← Chapters

မြဲ့မုန်ကို ဝါးမျိုသော ရွှေကျီးကန်း ( ၂ )

Vol. 26 Ch. 395

မြဲ့မုန်ကို ဝါးမျိုသော ရွှေကျီးကန်း ( ၂ )

Vol. 26 Ch. 395

သူတော်စင်ကြယ်၏ မျက်လုံးများမှာ လောဘရောင်များဖြင့် ဝင်းလက်နေသည်။ မြဲ့မုန်က ရွှေကျီးကန်းကို ဝါးမျိုတော့မည့်အခိုက် ရွှီချင်းသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။

သူ၏မျက်လုံးများထဲရှိ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များ ပေါ်လာသည်။

သူ ခေါင်းမော့လိုက်သည့်အပြုအမူနှင့် သူ့မျက်လုံးများထဲရှိ မီးတောက်များကြောင့် သူတော်စင်ကြယ် ကွက်ခနဲ မျက်နှာပျက်သွားသည်။

သူ နားလည်ရသရွေ့ ထိုအချိန်၌ ရွှီချင်းမှာ လှုပ်ရှားနိုင်စွမ်း ရှိနေရမည် မဟုတ်ပေ။ ရွှီချင်း၌ သက်စောင့်မီးအိမ်များ၏ အပြန်အလှန် အားဖြည့်နိုင်စွမ်း ရှိနေသည့်တိုင်အောင် ရွှမ်လင်းယုံလီတံခါးမှ ပေါ်ထွက်လာသည့် ထိုအချုပ်အနှောင်ပညာရပ်သည် အနိမ့်ဆုံး အသက်ဆယ်ကြိမ်ရှူစာအထိ သက်ရောက်မှုရှိနေမည် ဖြစ်သည်။ ယင်းသည် ရွှမ်လင်းယုံလီတံခါးကို နှစ်ကြိမ် သန့်စင်ခဲ့ပြီးနောက် သူ ရရှိခဲ့သည့် နားလည်မှုဖြစ်သည်။ သို့သော်လည်း ယခုတွင် အသက်ငါးကြိမ်ရှူစာသာ ကုန်သေးပြီး ရွှီချင်းကို သူ ဝါးမျိုရန် နောက်ထပ်အသက်ငါးကြိမ်ရှူစာအချိန် ရသင့်သည်။

အရာအားလုံးကို သူ အလွန် စေ့စပ်သေချာစွာ တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ရွှီချင်း၏ ခေါင်းမော့လိုက်သောအပြုအမူက သူ၏တွက်ချက်မှုများအားလုံးကို ချက်ချင်း ဖျက်ဆီးသွားခဲ့ပေသည်။

“ မင်းးးးး ”

သူတော်စင်မှာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်သွားသည်။ သေရေးရှင်ရေးအခြေအနေကြောင့် သူ တွေးတောနေရန် အချိန်မရှိဘဲ ချက်ချင်း ဆုတ်ခွာလိုက်သည်။ သို့သော်လည်း ရွှီချင်းက လက်နှစ်ဖက်ကို မြှောက်၍ သူတော်စင်ကြယ်ကို ဖမ်းဆုပ်လိုက်သည်။ သူ့ကိုယ်ထဲရှိ စတုတ္ထမြောက်သက်စောင့်မီးလုံး အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။

ထိုအချိန်၌ သက်စောင့်မီးလုံးလေးလုံး၏ စွမ်းအားများ ဝေဟင်သို့တိုင်အောင် လွင့်ပျံလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်များ ရိုက်ခတ်လာပြီး ကွန်ခြာနှစ်ခုသည်လည်း ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ မီးတောက်များကြားတွင် မြဲ့မုန်၏ အကိုက်ခံလိုက်ရသော ရွှေကျီးကန်းသည် တုန်ရီသွားပြီး မီးတောက်များထဲ ပြန်လည်မွေးဖွားလာဟန်တူသည်။ ရွှေကျီးကန်းသည် ကြီးသည်ထက် ကြီးမားလာရာ ထည်ဝါတောက်ပသော မီးတောက်များ ပို၍ပင် အားကောင်းလာတော့သည်။

“ မင်းလည်း ထောင်ချောက်မိသွားပြီ ”

ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်ရင်း ရုတ်တရက် ပါးစပ်ကို ဟ၍ သူတော်စင်ကြယ်၏ လည်ပင်းအား ကိုက်လိုက်သည်။ တချိန်တည်းမှာပင် သူ့ကိုယ်ထဲရှိ ဓမ္မတံခါးတစ်ရာ့နှစ်ဆယ်ထဲမှ အဆုံးအစမဲ့ မိစ္ဆာမီးတောက်များ ပေါ်ထွက်လာပြီး သူတော်စင်ကြယ်ကို အညှာအတာမဲ့စွာ လွှမ်းခြုံလိုက်သည်။

ရွှေကျီးကန်းသည် ပါးစပ်ကြီးကို ဟ၍ မြဲ့မုန်၏ ခေါင်းကို ကိုက်လိုက်ရာ မြဲ့မုန်ထံမှ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။ ရွှေကျီးကန်းကြီးသည် ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် အရူးအမူး ရှူသွင်းလိုက်သည်။

ထိုအခွင့်အရေးကို ရွှီချင်း စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

ထိုတိုက်ပွဲတွင် သူသည် အနိမ့်ဆုံးအနေဖြင့် မြဲ့မုန်ကို အောင်မြင်စွာ ဝါးမျိုချင်ပြီး သူ၏ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအတတ်ကို အဆင့်တက်အောင် လုပ်ချင်သည်။ တိုက်ခိုက်နေစဉ်အတောအတွင်း သူ၏စွမ်းအားများကို သိုဝှက်ထားခဲ့ရသည်။ နောက်ဆုံးတွင် ထိုရခဲလှသောအခွင့်အရေးကို သူ ရခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ရွှီချင်း၏ မျက်လုံးများထဲ မီးတောက်များ အရှိန်တညီးညီး ပေါ်ထွက်လာပြီး သူတော်စင်ကြယ်ကို မိစ္ဆာမီးတောက်များက လွှမ်းခြုံနေသည်။ ရွှေကျီးကန်းကြီးသည်လည်း အငမ်းမရ ရှူသွင်းနေ၏။ သူတော်စင်ကြယ်၏ နာကျင်စွာ အော်ဟစ်မြည်တမ်းသံများ ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

တိုက်ပွဲအလှည့်အပြောင်းကြောင့် ကြည့်ရှုနေကြသူတိုင်း စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။ ခေါင်းဆောင်သည် မခိုးမခန့် ရယ်မောလိုက်ပြီး ပြေးလွှားသွားနေရာမှ ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တိမ်လွှာဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ဟန့်တားလိုက်သည်။

အမှတ်ခုနစ်သခင်ကြီးသည်လည်း တိမ်လွှာဓားဂိုဏ်းချုပ်ကို ထိန်းထားလိုက်သည်။ ရွှယ်လျန့်ကျစ်သည် တဟားဟား ရယ်မောလိုက်ပြီး သူ၏ဦးတည်ရာကို ပြောင်းလဲကာ ဆိုးဆိုးဝါးဝါး မျက်နှာပျက်နေသော တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးကို တားဆီးလိုက်သည်။

သူတို့သည် ကြိုတင်ဇာတ်တိုက်ထားကြသည့်အလား မြန်ဆန်သွက်လက်စွာ လှုပ်ရှားလိုက်ကြသည်။ ထိုသို့ဖြစ်ပျက်လာမည်ကို သူတို့ သိနေကြသည့်ပမာပင်။ သူတို့၏ လှုပ်ရှားမှုအပြောင်းအလဲသည် ညင်သာချောမွေ့ပြီး သဘာဝကျသည်။

ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံများ လောကကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ဝင်းလက်နေသည်။ အစွမ်းကုန် စုပ်ယူခြင်းအောက်တွင် သူတော်စင်ကြယ်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူ၏အနှစ်သာရ၊ ချီနှင့် ဝိညာဉ်စွမ်းအားများအားလုံး ရွှီချင်း၏ခန္ဓာကိုယ်ထဲ အရူးအမူး ဝင်ရောက်သွားသည်။ မြဲ့မုန်သည်လည်း ရွှေကျီးကန်း၏ ဝါးမျိုခြင်းအောက်တွင် သွေးပျက်ခမန်း အော်ဟစ်နေပြီး မြန်ဆန်စွာ ကျုံ့ဝင်လာကာ ဝေဝါးလာသည်။

ယခုအချိန်၌ ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သောအပြုအမူများကို လူတိုင်း မျက်ဝါးထင်ထင် မြင်လိုက်ကြရပြီဖြစ်၍ သွေးပျက်ချောက်ချားသွားကြသည်။ ရွှီချင်းကို ကြည့်သည့် သူတို့ အကြည့်ထဲတွင် ကြောက်ရွံ့စိတ်များ ထင်ဟပ်နေ၏။

