← Chapters

ပညာရှင်တွေ့ဆုံပွဲ.....

Vol. 23 Ch. 314

ပညာရှင်တွေ့ဆုံပွဲ.....

Vol. 23 Ch. 314

ပဲ့တင်ထပ်သံပြုပြင်သူခန်းမတွင် အတော်လေးထူးခြားသော စနစ်တစ်ခုရှိသည်။ကောလိပ်၏သင်ကြားရေးစနစ်တွင် ကျောင်းသားများကို ကြယ်လေးပွင့်ခန်းမများအဖြစ် ခွဲခြားထားသော်လည်း ပဲ့တင်ထပ်သံပြုပြင်သူများသည် တိုက်ခိုက်ရေးမကျွမ်းကျင်ကြပေ။

ထို့ကြောင့် အရိပ်လှိုဏ်ဂူ ကဲ့သို့သော အန္တရာယ်ရှိသော အလုပ်များတွင် ၎င်းတို့ ပါဝင်မည်မဟုတ်ပေ။ ကျောင်းသားတစ်ယောက်ယောက်က စေတနာ့ဝန်ထမ်းလုပ်ဖို့ သတ္တိရှိရင်တော့ ကောလိပ်ဘက်က ခွင့်ပြုပေးလိမ့်မည်။

သို့သော်လည်း ပညာရှင်များသည် ဝိဉာဉ်ရည်များကိုသန့်စင်ပေးပြီး ကျောင်းအတွက် တဖက်တလမ်းမှ ဝင်ငွေရှာပေးနိူင်သူများဖြစ်ကြသည်။

တကယ်တမ်းတွင်မူ.... ထိုဝင်ငွေသည် အသုံးစရိတ်များကို ကာမိရုံသာမက များပစွာကိုလျှံနေသေးသည်။ အကယ်၍ ကြယ်တာယာခရီးရှည်ကောလိပ်သာ ဝိဉာဉ်ရည် စျေးကွက်တွင် အမှန်တကယ်ဝင်ရောက်မည်ဆိုပါက ထိပ်တန်းစံအိမ်အဖြစ် သတ်မှတ်ခံရမည်သာ.....

ဤအတိုင်းသာဆို ထိပ်တန်းစံအိမ်ကြီးများတွင်လုပ်ကိုင်နေသော ပညာရှင်များအားလုံး ကောလိပ်ကိုသာ အလုပ်ပြောင်းလာကြလိမ့်မည်။

ထို့ကြောင့် ထိပ်တန်းစံအိမ်ကြီးများက နှစ်စဉ်ကျင်းပသော ပညာရှင်တွေ့ဆုံပွဲတွင် ဘွဒ့ရကျောင်းသားများကိုဆွဲဆောင်နိုင်အောင် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ထိပ်တန်းစံအိမ်ကြီးများတွင် ပညာရှင်ပေါင်းများစွာရှိနေသော်လည်း ကောလိပ်မှဘွဲ့ရပညာရှင်များကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဝိဉာဉ်ရည်သန့်စင်ရေးလုပ်ငန်းသည် ထင်သလောက်ရိုးရှင်းမနေဘဲ အတွင်းကြိတ်ပြိုင်ဆိုင်မှုများ အမြဲပြင်းထန်နေသောကြောင့်ပင်......

ပဲ့တင်ထပ်သံပြုပြင်သူခန်းမသည် ကောလိပ်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာသည် ရေကန်များနှင့် ပြည့်နှက်နေသဖြင့် တစ်နေရာနှင့်တစ်နေရာကို တံတားများဖြင့်ဆက်သွယ်ထားသည့်အတွက် ကျင့်ကြံရေးခန်းမနှင့် နှိုင်းယှဉ်ပါက လုံးဝကွဲပြားသော အသွင်အပြင်ရှိသည်။

