ထိတွေ့ခံစားနိုင်စွမ်းရှိသော ပဲ့တင်ထပ်သံစွမ်းအား.........
Vol. 23 Ch. 312
နောက်ရက်အနည်းငယ်ကြာတဲ့အထိ လီလော့ အလုပ်များနေလေ၏။
လုချင်းအာ ပေးသွားသော ဝိညာဉ်ရည်များကို စုပ်ယူသန့်စင်သည့်အခါ သူ၏အဆင့်ခြောက် ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်တက်ဖို့ အနည်းငယ်နီးကပ်လာပြီဟုအချက်ပြနေပြီဖြစ်သည်။စားအိုးကြီးလှသော ရေအလင်းပဲ့တင်ထပ်သံအကြောင်းကိုသာ အပြင်လူများသိသွားလျှင် မူးမေ့လဲကုန်ကြလိမ့်မည်။
လီလော့လို ဗလာနန်းတော်ရှိိသူတစ်ယောက်သာ များပြားလှသော ဝိဉာဉ်ရည်များကိုစုပ်ယူသန့်စင်နိုင်လိမ့်မည်။
သူ၏ ရေအလင်းပဲ့တင်ထပ်သံကို အဆင့် မြှင့်တင်ခြင်းသည် ပညာရှင်ဆွေးနွေးပွဲအတွက် အရေးကြီးဆုံးအလုပ်ဖြစ်သည်။ သူထံတွင် လိိပ်ပြာပျိုဝိဉာဉ်ရည်ဖော်မြူလာရှိနေသော်လည်း ယန်လင်းချီနှင့် တန်ယွမ်တို့သည် အဆင့်လေးပညာရှင်များဖြစ်သည့်အတွက် သူ့လောက်ကောင်းအောင်ဖော်စပ်နိုင်မည်မဟုတ်ပေ။
အရေးအကြီးဆုံးမှာ... အခြားစံအိမ်ကြီးများသည် အဆင့်သုံးဝိညာဉ်ရည်များပြုလုပ်ရန်အဆင့်သုံးပညာရှင်များကိုစေလွှတ်မည်မဟုတ်ပေ။ ၎င်းတို့၏ ကျွမ်းကျင်မှုအကွာအဝေးနှင့် အတိမ်အနက်ကိုပြသရန် အတွေ့အကြုံရှိသည့် ပညာရှင်များကိုသာရွေးချယ်စေလွှတ်လိမ့်မည်။
ထို့ကြောင့် ပညာရှင်များကြားတွင် အဆင့်သုံးပညာရှင်တစ်ယောက်က ကြယ်သုံးပွင့်ဝိဉာဉ်ရည်ကို အကောင်းဆုံးသန့်စင်နိုင်မည်ဆိုပြက အများသူငါ စိတ်စားမှုကို အပြည့်အဝရရှိနိုင်လိမ့်မည်။
ဤသည်မှာ အခက်ခဲဆုံး ချဉ်းကပ်မှုဖြစ်ပြီး အကောင်းဆုံး ပေးဆပ်ရမယ့် နည်းလမ်းလည်း ဖြစ်သည်။
ကြယ်လေးပွင့်ဖော်မြူလာနှင့် အဆင့်ခုနှစ် ရောက်လုနီးနီး ရေလင်း ပဲ့တင်ထပ်သံတို့ကြောင့်သာ လီလော့အခုလောက်ထိ ယုံကြည်ချက်ရှိနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရေအလင်းပဲ့တင်ထပ်သံကိုတတ်နိူင်ဆုံးအဆင့်မြှင့်နိုင်အောင်ကြိုးစားရပေမည်။
ဝိညာဉ်ရည်များကို စုပ်ယူခြင်းအပြင် လီလော့၏ အားလပ်ချိန်များကို သန့်စင်ရေးအလုပ်ရုံတွင် ကုန်ဆုံးခဲ့သည်။
