← Chapters

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စွမ်းဆောင်မှု

Vol. 27 Ch. 404

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ စွမ်းဆောင်မှု

Vol. 27 Ch. 404

“ ပစ္စည်းတစ်ခု ”

ရွှီချင်း တွေးတောနေစဉ် အရိပ်လေးထံမှ ရှင်းလင်းပြတ်သားသောအငွေ့အသက်များ ဆက်လက်ထွက်ပေါ်လာသည်။

“ သခ … စောင့် … စွမ်းဆောင် … ”

ယခုတစ်ခေါက်တွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဘာသာပြန်ပြနေရန် မလိုခဲ့ပေ။ အရိပ်လေး၏ အတွေးများကို ရွှီချင်း အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ သူ့ကို ခဏလောက် စောင့်နေရန် ပြောလိုက်ခြင်း ဖြစ်သည်။ အရိပ်လေးက ထိုကိစ္စကို ပြီးစီးအောင် ဆောင်ရွက်လိုက်မည် ဖြစ်သည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

“ သခင်လေး၊ အရိပ်လေးက ငယ်သေးတယ်။ ကျွန်တော်မျိုး နောက်ကလိုက်ကြည့်ရင် ပိုသင့်တော်မယ် ထင်ပါတယ် ”

အရိပ်လေးက စွမ်းဆောင်မှုတစ်ခု ပြုလုပ်ရန် စိတ်အားထက်သန်နေသည်ကို မြင်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်ပြီး ရွှီချင်းထံသို့ အလျင်အမြန် အသံပို့လွှတ်လိုက်သည်။

ရွှီချင်းသည်လည်း သဘောတူလိုက်သည်။ ထို့ကြောင့် မြေပြင်မှ သူ့အရိပ်ပျောက်ကွယ်သွားသည်နှင့် သံတုတ်နက်လေးသည်လည်း ပျံထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း မြင်ကွင်းမှ ပျောက်သွားသည်။

ရွှီချင်းသည် ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်၍ တိတ်ဆိတ်စွာ စောင့်နေသည်။ တင်းရွှယ်မှာ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ အရိပ်လေးကို သူမ မမြင်ရပေ။ သံတုတ်နက်၏ အမြန်နှုန်းသည်လည်း သက်စောင့်မီးလုံးနှစ်လုံးနှင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်သည်။ သို့ဖြစ်၍ တင်းရွှယ်၏အမြင်၌ သံတုတ်နက်လေးကိုလည်း မတွေ့ခဲ့ရပေ။

သို့သော် ရွှီချင်း ထိုင်လိုက်သည်ကို မြင်၍ ဘေးတွင် ရိုသေကျိုးနွံစွာဖြင့် ထိုင်လိုက်သည်။ ထို့နောက် မုန့်ဘူးလေးတစ်ဘူးကို ထုတ်လိုက်ပြီး ရွှီချင်းဘေးတွင် ချထားလိုက်သည်။

ရွှီချင်းက တင်းရွှယ်ကို ကြည့်လိုက်သည်။

“ အစ်ကိုရွှီချင်း၊ အဲဒါက ညီမကိုယ်တိုင်လုပ်ထားတဲ့ မုန့်တွေ။ အဲဒါ ဘယ်လိုအရသာရှိလဲ ညီမ မပြောတတ်ဘူး။ ညီမဒေါ်လေး၊ ဦးလေးနဲ့ ဘိုးဘိုးတို့ကို ညီမ လုပ်ကျွေးဖို့ စီစဉ်ထားတာ။ အစ်ကို အရင်မြည်းကြည့်ပြီး ညီမကို လိုအပ်တာရှိရင် ပြောပြပေးပါလား ”

ရွှီချင်းက ဘေးပတ်ဝန်းကျင်သို့ သူ့အာရုံကို ဖြန့်ကျက်လိုက်သည်။ သူ၏ဆရာကို သူ အာရုံမခံမိပါသော်ငြား သူ၏ဆရာက သူ့ကို အာရုံစိုက်နေရန် အခွင့်အရေးများသည်။ ထို့ကြောင့် ဝိညာဉ်လက်မှတ်များကို မယူတော့ဘဲ မုန့်တစ်ခုကို ကောက်ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

