လီယုံကျောက်တိုင် ( ၂ )
Vol. 26 Ch. 402
သွေးများ ပျောက်သွားသောအခါတွင် ရွှီချင်းသည် ပိုးကောင်နက်များကို အာရုံခံနိုင်သွားသည်။
ထိုပိုးကောင်နက်များသည် အင်မော်တယ်ဂျယ်လီကို စုပ်ယူနိုင်ပြီးနောက် ရွှီချင်းပင် အာရုံမခံနိုင်လောက်သည့်အဆင့်သို့ ရောက်အောင် ကိုယ်ယောင်ဖျောက်နိုင်စွမ်း မြင့်မားသွားခဲ့သည်။
သို့သော်လည်း ၎င်းတို့အားလုံးကို ရွှီချင်းက အစာကျွေးထားခဲ့သည် မဟုတ်ပါလား။ ၎င်းတို့၏ခန္ဓာကိုယ်များထဲတွင် ရွှီချင်း၏အဆိပ်များဖြင့် ပြည့်နှက်နေသည်။ သူ၏သွေးကို မသောက်ရသည်မှာ ကြာပြီဖြစ်ပါသော်ငြား ၎င်းတို့မှာ အလိုလိုသိစိတ် ရှိနေဆဲပင်။
ရွှီချင်း၏သွေးကို စားသုံးပြီးနောက် သူတို့ကြားရှိ အချိတ်အဆက်က ပို၍ အားကောင်းလာခဲ့သည်။
“ စုစုပေါင်း သုံးရာခုနစ်ဆယ့်တစ်ကောင် ”
ရွှီချင်းသည် အားရကျေနပ်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
သို့သော်လည်း ယင်းသည် အစသာ ရှိသေးသည်ကို သူ နားလည်သည်။ ၎င်းတို့အား သူ ဆက်လက်ကျွေးမွေးရန် လိုနေသေးသည်။ ထို့ပြင် ထိုပိုးကောင်နက်များသည် အချိန်အတော်ကြာသည့်တိုင်အောင် အဆိပ်ကို မစားခဲ့ကြရသည်ဖြစ်၍ ဆာလောင်မွတ်သိပ်သည့်လက္ခဏာများ ပြသလာကြသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီချင်းသည် ဆိပ်ကမ်းမှ ထွက်သွားပြီး ရှစ်ဂိုဏ်းမဟာမိတ်၏ ပင်မမြို့ကြီးထဲရှိ ဆေးဆိုင်အသီးသီးတွင် အဆိပ်မြက်များစွာ ဝယ်ယူလိုက်သည်။ သူသည် တာအိုကလေးတစ်ယောက်၏ ပြုစုခြင်းမျိုး ရရှိထားသည်ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ကျောက်တုံးရှစ်သန်း ရရှိမည်ဖြစ်သည်။ ထို့ကြောင့် အဆိပ်မြက်များကို ဝေယူရာတွင် သူ ခေါင်းကိုက်မနေရတော့ပေ။
အဆိပ်မြက်ပင်အများစုက အဖိုးတန်ပြီး ကြုံတွေ့ရခဲသည်။ တချို့ဖော်စပ်ပြီးသား အဆိပ်များလည်း ပါဝင်သည်။ လိုအပ်သည်များအားလုံးကို ဝယ်ယူပြီးနောက် ရွှီချင်းက ပိုးကောင်နက်များအား စတင်ကျွေးမွေးလိုက်သည်။
ရွှီချင်းသည် အစက နည်းနည်းချင်းကျွေးရန် စီစဉ်ထားခဲ့သည်။
သို့သော် ပိုးကောင်နက်များမှာ အလွန် ဆာလောင်နေကြ၏။ အစက ပိုးကောင်နက်များမှာ အငမ်းမရစားသောက်ပြီး တောင့်မခံနိုင်မည်ကို စိတ်ပူ၍ နည်းနည်းချင်းကျွေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အဆိပ်မြက်ပင်များနှင့် အဆိပ်ဆေးများကို မြေပြင်တွင် သူ ချထားလိုက်တော့သည်။ ပိုးကောင်နက်များက ထိုအဆိပ်မြက်ပင်များပေါ် ခုန်ဝင်ကာ အငမ်းမရ စားသုံးလိုက်ကြသည်။