ယနေ့တွင်....ထိုတံတားများပေါ်တွင် ဧည့်သည်များဖြင့်ပြည့်နှက်နေသည်။

တည်နေရာတစ်ခုလုံး၏ အလယ်ဗဟိုတွင် ကျောက်စိမ်းအဖြူဖြင့် တည်ဆောက်ထားသည့် ခြံဝင်းတစ်ခုရှိသည်။ ၎င်းသည် ကြီးမားသော ရေကန်အလယ်တွင် လွင့်မျောနေပြီး အပြင်ဘက်နှင့် အထက်သို့ တိုးထွက်နေသော ကျောက်လှေကားများဖြင့် ဝန်းရံထားကာ ပရိသတ်များကို အတားအဆီးမဲ့ ရှုမြင်နိုင်စေပါသည်။

ထိုခြံဝင်းထဲတွင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ယူနီဖောင်းကို ၀တ်ဆင်ထားတဲ့ ပညာရှင်တွေအပြင် သူတို့ရဲ့ သက်ဆိုင်ရာ စံအိမ်ကြီးတွေရဲ့ ကိုယ်စားပြုအရောင်အသွေးဝတ်စုံဆင်မြန်းထားသည့် ပညာရှင်များပါရှိနေကြသည်။

လီလော့၊ကျန်းချင်းအာနှင့် ယန်လင်းချီတို့သည် ရှီးယန်အတူလာကြသော ချိုင်ဝေ၊တန်ယွမ်နှင့်အခြားသော ဌာနမှုးများနှင့်တွေ့ဆုံခဲ့ကြသည်။

တန်ယွမ်နှင့် အခြားသော ပညာရှင်များသည် ပဲ့တင်ထပ်သံပြုပြင်သူခန်းမ ပတ်ပတ်လည်ကို အံ့ဩစွာ ကြည့်နေကြသည်။

"ဒါဆို ဒါက ဒဏ္ဍာရီလာ ပဲ့တင်ထပ်သံပြုပြင်သူခန်းမပေါ့...... ငါတို့ ငယ်ငယ်တုန်းက ဒီကို ရောက်ဖို့ အမြဲ စိတ်ကူးယဉ်ခဲ့တာ....."

တန်ယွမ်တို့သည် ကောလိပ်တွင်တက်ရောက်ရန် အခွင့်အရေးမရခဲ့ကြရှာပေ။

မည်သို့ပင်ဆိုစေ ကောလိပ်မှဘွဲ့ရတော့မည့် ယန်လင်းချီရှိနေသည့်အတွက် ရှီးယန်၏နောင်ရေးကို စိတ်ပူနေစရာမလိုတော့ပေ။

ထိုအချိန်တွင် ချိုင်ဝေ၏ စကားသံကိုကြားလိုက်ရသည်။

" သခင်လေး....ရှင့်ရဲ့စားချင်သောက်ချင်စိတ်က အဆုံးမရှိတဲ့ တွင်းနက်ကြီးလိုပဲနော်....."

အဟုတ်ပဲလို့ ပြောလိုက်ချင်သော်လည်း သူမ၏ဒေါသကိုထပ်မဆွချင်သောကြောင့်လီလော့  သူမကို မချိပြုံးသာ ပြုံးပြလိုက်ရရှာသည်။

"စိတ်မပူပါနဲ့ အစ်မချိုင်ဝေ.... ရင်းနှီးမြုပ်နှံမှုအားလုံး ပြေလည်သွားမှာပါ......ဒီနေ့ပွဲမှာ ရှီးယန်အတွက် ကြီးမြတ်တဲ့အောင်မြင်မှုတွေရအောင်ယူပေးမယ်....."

ချိုင်ဝေက အံ့အားသင့်စွာ မျက်မှောင်ကြုံ့လိုပ်ပြီး......

"ကျွန်မတို့ ကိုယ့်အဆင့်ကိုယ်သိတယ် ....."

