ဗဟုသုတ အနည်းငယ်
Vol. 28 Ch. 415
ရဲ့လင်းချန် ထိုနေရာ၌ ပုံသဏ္ဌာန် ပြင်ထားသော်လည်း သူ၏ အွန်လိုင်း ပရိသတ်များက ဂနာမငြိမ် ဖြစ်နေပြီး အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။
[သောက်ကျိုးနည်း ငါ အံ့ဩစရာကောင်းတဲ့ အရာတစ်ခုကို သိလိုက်ရတာပဲ၊ ရဲ့နတ်ဘုရားက ဟူယွဲ့အာရဲ့ လည်ပင်းမှာ ကျောက်စိမ်း ဆွဲကြိုး ရှိနေတာကို ဘယ်လိုလုပ် သိတာလဲ]
[လခွမ်း တကယ်ကြီးဟ၊ ကျောက်စိမ်းက လုံးဝ လူမြင်ကွင်းမှာ ထုတ်ပြခဲ့တာ မဟုတ်ဘူး၊ မဟုတ်မှလွဲရော ရဲ့နတ်ဘုရားက ဟူယွဲ့အာ ရေချိုးတုန်းက ချောင်းကြည့်ထားတာလား၊ လုံးဝ မိုက်တယ်ကွာ]
[အဓိကက ဟူယွဲ့အာက သူ့ကို တကယ် ငှားလိုက်တာပဲ၊ ဘယ်လောက် အဖိုးတန်လဲဆိုတာကို မပြောနဲ့ဦး၊ မိန်းကလေးတွေက သူတို့ ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ် ဝတ်ဆင်တဲ့ ပစ္စည်းတွေကို ယောက်ျားတွေကို ငှားတတ်လို့လား]
[မသင်္ကာစရာပဲ၊ လုံးဝကို မသင်္ကာစရာပဲ]
[သွားပြီ၊ ငါ့ရဲ့ နတ်ဘုရားမလေး ဟူယွဲ့အာက ရန်သူ့လက်ထဲ ကျသွားတော့မှာလား၊ မဖြစ်ဘူး၊ ငါ့နှလုံးသားလေး … နာကျင်နေပြီကွာ]
…
ရဲ့လင်းချန်သည် တရုန်းရုန်း ဖြစ်နေသော မှတ်ချက်များကို မြင်ပါက ပြုံးသွားလောက်သည်။ တကယ်လည်း သူ မြင်ခဲ့ပါသည်။ သို့သော် သူ ခိုးကြည့်ခြင်း မဟုတ်ဘဲ မြင်နိုင်သည့် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။ သူမကို သူ နှိပ်ပေးစဉ်က တွေ့ခဲ့ခြင်း ဖြစ်သည်။
ကျောက်လျန့်ရင်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ ရဲ့လင်းချန်က ဟူယွဲ့အာနှင့် ရင်းနှီးသွားသည်ကို မြင်သောအခါ သူမ အလွန် စိတ်တိုလာရသည်။
*အဲ့ဒါက ကျောက်စိမ်းလေးပဲ မဟုတ်ဘူးလား၊ နောက်တစ်ခါကျရင် ငါ ကောင်းတဲ့ ကျောက်စိမ်းလေး ဝယ်ထား ရမယ်*
ကျောက်စိမ်းကို နေရာချပြီးနောက် ရဲ့လင်းချန်က ပိုက်ကွန်ကို ပြင်၍ ရေစီးကြောင်း အဝတည့်တည့်ဖြစ်သော ကျောက်စိမ်းရှေ့၌ ချလိုက်သည်။
“ငါးကို အဲ့လို ဖမ်းဖို့ တကယ် ဖြစ်နိုင်လို့လား”
ဟူယွဲ့အာက သိချင်စိတ်ဖြင့် မေးပြီး ရဲ့လင်းချန်၏ ပဟေဠိဆန်သော စီစဉ်မှုကို ကြည့်နေသည်။
သို့သော် ကန်ထဲမှ ငါးများက လုံးဝ အောက်ဘက်သို့ မကူးသည်ကို သူတို့ သတိထားမိသည်။ အဝနားသို့ ဖြတ်သွားရန် အတော်လေး အချိန်ကြာသွားသည်။ ဘယ်လိုလုပ် ငါးတစ်ကောင် ပိုက်ကွန်ထဲ ဖမ်းမိသည်ကို ထိုင်စောင့်နေနိုင်ပါမည်နည်း။