“ မဆိုးဘူး ”

တင်းရွှယ် ပျော်သွားသည်။ သူမက ထိုင်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

“ အစ်ကိုရွှီချင်း၊ အဲဒီမကောင်းဆိုးဝါးကို ဘယ်တော့ ဖမ်းမိမှာလဲဟင်။ ဖိုင်ထဲက ပြောထားသလိုဆိုရင် သတ်ဖြတ်တော့မယ့်အချိန် ရောက်တော့မှာနော် ”

“ မကောင်းဆိုးဝါးကို အစ်ကို ဖမ်းမိနေပြီ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

ထိုအချိန်၌ မြို့ထဲတွင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် မူလက အရိပ်လေးနောက်သို့ လိုက်နေခဲ့သည်။ သို့သော်လည်း အရိပ်လေးက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို သဘောမကျသည်ဖြစ်၍ မြန်မြန်ပုန်းအောင်းလိုက်သည်။

“ ခွေးကောင်အရိပ်လေး၊ မင်းရဲ့အောင်မြင်မှုကို ငါက ခိုးယူချင်နေတယ်များ ထင်နေတာလား။ ဒီတစ်ခေါက် ငါ ဘယ်လောက်အစွမ်းထက်လဲ မင်းကို ပြမယ်ကွ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အေးစက်စက်ကြုံးဝါးလိုက်သည်။ သူသည် ဦးတည်ချက် ပြောင်းလဲလိုက်ပြီးနောက် လူသားအသွင် ပြောင်းလဲလိုက်သည်။ ယင်းအပြင် သူ၏အဝတ်အစားများကိုလည်း ပြောင်းလဲလိုက်ပြီး သူ့ပုံစံက ဤနေရာရှိ သာမန်လူများနှင့် မကွဲပြားတော့ပေ။ သူသည် လူအုပ်ကြီးထဲ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ အရိပ်လေးသည် မြန်ဆန်စွာ ပြန့်ကားသွားပြီး မကောင်းဆိုးဝါးတစ်ကောင်ပြီးတစ်ကောင်ကို ရှာတွေ့သွားသည်။ ထို့နောက် ထိုမကောင်းဆိုးဝါးများကို ခုန်အုပ်ကာ တခဏလေးအတွင်း ဝါးမျိုလိုက်လေသည်။

သို့သော်လည်း မကောင်းဆိုးဝါးတစ်ကောင် သေသွားပြီးနောက် နောက်ထပ်မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာတတ်သည်။ ယင်းအပြင် ၎င်းတု့ိ ပေါ်လာသည့်နေရာများမှာလည်း ပျံ့ကျဲနေသည်။ ၎င်းတို့က ဘယ်တော့မှ အသေမသတ်နိုင်သည့်အလား လေထဲမှ ပေါ်လာနေသည်နှင့် ပိုတူသည်။

သို့သော်လည်း သိသိသာသာ အကျိုးသက်ရောက်မှုရှိသည်။ နေဝင်ချိန်ရောက်လာသည့်တိုင်အောင် ယနေ့တွင် ဖြစ်ပျက်လာရမည့် လူသေခြင်းများ ဖြစ်ပျက်မလာတော့ပေ။

လရောင် ဆင်းသက်လာပြီး မကောင်းဆိုးဝါးအရေအတွက် တိုးလာသည်။ မကောင်းဆိုးဝါးများက ယနေ့သုတ်သင်ပွဲ မပြီးမချင်း ရပ်တန့်မည်မဟုတ်သည့်အလားပင်။ နောက်ဆုံးတွင် ခေါင်မိုးပေါ် ထိုင်နေသော ရွှီချင်း၏မျက်လုံးများထဲတွင်လည်း လေးနက်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

