← Chapters

ငါတို့မှာ ပိုက်ဆံတပြားမှ မရှိတော့ ဘာသွားစားကြမလဲ

Vol. 28 Ch. 412

ငါတို့မှာ ပိုက်ဆံတပြားမှ မရှိတော့ ဘာသွားစားကြမလဲ

Vol. 28 Ch. 412

ဘုန်း

ကျယ်လောင်သော အသံနှင့်အတူ ရဲ့လင်းချန်က အပင်ကို လက်သီးနှင့် ထိုးလိုက်သဖြင့် သစ်ပင် ပင်စည်တွင် လက်သီးအရွယ် အပေါက်တစ်ပေါက် ဖြစ်သွားလေသည်။

လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။

ရဲ့လင်းချန် အပေါက်ဖြစ်အောင် လုပ်လိုက်သော သစ်ပင်ကို ကြည့်ပြီး သူတို့အားလုံး ကြက်သေ သေနေကြသည်။

လူတော်တော်များများသည် တစ်ဒင်္ဂမျှ မှင်တက်နေပြီး ရုပ်ရှင်ကားတစ်ကား ရိုက်ကူးနေဆဲအချိန်သို့ ရောက်နေ ကြသည်ဟု ထင်မှတ်နေလေသည်။ ထိုသို့သော မြင်ကွင်းမျိုးကို ရုပ်ရှင်ထဲတွင်သာ ရိုက်နိုင်သည် မဟုတ်ပါ တကား။

[မိုက်တယ်၊ မိုက်တယ်၊ မိုက်တယ်ကွာ၊ အရေးကြီးတဲ့ ကိစ္စကို သုံးကြိမ် ပြောရတယ်ကွ]

[ရဲ့နတ်ဘုရားက ဘာလို့ ကိုရီးယားနိုင်ငံကို ပါးစပ်ပိတ်သွားအောင် အနိုင်ယူနိုင်လဲဆိုတာကို နောက်ဆုံးတော့ ငါ သိသွားပြီ၊ သူက ဘတ်စကက်ဘော ကစားပင်မယ့် သိုင်းပညာလည်း တတ်တယ်၊ ဘယ်သူက သူ့ကို တားနိုင် မှာလဲ]

[တရုတ် ကွန်ဖူးပညာက သောက်ရမ်း မိုက်လွန်းတယ်ကွာ]

[တကယ့် ကွန်ဖူးက ဘယ်လိုလဲဆိုတာကို နောက်ဆုံးတော့ ငါ မြင်လိုက်ရပြီ၊ ငါ ဒါကို ဗွီဒီယို ရိုက်ထားတယ်၊ ငါ ဒါကို လိုက်လေ့ကျင့်ဖို့ အဆင်သင့်ပဲ]

[ငါ့အမေက ဘာလို့ ဒူးထောက်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေတာလဲလို့ မေးလာတယ်၊ ရဲ့နတ်ဘုရားက ကောင်းကင်ဘုံကို ဆန့်ကျင်နေတာကို ကြည့်နေတာလို့ ငါ ပြန်ဖြေလိုက်တယ်]

[ရဲ့နတ်ဘုရားမှာ သရုပ်ဆောင်ဝိုင်လို အဆင့်မြင့်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ငါ လုံးဝ မသိထားဘူး၊ ငါ သွေးထိုးဖို့ ကြိုးစားတာ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက်လုံးက ငါ့ရဲ့ စံပြပုဂ္ဂိုလ်တွေပါ]

[ဒါ မယုံနိုင်လောက်အောင် အားကြီးတာပဲ၊ ဒါ ရိုက်ကူးရေးအဖွဲ့ရဲ့ အစီအစဉ်လို့ မင်းတို့ ထင်ထား၊ ဒီသစ်ပင်က ပူစီဖောင်းတွေနဲ့ လုပ်ထားတာများလား]

…

“ဟူးးးး”

ရဲ့လင်းချန် စိတ်ပေါ့ပါးသွားသကဲ့သို့ သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်း အလွန် နေရထိုင်ရ ကောင်းသွားသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားသလိုပင်။

သို့သော် သူ့လက်သီးကို သစ်ပင်မှ ပြန်ရုတ်လိုက်ပြီးနောက် ကြက်သေ သေသွားလေသည်။ သူက … သစ်ပင်ကို အပေါက်ဖြစ်အောင် လုပ်လိုက်သည်တဲ့လား။