သူမသည် လော့လန်အိမ်တော်၏ အဓိကစီမံခန့်ခွဲသူများထဲမှ တစ်ဦးဖြစ်ပြီး ရှီးယန်အပါအဝင်လုပ်ငန်းအများစုကို ကြီးကြပ်နေရသူဖြစ်သည်။

ပညာရှင်တွေ့ဆုံပွဲတွင် ပါဝင်သည်မှာ လုံးဝ မှန်ကန်သော ဆုံးဖြတ်ချက် မဟုတ်ကြောင်း သူမ ခံစားခဲ့ရသည်။

ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ဘွဲ့ရကျောင်းသားတွေကို ဖိတ်ခေါ်မည်ဟူ​သော

စိတ်ကူးက ဆွဲဆောင်မှုရှိနေပေမယ့် ရှီးယန်တွင်လုံလောက်သောငွေကြေးမရှိသည့် စားရမှာလည်း သဲတရှပ်ရှပ် ပစ်ရမှာလည်း အဆီတဝင်းဝင်းဆိုသလိုဖြစ်နေသည်။

ထို့အပြင်  တန်ယွမ်သည် မျက်နှာမကောင်းသည့်အပြင် သက်ပြင်းချနေသည့်အတွက် ချိုင်ဝေနှင့်အတွေးတူသည်ဟု ဆိုရမည်။

ပညာရှင်တွေ့ဆုံပွဲတွင် ရှီးယန်ကိုဖိတ်ကြားရသည့်​အကြောင်းအရင်းကို လုံးဝနားမလည်နိုင်ခဲ့ကြပေ။

ဤသည်မှာ တောအုပ်တစ်ခုဆိုပါလျှင် အခြားစံအိမ်ကြီးများသည် ရာသီဥတုဒဏ်ခံနိုင်သော သစ်ပင်များ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ကျယ်ပြန့်သော အမြစ်များနှင့် နက်ရှိုင်းစွာခြေကုပ်ယူထားပြီး မပျက်စီးနိုင်သော အရွယ်အစားအထိ ကြီးထွားလာခဲ့သည်။ ရှီးယန်သည် လျင်မြန်သောနှုန်းဖြင့် ကြီးထွားလာသော သန်မာပြီး ငယ်ရွယ်သော သစ်ပင်တစ်ပင်ဖြစ်သော်လည်း အခြားစံအိမ်များ၏သမိုင်းဝင် ဂုဏ်သတင်းများကိုယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပေ။

ဤသည်မှာဘီလူးကြီးများ၏ စွမ်းအားကို ဆန့်ကျင်နေသော သေးငယ်သော ကြောင်ပေါက်ကလေးသဖွယ်ပင်.....

"သခင်လေးအစား ကျုပ် ဝင်ပြိုင်လိုက်ပါ့မယ်..... သခင်လေးက ငယ်ရွယ်သေးတဲ့အတွက် ကျင့်ကြံရေးကိုပဲအာရုံစိုက်ထားသင့်တယ်....."

တန်ယွမ်က မဝံ့မရဲ ကမ်းလှမ်းလိုက်သည်။

လီလော့သည် ပဲ့တင်ထပ်သံပညာရပ်တွင် အလားအလာရှိသော အရည်အချင်းများကို ပြသခဲ့သော်လည်း ငယ်ရွယ်မှုနှင့် အတွေ့အကြုံမရှိခြင်းက သူ့ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး မျက်နှာပျက်စရာများဖြစ်ပေါ်လာလိမ့်မည်။

ဆိုလိုသည်မှာ တန်ယွမ်က လီလော့ကိုယ်စား အရှက်ကွဲခံမည့်သဘောပင်.....

လီလော့သည် သူတို့၏ အဆိုးမြင်မှုကို မည်သို့ ကိုင်တွယ်ရမည်ကို အမှန်တကယ် မသိသော်လည်း ရှင်းပြဖို့လည်း စိတ်မကူးတော့ပေ။

"စိတ်မပူပါနဲ့ ကျွန်တော့်တာဝန်ထားပါတော့..."

ထိုအချိန်တွင် ရုတ်တရက် ဖြစ်ပေါ်လာသောတင်းမာမှုကြောင့် ကျန်းချင်းအာပင်လျှင် မျက်နှာပျက်သွားပြီး တန်ယွမ်နှင့်အခြားသူများကတော့ အံတင်းတင်းကြိတ်ကာ ဒေါသထိန်းနေရသည်။

လီလော့ လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော လူတစ်စုကိုတွေ့မြင်လိုက်ရသည်။