ညကောင်းကင်အောက်ရှိ တိုင်းပြည်လေးကို သူ ကြည့်လိုက်ပြီး ထိုတိုင်းပြည်လေးထဲ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသော အအေးဓာတ်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။ အရိပ်လေးသည်လည်း အလုပ်ရှုပ်နေပြီး ပေါ်လာသမျှ မကောင်းဆိုးဝါးများစွာကို အဆက်မပြတ် ဝါးမျိုနေသည်။

“ ငါ ဝင်စွက်ဖက်လိုက်တာက အဲဒီမကောင်းဆိုးဝါးကို အပြောင်းအလဲ ဖြစ်သွားစေခဲ့တဲ့ပုံပဲ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်စဉ် ဘေးတွင် ထိုင်နေသော တင်းရွှယ်သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံး မူမမှန်တော့သည်ကို အာရုံခံမိလိုက်သည်။ သူမ အနည်းငယ် စိုးရိမ်ကြောင့်ကြလာစဉ် ရွှီချင်း၏ရှေ့သို့ အနက်ရောင်အလင်းတန်းတစ်တန်း ရိပ်ခနဲ ရောက်ရှိလာပြီး သံတုတ်နက်လေးအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်း၏စိတ်ထဲသို့ နတ်အာရုံအပိုင်းအစတစ်ခု အလျင်အမြန် ဝင်ရောက်သွားသည်။

“ သခင်လေး၊ ဇစ်မြစ်ကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါပြီ။ အရိပ်လေးက ငယ်သေးတော့ ဘယ်လိုအကြမ်းဖက်ရမလဲဆိုတာကိုပဲ သိတာ။ မကောင်းဆိုးဝါးတစ်ကောင် သေသွားတိုင်း ပိုအားကောင်းတဲ့မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာနေတာကို အရိပ်လေး မသိဘူး။ ကျွန်တော်မျိုးတို့ အဲဒီမကောင်းဆိုးဝါးကို ဖျက်ဆီးချင်ရင် ဇစ်မြစ်ကို လိုက်ရှာရပါမယ် ”

“ ဇစ်မြစ်ဆိုတာမျိုးက သိပ်လျှို့ဝှက်လေ့ရှိပြီး သဲလွန်စရှာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ များသောအားဖြင့် ရက်ပေါင်းများစွာအကြာက ဖြစ်ပျက်ခဲ့တဲ့ အသေးအဖွဲ့ကိစ္စလေးတွေထဲမှာ ကွယ်ဝှက်နေတတ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်မျိုးရဲ့ရုပ်သွင်ကို ကြိမ်ဖန်များစွာ ပြောင်းလဲလိုက်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဒီမှာ ထူးထူးဆန်းဆန်းဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။ နောက်ဆုံးကျ လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက်က ဒီတိုင်းပြည်ကို သမားတော်တစ်ယောက် ရောက်လာခဲ့တာ တွေ့ခဲ့ပါတယ်။ အဲဒီသမားတော်က အရည်အချင်းရှိပြီး ဆေးကုသရာမှာလည်း အကျင့်တစ်ခုရှိပါတယ်။ သူက လူနာတွေကို ကြေးမုံပြင်တစ်ချပ် ပေးလေ့ရှိပြီး အဲဒီကြေးမုံပြင်ကို ခုတင်ထိပ်မှာ ထားတတ်ပါတယ် ”

ထိုစကားများကို ရွှီချင်း ကြားသောအခါ မျက်လုံးများ မှေးသွားသည်။

“ ဒါဆို ဒီကို အဲဒီသမားတော်ရောက်တာ ဘယ်လောက်ကြာပြီလဲ။ ပြီးတော့ လူဘယ်နှယောက်လောက် အဲဒီကြေးမုံကို ထားပြီးကြပြီလဲ ”