“ ရွှီချင်းးးး ”

သူတော်စင်ကြယ်၏ အသံက ဆိုးဆိုးဝါးဝါး ဖြစ်နေသည်။ ယခုလို အလုံးစုံ စုပ်ယူခြင်းမျိုးက သူ့ကို အားနည်းသွားစေသည်။ သူ ရုန်းကန်ချင်ပါသော်လည်း သူက သက်စောင့်မီးလုံးခုနစ်လုံးတစ်ပိုင်းအစွမ်းသာ ရှိသည်။ သက်စောင့်မီးလုံးခုနစ်လုံး၏ အထွတ်အထိပ်သို့ ရောက်နေသော ရွှီချင်းလက်မှ မည်ကဲ့သို့ လွတ်မြောက်နိုင်ပါမည်နည်း။ မြဲ့မုန် ပျောက်ကွယ်သွားတော့မည့်ဆဲဆဲ သူတော်စင်ကြယ်၏ခန္ဓာကိုယ်မှာ ရုတ်တရက် ရွှေရောင်ဝင်းလက်သွားသည်။

ယင်းမှာ ယွမ်ယင်အဆင့် အကာအကွယ်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သော ကျောက်စိမ်းပေလွှာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာသည် စောစောက သူတော်စင်ကြယ် ဟန်ပြပစ်ခဲ့သော ကျောက်စိမ်းပေလွှာ ဖြစ်သည်။ ယခုအခါတွင် သူသည် ဝါးမျိုခံရခြင်းမှ လွတ်မြောက်ရန် ထိုကျောက်စိမ်းပေလွှာအား ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် ရွှီချင်း၏ခေါင်းပေါ်ရှိ ခရမ်းရောင်ကောင်းကင်သရဖူ အသက်ဝင်သွားပြီး ယွမ်ယင်အဆင့် အကာအကွယ်စွမ်းအားများ ထွက်ပေါ်လာကာ သူတော်စင်ကြယ်၏ ယွမ်ယင်အဆင့်အကာအကွယ်ကို ဖိနှိပ်လိုက်သည်။

သူတို့နှစ်ယောက်မှ ထုတ်လွှတ်လိုက်သော အကာအကွယ်နှစ်ခုက ဟန်ချက်ညီနေသည်။ သို့ဖြစ်၍ ရွှီချင်းအား ဆက်လက်မဝါးမျိုနိုင်အောင် မဟန့်တားနိုင်တော့ပေ။ သူတော်စင်ကြယ်၏ ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်ဖြစ်နေ်ပြီး မြဲ့မုန်သည်လည်း ရှာဖွေ၍မရနိုင်လောက်အောင် မှိန်ဖျော့နေပြီ ဖြစ်သည်။

သူတော်စင်ကြယ်၏ ညာဘက်မျက်လုံးက တဖျပ်ဖျပ်ဝင်းလက်လာပါသော်လည်း နောက်ဆုံးတွင် မလှုပ်ရှားပေ။ ထိုသည်ကို မြင်၍ ရွှီချင်းသည် ဝိညာဉ်ကိုးပါးလက်သီးသိုင်း၏ နောက်ဆုံးလက်သီးချက်ကို အသုံးမပြုတော့ပေ။ ထိုလက်သီးချက်သည် သက်ခြွေလက်သီးချက်ဖြစ်ပြီး တခြားလူများ မြင်တွေ့၍ မဖြစ်ကြောင်း သူ့ဆရာ၏စကားကို သူ သတိရသွား၍ ဖြစ်သည်။

သို့သော်လည်း စုပ်ယူခြင်းနှင့် ဝါးမျိုခြင်းကို သူ အရှိန်မြှင့်လိုက်သည်။ သူတော်စင်ကြယ်၏ လည်ပင်းသည်ပင် ပြတ်ထွက်လုနီးပါး ဖြစ်နေလေပြီ။

သူတော်စင်ကြယ်၏ အသံ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး သူ့ကိုယ်ထဲမှ သွေးအမြောက်အမြား ထွက်လာသည်။