ထိုသို့ဖြင့် ခုနစ်ရက်တာ ကုန်လွန်သွားသည်။ ပိုးကောင်နက်များသည် အဆိပ်မြက်များကို ပို၍ စားသုံးလာခဲ့ပြီး နေ့စဉ်နှင့်အမျှ ရေသွန်ချနေသည့်အလား ဝိညာဉ်ကျောက်တုံးများ တဖျောဖျော ကုန်နေခဲ့သည်။ ပိုးကောင်နက်များက အင်မော်တယ်ဂျယ်လီကို စားသုံးခဲ့ကြသည့်အတွက်ကြောင့်ပေလော၊ ၎င်းတို့၏ခန္ဓာကိုယ်များထဲရှိ အဆိပ်က ပို၍ ပြင်းထန်လာခ့သည်။
သာမန်ကောင်းကင်နန်းတော်ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပင် ထိုပိုးကောင်နက်များ၏ ကိုက်ခြင်းခံရပြီး အဆိပ်မိသွားပါက ချက်ချင်း ဇီဝိန်ချုပ်သွားမည် ဖြစ်သည်။
ရွှီချင်းမှာ တအံ့တသြ ဖြစ်သွားရသည်။ ထို့နောက် အဆိပ်တားမြစ်ဆေးကို သူ ထုတ်လိုက်ပြီး နန်းဟွမ်ကျွန်းကြီးတွင် ရှိစဉ်က တွေးထားခဲ့သော စိတ်ကူးအား ဆက်လက်အကောင်အထည်ဖော်လိုက်သည်။ သူသည် ပိုးကောင်နက်များအား ထိုအဆိပ်ထဲတွင် အသက်ရှင်နိုင်သည်အထိ မွေးမြူချင်ပေသည်။
သို့သော်လည်း ထိုဖြစ်စဉ်က မချောမွေ့ခဲ့ပေ။ ပိုးကောင်နက်များက သန္ဓေပြောင်းသွားခဲ့ပြီး ယခင်ကထက် ပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့ပါသော်လည်း အဆိပ်တားမြစ်ဆေးက ကြောက်မက်ဖွယ်ကောင်းသည်။ ပိုးကောင်နက်များမှာ အနည်းငယ် ကြာမြင့်စွာ တောင့်ခံနိုင်ခဲ့ပါသော်ငြား အဆိပ်ထဲတွင် လုံးလုံးလျားလျား မနေနိုင်သေးပေ။
သို့သော် ရွှီချင်းမှာ အလွန် အားရကျေနပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤပိုးကောင်နက်များသည် အဆိပ်တားမြစ်ဆေးမှ အဆိပ်များကို ဝါးမျိုနိုင်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှာ သိုလှောင်ထားနိုင်သည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
၎င်းတို့မှာ ထိုအဆိပ်များကို အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်ခြင်းမရှိဘဲ ရက်အနည်းငယ်ကြာသည်အထိ ပျို့အန်နေတတ်ပြီး ၎င်းတို့၏ခန္ဓာကိုယ်များ ပုပ်ပွလာတတ်ပါသော်လည်း ယင်းသည်ပင် ရွှီချင်း၏တိုက်ရည်ခိုက်ရည်ကို ကြီးမားစွာ တိုးတက်စေရန် လုံလောက်ပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူသည် နှစ်ဦးနှစ်ဖက် ဒဏ်ရာရစေသည့်နည်းအစား အဆိပ်တားမြစ်ဆေးကို အကန့်အသတ်တစ်ခုအထိ ဝှက်ဖဲအဖြစ် အသုံးချနိုင်ပြီ ဖြစ်သည်။
ယင်းကြောင့် သူ အလွန် စိတ်လှုပ်ရှားနေရသည်။ ထို့ကြောင့် သူ နောက်တစ်သုတ် စတင်ဝယ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် အဆိပ်မြက်ပင်များနှင့် အဆိပ်များကို သူ မဝယ်ယူတော့ဘဲ သားရဲများကို ဝယ်ယူလိုက်သည်။
