← Chapters

အရှက်ကွဲပြီ.....

Vol. 23 Ch. 311

အရှက်ကွဲပြီ.....

Vol. 23 Ch. 311

အပြင်ဘက်တွင် ရာသီဉတုပူပြင်းနေသော်လည်း လီလော့တို့အဆောင်ထဲတွင် အရိုးခိုက်လုမတတ်အေးစက်နေ၏။

ကိုယ့်သတို့သားလောင်းက တခြားမိန်းမပျိုလေးတစ်ယောက်ကို ပွေ့ဖက်ထားရင် ဘယ်လိုတုံ့ပြန်တတ်ကြသလဲ....ငါသေတော့မယ်ထင်တယ်.....

လီလော့သည် မကြာမီ သူ့ခံစားချက်များကို ထိန်းချုပ်နိုင်ခဲ့သည်။

ဘာကိုကြောက်ရမှာလဲ? အိပ်ပျော်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီခဲ့တာပဲလေ....   သူမကို အခန်းပြန်ပို့လိုက်ရုံပဲဟာ.....

လီလော့ သတ္တိကို စုဆောင်းပြီး ယုံကြည်မှုရှိရှိ ပြုံးကာ......

"ဟေ့...နင်တို့နှစ်ယောက် ဘာကိစ္စရှိလို့ရောက်လာကြတာလဲ....."

ထိုမေးခွန်းကြောင့် ကျန်းချင်းအာက မျက်ခုံးပင့်လိုက်သော်လည်း လုချင်းအာကတော့ အံတင်းတင်းကြိတ်နေလေ၏။

"အိပ်ပျော်နေတာလား....ဒါဆို သူ့အခန်းကိုအရင်ပြန်ပို့ပေးလိုက်ပါဉီး....."

လီလော့က ကျန်းချင်းအာကို ခေါင်းညိတ်ပြလိုက်ပြီး လှေကားပေါ်လှည့်တက်လိုက်သည်။ထိုအခါ ရှင်းဖူက နောက်ကလိုက်လာပြီး.....

" ခေါင်းဆောင်.....မင်း ကျောကုန်းမှာ ချွေးတွေစိုနေတယ်....."

" မင်း ပါးစပ်ပိတ်ထားလို့မရဘူးလား....."

အောက်ထပ်တွင်......

လုချင်းအာက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး...

" လော့လန်အိမ်တော်မှာ တကယ်ပဲ အခန်းတွေအများကြီးရှိနေတာလား....."

သူမ တစ်ကိုယ်ရေကြားရုံမျှသာ ပြောလိုက်သော်လည်း ကျန်းချင်းအာက ကြားဖြစ်အောင်ကြားလိုက်သည်။

ဟုတ္သားပဲ....ငါသူ့ကို ဒီစကားမျိုးပြောခဲ့ဖူးတယ်.....ပုံမှန်အတိုင်းဆို လီလော့က လုချင်းအာနဲ့ပိုနီးစပ်တယ်မဟုတ်ဘူးလား......

ကျန်းချင်းအာက လုချင်းအာဘေးတွင် ဝင်ထိုင်လိုက်ပြီး......

"တစ်ခန်းနဲ့ နှစ်ခန်းက သိပ္ကြာတာမွမဟုတ္တာ....."

လုချင်းအာက  သူမကို စိုက်ကြည့်နေပြီး.....

"စီနီယာ...ရှင်တော်တော် ရိုင်းတာပဲ....ရှင်ပြောခဲ့တဲ့စကားတွေအတွက် နောင်တရစေရမယ်....."

ကျန်းချင်းအာက ပျင်းတိပျင်းရွဲဟန်ဖြင့် မေးထောက်လိုက်ပြီး.....

" ကောင်းပြီ....ငါစောင့်နေမယ်....."