“ သခင်လေး၊ အဲဒီအကြောင်းကိုလည်း ကျွန်တော်မျိုး စုံစမ်းကြည့်ခဲ့ပြီးပါပြီ။ အဲဒီသမားတော်က ဒီတိုင်းပြည်လေးမှာ သုံးလလောက် ဆေးကုပေးပြီးတော့ ပြန်ထွက်သွားပါတယ်။ အဲဒီအချိန်က မဟာမိတ်ကို ကျွန်တော်မျိုးတို့ ချီရွှဲ့ထုံဂိုဏ်း ရောက်မလာသေးပါဘူး။ အဲဒါကြောင့် ဒီကို စောင့်ကြပ်နေတဲ့ဂိုဏ်းသားက အဲဒီကိစ္စကို မသိတာပါ ”

“ ကြေးမုံပြင်လေးတွေ ချိတ်ဆွဲထားတဲ့ မိသားစုနည်းနည်းပါးပါးဆီ ကျွန်တော်မျိုး သွားစနည်းနာကြည့်ခဲ့ပါတယ်။ အဲဒါက ပြောရရင် အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ကျင့်ကြံသူတစ်ယောက်က အဲဒီကြေးမုံပြင်လေးကို ကြည့်လိုက်ရင် ဘာအပြစ်အနာအဆာမှ တွေ့ရမှာ မဟုတ်ပါဘူး။ သခင်လေးဆိုရင်တော့ တစ်မျိုး ဖြစ်သွားမှာပါ ”

“ ကျွန်တော်မျိုးလည်း သခင်လေးနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ရလို့ ဗဟုသုတနည်းနည်းပါးပါး ရခဲ့ပါတယ်။ အဲဒီကြေးမုံပြင်တွေမှာ အစောင့်အရှောက်ဝိညာဉ်တစ်ခုရဲ့ အရိပ်အငွေ့ကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါတယ် ”

ရွှီချင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို လှမ်းကြည့်လိုက်သည်။

“ ကျွန်တော်မျိုး နားလည်ပါတယ်ခင်ဗျ။ ကျွန်တော်မျိုး အဲဒီခြေရာအတိုင်း လိုက်ရှာဖွေကြည့်ခဲ့ပါတယ်။ နောက်ဆုံးမှာ လူချမ်းသာမိသားစုတစ်စုရဲ့ ခေါင်မိုးမှာ ချိတ်ဆွဲထားတဲ့ ကြေးမုံပြင်တစ်ချပ်ကို ကျွန်တော်မျိုး မြင်ခဲ့ရပါတယ်။ အဲဒီကြေးမုံပြင်က အဓိကပစ္စည်း ဖြစ်မယ်ထင်ပါတယ် ”

“ ကျွန်တော်မျိုးထင်တာ မလွဲရင် အဲဒီသမားတော်က မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လောက်ပါတယ်။ သူက အဲဒီကြေးမုံပြင်ကို အားဖြည့်ဖို့ အဲဒီနည်းလမ်း သုံးနေတာပါ။ ပြီးတော့ အဲဒီလိုမျိုးရတနာတစ်ပါးကို ခပ်ဝေးဝေးမှာ ထားလို့မဖြစ်လို့ အဲဒီမိစ္ဆာကျင့်ကြံသူက ဒီတိုင်းပြည်ရဲ့မနီးမဝေးမှာ ပုန်းအောင်းရင်း အခြေအနေကို စောင့်ကြည့်နေလောက်ပါတယ် ”