သူ ဘေးဘီကို လှည့်ကြည့်ပြီးနောက် ၎င်းက သူတို့ခြံဝင်းထဲ၌ စိုက်ထားသည် တစ်ပင်တည်းသော အပင်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ၎င်းသည် သစ်သီးပင် ဖြစ်နိုင်ချေ ရှိပြီး သူ့ထံမှ လက်သီးချက်ကို ခံနိုင်ရည်စွမ်း ရှိသင့်သည်။

လူတိုင်း တစ်ခဏတာ ထိတ်လန့်နေရာမှ သတိဝင်လာပြီး အံ့ဩစိတ် ဝင်နေလေသည်။

ရဲ့လင်းချန်က သူ့လက်ကို ခပ်ရှက်ရှက်နှင့် ပြန်ရုတ်လိုက်ပြီး နှာခေါင်းကို ပွတ်ကာ ရိုက်ကူးရေး အဖွဲ့ကို ကြည့်လိုက်သည်။

“ဒီသစ်ပင်က အသက်ဓာတ် ပြင်းတယ်၊ ဒါ … ရှင်လောက်သေးတယ် မဟုတ်လား”

ဒါရိုက်တာက ရဲ့လင်းချန်ကို အလွန် ဖော်ရွေသော အပြုံးနှင့် ကြည့်လိုက်သည်။

“မင်း ဘယ်လို ထင်လဲ”

“ခွီး”

သူ့ဘေးမှ ရိုက်ကူးရေး အဖွဲ့ဝင်က ရုတ်တရက် ထရယ်လာသည်။ သူ မရယ်ဘဲ အောင့်ထားနိုင်ရန် အတော်လေး ကြိုးစားခဲ့ရသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည်လည်း တခစ်ခစ်နှင့် ထိန်းမရအောင် ရယ်နေကြသည်။ ဟွမ်လေ့တို့ သုံးယောက်သည်လည်း ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် အသည်းအသန် ရယ်မောနေ၏။

ပြီးသွားပုံနှင့် ခန့်မှန်းထားသော အဆုံးသတ်၏ ခြားနားမှုက ကွာခြားမှု ကြီးလွန်းလှသည်။ ယင်းက အလွန် စိတ်ကူးယဉ် ဆန်လှပြီး တကယ်လည်း ရယ်စရာ ကောင်းလှသည်။

လက်ရှိတွင် ရဲ့လင်းချန် ပြသခဲ့သော ကြီးမားသည့် ခွန်အားကြောင့် သူ့ကို တအံ့တဩနှင့် လက်ခုပ်တီး၍ ဩဘာ ပေးသင့်သော်လည်း သစ်ပင်ကြောင့် အားလုံး ပျက်စီးသွားလေသည်။

ထို့အပြင် ရဲ့လင်းချန်သည် ထိုအခါတွင်မှ သတိပြန်ဝင်လာပုံရသည်။ သူသည် သူ၏ လက်ရာကို တအံ့တဩနှင့် ကြည့်နေ၏။ သူသည် အစောပိုင်းက လက်သီးနှင့် ထိုးလိုက်သောလူနှင့် လုံးဝ မတူညီပုံ ပေါက်နေပြီး ယင်းပုံစံက အလွန် ရယ်ချင်စရာ ကောင်းလှပြီး ချစ်စရာလည်း ကောင်းနေပေသည်။

[ဟားဟားဟား ရယ်ရလွန်းလို့ သေတော့မယ်၊ အခုချိန် ရဲ့နတ်ဘုရားရဲ့ စိတ်ထဲမှာ ဘယ်လောက် ထိုင်းမှိုင်းနေမလဲ ငါ သိချင်လိုက်တာ]

[ထင်ထားတဲ့အတိုင်းပဲ ခပ်မိုက်မိုက်ပုံ လုပ်ရတာ ပျော်ဖို့ကောင်းတယ်၊ ဒါပေမဲ့ အဆုံးသတ်ကျတော့ သူက မိုးကြိုး ပစ်ချခံလိုက်ရသလိုပုံ ပေါက်နေတယ်]

[ရဲ့နတ်ဘုရားရေ မင်း‌ နောက်တစ်ခါ ခပ်မိုက်မိုက်ပုံ လုပ်ရဲသေးလားလို့ ငါ မေးချင်ပါတယ်]

[ရဲ့နတ်ဘုရား: ငါက ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ငါ ဘာလုပ်နေတာလဲ၊ ငါ့အရှေ့က သစ်ပင်မှာ အပေါက် တစ်ပေါက် ရှိနေတာလား]