ကျန်းချင်းအာနှင့်လုချင်းအာတို့ စကားစစ်ထိုးနေချိန်တွင် လီလေူ့က ပိုင်မျန်မျန်ကို အခန်းပြန်ပို့ပြီး ပြန်ဆင်းလာပြီဖြစ်သည်။

"မ်န္မ်န္က ဝိညာဉ်အရည်ဖော်မြူလာတွေကို တစ္ညလုံး သုတေသနလုပ်ခဲ့တာ... ဒါကြောင့်မို့ လုံးဝကို ပင်ပန်းနွမ်းနယ်ပြီး သန့်စင်ရေး အလုပ်ရုံမှာ အိပ်ပျော်သွားတယ်....."

ကျန်းချင်းအာက လီလော့၏ ပျော်မြူးနေသောလေသံကို သတိပြုမိလိုက်သည်။

"ရလဒ်ကောင်းလား?"

လီလော့က ဖော်မြူလာစာလိပ်ကို ကျန်းချင်းအာဆီလှမ်းပေးလိုက်ပြီး......

"ကြယ်သုံးပွင့်ဝိညာဉ်ရည်အတွက် ကြယ်လေးပွင့်ဖော်မြူလာ....."

ကောင်မလေးနှစ်ယောက်လုံး အံသြသွားသည်။

ထိုစာလိပ်သည် အမြင်ရသေးငယ်သော်လည်း ရှီးယန်စံအိမ်၏ အသက်ကြောဖြစ်လာမည်သာ......

"မယုံနိုင်လောက်စရာ သုတေသနပြုချက်ပဲ..." ဟု ကျန်းချင်းအာက ချီးမွမ်းစကားဆိုသည်။

သူမကိုယ်တိုင်က ထိုပညာရပ်ကိုမလေ့လာဖူးသော်လည်း လော့လန်အိမ်တော်ကို စီမံခန့်ခွဲတဲ့ နှစ်တွေတစ်လျှောက်မှာ သူတို့ရဲ့ အကြီးမားဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ ရွီးယန္စံအိမ္ကို အာရုံစိုက်ခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် အရင်းအနှီးများစွာသုံးခဲ့သော်လည်း ကြယ်လေးပွင့်ဖော်မြူလာကို မည်သူမျှ မဖန်တီးနိုင်ခဲ့ပေ။

သို့သော်လည်း ပိုင်မျန်မျန်လို ငယ်ရွယ်နုနယ်သူတစ်ယောက်က အောင်မြင်စွာဖန်တီးနိုင်ခဲ့သည်။

"မ်န္မ်န္က နင့်တစ်ယောက်တည်းကိုပဲပေးတာလား......"

လုချင်းအာက မယုံနိုင်စွာ မေးလိုက်သည်။

ရွှေနဂါးဘဏ်တိုက်၏ သခင်မလေးတစ်ယောက်အနေဖြင့် ကြယ်လေးပွင့်ဖော်မြူလာ၏ ဈေးကွက်တန်ဖိုးကို ၎င်းတို့အားလုံးထက် ကောင်းစွာသိသည်။

ကြယ်လေးပွင့်ဖော်မြူလာတစ်ခုသည် ကာလတန္ဖိုးအရ ကောင်းကင်ရွှေသန်းပေါင်း သောင်းချီတန်ကြေးရှိသည်။

"ဟုတ်တယ်..... ဒီဖော်မြူလာကို မျန်မျန်လည်း တစ်ဝက်သက်ဆိုင်တယ်.... ဒါပေမယ့် အတိအကျပြောရရင် ငါ သူ့ဆီက အလကားရလိုက်သလိုပဲ .."

မျန်မျန့်ကို အရသာခံအာရုံပြန်ရအောင်ကူညီပေးမည့်အကြောင်းကိုတော့ထုတ်မပြောလိုက်ပေ။

"ဒီကြယ်လေးပွင့်ဖော်မြူလာနဲ့ဆို ရှီးယန်စံအိမ်က အခုလာမယ့် ပညာရှင်တွေ့ဆုံပွဲမှာ အခွင့်ရေးပိုရလာနိူင်မယ်....."

"မလုံလောက်ဘူး....."