ရွှီချင်းက ပြောရန်ပြင်လိုက်သည်။

“ ကျွန်တော်မျိုး နားလည်ပါတယ်ခင်ဗျ။ အဲဒါကြောင့် ဖြစ်နိုင်ချေရှိတဲ့နေရာတစ်နေရာကို ကျွန်တော်မျိုး ထပ်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာ တောင်လေးတစ်လုံးကို ကျွန်တော်မျိုး ရှာတွေ့ခဲ့ပါတယ်။ အဲဒီတောင်လေးက ဒီတိုင်းပြည်လေးကို စောင့်ကြည့်ဖို့ အကောင်းဆုံးနေရာပါ။ တောင်ပေါ်မှာ ပုန်းလျှိုးနေတဲ့ ကျင့်ကြံခြင်းအငွေ့အသက်တွေ ရှိနေပြီး တောင်ထဲမှာလည်း ကျင့်ကြံသူတွေ ရှိနေပါတယ်။ အဲဒီကျင့်ကြံသူတွေက ကျင့်ကြံခြင်းအတတ်တချို့ကြောင့် အိပ်မောကျနေကြပါတယ်။ ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမှာစိုးလို့ ကျွန်တော်မျိုး သွားမကြည့်ခဲ့ပါဘူး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ၏စွမ်းဆောင်မှုအကြောင်း တစ်လုံးတပါဒမျှ မပြောပေ။ သို့သော်လည်း သူ၏အပြုအမူများအရ ကျွမ်းကျင်စွာ ဆောင်ရွက်ခဲ့ကြောင်း ရွှီချင်း နားလည်လိုက်ပြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ သူက မကောင်းဆိုးဝါးများ ပေါ်လာနေသော တိုင်းပြည်လေးထဲရှိ နေရာအနှံ့အပြားကို ကြည့်လိုက်သည်။ အရိပ်လေးသည် ထိုမကောင်းဆိုးဝါးများကို ဝါးမျိုရန် ကြိုးစားနေပါသော်လည်း အခြေအနေက ဆိုးဝါးသည်ထက် ဆိုးဝါးလာနေသည်။

“ ဒါကို စွမ်းဆောင်မှုတစ်ရပ်အနေနဲ့ မှတ်ထားလိုက်မယ် ”

ရွှီချင်းက သူ၏နတ်အာရုံကို ပို့လွှတ်လိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ ချက်ချင်း စိတ်လှုပ်ရှားလာပြီး သံတုတ်နက်လေး တုန်ရီလာသည်။ ထိုအတောအတွင်း သူ ရဲရဲစကားမပြောဝံ့ခဲ့ပေ။ အရိပ်လေး၏ ထူးခြားသောအစွမ်းကြောင့် သူ့ကို ကျော်လွန်သွားခဲ့ပြီး သခင်လေး၏လက်စွဲတော်အသစ် ဖြစ်လာခဲ့သည်။ သူသာ စကားပြောမှားသွားခဲ့လျှင် မိစ္ဆာရွှီ၏ လက်စတုံးပစ်ခြင်း ခံရမည်ကို သူ စိုးရွံ့နေခဲ့သည်။

ယခုအချိန်၌ ထိုစွမ်းဆောင်မှုနှင့်အတူ သူ အနည်းငယ် ပို၍ စိတ်အေးသွားရသည်။

“ ရှေ့ကသွား ”

ရွှီချင်းက နတ်အာရုံ ပို့လွှတ်လိုက်သည်။ သံတုတ်နက်လေး တဝီဝီမြည်သွားပြီး ရှေ့တည့်တည့်သို့ ပျံသန်းသွားာသည်။

ရွှီချင်းသည် ခုန်ပျံကာ နောက်မှ လိုက်ပါသွားသည်။ တင်းရွှယ်မှာ မည်သို့ ဖြစ်ပျက်သွားသည်ကို မသိပါသော်လည်း ရွှီချင်း၏အမူအရာအရ လူသတ်ချင်နေသည်ကို သူမ သိသည်။ ထို့ကြောင့် မုန့်ဘူးလေးကို မြန်မြန်သွက်သွက် သိမ်းဆည်းလိုက်ပြီး ကလေးမလေးတစ်ယောက်ပမာ နောက်မှ လိုက်သွားသည်။

မကြာခင် လူကုံထံမိသားစု၏စံအိမ်သို့ ရွှီချင်း ရောက်လာသည်။ သူသည် အာရုံကို ဖြန့်ကျက်လိုက်ပြီး မည်သည့်ကျင့်ကြံခြင်းအငွေ့အသက်ကိုမျှ မတွေ့သည်ဖြစ်၍ သူ မနှောင့်ယှက်တော့ဘဲ ကြေးမုံပြင်ဆီသို့ ဦးတည်သွားလိုက်သည်။ သူ အနီးသို့ ရောက်သောအခါ တစ်ချက်ကြည့်ရုံဖြင့် ထိုကြေးမုံပြင်မှာ အနည်းငယ် ထူးဆန်းနေကြောင်း သိလိုက်သည်။