ထိုလူတစ်စုကို ဒူဇီမောင်နှမနှစ်ယောက်ကဉီးဆောင်လာပြီး ၎င်းတို့နောက်တွင် စိမ့်အိုင်စံအိမ်မှပညာရှင်များ လိုက်ပါလာကြသည်။

ရှီးယန်စံအိမ်မှ ပညာရှင်များ၏ ဒေါသသည် ဒူဇီမောင်နှမကို ဦးတည်နေခြင်းမဟုတ်ဘဲ သူတို့ဘေးမှာ ရပ်နေတဲ့ အမျိုးသားကို ဦးတည်နေခြင်းဖြစ်သည်။

ထိုသူသည် သန့်ရှင်းသပ်ရပ်သော ပညာရှင်ဝတ်စုံကိုဆင်မြန်းထားပြီး ချိုမြဖော်ရွေသာအပြုံးများကြောင့် ကြည့်ကောင်းသောရုပ်ရည်ကို ထက်မြက်သည်ဟု ထင်ရစေသည်။

ထိုသူသည် ရှီးယန်၏ ဉက္ကဌဟောင်း ဟန်ဇီဖြစ်မှန်း လီလော့ရိပ်မိလိုက်သည်။

ဟန်ဇီသည် ရှီးယန်စံအိမ်တစ်ခုလုံးကို ဒုက္ခရောက်စေခဲ့သည့် ယုတ်မာကောက်ကျစ်သောသစ္စာဖောက်တစ်ဉီးဖြစ်သည်။

"ဒီခွေးသားကတော့......"

တန်ယွမ်က အံတင်းတင်းကြိတ်ကာဒေါသတကြီး ကျိန်ဆဲလိုက်သည်။

စိမ့်အိုင်စံအိမ်က ပညာရှင်များသည် လီလော့တို့ကိုတွေ့သည့်အခါ လှောင်ပြောင်သရော်စကားများကို ကျယ်ကျယ်လှောင်လှောင် ပြောဆိုနေကြသည်။

"လီလော့ကတော့ ရူးနေပြီထင်တယ်.....ဘယ်ဟာအကောင်း ဘယ်ဟာအဆိုး နားမလည်တော့ဘူးထင်ပါရဲ့.....ရှီးယန်စံအိမ်အတွက် အခွင့်ရေးရမယ်ထင်နေတာလား ဟားးးဟားးးး"

ဒူဇီပိုင်ရွှမ်း လှောင်ပြောင်နေသည်ကို ဒူဇီဟုန်လျန်က ဟန့်လိုက်သည်။

"ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ပါ..... တခြားဘာမှ ဂရုစိုက်စရာ မလိုဘူး....."

ထူးထူးဆန်းဆန်း အစ်မဖြစ်သူ ဟန့်တားနေသည့်အတွက် ဒူဇီပိုင်ရွှမ်းအံ့သြနေ၏။

"မမ..... လော့လန်အိမ်တော်က ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ပါ.... အရိပ်လှိုဏ်ဂူမှာ ဖြစ်ပျက်ခဲ့တာတွေကြောင့် ရပ်တည်ချက် ပြောင်းလဲလိုက်လို့မဖြစ်ဘူးနော်......" ဟု သူက စောဒကတက်ခဲ့သည်။

"ဘာတွေ အတွေးလွန်နေတာလဲ....သူတို့ ငါ့ကို အရိပ်လှိုဏ်ဂူထဲမှာ ကယ်တင်ခဲ့တာ မှန်ပါတယ်၊ ဒါပေမယ့်  ဘာမှ မပြောင်းလဲသွားစရာအကြောင်းမရှိဘူး....လှောင်ပြောင်နေလို့ အကျိုးမရှိဘူး....နောက်ဆုံးရလဒ်က အဆုံးအဖြတ်ပေးလိမ့်မယ်....."

"ဒါ့အပြင် နင် လီလော့ကို ပုတ်ခတ်လေ နင့်အတွက်ပိုခက်ခဲလေ ဖြစ်နေတာကို အခုထိနားမလည်နိုင်သေးဘူးလား....."

"သေချာတယ်...... သူဒီတစ်ခါတော့ ဘယ်လိုမှအောင်မြင်နိူင်မှာမဟုတ်ဘူး...."