နန်းဟွမ်ကျွန်း၌ ပိုးကောင်နက်များ ပြန်လည်ထုတ်လုပ်ရေးအတွက် လူဆိုးထိန်းဌာန၌ သူ အသုံးချနိုင်သော သေမိန့်ကျ အကျဉ်းသားများ ရှိသည်။ ယခု သူ တာဝန်ယူထားရသည့်ဌာန၌ အကျဉ်းသားတစ်ယောက်မျှ မရှိပေ။ သို့သော် ရှစ်ဂိုဏ်းမဟာမိတ်တွင် သားရဲများ မရှားပေ။
ရွှီချင်း ကြိုးစားကြည့်ပြီးနောက် လူသားများနှင့် လူသားမဟုတ်သော မျိုးနွယ်ဝင်များမှာ မွေးမြူစဉ်ကလောက် မထိရပါသော်လည်း လက်ခံနိုင်ဖွယ်ရာရှိသည်ကို တွေ့လိုက်ရသည်။ နောက်ရက်များတွင် သူ၏မှော်သင်္ဘောအကာအကွယ်ထဲမှ သားရဲများ၏ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ပျံ့လွင့်နေတော့သည်။
တစ်လ ကုန်လွန်သွားသည်။
ရွှီချင်း၏ ပိုးကောင်နက်အရေအတွက်သည် သုံးရာကျော်မှ သုံးထောင်ကျော်အထိ တိုးပွားလာခဲ့သည်။ ပိုးကောင်နက်များကို ပုလင်းသုံးပုလင်းတွင် ထည့်ပြီးသွားသောအခါ အမှတ်ခုနစ်သခင်ကြီး၏ အသံလွှင့်အကြောင်းကြားစာကို သူ လက်ခံရရှိလိုက်သည်။
“ မကြာသေးခင်က အဆိပ်မြက်ပင်တွေနဲ့ သားရဲတွေကို ဝယ်နေတာ မြင်တော့ အဆိပ်တွေ ထပ်ဖော်နေပြန်ပြီ ထင်တယ်။ အဆိပ်ဖော်တာ အခု အခြေအနေ ဘယ်လိုရှိပြီလဲ။ အရေးတကြီး မဟုတ်ရင် မင်းကို ခရီးတစ်ခု ခေါ်သွားပြီး မင်းအတွက် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းအတတ်တစ်ခု ပေးချင်တယ်။ ပြီးတော့ ဆရာတို့ ငါးမျှားလို့ရမလား ကြည့်ကြစို့ ”
“ မင်းရဲ့သက်စောင့်မီးအိမ်နှစ်လုံးအကြောင်းကို လူတော်တော်များများ သိကြတယ်။ တိမ်လွှာဓားဂိုဏ်းဖြစ်ဖြစ်၊ အပြင်လောကက ကြံစည်နေတဲ့သူတွေပဲဖြစ်ဖြစ် ဒီတစ်ခေါက်ခရီးက သူတို့ကို ဆွဲဆောင်လိုက်သလိုဖြစ်သွားမှာ။ ဆရာတို့ သူတို့ကို ချေမှုန်းရမယ်။ ဒါဆိုရင် နောက်ကျ မင်းအပြင်ထွက်တဲ့အခါ ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားမှာ ”
အမှတ်ခုနစ်သခင်ကြီးသည် ထိုအကြောင်းအား ရွှီချင်းကို ယခင်က ပြောပြခဲ့ဖူးသည်။ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။
တချိန်တည်းမှာပင် ယင်ဟွမ်ပြည်နယ်၏မြောက်အရပ်ရှိ ထိုက်စီကြမ္မာဆိုးတောင်တန်းကြီး၏အဖျား၌ လေထဲတွင် နှင်းပွင့်များ စိမ့်ဝင်နေပြီး အအေးဓာတ်က အရိုးကွဲလုမတတ်ပင်။ တောင်တစ်ခုလုံး တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေသည်သာမက မြေပြင်မှာလည်း နှင်းလွှာကြီးက ပို၍ပင် ထုထည်ကြီးမားသည်။