ထိုကြေးမုံပြင်မှာ ဓာတ်နှောများ မရှိပါသော်လည်း လေတိုက်ခတ်လိုက်သည့်အခါ ရွှီချင်း၏မျက်လုံးများ စူးခနဲ နာကျင်သွားသည်။ ထိုအချိန်၌ သူ့ကိုယ်ထဲရှိ သက်စောင့်မီးအိမ်များ တောက်လောင်လာပြီး ကွန်ခြာအကာအကွယ် ဖြန့်ကျက်လာသည်ဖြစ်၍ သူ၏မျက်လုံးများ ပြန်လက်သက်သာသွားသည်။

လက်ရှိတိုက်ရည်ခိုက်ရည်နှင့် သန်မာသော ခန္ဓာကိုယ်ဖြင့်ပင် စူးရှသောနာကျင်မှုကို သူ ခံစားလိုက်ရသည်ဖြစ်၍ ကွက်ခနဲ မျက်နှာပျက်သွားသည်။ ထိုအချက်အရ အနှီကြေးမုံပြင်မှာ မည်မျှ ထူးခြားသည်ကို ဖော်ပြနေပေသည်။ သူ ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည်။

ကြေးမုံပြင်က အပြင်းအထန် ရုန်းကန်လိုက်သည်။ ရွှီချင်း၏ ဆွဲအားအောက်တွင် ချက်ချင်း ပျက်စီးသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်း ရွှီချင်းမှာ ကောင်းကင်ယံသို့ ရောက်နေပြီ ဖြစ်သည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးအိမ်နှစ်လုံးနှင့် သက်စောင့်မီးလုံးလေးလုံးအစွမ်းများ ထွက်ပေါ်လာပြီး သက်စောင့်မီးလုံးခုနစ်လုံးအစွမ်းမှာ သူ့လက်ဝါးထဲ စုစည်းသွားကာ ကြေးမုံပြင်ကို ဖိချလိုက်သည်။

ထိုကဲ့သို့ တိုက်ရည်ခိုက်ရည်ကို ရင်ဆိုင်ရသောအခါတွင် ကြေးမုံပြင်မှာ မည်မျှပင် ရုန်းကန်သည်ဖြစ်စေ မခုခံနိုင်တော့ပေ။ ရွှီချင်းသည် ကြေးမုံပြင်ကို ယူလိုက်ပြီး သူ၏နတ်အာရုံကို ဖြန့်ကျက်ကာ ကြေးမုံပြင်ကို ချုပ်နှောင်လိုက်သည်။ တစ်ဆက်တည်း ထိုတိုင်းပြည်လေးထဲရှိ မိသားစုရာချီရှိ ခုတင်များ၏ထိပ်မှ ကြေးမုံပြင်များ တစ်ပြိုင်နက်တည်း ပျက်စီးသွားသည်။

တိုင်းပြည်တဝှမ်း ပေါ်လာနေသော မကောင်းဆိုးဝါးများသည်လည်း ပျောက်သွားသည်။

တချိန်တည်းမှာပင် တိုင်းပြည်လေးအပြင်ဘက်ရှိ တောင်ထိပ်ရှိလျှို့ဝှက်ဂူတစ်ဂူထဲမှ သက်တန့်ရောင်အလင်းတန်းတစ်တန်း ရုတ်တရက် ပျံထွက်လာသည်။ ထိုအလင်းတန်းထဲတွင် သွေးဆာနေသောအမူအရာဖြင့် ဆံဖြူအဘိုးအိုတစ်ယောက် ရှိသည်။ အရေခွံလွဲနေသည့်အလား သူ၏ပေါ်နေသော အရည်ပြားပေါ်မှာ အရေပြားလွှာအထပ်ထပ်ဖြစ်နေသည်ကို မြင်နိုင်သည်။