ဤသည်မှာ လမ်းကြောင်းမှန်ပေါ်ခြေချနိုင်ပြီဖြစ်သော်လည်း  အောင်မြင်မှုဆီသို့ လျှောက်လှမ်းနေနိုင်မည်မဟုတ်သေးပေ။

"ချင်းအာ.... အစ်မချိုင်ဝေ  ဝိညာဉ်ရည်တွေ ပို့လိုက်ပြီလား....."

"နင့်ရဲ့တောင်းဆိုမှုကြောင့် သူလည်း ခေါင်းမွှေးပြောင်တော့မယ်......"

ကျန်းချင်းအာကလည်း လော့လန်အိမ်တော်ကိုစီမံခန့်ခွဲဖူးသည့်အတွက် ချိုင်ဝေကိုအပြည့်အဝစာနာ နားလည်ပေးနိူင်သည်။

" ပြီးခဲ့တဲ့ ရက်အနည်းငယ်က လော့လန်အိမ်တော်ရဲ့ လုပ်ငန်းတချို့ကို တိုးချဲ့ဖို့  ပမာဏအများကြီး သုံးစွဲခဲ့ရတယ်..... နင့်ရဲ့ ရုတ်တရက် တောင်းဆိုချက်က အရမ်းများလွန်းတယ်.....နောက်သုံးရက်လောက်စောင့်ရင်အဆင်ပြေနိုင်ပေမယ့် နင်က အဲ့လောက်ထိအချိန်မစောင့်နိူင်ဘူးဆို......"

လီလော့ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူ့တောင်းဆိုချက်က အရေးတကြီးဖြစ်ပေမဲ့ ပညာရှင်တွေ့ မကြာခင်မှာဘဲ သူ့မှာ အချိန်မရှိဘူး။

"ဒါပေမယ့် နင့်ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းဖို့အတွက် ချိူင်ဝေက ရွှေနဂါးဘဏ်ကို သွားခဲ့တယ်..... နင့်အတွက် သူ့ မာနကိုတောင် စွန့်ပစ်လိုက်တယ်....."

လီလော့ တကယ် အံ့သြသွားသည်။

"ရွှေနဂါးဘဏ်တိုက်လား.......သူတို့က ချေးငွေကိစ္စနဲ့ပတ်သတ်ရင်စည်းကမ်းတင်းကြပ်လွန်းတယ်......."

"ဟုတ်တယ်... ငါတို့တွေ ချေးငွေလျှောက်ထားဖို့ အရည်အချင်းမပြည့်မီခဲ့ဘူး........ဒါပေမယ့် ရွှေနဂါးဘဏ်တိုက်ရဲ့ သခင်မလေးက နင့်​ရဲ့ကိုယ်စား စကားပြေားပေးခဲ့တယ်လေ..... နောက်ဆုံးတော့ သမ္မတယုက ခြွင်းချက်တစ်ခုအနေနဲ့ လုပ်ပေးလိုက်တယ်....."

"ကျေးဇူးတင်ပါတယ် ချင်းအာ....!"

လုချင်းအာက ခေါင်းယမ်းလိုက်ပြီး လီလော့ကို ပြုံးပြလိုက်သည်။

"နင်လိုချင်တဲ့ ဝိညာဉ်ရည်တွေ ဒီမှာရောက်နေပြီ...... တကယ်ဆို ငါလည်း အများကြီးမကူညီလိုက်ရပါဘူး....ရွှေနဂါးဘဏ်တိုက်က စီးပွားရေးလုပ်တဲ့နေရာမှာနာမည်ကြီးဆိုတော့ နင်တို့ရှီးယန်စံအိမ်ရဲ့အလားအလာကိုကောင်းကောင်းသိနေတယ်လေ.....အဲ့တာကြောင့်မို့ချေးငွေထုတ်ပေးလိုက်တာပေါ့....."