“သေချာကြည့်ထား”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
သူ့စကားဆုံးပြီး သိပ်မကြာခင်မှာပင် ကန်ထဲမှ ငါးတစ်ကောင်က လှုပ်ရှားလာသည်။ ထို့နောက် တစ်ခုခုကို နှိပ်လိုက်သကဲ့သို့ ထိုအရပ်မျက်နှာသို့ ဖြည်းဖြည်းချင်း ကူးခတ်လာလေ၏။
“လာနေပြီလား၊ တကယ်ကြီး လာနေတာပဲ”
ကျောက်လျန့်ရင်၏ မျက်လုံးများ အရောင်တောက်လာပြီး စိတ်လှုပ်ရှားမှုကြောင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။ ထို့နောက် သူမသည် တဖြည်းဖြည်း နီးကပ်လာနေသော ငါးကို စိုးရိမ်တကြီး ကြည့်နေမိသည်။
ထို့နောက် ထိုငါးသည် အဝကို သူ့ဘာသာသူ တိုးဝင်လာပြီး ပိုက်ကွန်ထဲ ဝင်သွားလေသည်။ ရဲ့လင်းချန်က ပိုက်ကွန်ကို မြန်မြန်ဆွဲယူ၍ ငါးကို ကုန်းပေါ် ပစ်တင်လိုက်သည်။
“ဖလပ် ဖလပ်”
ငါးသည် အသက်ရှိနေသေးပြီး ကုန်းပေါ်၌ သုံးပေမျှ ခုန်လိုက်သေးသည်။ ၎င်းက မြေကြီးကို အမြီးနှင့် တဖတ်ဖတ် ရိုက်နေ၏။
“ငါတို့ မိပြီလား၊ ငါတို့ ငါး ဖမ်းမိပြီပဲ”
ကျောက်လျန့်ရင်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်နှာလှလှလေးတွင် မယုံကြည်နိုင် ဟန်တို့နှင့် ပြည့်နှက်နေသည်။
“ရှင်က တော်တော် အံ့ဩဖို့ ကောင်းတာပဲ၊ ရှင်က ငါးကို ဒီလောက် လွယ်လွယ်လေး ဖမ်းနိုင်တာပဲ”
ဟူယွဲ့အာသည်လည်း အံ့ဩနေသည်။ ရဲ့လင်းချန်က သာမန် အကျင့်စရိုက်နှင့် လူတစ်ယောက်ဟု သူတို့ အမြဲ ထင်ထားသော်လည်း သူက ငါးကို ဒီလောက် အလွယ်တကူ သူတို့ လုံးဝ ထင်မထားမိပါ။ ရဲ့လင်းချန်အတွက်မှာမူ ယင်းက အသေးအမွှားကိစ္စလေးပင်။
ထိုခံစားချက်က သူမအတွေးကို မှိုင်တွေသွားစေသည်။ သူတို့က ဝင်အဖမ်းခံရန် တမင်များ စောင့်နေသလားဟု သူမ အထင်မှားမိသည်။
[ငါ ဒါကို မြင်ပြီးတော့ ခဏလောက် ငိုင်သွားတယ်၊ ဘာဖြစ်သွားတာလဲဆိုတာကို တစ်ယောက်ယောက် ရှင်းပြ နိုင်မလား]
[အဲ့ငါးက ဦးနှောက်မရှိတာလား၊ ဘာပိုက်ကွန်မှ မရှိတုန်းကတောင် သူတို့ အဲ့ဘက်ကို မကူးဘူး၊ ပိုက်ကွန် ရှိတာနဲ့ သူတို့က ကူးလာတာပဲ]
[သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ အဲ့ငါးတွေက သူတို့ ငါးဘဝကို မုန်းလို့ တမင်သက်သက် သေကြောင်း ကြံတာ ဖြစ်မယ်]