ထိုအချိန်၌ လေဟာနယ်ထဲမှ အစိမ်းရောင်ဝတ်ရုံဝတ်လူရိပ်တစ်ရိပ် လျှောက်လာသည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်တာအိုစည်းမျဉ်းများအလား လေဟာနယ်ထဲတွင် မန္တန်အစီအရင်များ ပြန့်ကျဲသွားတတ်သည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးနှင့် ရွှယ်လျန့်ကျစ်တို့ တိုက်ခိုက်နေသည်ကို အခွင့်အရေးယူ၍ ရွှမ်တောက်တောင်သို့ သူ ခြေတစ်လှမ်းတည်းဖြင့် ရောက်လာပြီး ရွှီချင်း၏ဘေးတွင် ပေါ်လာသည်။

“ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ရက်စက်ကြမ်းကြုတ်လှချည်လားကွ။ အချင်းချင်းတိုက်ခိုက်တာတောင် သနားညှာတာစိတ်မရှိဘူး။ မင်း ဝါးမျိုလိုက်တာအကုန် ထွေးထုတ်စမ်း ”

အေးစက်စက်အသံ ပဲ့တင်ထပ်သွားစဉ် အစိမ်းရောင်ဝတ်ရုံဝတ်လူရိပ်က လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ကြားတွင် ဝုန်းခနဲ မြည်ဟည်းသွားသည်။ သူတို့နှစ်ယောက် ချက်ချင်း လူကွဲသွားသည်။ သို့သော်လည်း သူတို့နှစ်ယောက် ကွဲသွားသည်နှင့် အစိမ်းရောင်ဝတ်ရုံဝတ်လူရိပ်က ရွှီချင်းထံသို့ လက်ကိုဝှေ့ယမ်းလိုက်သည်။

ရွှီချင်း၏စိတ်ထဲ တုန်ခါသွားပြီး မျက်လုံးများ သွေးချင်းချင်း နီမြန်းသွားသည်။ ထိုသူ၏ရုပ်ရည်သွင်ပြင်ကို သူ ရှင်းရှင်းလင်းလင်း မမြင်ရပါသော်လည်း ဘိုးဘေးအဆင့်စွမ်းအားမျိုး ရှိနေသည်ကို အာရုံခံမိလိုက်သည်။ ထိုကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို သူ ရင်မဆိုင်နိုင်သလို မခုခံနိုင်ပေ။ သူ၏စိတ်၊ ခန္ဓာနှင့် အရာအားလုံး ဟာလာဟင်းလင်းဖြစ်သွားသည်။ အစိမ်းရောင်ဝတ်ရုံကျင့်ကြံသူက ဆွဲနှုတ်ယူလိုက်သည့်အလား သူ၏ခန္ဓာကိုယ် ရုန်းကန်ထကြွလာပြီး မကြာသေးခင်က သူ ဝါးမျိုခဲ့သည့် အနှစ်သာရ၊ ချီနှင့် ဝိညာဉ်များအားလုံး ခန္ဓာကိုယ်အပြင်ဘက်သို့ တိုးထွက်လာသည်။

ထိုအချိန်၌ ကောင်းကင်ယံမှ ခရမ်းရောင်အလင်းတန်းတစ်တန်း သက်ဆင်းလာပြီး ရွှီချင်းရှေ့တွင် ဆင်းသက်သွားသည်။ သင်းပျံ့သောရနံ့များ လေထဲမွှေးကြိုင်သွားပြီး သွေးချင်းချင်းနီမြန်းနေသော ရွှီချင်း၏ မျက်လုံးများရှေ့တွင် နတ်မိမယ်ကျစ်ရွှမ်၏ နောက်ကျော ပေါ်လာသည်။

နတ်မိမယ်ကျစ်ရွှမ်သည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဖိအားများအားလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။ ကြီးမားသော အားလှိုင်းတစ်ခု အပြင်ဘက်သို့ ရိုက်ခတ်သွားသည်။ အစိမ်းရောင်ဝတ်ရုံဝတ်လူရိပ်သည် ရွှီချင်းကို ခက်ခဲအောင် မလုပ်တော့ဘဲ သူတော်စင်ကြယ်ကို ဆုပ်ကိုင်၍ ချက်ချင်း ဆုတ်ခွာသွားသည်။

“ ရှင်က ဒီလောက်အသက်ကြီးနေပြီကို သဘောထားသေးသိမ်နေပါလား။ ကလေးတွေ တိုက်ခိုက်နေတာကိုတောင် ဝင်စွက်လိုက်သေးတယ်။ မဟာကျယ်ပြန့်တာအိုနန်းတော်က ဘယ်အချိန်တုန်းက ဒီလိုတွေ လုပ်တတ်သွားတာလဲ ”