စိမ့်အိုင်စံအိမ်အဖွဲ့  ရှီးယန်တို့အဖွဲ့ဘေးကနေ ဖြတ်လျှောက်သွားသည့်အခါ ဟန်ဇီက အဆီပျံနေသောအပြုံးများနှင့်လီလော့တို့ကို ခပ်ကြာကြာစိုက်ကြည့်သွားခဲ့သည်။ဖော်ရွေတဲ့အပြုံးနောက်မှာ ပုန်းအောင်းနေတဲ့ အဆိပ်တွေကို လီလော့ကောင်းကောင်းကြီးနားလည်နေ၏။

ထိုသူမျိုးကို အဖက်လုပ်ဖို့မထိုက်တန်သလို အာရုံစိုက်ဖို့လည်း မလိုအပ်ပေ။

သို့သော် လီလော့က ရုတ်တရက်ရှေ့ထွက်လာပြီး.....

" ဉက္ကဌဟန်ဇီ.....မတွေ့ရတာကြာပြီနော်...."

ထိုနှုတ်ဆက်သံကြောင့် စိမ့်အိုင်စံအိမ်တစ်ဖွဲ့လုံး လှည့်ကြည့်လိုက်ကြသည်။

ဟန်ဇီသည် လီလော့ဘက်သို့ အပြုံးမပျက်ဘဲလှည့်ကြည့်လိုက်ကာ....

"သခင်လေးလီလော့.... ကျုပ်က ရှီးယန်စံအိမ်ရဲ့ ဉက္ကဌမဟုတ်တော့ဘဲ စိမ့်အိုင်စံအိမ်ရဲ့ ဒုဉက္ကဌဖြစ်နေပြီဆိုတော့ ကျေးဇူးပြုပြီး အခေါ်အဝေါ်လေး ဆင်ခြင်ပေးပါ......"

လီလော့က လက်ခါပြလိုက်ပြီး...

"စိတ်မပူပါနဲ့....ခင်ဗျားရဲ့နည်းလမ်းတွေနဲ့ဆို  သိပ်မကြာခင် ဉက္ကဌဖြစ်လာမှာသေချာတယ်....."

အနည်းစုက ဟန်ဇီကို စိုးရိမ်တကြီးကြည့်နေသော်လည်း စိမ့်အိုင်စံအိမ်၏ပညာရှင်များ တောင့်တင်းသွားကြသည်။

ဟန်ဇီ၏ အပြုံးများ အနည်းငယ် လျော့နည်းသွားပြီ.....

"သခင်လေးလီလော့....ဒီလို အဓိပ္ပါယ်မဲ့တဲ့စကားတွေနဲ့ ကျုပ်ကို မနှောက်ယှက်ပါနဲ့......"

ထိုအခါ လီလော့က ရိုးသားဖြူစင်ဟန်ဖြင့်......

" အင်းပါ....တကယ်တော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်နေတာ....ခင်ဗျားလို အဆိပ်ပြင်းတဲ့ လူယုတ်မာထွက်သွားပြီးမှသာ ရှီးယန်စံအိမ် အလျင်အမြန်တိုးတက်လာခဲ့တာလေ....."

" လီလော့.....စကားနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြလိုက်....နင်ရဲ့ လျှာစောင်းထက်မှုနဲ့ ပညာရှင်တွေကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူး...."

ဒူဇီဟုန်လျန်က စကားစဖြတ်လိုက်ပြီးလှည့်ထွက်သွားသော်လည်း ဟန်ဇီက.....

"သခင်လေး....သခင်လေးက ဉာဏ်ရည်ထက်မြက်ပေမယ့် ငယ်ရွယ်သေးတယ်....အိမ်တော်သခင်နှစ်ပါးရဲ့ကျေးဇူးကိုထောက်ထားပြီး အကြံတစ်ခုပေးလိုက်မယ်...ရှီးယန်ကလူတွေကို ပြန်ခေါ်သွားလိုက်ပါ.....နို့မို့ဆို ခက်ခက်ခဲခဲ တည်ဆောက်ထားရသမျှအကုန် ပျက်စီးရလိမ့်မယ်....."

**

All Chapters