[ရဲ့နတ်ဘုရား မင်းက ပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့တယ်၊ ငါ မင်းကို ပြင်းပြင်းထန်ထန် အရေးယူမယ်]

…

ရဲ့လင်းချန်သည် သူ့အရှေ့မှ သစ်ပင်ကို ကြည့်ပြီး မျက်လုံးများက မသိမသာ ဝင်းလက်သွားသည်။ သူက ချက်ချင်း ကိုယ်ကိုကိုင်း၍ ပေါက်ထွက်သွားသော အစိတ်အပိုင်းကို ကောက်ယူ၍ အပေါက်ထဲသို့ နည်းနည်းချင်း ပြန်ထည့်လေသည်။ အပေါက်တစ်ခုလုံးကို ပြန်ဖြည့်ပြီးမှ သူ ရပ်လိုက်သည်။

“အစ်ကို သစ်ပင် ကျွန်တော် တောင်းပန်ပါတယ်၊ ခင်ဗျားရဲ့ ပျောက်သွားတဲ့အပိုင်းကို ကျွန်တော် ပြန်ပေးပြီးပါပြီ၊ ခင်ဗျား ရှင်သန်နိုင်မလား ဆိုတာကတော့ ခင်ဗျားပေါ်မှာပဲ မူတည်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ …”

ရဲ့လင်းချန်က အစ်ကိုသစ်ပင်ကို ဝမ်းနည်းစွာ ပြောလိုက်သည်။ သူ ထိုသို့ပြောပြီးသည်နှင့် ဘာမှမဖြစ်ခဲ့သကဲ့သို့ အိမ်ဘက်သို့ ပြန်လျှောက်လာသည်။

“ရဲ့နတ်ဘုရား၊ အားကစားမှာ ထူးချွန်တဲ့လူတွေက လူထူးလူဆန်းတွေလို့ ပြောကြတယ်၊ မင်းက ဘတ်စကက်ဘောမှာ တအား တော်ပြီးတော့ လူထူးလူဆန်းတွေထဲက တစ်ယောက်ပဲ”

ဟွမ်လေ့သည် အခြားသူများနှင့်အတူ အောက်ထပ်သို့ ဆင်းလာပြီး စိတ်အားထက်သန်စွာ ပြောလေသည်။

“ရဲ့နတ်ဘုရား၊ မင်းလက်တွေ အဆင်ပြေရဲ့လား”

ဟယ်ကျားက ကြင်နာစွာ မေးလာပြီး ပတ်တီးကိုပင် ကိုင်ထားလေသည်။

ဖြစ်ရပ်တိုင်းတွင် သက်ရောက်မှုက အပြန်အလှန်ပင် ဖြစ်သည်။ သစ်ပင်ကို လက်သီးနှင့် ထိုးလိုက်ခြင်းက ရဲ့လင်းချန်၏ လက်ကိုလည်း ထိခိုက်စေလောက်ပြီး အများစုသည် ထိုဒဏ်ကို ခံနိုင်စွမ်း မရှိကြပါ။

“အဆင်ပြေပါတယ်”

ရဲ့လင်းချန်က ခေါင်းခါပြသည်။

“တကယ် အဆင်ပြေရဲ့လား”

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က မယုံသော အမူအရာနှင့် ဖြစ်နေကြသော်လည်း ရဲ့လင်းချန်၏ လက်ဖမိုးကို မြင်သောအခါ သူ၏ အများနှင့်မတူသော ပုံစံကြောင့် ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။ လက်တွင် ဒဏ်ရာ မဆိုထားနှင့် အနီရောင် အမှတ်အသားပင် မရှိပါ။

သူတို့၏ မနက်စာမှာ ကြော်ငြာသူများ စပွန်ဆာပေးထားသည့် ပြောင်းဖူးပြုတ်နှင့် milkshakes ဖြစ်သည်။ ရိုးရှင်းသော မနက်စာကို စားပြီးနောက် အားလုံးက စားပွဲဝိုင်း၌ ထိုင်၍ စကားပြောနေကြသည်။

ထိုသို့သောအချိန်၌ ရိုက်ကူးရေး အဖွဲ့မှ ဝန်ထမ်းတစ်ယောက်က ရောက်လာသည်။

“အားလုံးပဲ ကျွန်တော်တို့မှာ ကြေညာစရာလေး ရှိပါတယ်”

ထိုစကားက လူတိုင်းကို စူးစမ်းစိတ်ဖြင့် စိတ်ဝင်တစား ဖြစ်လာစေသည်။

“ဘာဖြစ်လို့လဲ”