နတ်မိမယ်ကျစ်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏လက်ဝှေ့ယမ်းလိုက်ခြင်းကြောင့် အစိမ်းရောင်ဝတ်ရုံဝတ်ကျင့်ကြံသူသည် ရွှမ်တောက်တောင်အပြင်ဘက်သို့ ရောက်သည့်တိုင်အောင် ဆုတ်ခွာသွားရပြီး သက်လတ်ပိုင်းအရွယ်ရုပ်ရည် ပေါ်လာသည်။

သူသည် မဟာကျယ်ပြန့်တာအိုနန်းတော်၏ ဘိုးဘေး ဖြစ်သည်။

သူက နတ်မိမယ်ကျစ်ရွှမ်ကို စူးစိုက်၍ ကြည့်လိုက်သည်။ ထို့နောက် သူ လှည့်ကြည့်လိုက်သည့်အခါ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးနှင့် ရွှယ်လျန့်ကျစ်တို့ လူကွဲသွားပြီ ဖြစ်သည်။

ရွှယ်လျန့်ကျစ်သည် အလွန်အရုပ်ဆိုးသောအမူအရာဖြင့် အစိမ်းရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းလူကို စူးစိုက်ကြည့်လိုက်သည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုး၏ မျက်နှာအမူအရာမှာမူ အလွန် နားလည်ရခက်သည်။ သူသည် မဟာကျယ်ပြန့်တာအိုနန်းတော်၏ ဘိုးဘေးကို ကြည့်ကာ တစ်ခုခုကို နားလည်သွားဟန်တူပြီး သူ့မျက်နှာပေါ်တွင် ခါးသီးသောအမူအရာတစ်ခု ပေါ်လာသည်။

“ တိမ်လွှာအဘိုးကြီးက ကျုပ်ကို တစ်ခါ ကူညီခဲ့ဖူးတယ်။ ဒီတော့ သူ့မြေးကို ကျုပ် ကယ်ပေးရမှာပဲ။ အဲဒါမှ တိမ်လွှာအဘိုးကြီးရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလား ”

အစိမ်းရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းလူသည် မြဲ့မုန်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည့် သေလုမျောပါး ဖြစ်နေသော သူတော်စင်ကြယ်ကို ကိုင်ထားသည်။

ရွှယ်လျန့်ကျစ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ တိမ်လွှာဓားဂိုဏ်းစောင့်ဘိုးဘိုးသည်မူ တခဏလေးအတွင်း များစွာ အိုစာသွားဟန်တူပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

ရွှီချင်း၏မျက်နှာအမူအရာ အရုပ်ဆိုးနေသည်။ သူ၏မျက်လုံးများ မှေးသွားပြီး လူသတ်ချင်စိတ်များကို ကွယ်ဝှက်လိုက်သည်။ မဟာကျယ်ပြန့်တာအိုနန်းတော်၏ ဘိုးဘေးကို သူ လှမ်းကြည့်လိုက်သည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် သူ မသိသော လျှို့ဝှက်ချက်များ ရှိနေမည်ဖြစ်ကြောင်း အလိုလို ခံစားလိုက်ရသည်။

ထို့ကြောင့် ထိုကိစ္စကို သူ စိတ်ထဲ မှတ်သားလိုက်ပြီးနောက် ဘေးရှိ သူတော်စင်ကြယ်၏ သစ်သားတံခါးဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူသည် ဘေးပတ်လည်ရှိ မဟာမိတ်အဖွဲ့ကြီး၏ ထိပ်သီးကျင့်ကြံသူများကို ဂရုစိုက်မနေဘဲ သစ်သားတံခါးကို မြန်ဆန်သွက်လက်စွာ သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ လွှင့်ပစ်ခဲ့သည့် ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်နှစ်ခုနှင့် သူတော်စင်ကြယ် လွှင့်ပစ်ခဲ့သည့် သက်စောင့်ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။ သူ့ပါးစပ်ထဲမှ မြဲ့မုန်၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်တို့ ပါဝင်နေသော သွေးတစ်ပွက် ပျို့တက်လာပါသော်လည်း သူ အတင်းအကြပ် မျိုချလိုက်သည်။

သွေးတစ်စက်မျှ အပြင်သို့ ဖိတ်စဉ်မသွားခဲ့ချေ …

All Chapters