ကြယ်လေးပွင့်ဖော်မြူလာဖြစ်သော လိပ်ပြာပျိုဝိဉာဉ်ရည်သန့်စင်ရခြင်းသည် အခြားသော အဆင့်သုံးဝိဉာဉ်ရည်များထက် ပိုခက်ခဲနေသည်။
အကယ်၍ ပညာရှင်ဆွေးနွေးပွဲတွင်သာ ကျရှုံးခဲ့လျှင် ရှီးယန်စံအိမ်၏ဂုဏ်သတင်းလည်း အဖတ်ဆယ်မရအောင်ကျဆင်းကုန်လိမ့်မည်။
လီလော့ အလုပ်များနေချိန်တွင် အချိန်တွေလျင်မြန်စွာကုန်ဆုံးနေခဲ့ပြီဖြစ်သည်။
ဤရက်များအတွင်း.... နယ်မြေ 13 တွင်ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများသည် ကောလိပ်
တစ်ခွင်သို့ ပျံ့နှံ့သွားပြီး လီလော့၏ ဂုဏ်သတင်းကို ပိုမိုကျော်ကြားလာစေခဲ့သည်။
ကျောင်းသားအများအပြားသည် တားမြစ်ဇးနယ်မြေမှ သားရဲကို ဖြားယောင်းသွေးဆောင်ခဲ့သည့် လီလော့၏ရဲရင့်သောအကြံအစည်ကို ချီးမွမ်းမဆုံးနိုင်ကြပေ။
ဒါဟာ ရူးသွပ်တဲ့ အစီအစဥ်တစ်ခုဖြစ်ပေမယ့် ရုန်းမထွက်နိုင်တဲ့ အခြေအနေမျိုးမှာ သတ္တိရှိဖို့ လိုအပ်မှန်း လူတိုင်းနားလည်သဘောပေါက်လာကြသည်။
ဂုဏ်ယူဝင့်ကြွားပြီး အတွေ့အကြုံရှိသော ကြယ်လေးပွင့်ခန်းမ ကျောင်းသားများသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်ထက် ပိုမိုအားကောင်းသည့်အရာတစ်ခုကို ဆွဲဆောင်ရန် စိတ်ကူးခဲ့သည့် ပထမနှစ်ကျောင်းသားလီလော့ကို ကျားမကြောက်တတ်သည့် နွားပေါက်လေးအဖြစ် နာမည်ပြောင်ပေးထားခဲ့ကြသည်။
အမာခံခုနှစ်ဉီးထဲမှ မည်သူမျှ ထိုသို့ကြံစည်ဝံ့မည်မဟုတ်ပေ။သို့သော်လည်း လီလော့က ဆရာသခင်အဆင့်နှင့်ပင် စစ်ကူများရောက်မလာခင်အထိ နယ်မြေ၁၃ ကို အတတ်နိုင်ဆုံး ထိန်းထားပေးခဲ့ရှာသည်။
တကယ်တမ်းတွင်မူ ကျောင်းအုပ်ကြီးဆီမှ စည်းတံဆိပ်ကိုရရှိထားသည့်အတွက် စစ်ကူများရောက်မလာလျှင်တောင် အဆင်ပြေနေဉီးမည်သာ......
ထို့ကြောင့် ကျောင်းသားပေါင်းများစွာသည် လီလော့အပေါ် အသက်ကျေးဇူးကြွေးတင်ရှိနေပြီဖြစ်သည်။ဤအချင်းအရာသည် ကောလိပ်၏သမိုင်းတစ်လျှောက် တုနှိုင်းမယှဉ်နိုင်သော ဂုဏ်ကျက်သရေတစ်ခုအဖြစ် ရာဇဝင်တွင်နေတော့မည်သာ......