ဟွမ်လေ့က မေးလိုက်သည်။

“ခြံဝင်းထဲက သစ်ပင်က ရက်ရက်စက်စက် ပျက်စီးသွားပြီ၊ အားလုံး မြင်တာပဲလေ”

ဒါရိုက်တာက ပြောသည်။

“ဟားဟားဟား ငါ မြင်တယ်လေ”

သစ်ပင်အကြောင်း ပြောသောအခါ အားလုံးက ရယ်မောကြသည်။

သို့သော် တစ်ခုခု မူမမှန်ကြောင်း သိသာသည့် အရိပ်အယောင်များ ပါရှိနေသဖြင့် ဟယ်ကျားက မေးလိုက်သည်။

“ဒါရိုက်တာ၊ ရဲ့နတ်ဘုရားက တမင်သက်သက် လက်သရမ်းပြီး ဖျက်ဆီးတာ မဟုတ်ပါဘူး၊ ခင်ဗျား အဲ့ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်မလို့တော့ မဟုတ်ဘူးမလား”

“ဟုတ်တယ် ဒါရိုက်တာ၊ ရဲ့နတ်ဘုရားက တမင်သက်သက် သစ်ပင်ကို ချိုးတာမှ မဟုတ်တာ”

ကျောက်လျန့်ရင်က နှုတ်ခမ်းစူလာသည်။ ဒါရိုက်တာက ခေါင်းခါသည်။

“မဆိုင်ဘူး၊ မင်း ဖျက်ဆီးရင် ဒါ ဖျက်ဆီးတာပဲ၊ ရဲ့နတ်ဘုရားက ဒီအတွက် တာဝန်ယူရမယ်”

“ကောင်းပြီလေ၊ ကျုပ် လုပ်ခဲ့တာအတွက် ကျုပ် တာဝန်ယူမယ်”

ရဲ့လင်းချန် ထရပ်လိုက်သည်။

“ကျုပ် တာဝန်ယူဖို့ ဘာလုပ်ဖို့ လိုလဲ ပြောပါ၊ ကျုပ်မှာ ပိုက်ဆံမရှိဘူး၊ ကျုပ်အသက်ကိုလည်း ခင်ဗျားကို မပေးနိုင်ဘူး … ဘာပဲဖြစ်ဖြစ် ကျုပ်မှာ ဘာမှမရှိဘူး၊ အဲ့တော့ ခင်ဗျားဘာသာ စဉ်းစားပေါ့”

“ခွီး … ဟားဟားဟား …”

ရုတ်တရက်ဆိုသလို အားလုံး ရယ်မောသွားကြသည်။ ဒါရိုက်တာသည်လည်း ရယ်မောနေ၏။

“ကျုပ် ပိုက်ဆံ မလိုချင်သလို အသက်ကိုလည်း မလိုချင်ပါဘူး၊ ဒါပေမဲ့ ဘဝ၏ ရုန်းကန်ခြင်းရဲ့ တစ်ပိုင်းစီတိုင်း အတွက် ဧည့်သည်တွေကို ယွမ်နှစ်ရာ ပေးတယ်၊ ရဲ့နတ်ဘုရားက ခြံဝင်းထဲက သီးပင်စားပင်ကို ဖျက်ဆီးပစ် လိုက်တာ ဆိုတော့ ကျုပ်တို့ ဒီယွမ်နှစ်ရာကို နုတ်ယူပြီး လျော်ကြေးအဖြစ် သုံးမယ်”

“နုတ်မယ် ဟုတ်လား၊ ဒါရိုက်တာ ကျုပ်တို့ ဒီအပိုင်းအတွက် ဘာပိုက်ဆံမှ မရဘူးလို့တော့ မပြောနဲ့နော်”

အားလုံး အံ့ဩသွားပြီး ဒါရိုက်တာအား မကျေနပ်သော အကြည့်ဖြင့် ပြောလာကြသည်။

“အဲ့လို ဖြစ်သွားမှာပါ”

ဒါရိုက်တာက ခေါင်းညိတ်ပြသည်။

“မဖြစ်ဘူး၊ ငါတို့မှာ ပိုက်ဆံ တပြားမှ မရှိရင် ဘာသွားစားကြမှာလဲ၊ ငါတို့ အဆာခံရလို့ ဘာမှမဖြစ်ပင်မယ့် ငါတို့ အထူးဧည့်သည်တွေကို အဆာခံခံတိုင်းက လွန်သွားပြီ၊ အထူးသဖြင့် မိန်းကလေး နှစ်ယောက်ကိုလေ”