ဤနေရာရှိ ပတ်ဝန်းကျင်သည် အလွန် ဆိုးဝါးပြီး သာမန်လူများအတွက် ရှင်သန်နေထိုင်ရန် မသင့်တော်ပေ။ အစွန်အဖျား၌သာ တိုင်းပြည်လေးတချို့ ရှိကြပြီး နှင်းလွင်ပြင်၏ အနက်ပိုင်းတွင် လူသူမရှိသလောက်နီးပါးပင်။
သို့သော်လည်း မြောက်စူးစူးအရပ်၌ လောကကြီးကို ထမ်းပိုးထားဟန်ရှိသော ဧရာမကျောက်တိုင်ကြီးတစ်တိုင် ရှိသည်။
ထိုကျောက်တိုင်ကြီးသည် မည်းနက်တောက်ပြောင်ပြီး နှင်းမုန်တိုင်းက ထိုကျောက်တိုင်ကြီးအား မည်သို့မျှ မလုပ်ဆောင်နိုင်ပေ။
ထိုကျောက်တိုင်ကြီးသည် ပေတစ်သောင်းခန့် ထူပါသော်လည်း အမြင့်ကို မသိရပေ။
ကျောက်တိုင်ကြီးပေါ်တွင် မရေမတွက်နိုင်သော ကမ္ပည်းစာများနှင့် အင်းကွက်များ ရေးထွင်းထားပြီး ဖော်ပြ၍မရနိုင်သော အစွမ်းများ ထုတ်လွှတ်နေသည်။
ထိုကျောက်တိုင်ကြီးကို မြင်သည့်လူတိုင်း လေးစားသက်ဝင်စိတ် ဖြစ်သွားမည် ဖြစ်သည်။
ထိုကျောက်တိုင်ကြီးသည် မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိသည့်အလား မယှဉ်သာအောင် ရက်စက်ကြမ်းကြုတ်ခြင်းများ ပြည့်နှက်နေသည့် ကြောက်ခမန်းလိလိ တိုက်ပွဲဝင်စိတ်ဆန္ဒတစ်ခုကိုလည်း ထုတ်လွှတ်နေသည်။
ယင်းသည် လီယုံကျောက်တိုင် ဖြစ်ပေသည်။
လီယုံကျောက်တိုင်ပတ်လည်တွင် အမိုးဝိုင်းရွက်ဖျင်တဲများ မရေမတွက်နိုင်အောင် ရှိသည်။ ရွက်ဖျင်တဲပေါင်း ရာချီ၍ ရှိပေရာ မြို့တစ်မြို့ပုံစံ ဖြစ်နေပေသည်။
ထိုရွက်ဖျင်တဲများထဲတွင် သာမန်လူတစ်ယောက်မျှ မရှိဘဲ ဒေသအသီးသီးမှ ရောက်လာကြသော ကျင့်ကြံသူများသာ ရှိသည်။ ထိုကျင့်ကြံသူများသည် လီယုံကျောက်တိုင်ပတ်လည်တွင် စုရုံးရောက်ရှိလာကြကာ ကျင့်ကြံနေကြခြင်း ဖြစ်သည်။
ထိုကျောက်တိုင်သည် ထူးဆန်းသည်။ ထိုကျောက်တိုင်မှ ထုတ်လွှတ်နေသည့် အငွေ့အသက်များကို အချိန်ကြာမြင့်စွာ အာရုံခံနေခဲ့ပါက စိတ်ထဲတွင် တိုက်ပွဲဝင်စိတ်ဆန္ဒ ကိန်းအောင်းနေသော နတ်အဆောင်တစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုအဆောင်မှတစ်ဆင့် စိတ်ဆန္ဒကို လိုသလိုပုံသွင်းကာ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်နိုင်သည်။
ထို့အပြင် ထိုလီယုံကျောက်တိုင်ကြီးမှာ အမွေအနှစ်များ မရေမတွက်နိုင်အောင် ရှိပေသည်။ မည်သူမဆို ထိုကျောက်တိုင်ကြီးပေါ်သို့ အချိန်အခါမရွေး တက်ရောက်နိုင်သည်။ ပို၍ မြင့်မြင့်သို့ တက်နိုင်ပါက ကျောက်တိုင်ကြီးဆီမှ ပိုမိုမြင့်မားသော အမွေအနှစ်ကို ဆက်ခံရရှိမည် ဖြစ်သည်။
ထို့ကြောင့် ယင်းသည် ယင်ဟွမ်ပြည်နယ်မှာ ပဉ္စမမြောက်အင်အားကြီးအုပ်စု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် နောက်ထပ်အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ဤနေရာသည် ယင်ဟွမ်ပြည်နယ်ရှိ ဓားကိုင်ရုံးခွဲတည်ရှိရာ နေရာလည်း ဖြစ်ပေသည်။