တကယ်ဆို ကောင်းကင်ရွှေတစ်သန်းက သူမအတွက် မပြောပလောက်ပေမယ့် လီလော့ရဲ့ဂုဏ်သိက္ခာကိုထောက်ထားသည့်အနေဖြင့် သူမဘက်က ငွေစိုက်မထုတ်ပေးဘဲ အခုလိုကူညီလိုက်ခြင်းဖြစ်သည်။

" .. အချိန်ရရင် နင် သူ့ကိုလာတွေ့ဖို့ ငါ့အမေက မှာလိုက်တယ်.....ရွှေနဂါးတာအိုနယ်မြေနဲ့ပတ်သတ်ပြီးပြောစရာရှိတယ်...."

"ရွှေနဂါးတာအိုနယ်​မြေ......."

လီလော့ ခေါင်းညိတ်လိုက်သည်။

ဒီနေရာကိုဘယ်မေ့ပါ့မလဲ...လျှို့ဝှက်ဆန်းကြယ်တဲ့ရွှေနဂါးတာအိုနယ်မြေထဲမှာ ဘာတွေရှိနေမလဲ.....သူ့မှာ အချိန်သိပ်မရှိဘူး......အကူအညီရနိုင်မယ့်အခွင့်ရေး

တိုင်းကိုလက်လွှတ်ခံလို့မဖြစ်ဘူး......

"ပညာရှင်တွေ့ဆုံပွဲပြီးရင် နင့်အမေကိုလာတွေ့ပါ့မယ်......"

"အိုး၊ နောက်ထပ် သတင်းတစ်ခုရှိသေးတယ်..... စိမ့်အိုင်စံအိမ်က ဒီတွေ့ဆုံပွဲအတွက် သူတို့ကို ကိုယ်စားပြုဖို့ ဟန်ဇီကို စေလွှတ်မယ်ကြားတယ်....."

ဟန်ဇီ......

ထိုအမည်နာမသည် လီလော့ကို အံ့အားသင့်စေခဲ့သည်။

လီလော့ ထိုလူကိုတသက်မေ့နိုင်မည်မဟုတ်ပေ။ လွတ်လွတ်လပ်လပ် အလုပ်ထွက်နိုင်ရက်နဲ့ ပညာရှင်တွေကိုအပါခေါ်သွားသည့်အပြင် သုတေသနဆောင်ကိုမီးရှို့ဖျက်စီးပစ်ခဲ့သေးသည်။ ထို့ကြောင့် အနှစ်နှစ်အလလ ငွေကုန်လူပင်ပန်းခံစုဆောင်းထားသမျှ အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။

"စိမ့်အိုင်စံအိမ်က   ဒါကို ရည်ရွယ်ရှိရှိ လုပ်နေတာ"

ကျန်းချင်းအာ၏လေသံသည် ရေခဲတမျှအေးစက်နေသည်။ထိုမှတ်ချက်ကို လီလော်ကလည်း ခေါင်းညိတ်ထောက်ခံ လိုက်သည်။ ဤသည်မှာ သူ့အပေါ် အထူးတွက်ချက်ထားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကောလိပ်မှ ဘွဲ့ရမည့်ပညာရှင်အသစ်များသည် ရှီးယန်စံအိမ်၏ဥက္ကဋ္ဌဟောင်းကိုစိမ့်အိုင်စံအိမ်၏ကိုယ်စားလှယ်အဖြစ်တွေ့လိုက်ရပါက မည်သို့တွေးထင်ကြမည်နည်း။

ဘာကိုမှရှင်းမပြနိုင်ခင် ရှီးယန်စံအိမ်ကို အထင်မြင်သေးကုန်ကြမည်သာ.....

လီလော့ သက်ပြင်းချလိုက်ပြီး ဝိညာဉ်ရည်ပုလင်းများနှင့် ပြည့်နေသော သေတ္တာကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

အမြင့်ရောက်လေလေ ကျနာလေလေပဲ......

ဒါတွေကို အခွင့်ကောင်းယူပြီး ရှီးယန်စံအိမ်တိုးတက်အောင်လုပ်ဆောင်ရမယ်.......

***

All Chapters