ထိုသို့သော ပေးဆပ်မှုများကြောင့် ကျောင်းသားများအိမ်မက်တောင်မမက်ခဲ့ဖူးသည့်ရမှတ်များကို လီလော့ပိုင်ဆိုင်နိုင်တော့မည်။
လီလော့ဘက်က အရံအစီအစဉ်အဖြစ်ယုလန်ကိုသတင်းဖြန့်ခိုင်းခဲ့သော်လည်း ကန့်ကွက်မယ့်သူ မရှိဘဲ အားပေးထောက်ခံမှုများသာ အရှိန်အဟုန်မြင့်မားလာခဲ့သည်။
နောက်ဆုံးတွင် ကောလိပ်း အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ရွှေစင်နန်းတော်က ဆုကြေးငွေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ကြေညာခဲ့ပြီး ကောလိပ်ဘက်ကမှ ထိုကဲ့သို့သော အကျိုးဆောင်မှုကို အကျိုးမဲ့ဖြစ်စေမည်မဟုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ရသည်။
ပညာရှင်ဆွေးနွေးပွဲကျင်းပရန် တစ်ရက်သာလိုတော့သော်လည်း လီလော့ အခုထိရေအလင်းပဲ့တင်ထပ်သံကို အဆင့်မမြှင့်နိူင်သေးပေ။
အလယ်အလတ်အဆင့် ပဲ့တင်ထပ်သံနှင့်အဆင့်မြင့်ပဲ့တင်ထပ်သံတို့ကြားက ကွာဟချက်ကို အမှန်တကယ် လျှော့တွက်ခဲ့မိသည်။
အဆောင်ထဲမှ လီလော့ထွက်လာချိန်တွင် အချိန်ကြာမြင့်စွာ ဝိဉာဉ်ရည်များကိုစုပ်ယူသန့်စင်နေခဲ့သည့်အတွက် ညီးစီစီ ဖြစ်နေရှာသည်။
သူ၏ ရေအလင်း ပဲ့တင်ထပ်သံသည် ဆင့်ကဲပြောင်းလဲရန် လုံလောက်အောင် အစွမ်းထက်နေပြီဟု ခံစားနေရသော်လည်း အောင်မြင်နိုင်ရန် တွန်းအားတစ်ခုလိုအပ်နေသေးသည်။
ပါးလွှာတဲ့ အတားအဆီးတစ်ခုက သူ့ကို တားထားဆီးသလိုပင်.....
ဤသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားလှသော ပိတ်ဆို့ခြင်းဖြစ်သည်ကို သူသိသည်။း
သို့သော်လည်း လီလော့ ထိတ်ထိတ်ပြာပြာ ဖြစ်မနေဘဲ အတတ်နိူင်ဆုံး စိတ်အေးအေးထားဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။
လမ်းရဲ့တစ်ဖက်မှာ ရေကန်တစ်ခုရှိနေတာကြောင့် လီလော့သည် အလယ်ဗဟိုမှာရှိတဲ့ ကျွန်းငယ်လေးဆီ ဦးတည်သွားခဲ့လိုက်သည်။
လမ်းတစ်လျှောက်တွင် ကျောင်းသားများစွာကို ကျော်ဖြတ်ခဲ့ပြီး ယခုအခါ သူ့ကို စူးစမ်းလိုစိတ်နှင့် လေးစားမှုတို့ရောယှက်နေသည့်အကြည့်များဖြင့် ကြည့်နေသည်ကိုလည်း တွေ့ကြုံခဲ့ရသည်။
ယုလန်သည် သူ့ဂုဏ်သတင်းကို ပိုမိုတိုးတက်အောင် သေချာပေါက် ကူညီပေးလိမ့်မည်ဖြစ်သောကြောင့် မကြာခင် အမှတ်တစ်သိန်းကိုရယူပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ထိုအတွေးကြောင့် အားတက်သရောဖြင့် ရေကန်၏ အလယ်ဗဟိုသို့ ရောက်သည်အထိ ဆက်လျှောက်သွားခဲ့သည်။
ရေကန်အလယ်ရှိ နားနေဆောင်ကနေ သူ့ကိုစိုက်ကြည့်နေသူတစ်ဉီးလည်းရှိနေသေးသည်။
နည်းပြချီချန်း.........
လီလော့ သူမထံသို့ မသွားမှီ ခဏမျှတုံ့ဆိုင်းနေခဲ့သေးသည်။
သူမသည် ထုံးစံအတိုင်း အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသော်လည်း ကျောက်စရစ်ခဲများပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်နေပါသည်။
"ဆရာ....."
လီလော့ သူမကို နှုတ်ဆက်လိုက်သည်။
"မင်းရဲ့ အဓိက ပဲ့တင်ထပ်သံက အဆင့်တက်ဖို့ နည်းနည်းပဲလိုတော့တယ်......"
ထိုစကားကြောင့်လီလော့က သူမကို အံ့သြစွာ စိုက်ကြည့်လိုက်မိသည်။
"မင်းဆီမှာပဲ့တင်ထပ်သံစွမ်းအားတွေ ပြည့်လျှံနေတယ်..... အဲ့ဒါ သေချာတဲ့ လက္ခဏာတွေထဲက တစ်ခုပဲ..... ငါ မင်းကို စောင့်ကြည့်နေတာ ရက်အတော်ကြာနေပြီ...."
"ဟုတ်ပါတယ်.....ဆရာ ကျွန်တော့်ကိို အကြံဉာဏ်တစ်ခုလောက်ပေးနိုင်မလား....."
