏အဆောင်ဆီသို့ တည့်တည့်ပြန်လာခဲ့သည်။

ငါးရက်ကြာသောအခါတွင်၊ အကောင်းဆုံးစံအိမ်ကြီးများကိုစုစည်းလိမ့်မည်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးတွေကို အနိုင်ယူဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပေ။

သူခန့်မှန်းထားတဲ့ ဆင့်ကဲဖြစ်စဉ်ကို ပြီးမြောက်ခဲ့ရင်တောင် အဆင့်ရှစ်

လျှို့ဝှက်ရေအရင်းအမြစ်က လူတွေကို ဆွဲဆောင်ဖို့ မလုံလောက်ဖို့မသေချာနိုင်သေးပေ။

၎င်းအတွက် ခိုင်မာသော ဖော်မြူလာလည်း လိုအပ်သည်။

လက်ရှိတွင် ရှီးယန်တွင် ကြယ်လေးပွင့်ဖော်မြူလာတစ်ခုမျှ မရှိပေ။

ထိပ်တန်းစံအိမ်ကြီးများတွင် ကြယ်လေးပွင့်ဖော်မြူလာ အနည်းဆုံးတစ်ခုတော့ရှိမည်ဖြစ်သည်။

ပညာရှင်တွေကိုများများဆွဲဆောင်နိုင်ဖို့များများသယ်သွားနိုင်မှဖြစ်မည်။

"မျန်မျန် ဘယ်ရောက်နေတာလဲ...ငါလာမယ်မှန်းသိလို့ပုန်းနေတာလား....."

အဆောင်တစ်ခုလုံး လှည့်ပတ်ရှာကြည့်သော်လည်း ပိုင်မျန်မျန်ကို ရှာမတွေ့ဘဲ လှေကားထောင့်တွင် ထိုင်နေသော ရှင်းဖူကိုသာတွေ့လိုက်ရသည်။

"ဟေ့.....ရှင်းဖူ.....မျန်မျန့်ကိုတွေ့မိသေးလား......"

ရှင်းဖူ အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး....

"မင်း ငါ့ကို မြင်ရတယ်....."

သူသည် အရိပ်များနှင့် ရောနှောရန် ဖုံးကွယ်ထားသော ပညာရပ်ကို အသုံးပြုခဲ့ထားသော်လည်း လီလော့ သူ့ကိုမြင်နိုင်သည့်အတွက် အံ့အားသင့်နေခြင်းဖြစ်သည်။

ငါကပဲအားနည်းနေတာလား....သူကပဲသန်မာနေတာလား......

" မျန်မျန်  သန့်စင်ရေး အလုပ်ရုံမှာ ရှိတယ်..... ပြန်ရောက်ကတည်းက ချက်ချင်း အဲ့အထဲဝင်သွားတာ....."

"ဟုတ်တာပေါ့....... ပြင်းပြင်းထန်ထန် လေ့ကျင့်ရမှာပေါ့..... "

"ဟွန့်...ဒါနဲ့များ ငါ့အုတ်ဂူမှာ စာထွင်းပေးချင်သေးတယ်ပေါ့.....အခုပေါက်ကရမတွေးနိုင်အောင် အလုပ်ရှုပ်ခိုင်းထားလိုက်ပြီလေ....ငါ့ကိုများဘာမှတ်နေလဲ....မင်းတို့ထက်လည်လို့ ခေါင်းဆောင်လုပ်နေတာပါ....."

တကယ်ဆို အမြင်စွမ်းရည် အသုံးပြုထားသောကြောင့်သာ ရှင်းဖူကိုမြင်နေရခြင်းဖြစ်သည်။

ရှင်းဖူသည် တောက်ပနေသော ဓားသွားပေါ်ရှိ သူ၏အရိပ်ကို ငုံ့ကြည့်ရင်း သံသယများကြားတွင် နစ်မြှုပ်နေရှာသည်။

လီလော့သည် သီချင်းလေးငြီးရင်း လှေကားမှဆင်းလာပြီး ဖောက်ထွင်းမြင်ရသော သလင်းကျောက်နံရံကနေတဆင့်မြင်နေရသည့် ပိုင်မျန်မျန်ကို ရပ်ကြည့်နေမိသည်။

အာရုံစိုက်နေသောသူကို.မနှောက်ယှက်ချင်သည့်အပြင် ကြယ်လေးပွင့်ဖော်မြူလာကို လက်ဗလာနှင့် မတောင်းချင်သောကြောင့် အလဲအလှယ်လုပ်ဖို့ ပစ္စည်းအချို့ပြင်ဆင်ရမည်။

ထို့ကြောင့် လာလမ်းအတိုင်းနောက်ကြောင်းပြန်လှည့်လိုက်လေသည်။

All Chapters