[သရုပ်ဆောင်၊ ဒီငါးက သရုပ်ဆောင်တစ်ယောက်ပဲ၊ သူတို့ သရုပ်ဆောင် စွမ်းရည်က မိုက်တယ်ဟေ့ …]
…
ထိုသို့သောအချိန်၌ ရဲ့လင်းချန်က ရေထဲသို့ ပိုက်ကွန် ပြန်ချလိုက်သည်။
ထိုအခိုက်တွင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် စကားပြော ရပ်သွားပြီး တိုက်ရိုက် ထုတ်လွှင့်ခြင်း၏ ဖန်သားပြင်တောင်မှ တိတ်ဆိတ်နေသည်။ ထိုငါးတွေ ဘာဖြစ်သွားမလဲ သူတို့ သိချင်နေသည်။
ထိုအခိုက်တွင် သူတို့သည် ယခင်လောက် ကြာကြာ မစောင့်လိုက်ရပေ။ ငါးတစ်ကောင်က လူးလွန့်၍ လျင်မြန်စွာ ကူးခတ်လာပြီး ပိုက်ကွန်ကို ခေါင်းနှင့်တိုက်သည်။ ထိုအခါ ရဲ့လင်းချန်က ဆွဲမ၍ ကုန်းပေါ် ပစ်တင်လိုက်သည်။
“လင်းချန် ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီငါးတွေကို ရှင် ညှို့လိုက်တာလား”
ကျောက်လျန့်ရင်က ပါးစပ်လေး ဟနေပြီး ငြိမ်နေကာ သူမမျက်နှာတစ်ခုလုံးတွင် အံ့ဩသော အရိပ်အယောင်တို့ ဖုံးလွှမ်းနေ၏။
“ဟုတ်တယ်၊ ငါက ငါးတွေနဲ့ ဆက်သွယ်နိုင်တယ်လေ၊ ဒီကျောက်စိမ်းကို တွေ့လား၊ ဒါ ငါ့အတွက် သူတို့နဲ့ ဆက်သွယ်ဖို့ ကြားခံပဲ၊ သူတို့ကို ဒီမှာ ရေသူမတွေ ရှိတယ်လို့ ငါ ပြောလိုက်တာ၊ သူတို့က တက်တက်ကြွကြွနဲ့ ကူးလာတာပဲ”
“တကယ်လား”
ကျောက်လျန့်ရင် ထိတ်လန့်စွာ ပင့်သက်ရှိုက်လိုက်မိသည်။
“ဘယ်ဟုတ်မလဲ”
ရဲ့လင်းချန်သည် ချစ်စရာကောင်းပြီး ရူးကြောင်ကြောင်နိုင်သည့် ကျောက်လျန့်ရင်၏ ဉာဏ်ရည်ကို စိုးရိမ် လာသည်။ သူမက ဘာပြောပြော ယုံနေပါတကား။
“ခုနက လင်းချန် ထည့်လိုက်တဲ့ ကျောက်တုံးတွေနဲ့ ပတ်သက်နေတယ်လို့ ငါ ထင်တယ်၊ အဲ့ဒါက ဒီငါးတွေကို တစ်ခုခု ဆွဲဆောင်နေတာလား”
ဟူယွဲ့အာ ခန့်မှန်းကြည့်လိုက်သည်။
“တော်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“တကယ်တော့ ဒီလိုစီစဉ်ထားတာက အစီအရင်တစ်ခုပဲ၊ အဓိက အကျဆုံးက မင်းကျောက်စိမ်းရဲ့ သက်ရောက်မှုပဲ၊ ကျောက်စိမ်းကောင်းတွေက စိတ်ဝိညာဉ် စွမ်းအင်ကောင်းတွေကို ပိုင်ဆိုင်ထားပြီးတော့ သဘာဝနဲ့ နီးစပ်စေတယ်၊ အဲ့ဒါက သတ္တဝါတွေကို ပိုပြီး နီးကပ်လာသလို ခံစားရစေတယ်၊ သူတို့ ဒီကို ဆွဲဆောင်ခံလိုက်ရတာက ပုံမှန်ပါပဲ”
“ဝိုး … ဒါက တကယ်ပဲ အစီအရင်ပညာလား၊ ဒဏ္ဍာရီလာ အစီအရင်ပညာက တကယ်ကြီးလား”
ဟူယွဲ့အာက ချက်ချင်း တအံ့တဩ ပြောသည်။
