← Chapters

လိပ်ပြာပျို ဝိဉာဉ်ရည်.....

Vol. 23 Ch. 310

လိပ်ပြာပျို ဝိဉာဉ်ရည်.....

Vol. 23 Ch. 310

သန့်စင်ရေးအလုပ်ရုံထဲတွင် လီလော့နှင့်ပိုင်မျန်မျန်တို့နှစ်ယောက် ယုန်တွေလို ခုန်ပေါက်မြူထူးနေကြသည်။

ပိုင်မျန်မျန်တစ်ယောက် ဖော်မြူလာ သုနေသနပြုလုပ်ရာတွင် ကျွမ်းကျင်​​ကြောင်း လီလော့အစောကကြီးတကည်းကသိပြီးသားဖြစ်သည်။

၎င်းသည် ကြယ်သုံးပွင့်အဆင့်ဝိညာဉ်ရည်သာဖြစ်သော်လည်း၊ ကြယ်လေးပွင့်ဖော်မြူလာဆိုသည်မှာ ဖျားလောက်စရာပင်....

ထိုဖော်မြူလာတစ်ခု၏တန်ကြေးသည် ရှီးယန်စံအိမ်တစ်ခုလုံး၏ အသားတင်တန်ဖိုးထက် ပိုတန်ဖိုးရှိနိုင်သည်။

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ရှီးယန်စံအိမ်သည် စံအိမ်အဆင့်တွင်ပင် မရှိခဲ့ပေ။လီလော့ရောက်လာပြီးနောက်မှသာ အဆင့်ခုနှစ်အဆင့်မြင့် လျှို့ဝှက်ရေအရင်းအမြစ်ကြောင့် အခုလိုတိုးတက်လာရခြင်းဖြစ်သည်။

သို့တိုင် ပညာရှင်များ၏ရပ်တည်မှုမှာ ယိမ်းယိုင်သွားကာ ဟန်ဇီ၏သစ္စာဖောက်မှုကြောင့် အလွယ်တကူ ကျဆင်းသွားခဲ့ရပြန်သည်။လီလော့သာ ကျားကန်ပေးမထားလျှင် ရှီးယန်စံအိမ်ကိုအပြီးပိတ်သိမ်းလိုက်ရပေလိမ့်မည်။

သို့သော် လီလော့သည် ယခုအချိန်အထိ အောင်မြင်မှုများ မလုံလောက်ကြောင်းကိုလည်း သိထားသည်။ လျှို့ဝှက်ရေအရင်းအမြစ်တစ်ခုသည် အောင်မြင်မှုအချက်သုံးချက်ထဲမှ တစ်ခုသာဖြစ်ပြီး  ကျွမ်းကျင်သောပညာရှင်များနှင့် ဖော်မြူလာများကိုလည်း လိုအပ်သည်။

အထူးသဖြင့် ထိုအရာများသည် အင်အားသုံး၍ ​ဖြေရှင်းနိုင်သောအရာများမဟုတ်ကြပေ။

သို့သော်လည်း ကံကောင်းမှုကြောင့် လီလော့ ကောလိပ်တွင် ခြေချခဲ့ပြီးကတည်းက အံ့ဖွယ်ပါရမီရှင်တစ်ဦးကို ရှာတွေ့ခဲ့ရပြန်သည်။

ပိုင်မျန်မျန်နှင့် တဖွဲ့တည်းဖြစ်အောင်ရွေးချယ်ပေးခဲ့သော နည်းပြချီချန်းကို ကျေးဇူးတင်ရတော့မည်သာ....

အတွေးပေါင်းစုံ ရှုပ်ယှက်ခက်နေသောကြောင့် လီလော့ သူမကို ငေးကြည့်နေမိသလိုဖြစ်နေလေ၏။ ထိုအကြည့်များကြောင့် ပိုင်မျန်မျန် နေရထိုင်ရ ခက်လာသဖြင့်.....

" ခေါင်းဆောင်...သားရည်တွေသုတ်လိုက်ပါဉီး......"

ထိုအခါမှသာ ရှက်ကိုးရှက်ကန်းဖြင့် ကပျာကယာသုတ်လိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်ရန် သူမကို စိုက်ကြည့်နေလိုက်သည်။

ပိုင်မျန်မျန်က  အနည်းငယ် ရယ်မောလိုက်ပြီး.....