ဟယ်ကျားက ပြော၏။

ဒါရိုက်တာက မတတ်သာဟန်ဖြင့် ပခုံးတွန့်ပြသည်။

“မင်းတို့ နည်းလမ်းရှာဖို့ လိုတယ်၊ ဒီရှိုးရဲ့ ခေါင်းစဉ်က ဘဝရဲ့ ရုန်းကန်ခြင်းလေ၊ အဲ့တော့ မင်းတို့ ကိုယ့်လက် ကိုယ့်ခြေနဲ့ အသက်ရှင်သန်ဖို့ လိုတာပေါ့၊ အခြေအနေက ဘယ်လောက် ဆိုးတယ်လို့ပဲ ထင်ရပါစေ ငါတို့ရဲ့ ပြောင်းဖူးနဲ့ ကန်စွန်းဥတွေက စိုက်ခင်းထဲမှာ ရှိပါသေးတယ်၊ ကိုယ့်ဘာသာကိုယ် ရိတ်သိမ်းလို့ရတယ်၊ ဒါဆို မင်းတို့ ဆာလောင်မှုကြောင့် မသေတော့ဘူးပေါ့”

“ပြောင်းဖူး၊ ကန်စွန်းဥ ဟုတ်လား၊ ငါတို့ အဲ့ဒါတွေကို ဘယ်လိုလုပ် အချိန်တိုင်း စားနိုင်မှာလဲ”

ဝေ့တရွှင်း မျက်ရည်ကျလုနီးပါး ဖြစ်လာသ်ည။

“ဒါရိုက်တာ မင်း ငါတို့ကို တစ်ရာလောက် ပေးပါလား၊ အဲ့လောက်ဆို အဆင်ပြေပါတယ်၊ အနည်းဆုံးတော့ ငါတို့ ထမင်း တစ်နပ်ချင်းစီက အသားကို လျှော့သွားလို့ ရတယ်”

“မင်းက ပိုက်ဆံရော ငါတို့ အသက်ကိုပါ လိုချင်နေတာပဲ”

“မနေ့က ကောင်းကောင်း စားရတယ် မဟုတ်ဘူးလား၊ ဘာတွေ ဖြစ်ကုန်တာလဲ”

ရဲ့လင်းချန် မေးလိုက်သည်။ ဟယ်ကျားက ခါးသက်စွာ ပြုံးလေသည်။

“အဲ့ဒါက ပထမဆုံးနေ့အတွက်ပဲ၊ အဲ့ဒါက ငါတို့ရဲ့ အထူးဧည်သည့် သုံးယောက်ကို ကြိုဆိုဖို့ ထောက်ပံ့ပေးတဲ့ အကျိုးအမြတ်ပဲ၊ နောက်ရက်တွေအတွက်က ငါတို့ဘာသာ ငါတို့ အားကိုးရမယ်၊ ယွမ်နှစ်ရာက အစက အထူးဧည့်သည်တွေအတွက် တစ်ပိုင်းစီအတွက် အာမခံအနေနဲ့ ပေးတာ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ဤရသစုံရှိုးပွဲအား ဘဝ၏ ရုန်းကန်ခြင်းဟု ခေါ်သည်က မထူးဆန်းတော့ပေ။ ထိုအခြေအနေများကြောင့် ခေါ်ဆိုခြင်းပင်တည်း။

“ယွမ်နှစ်ရာက ဘာအတွက်မှ မကောင်းဘူးလေ၊ ဟုတ်တယ်မလား”

ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်သည်။

“ငါတို့က လူတွေအများကြီး ရှိတာ၊ တစ်နပ်ထဲနဲ့ ကုန်မှာပဲ”

“ဘာမှမရှိတာထက် ပိုကောင်းတယ်လေ၊ အရင်အပိုင်းတွေအတွက် ယွမ်နှစ်ရာနဲ့ စိုက်ခင်းထဲက သီးနှံတွေကိုပါ ပေါင်းလိုက်ရင် စားလို့ရပြီ၊ ယွမ်နှစ်ရာ မရှိရင် အသားကို နှုတ်ဆက်ရလိမ့်မယ်”

ဟွမ်လေ့က စိတ်ဓာတ်ကျစွာ ပြောသည်။

“အာ ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ရဲ့နတ်ဘုရား၊ ရှင် ဒီနေ့ ကျွန်မတို့ကို ငါးစွပ်ပြုတ် လုပ်ကျွေးမယ်လို့တောင် ပြောထားတာလေ”

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ နှုတ်ခမ်းစူလာကြသည်။

…

All Chapters