သူမသည် ပိုသက်တောင့်သက်သာ ထိုင်နိုင်သော အနေအထားဖြစ်အောင် စီစဉ်ပြီး အေးမြသော ကန်ရေထဲတွင် ခြေထောက်စိမ်လိုက်ပြီးမှ......
"အဆင့်ခြောက်ကနေ အဆင့်ခုနှစ်ကို ခုန်တက်ရတာ သိပ်ခက်ခဲလွန်းတယ်.... အလယ်အလတ်အဆင့်ကနေ အဆင့်မြင့်ကိုအတားအဆီးကို ဖြတ်ကျော်တာက အခြေခံအဆင့်တွေကိုပါ ပြောင်းလဲလိုက်ရသလိုပဲ....."
"အဆင့်မြင့်ပဲ့တင်ထပ်သံရဲ့ အမှတ်အသားက လူတစ်ယောက်ရဲ့ ထိတွေ့ခံစားနိုင်စွမ်းနဲ့တိုက်ရိုက်သက်ဆိုင်တယ်.... ဒီအသိတရားရဲ့ မီးပွားလေးတွေကို လျှော့မတွက်လိုက်နဲ့.....အားကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ဖူးတယ်မဟုတ်လား.... သူတို့ရဲ့ တိုက်ခိုက်မှုတွေက ကိုင်တွယ်ရ ပိုခက်တယ်ဆိုတာ မင်းလည်း သိပါတယ်......စစ်တပ်နှစ်ခု တိုက်ခိုက်နေတာကို မြင်ယောင်ကြည့်လိုက်....တုံးတိုက်တိုက် ကျားကိုက်ကိုက် တဟုန်ထိုးစစ်ချီလာတဲ့အဖွဲ့နဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ ဗျူဟာတွေကိုစနစ်တကျ သုံးတတ်တဲ့အဖွဲ့နဲ့မှာ ဘယ်အဖွဲ့နိုင်မယ်ထင်လဲ......"
လီလော့ ခေါင်းညိတ်လိုက်သည်။ ထိုနိယာမကို နားလည်ပြီး ပြင်းထန်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်.......
"တောင်းပန်ပါတယ်.ဆရာ၊ ရိုးရိုးသားသားပြောရရင် ကျွန်တော်အရင်က မခံစားခဲ့ဖူးဘူး.... ဒူဇီပိုင်ရွှမ်းနဲ့ဝမ်ဟေးကျူတို့နဲ့ ထိပ်တိုက်တွေ့တုန်းကတော့ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မခံစားရဘူးး...ပဲ့တင်ထပ်သံနှစ်ခုရဲ့စွမ်းအားတွေက ပြင်းထန်လွန်းတယ်..... ပြီးတော့ သူတို့ရဲ့ ပဲ့တင်ထပ်တဲ့ စွမ်းအားတွေကို ကျွန်တော့်ဘက်က ပြတ်ပြတ်သားသား ရိုက်ချိုးပစ်ခဲ့တယ်လေ....."
ချီချန်း၏ မျက်နှာထားကိုအကဲခတ် ကြည့်လိုက်သည့်အခါ စကားမှားသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီ.....
ချီချန်းသည် သူ့ဘက်သို့ ဖြည်းညှင်းစွာလှည့်ကာ ရယ်တော့သည်။
ဘုန်းးးးးးးး
ဧရာမအိုင်ရေလှိုင်းကြီးတစ်ခုက ငြိမ်သက်နေသောမျက်နှာပြင်ကို ရိုက်ခတ်သွားကာ ရေကျားတစ်ကောင်က ဟိန်းဟောက်သံနှင့်အတူ ရေကန်ထဲမှ ပျံသန်းလာက လီလော့ ကို ထိမှန်သွားသည်။
လီလော့ အော်ဟစ်ပြီး ပက်လက်လန်သွားသည်။
"ငါက မင်းကို ပဲ့တင်ထပ်သံ စွမ်းအားတွေအကြောင်း သင်ပေးနေတာကို နင်က ဆရာထက်တပည့် တစ်လကြီးပိုကြီးချင်နေတယ်ပေါ့....အေးဒါဆိုလည်း နင့်ရဲ့မဟာဉီးနှောက်ကိုခဏလောက်ရစိမ်ထားလိုက်......"
***