“ဒါပေါ့၊ ရှေးခေတ်ကတည်းက အစီအရင်က စစ်သားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီးတော့ သူတို့ရဲ့ ရက်စက်မှုကို တိုးစေတယ်လို့ ပြောကြတယ်၊ အဲ့ဒါ အကြောင်းမဲ့ သက်သက် မဟုတ်ဘူး၊ ပြောင်းလဲမှုများ စာအုပ်ထဲမှ ဆဋ္ဌဂံ ရှစ်ခု အင်းကွက်လည်း ရှိတယ်၊ ပြီးတော့ ရှေးခေတ် လှပသော နိုင်ငံမှ ဆန်းကြယ်တံခါး ပညာလည်း ရှိတယ်၊ ငါ ဒီအပေါ်မှာ နည်းနည်းလောက် သုတေသန လုပ်ခဲ့တယ်၊ ဒါပေမဲ့ ငါ့ဗဟုသုတက အကန့်အသတ်နဲ့ ဖြစ်နေတယ်”
ရဲ့လင်းချန်က ပြောလိုက်သည်။
“တချို့ အစီအရင်က လူတွေကို ထင်ယောင်ထင်မှား လုပ်နိုင်တယ်လို့ ငါ ကြားဖူးတယ်၊ တစ်ချို့ကျတော့ သူတို့ဘာသာ သူတို့ ပြောင်းလဲသွားတယ်တဲ့၊ အဲ့ဒါ ဟုတ်လား”
ဟူယွဲ့အာက လက်ရှိတွင် စူးစမ်းချင်သော ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
“အင်း … နိုးလိုက်တော့၊ မင်း စိတ်ကူးယဉ် ဝတ္ထုတွေ ဖတ်တာ များနေတာပဲ”
ရဲ့လင်းချန်က မှတ်ချက် ပြုလိုက်သည်။
တကယ်တမ်းတွင် ဟူယွဲ့အာ ပြောသော ကိစ္စများသည် အစီအရင် ပြည့်စုံသွားပြီးလျင် လုပ်နိုင်စွမ်း ရှိသည်။ သူ့အတွက် အစီအရင်ထဲမှ ရာသီဥတုကို ပြောင်းလဲနိုင်စွမ်း ရှိသလို သီးသန့်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနိုင်ချေ ရှိသည်။ သို့သော် ဤသို့သော ဆန်းကြယ်မှုများကို တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ ကြွားလုံးထုတ်၍ မဖြစ်ပါ။ သို့မဟုတ်ပါက အရူးတစ်ယောက်နှင့် တူသွားပေလိမ့်မည်။
ဟူယွဲ့အာက မကျေမနပ် ပြောလိုက်သည်။
“မုန်းလိုက်တာနော်”
ကျောက်လျန့်ရင်သည် စကားပြောလိုက်၊ ရယ်လိုက် ဖြစ်နေသော နှစ်ယောက်ကို ကြည့်ပြီး ငါးဖမ်းမိ၍ ပျော်နေသော စိတ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ သွေးပျက်သလိုသာ ခံစားနေရသည်။ သူမ သူတို့ကို ဝင်ဖျက်ချင်သော်လည်း သူမ ဘာပြောရမယ်မှန်း မသိပေ။ သူမ စိတ်ဓာတ်ကျသလို ခံစားရပြီး ရဲ့လင်းချန်၏ ရင်ထဲ၌ သူမက ရူးကြောင်ကြောင် ကောင်မလေးတစ်ယောက် သက်သက်ပဲလားဟု သူမ သိချင်နေမိသည်။
ဟူယွဲ့အာ၏ ရဲ့လင်းချန်ရှေ့၌ ချစ်စရာကောင်းအောင် လုပ်နေပုံကိုကြည့်ပြီး ကျောက်လျန့်ရင် ပို၍ ဒေါသထွက်လာရသည်။
*ဒီမိန်းမ ချစ်စရာကောင်းချင်ယောင်ဆောင်နေတာက အရှက်မရှိလိုက်တာ*