“ခေါင်းဆောင်....ဒီဝိညာဉ်ရည်ကို နင် ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တာဆိုတော့ လျှို့ဝှက်ရေအရင်းအမြစ်ကိုတောင် မသုံးရသေးဘူးမလား."

ကြယ်လေးပွင့်ဖော်မြူလာကို ပထမဆုံး အကြိမ်သုံးခြင်းဖြစ်သောကြောင့်  အလွန်ဆုံးမှ 58% လောက်သာရှိမည်ဟု ခန့်မှန်းထားခဲ့သော်လည်း လီလော့က 60% ထိရောက်အောင်သန့်စင်နိုင်ခဲ့သည်။

"နောက်တစ်ခါ မင်းသိမှာပါ....."

လီလော့က စကားဝှက်ဖြင့် ပြန်ဖြေလိုက်သော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်ရေရင်းမြစ်ကို ရောနှောပြီး လျှို့ဝှက်စွာ ထည့်သုံးခဲ့ပါသည်။

"ဒါပေမယ့်...နင့်ကို အရသာပြန်ရစေမယ့် ဝိညာဉ်ရည်တွေ ငါ မလုပ်ရသေးဘူး...."

ပိုင်မျန်မျန်နှင့် စာချုပ်ချုပ်ပြီး သူမရဲ့ အရသာခံအာရုံကို ဖော်မြူလာနဲ့ လဲလှယ်မည်ဟု ကတိပြုထားခဲ့သည်မဟုတ်လော.....

ပိုင်မျန်မျန်က မချိုမချဉ်ပြုံးလိုက်ပြီး.....

"ရပါတယ်... နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီးပြီပဲ....ခဏလောက်က ဘာမှမဖြစ်ပါဘူး....."

"အင်းပါ....ငါ မြန်မြန် ဖော်စပ်ပေးပါ့မယ်....."

"ခေါင်းဆောင်..... ဒီကြယ်လေးပွင့် ဖော်မြူလာက နင့်အပိုင်ဖြစ်သွားပြီ....."

သူမသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော အကျိုးရလဒ်ကို လီလော့ထံ ရက်ရက်ရောရောပေးအပ်နေသည်။

"မျန်မျန် နောက်ဆို  မင်းရဲ့ဖော်မြူလာက ရှပြည်ထောင်စုမှာရှိတဲ့ ကြယ်သုံးပွင့်ဝိဉာဉ်ရည်ဖော်မြူလာတွေ ထဲမှာ အကျော်ကြားဆုံးဖြစ်လာမှာ သေချာတယ်......."

ထိပ်တန်းစံအိမ်ကြီးများတွင်သာ ကြယ်သုံးပွင့်ဝိညာဉ်ရည်ဖော်စပ်နိုင်သော ကြယ်လေးပွင့်ဖော်မြူလာများရှိကြသည်။

သူသည် ရေအလင်းပဲ့တင်ထပ်သံကို အဆင့်ခုနှစ်အထိ မြှင့်တင်ပြီးပါက ပိုသန့်စင်သော ရေအရင်းအမြစ်တစ်ခုနှင့်ပိုင်မျန်မျန်၏ ဖော်မြူလာကိုသာ ပေါင်းစပ်လိုက်လျှင် အကောင်းဆုံး ဝိဉာဉ်ရည်များကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။

ထိုအခါ ရှီးယန်စံအိမ်သည်  ကြယ်သုံးပွင့်

ဝိညာဉ်အရည်ဈေးကွက်တွင် အကောင်းဆုံးဖြစ်လာမည်ဖြစ်သည်။

"ခေါင်းဆောင်....ဒီဖော်မြူလာကို နာမည်မရသေးဘူးလား......"

လီလော့ ခဏလောက်စဉ်းစားလိုက်ပြီး....

"အဲ့ဒါကို လိပ်ပြာပျိုဝိဉာဉ်ရည်လို့ နာမည်ပေးလိုက်မယ်....."

ထိုအမည်နာမသည် သူမ၏ အိမ်မက်ဆိုးရေလိပ်ပြာပဲ့တင်ထပ်သံကို အစွဲပြုပြီး ပေးထားသည့်အတွက် ပိုင်မျန်မျန် အံ့သြနေရှာသည်။

"ဒါ...ဒါကြီးက သိသာလွန်းနေတယ်မလား.....?"