သူ၏အရေခွံလဲခြင်းကိစ္စ ဆုံးခန်းမတိုင်သေးသည်မှာ သိသာသည်။ သူ့ထံမှ ကောင်းကင်နန်းတော်တစ်ဆောင် ရွှေအမြုတေအဆင့် စွမ်းအားများ ထွက်ပေါ်လာသည်။ သူက တိုင်းပြည်လေးကို ကြည့်၍ အော်ဟစ်လိုက်သည်။

“ ခွေးကောင်လေး၊ ငါ့အစီအစဉ်ကို ဖျက်ဆီးဝံ့လောက်အောင် အတင့်ရဲလှချည်လားကွ ”

သူ၏အသံက မိုးခြိမ်းသံအလား အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားပြီး တိုင်းပြည်လေးတစ်ခုလုံး တုန်ခါသွားသည်။ ရွှီချင်းသည် အေးစက်စက်အကြည့်ဖြင့် အဘိုးအို ထွက်ပေါ်လာသည့် တောင်ဆီသို့ ဦးတည်သွားလိုက်သည်။

သူသည် ကြောက်ခမန်းလိလိ မြန်ဆန်သည်ဖြစ်၍ ရွှေအမြုတေအဆင့်အဘိုးအိုမှာ ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူ ဒိန်းခနဲ ရင်ခုန်သွားစဉ်မှာပင် ရွှီချင်းက သူ့ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။

သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသွားကြပြီး တောင်ကြီးတုန်ခါသွားသည်။ လေပြင်းများ တရွှီရွှီတိုက်ခတ်လာပြီး ဂျိမ်းခနဲ မြည်ဟည်းသံကြီး လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် အဘိုးအိုမှာ တုန်ရီသွားပြီး သွေးတစ်ပွက် အန်လိုက်သည်။ ပြင်းထန်သောအားလှိုင်းကြောင့် သူ နောက်သို့ လွင့်သွားပြီး တောင်လေးပေါ်သို့ ဘုန်းခနဲ ကျသွားသည်။

တောင်တစ်ခုလုံး ပြိုကွဲသွားပြီး ကျောက်စရစ်ခဲများ အောက်သို့ ကျလာစဉ် အဘိုးအို၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့ထိတ်လန့်ခြင်းများနှင့် မယုံကြည်နိုင်ခြင်းများ ထင်ဟပ်လာသည်။

“ ဒီလိုတိုက်ရည်ခိုက်ရည်မျိုး … ”

ရွှီချင်းသည် တည်ငြိမ်နေပြီး သူ၏မျက်လုံးများက အေးစက်နေသည်။ ကောင်းကင်နန်းတော်နှစ်ဆောင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို သူ မတိုက်ခိုက်နိုင်ပါသော်လည်း ကောင်းကင်နန်းတော်တစ်ဆောင် ကျင့်ကြံသူ ဖြစ်နေပါက သက်စောင့်မီးလုံးခုနစ်လုံးရှိသော သူ့အတွက် ရန်သူကို အလွယ်တကူ အနိုင်ယူနိုင်မည် ဖြစ်သည်။

အဘိုးအိုသည် ထိုအချက်ကို ကောင်းစွာ အာရုံခံမိသည်။ သူ သွေးအန်လိုက်ရင်း တွေဝေတွန့်ဆုတ်မနေဘဲ နောက်ဆုတ်လိုက်သည်။ မိစ္ဆာသိုင်းကိုပင် သူ ထုတ်ဖော်လိုက်ပြီး သွေးအရိပ်အသွင်ပြောင်းလဲကာ အရှိန်တင်၍ ထွက်ပြေးလိုက်သည်။

ရွှီချင်း၏နောက်တွင် ရွှေကျီးကန်းပေါ်လာသည်။ ရွှေကျီးကန်းကြီးက ဂီးခနဲ အော်မြည်လိုက်ပြီး အဘိုးအို၏ မျက်လုံးများ မှေးသွားစဉ် ရွှီချင်းသည် ပို၍ မြန်ဆန်သွားပြီး နောက်မှလိုက်သွားသည်။

“ မင်းက ရှစ်ဂိုဏ်းမဟာမိတ်က ရွှီချင်းပဲ ”