ဓားကိုင်ရုံးခွဲကို လီယုံကျောက်တိုင်ကြီး၏ အမြင့်ဆုံးအမှတ်တွင် တည်ဆောက်ထားသည်။ ကောင်းကင်ယံရှိ မရေမတွက်နိုင်သော မိုးသားတိမ်စိုင်များ၏အလွန်၊ တိုင်ကြီး၏ အဆုံးတွင် နန်းတော်တစ်ဆောင် ရှိသည်။
ထိုနန်းတော်သည် ပုံမှန်နန်းတော်များနှင့် မတူညီပေ။ ထိုနန်းတော်ကို အုတ်များ၊ လှပသော ကျောက်များဖြင့် ထုဆစ်ထားခြင်း မဟုတ်ဘဲ ဓားများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော ဓားများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ထိုဓားနန်းတော် ဖြစ်လာခြင်း ဖြစ်သည်။
လီယုံကျောက်တိုင်နှင့် နန်းတော်ကြားတွင် လီယုံကျောက်တိုင်က နန်းတော်ကို ထောက်ပင့်ထားသည်လော၊ သို့မဟုတ် လီယုံကျောက်တိုင်အား နန်းတော်က ထောက်ထားလေသလော ဝေခွဲရခက်လှသည်။
မြေပြင်မှ ကြည့်မည်ဆိုပါက ရှင်းရှင်းလင်းလင်း သိမည်မဟုတ်ပါသော်လည်း နန်းဆောင်တည်ရှိရာနေရာမှ ကြည့်မည်ဆိုပါက လီယုံကျောက်တိုင်မှာ တစ်စုံတစ်ယောက်က ဆင့်ခေါ်နေ၍ မြေပြင်မှ ပျံတက်ချင်နေသည့်အလား အနည်းငယ် ယိမ်းခါနေသည်ကို ဝိုးတဝါး မြင်ရပေမည်။
သို့သော် လီယုံကျောက်တိုင်ကို ဓားနန်းတော်က ဖိနှိပ်ထားသည်ဖြစ်၍ လီယုံကျောက်တိုင်မှာ တုန်ခါနေသည်မှလွဲ၍ ပျံတက်သွားနိုင်ခြင်း မရှိပေ။
ထိုအချိန်၌ ဓားနန်းတော်ထဲတွင် ဓားကိုင်ရုံးခွဲ၏ ထိပ်သီးပုဂ္ဂိုလ်များ ဆွေးနွေးနေကြသည်။
ထိုဆွေးနွေးပွဲတွင် စုစုပေါင်း ကျင့်ကြံသူကိုးဦး ရှိသည်။ သူတို့အားလုံး ဝတ်ရုံဖြူများ ဝတ်ဆင်ထားကြပြီး သူတို့၏ ရုပ်ရည်သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက်စီတိုင်းမှ ကြောက်ခမန်းလိလိစွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။ ရံဖန်ရံခါ သူတို့၏မျက်လုံးများထဲတွင် နက်ရှိုင်းသော တန်ခိုးစွမ်းအားများ ပေါ်လာတတ်သည်။
ထိုပုဂ္ဂိုလ်ကိုးဦးသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ သေခြင်းနှင့် ရှင်ခြင်းကို လုံးလုံးလျားလျား အဆုံးအဖြတ် ပေးနိုင်သည့်အလားပင်။
သူတို့သည် ယင်ဟွမ်ပြည်နယ်ရှိ ဓားကိုင်ရုံးခွဲ၏ အဆင့်မြင့်ဆုံး ဓားကိုင်များ ဖြစ်ကြသည်။ တန်ခိုးကြီးမားသော ထိုက်စီရှန်းမုန်ဂိုဏ်းသည်ပင် ထိုပုဂ္ဂိုလ်ကိုးဦး၏ အမိန့်အောက်တွင် ပူးပေါင်းဆောင်ရွက်ကာ လိုက်နာရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူတို့က လူသားမျိုးနွယ်အား ကိုယ်စားပြုသောကြောင့်ပင်။ သူတို့သည် လူသားမျိုးနွယ်၏ အထက်ရုံးတော်ငါးခုအနက် တစ်ခုအပါအဝင်ဖြစ်သော ဓားကိုင်ရုံးတော်မှ ဖြစ်ပေသည်။