" သိသာတော့လဲဘာဖြစ်လဲ....ဒီဖော်မြူလာကို ပိုင်မျန်မျန်ဆိုတဲ့မိန်းကလေးတစ်ယောက်ဖော်ထုတ်ထားမှန်း ရှပြည်ထောင်စုတစ်ခုလုံးသိစေရမယ်......"

သူမ လီလော့ကိုကြည့်ရင်း ခံစားချက်မျက်ရည်တွေ စီးကျနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းညိတ်လိုက်သည်။

လီလော့သည် ခဏအကြာတွင် ရှုပ်ပွနေသည်များကို စတင်ရှင်းလင်းလိုက်သည်။ ပြီးသွားတော့မှသာ  တော်တော်တိတ်ဆိတ်နေတာကို သတိပြုလိုက်မိသည်။

ပိုင်မျန်မျန်ကတော့ ပင်ပန်းလွန်းသဖြင့် စားပွဲပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေရှာသည်။

ဝဲကျနေသော် ဆံနွယ်များက သူမ၏မျက်နှာလှလှလေးကို ဖုံးအုပ်နေသော်လည်း အိပ်ရေးပျက်ထားသည့်ဒဏ်ကြောင့် မည်းနက်နေသော မျက်ကွင်းနှစ်ဖက်ကိုအထင်းသားမြင်နေရသေးသည်။

ရူးသွပ်ဖွယ် ဖိအားများကင်းစင်သွားသည့်အတွက်သာ သူမအခုလို စိတ်အေးလက်အေး အိပ်စက်နိုင်ခြင်းဖြစ်သည်။

လီလော့ စိတ်မကောင်းဖြစ်နေမိသည်မှာ အမှန်ပင်...... ဤကြယ်လေးပွင့်ဖော်မြူလာသည် သူ့အတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။

သူမကို ညင်သာစွာပွေ့ချီလိုက်သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။ သူမ အိပ်ပျော်နေသော်လည်း ဤနေရာသည် သက်တောင့်သက်သာ အိပ်စက်ရန်နေရာမဟုတ်ပေ။

"ပေါ့ပေါ့လေးပဲ....."

သူမသည် တံခါးဝမှ လှမ်းထွက်လာစဉ် သူ့ရင်ခွင်ထဲတွင် ပျော့ခွေနေသည်။

ပထမထပ်ကို ဖြတ်သွားချိန်တွင် တံခါး ခေါက်သံကြားလိုက်ရသည်။ သို့သော် လီလော့ကလက်မအားသည့်အတွက် ရှင်းဖူကို အကူအညီလှမ်းတောင်းလိုက်ရသည်။

" ရှင်းဖူ....တံခါးသွားဖွင့်ပေးလိုက်ပါဉီး....."

"သေချာလား?" အခန်းတွင်းမှ သူ့အသင်းဖော်၏ အသံက မေးသည်။

ဟင်...ဒီကောင် ဘာဖြစ်နေတာလဲ။ တံခါးဖွင့်တာနဲ့ ပတ်သက်ပြီး ဘာတွေကိုသေချာနေရဉီးမှာလဲ......

"ဖွင့်မှာသာ သွားဖွင့်စမ်းပါကွာ....."

"ကောင်းပြီ ဒါဆို!"

ရှင်းဖူ၏ အူမြူးနေသံကြောင့် လီလော့သံသယဝင်လာပြီး ငုံ့ကြည့်လိုက်တော့မှသာ ပိုင်မျန်မျန်ကို ပွေ့ချီထားဆဲဖြစ်နေသည်ကို သတိရလိုက်မိသည်။

"ဟေ့ကောင်.....ခဏ စောင့်ဉီး...!"

နောက်ကျသွားလေပြီ.....​တံခါး ပွင့်သွားသည့်အခါ လီလော့ရင်ခွင်ထဲက ပိုင်မျန်မျန်ကိုသာ စူးစူးနစ်နစ်စိုက်ကြည့်နေသူနှစ်ဉီးကို မြင်လိုက်ရသည်။

ထိုသူနှစ်ယောက်သည် အခြားသူများမဟုတ်.....ကျန်းချင်းအာနှင့် လုချင်းအာတို့သာပင်.....

အခန်းတွင်းအပူချိန်များ ရုတ်တရက်ကျဆင်းလာသလိုပင်....

***

All Chapters