“ငါးသုံးကောင်က လုံလောက်ပါပြီ”
ရဲ့လင်းချန်သည် ရေထဲမှ ကျောက်စိမ်းကို ကောက်ယူပြီး ဟူယွဲ့အာအား ပြန်ပေးလိုက်သည်။ ထို့နောက် သူက ငါးသုံးကောင်ကို ပိုက်ကွန်ထဲ ပြန်ထည့်လိုက်သည်။
“လင်းချန် နင် ဒါကို အသုံးချပြီး နည်းနည်းလောက် ပိုမဖမ်းတော့ဘူးလား”
ကျောက်လျန့်ရင်က ရေကန်ထဲမှ ငါးများကို လောဘတက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
“ဒါ ငါတို့အတွက် စားဖို့ လောက်ပါတယ်၊ ငါတို့ စားချင်လာရင် နောက်တစ်ခေါက် ထပ်လာလို့ ရတာပဲ၊
ရဲ့လင်းချန်အတွက် ငါးဖမ်းရသည်က မခက်သဖြင့် အကုန်လုံးကို သတ်ရန် မလိုအပ်ပါ။
“ဒါဆို နောက်တစ်ခါ ဖမ်းရင် ကျွန်မ ရှင့်ကို အဖော်လုပ်ပေးမယ်”
ကျောက်လျန့်ရင်က ခပ်သွက်သွက်ပြောပြီး ပျော်ရွှင်၍ သူမရင်ထဲ၌ မျှော်လင့်စိတ်တို့ ဖြစ်ပေါ်နေသည်။
“ရတာပေါ့”
ရဲ့လင်းချန် ပြုံးလိုက်ပြီး ထရပ်ကာ ရေကန်ထဲမှ မြက်ပင်တစ်ပင်နား လျှောက်သွားသည်။
“အဲ့ဒါက ဘာလဲ”
“ခေါင်းလောင်းပုံ နှင်းပန်းတစ်မျိုးပဲ”
ရဲ့လင်းချန်က အပင်ကို ယူရင်း ပြောပြသည်။
“ဒါက ယင်ဓာတ်နဲ့ အဆုတ်ကို အားဖြည့်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတွေထဲက တစ်ခုအဖြစ် စာရင်းဝင်တဲ့ ဆေးပင်ပဲ၊ ဂန္ထဝင် ဆေးပင်ထဲမှာ ဒါက ခန္ဓာကိုယ်ကို ဖိအားမပေးဘဲ အသက်ရှည်စေတဲ့ အကျိုးသက်ရောက်မှု ရှိပြီးတော့ အိုမင်းရင့်ရော်တာနဲ့ ဆာလောင်စိတ်ကို ဟန့်တားပေးတယ်လို့ ပြောထားတယ်၊ ပြီးတော့ နှလုံးကို သန့်စင်ပေးပြီးတော့ ဖိအားတွေကို ဖယ်ရှားပေးနိုင်တဲ့ သက်ရောက်မှုလည်း ရှိတယ်၊ ငါတို့က အစာကို ချိန်ပြီး လျော့စားတဲ့ ကုထုံးကို လုပ်နေတာဆိုတော့ တစ်ချို့ဆေးပင်တွေက မရှိမဖြစ်ပဲ”
“လင်းချန်၊ ရှင်က အများကြီး သိတာပဲ၊ ဆေးပင်တွေကိုတောင် ရှင် ခွဲခြားနိုင်တယ်”
ဟူယွဲ့အာက တအံ့တဩ ပြောသည်။
“ငါ တစ်ခု၊ နှစ်ခုလောက်ပဲ သိတာပါ”
*သောက်ကျိုးနည်းကို တစ်ခု၊ နှစ်ခုပဲ သိတာလား*
*သူက ရောဂါ ကုသတာနဲ့ ပတ်သက်ပြီး တစ်ခု၊ နှစ်ခုလောက်ပဲ သိတယ်*
*သူက ကွန်ဖူးနဲ့ ပတ်သက်ပြီး တစ်ခု၊ နှစ်ခုပဲ သိတယ်*
*သူက အစီအရင်နဲ့ ပတ်သက်ပြီး နည်းနည်းပဲ သိတယ်*
*အခု သူက ဆေးပင်နဲ့ ပတ်သက်ပြီး တစ်ခု၊ နှစ်ခုလောက်ပဲ သိပြန်ပြီ*
*ပြောပါဦး၊ အခြား ဘာတွေ သိသေးလဲလို့*