သူတို့နောက်တွင် တော်ဝင်နန်းမြို့တော်ဒေသရှိ ရှေးဘုရင်ရွှမ်ယုံချန်ခဲ့သော ရှေးမြို့ကြီးရှိသည်။ တစ်ခါက ဝမ်ကူးဒေသကြီးကို အုပ်ချုပ်ခဲ့သော လူသားမျိုးနွယ်မှာ နိမ့်ပါးလာခဲ့ပြီး မြို့ကြီးခုနစ်မြို့သာ ကျန်ရှိပါသော်လည်း အင်အားကြီးမျိုးနွယ်များအနက် တစ်ခုအဖြစ် ရပ်တည်နေဆဲပင်။
လူသားဧကရာဇ်သည်လည်း ရှိနေဆဲပင်။
ထိုအချိန်၌ ဓားကိုင်ရုံးခွဲထဲ အသံတစ်သံ လွင့်ပျံသွားသည်။
“ ဒီအစည်းအဝေးက ကိစ္စနှစ်ခုအတွက်ပဲ။ ပထမတစ်ခုက ဓားကိုင်စစ်ဆေးပွဲ နောက်တစ်သုတ် စတင်တော့မယ်။ ဖုန်းဟိုင်မြို့တော်က ဓားနန်းတော်ဆီကနေ အမိန့် ရောက်လာပြီ။ ခေတ်ကြီးတစ်ခေတ် ရောက်ရှိလာတာနဲ့အတူ မျိုးနွယ်တွေအားလုံးမှာ ကောင်းကင်လက်ရွေးစင်တွေ ပေါ်ပေါက်လာနေတယ်။ ဒါက အန္တရာယ်ရှိတဲ့အခြေအနေဖြစ်ပေမဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ပြည်နယ်ပေါင်းစုံက ဓာကိုင်ရုံးခွဲတွေက ဒီစစ်ဆေးပွဲရဲ့ အဆင့်အတန်းကို မြှင့်တင်ကြရမယ်။ ဓားကိုင်တွေက ထူးချွန်တဲ့ကောင်းကင်လက်ရွေးစင်တွေကိုပဲ လိုချင်တာ ”
“ ဒုတိယကိစ္စက လီယုံကျောက်တိုင် ပိုပြီး တုန်ခါလာနေတဲ့ကိစ္စပဲ။ ငါတို့တင်ပြထားတာကို အကြောင်းပြန်ထားတာ ရှိတယ်။ ဖုန်းဟိုင်မြို့တော်က ဓားကိုင်နန်းတော်ရဲ့ ယူဆချက်က ငါတို့ ထင်တာနဲ့ အတူတူပဲ။ ယင်ဟွမ်ပြည်နယ်က တစ္ဆေသခင်ကြီး ပြန်သက်သာလာတဲ့ လက္ခဏာတွေ ပြနေပြီ။ ဓားကိုင်နန်းတော်က ဒီကိစ္စကို မြန်မြန်ဆောင်ရွက်ဖို့ ငါတို့ကို တောင်းဆိုထားတယ် ”
“ ပြီးခဲ့တဲ့နှစ်တွေထဲ တစ္ဆေသခင်ကြီးရဲ့ ယင်ဝိညာဉ်သုံးပါးနဲ့ ယန်ဝိညာဉ်ခုနစ်ပါးကနေ ဖြစ်လာတဲ့ ဝိညာဉ်သုံးဖော်ချုပ်နှောင်ရာတောင်က ဝိညာဉ်သုံးဖော်နဲ့ နန်ယွဲ့မိစ္ဆာခုနစ်ဖော်တို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ တဟုန်ထိုး မြင့်တက်လာတာ အံ့သြစရာမရှိဘူး ”
“ ဒီကိစ္စကို ငါတို့ အရင်တစ်ခေါက် ဆွေးနွေးခဲ့သလို ဆောင်ရွက်ကြမယ်။ တစ္ဆေသခင်ကြီး ပြန်ရှင်လာဖို့ဆိုရင် ယင်ဝိညာဉ်သုံးပါးနဲ့ ယန်ဝိညာဉ်ခုနစ်ပါး လိုအပ်တယ်။ ယင်ဝိညာဉ်တစ်ပါးကို ချုပ်နှောင်ဖို့ သိပ်အားစိုက်စရာ မလိုလောက်ဘူး။ ဒီတော့ ယင်ဝိညာဉ်တစ်ပါးကို ငါတို့ ချုပ်နှောင်ပြီး ဒီကို ဖမ်းခေါ်လာဖို့ လိုတယ် ”
“ အဲဒါဆိုရင် တစ္ဆေသခင်ကြီး ချို့ယွင်းချက်ဖြစ်သွားပြီး ပြန်နိုးထလာဖို့ ခက်ခဲသွားမှာပဲ ”