အဘိုးအို၏ ဦးရေခွံများ ထုံကျဉ်သွားသည်။ ရွှေကျီးကန်းကြီးကို မြင်ကာ ရွှီချင်းကို သူ မှတ်မိလိုက်သည်။ ရွှီချင်းသည် ချက်ချင်းမီသွားပြီး လက်သီးဖြင့် ထိုးလိုက်ပါသော်လည်း ကောင်းကင်နန်းတော်က လက်သီးချက်ကို တားဆီးလိုက်သည်။

သို့သော် ကောင်းကင်နန်းတော်မှာ တခဏလေးအတွင်း ပျက်စီးသွားပြီး အထဲမှ တွန့်လိမ်နေသော ရွှေအမြုတေ ပေါ်လာသည်။ ရွှေကျီးကန်းကြီးက အော်မြည်လိုက်ပြီး ထိုရွှေအမြုတေကို ဝါးမျိုလိုက်သည်။

အဘိုးအိုက နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး သွေးတစ်လုတ် အန်လိုက်သည်။ ရွှီချင်း၏ ညာလက်က သူ၏ခေါင်းကို မိစ္ဆာမီးတောက်များဖြင့် ဖိချလိုက်ပြီ ဖြစ်သည်။ ရွှီချင်း အောက်သို့ ဖိချနေစဉ် မိစ္ဆာမီးတောက်များက အဘိုးအို၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

သွေးပျက်ခမန်း အော်ဟစ်မြည်တမ်းသံ ထွက်ပေါ်လာသည်။

အဘိုးအိုက သက်စောင့်မီးလုံးသုံးလုံးဖြင့် ရွှေအမြုတေအဆင့်သို့ တက်ခဲ့သည့်တိုင်အောင် လေလွင့်ကျင့်ကြံသူများနှင့် ဂိုဏ်းသားများအကြား ကွာခြားချက်အလွန်ကြီးမားသည်။ ပါရမီ၊ ကျင့်ကြံခြင်းအတတ်နှင့် အခြေခံမှစ၍ သူနှင့် ရွှီချင်းအကြား ကွာခြားချက်က မိုးနှင့်မြေပမာပင်။

ထိုအချိန်၌ မိစ္ဆာမီးတောက်များ လေထဲပျံ့လွင့်သွားစဉ် ဝိညာဉ်အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ရွှီချင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစည်သွားသည်။ ထိုလူသည် ရွှီချင်း၏ဓမ္မတံခါးများထဲ ပထမဆုံးဖိနှိပ်ခံရမည့် ဝိညာဉ်ဖြစ်ပေမည်။

သို့သော်လည်း ရွှီချင်းသည် ဝိညာဉ်ကို နှုတ်ယူနေစဉ် ရုတ်တရက် မျက်နှာပျက်သွားသည်။ ပတ်ဝန်းကျင်တွင် မိုးခြိမ်းသံ မြည်ဟည်းသွားပြီး တိမ်စိုင်များထဲမှ လူရိပ်ခုနစ်ရိပ်၊ ရှစ်ရိပ် ထွက်ပေါ်လာပြီး ရွှီချင်းအနီးသို့ လောဘကြီးစွာဖြင့် အလျင်အမြန် ချဉ်းကပ်သွားသည်။

ထိုပတ်ဝန်းကျင်မှာ ပေါ်လာသော ဧရာမခန္ဓာကြီးတစ်ခုလည်း ရှိသည်။ ထိုလူရိပ်နောက်တွင် ကောင်းကင်နန်းတော်သုံးဆောင်က ပြိုးပြိုးပြက်ပြက် ဝင်းလက်လာရာ မြင့်မြတ်သောအရိပ်အယောင်များ ထင်ဟပ်နေသည့်မျက်နှာကြီး ပေါ်လာသည်။

“ ရွှီချင်း၊ နောက်ဆုံးတော့ ရှစ်ဂိုဏ်းမဟာမိတ်ကနေ ထွက်လာပြီပဲ ”

All Chapters