← Chapters

ဟန်ဇီ......

Vol. 23 Ch. 315

ဟန်ဇီ......

Vol. 23 Ch. 315

ဟန်ဇီရဲ့ ဖော်ရွေတဲ့ အကြံဉာဏ်အတွက် လီလော့ အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။

"ဒါဆို ငါတို့လည်း သွားကြရအောင်....."

လီလော့ ထိုသို့ဆော်သြလိုက်ပြီး ရှီးယန်အဖွဲ့သားများနှင့်အတူ ကျောက်စိမ်းဖြူခြံဝင်းထဲသို့ဝင်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ထူးချွန်ကျောင်းသားများဝိုင်းရံနေသည့် လီဘိုင်ကို တွေ့လိုက်ရသဖြင့် ယန်လင်းချီက လက်ပြနှုတ်ဆက်လိုက်သည်။

" စီနီယာလီဘိုင်....."

" အိုး...လီလော့တို့ရောက်လာပြီပဲ....."

"ဒါတွေအားလုံးက စီနီယာရဲ့ အကြံပေးမှုကြောင့်ပါ......"

"ဒါဆို နင်တို့ ရှီးယန်းစံအိမ်ကို ကိုယ်စားပြုဖို့ဘယ်သူ့ကိုလွှတ်မှာလဲ......"

ရှီးယန်စံအိမ်တွင် အဆင့်ငါးပညာရှင်မရှိသည့်အတွက် ယန်လင်းချီကိုသာစေလွှတ်မည်ဟု လီဘိုင် ခန့်မှန်းထားသည်။

ယန်လင်းချီက လီလော့ကိုလက်ညိုးထိုးလိုက်ပြီး.....

"စီနီယာ......သခင်လေး လီလော့ကိုယ်တိုင် စင်ပေါ်တက်မှာ......"

လီဘိုင်က သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

"နင် ဘာတွေလျှောက်လုပ်နေတာလဲ....."

သူမ နားမလည်နိုင်တော့ပေ။ပညာရှင်တွေ့ဆုံပွဲကိုတက်ရောက်သည့် စံအိမ်များစာရင်းတွင် ရှီးယန်စံအိမ်သည် အညံ့ဆုံးစံအိမ်ဖြစ်သည်။

အကြီးကျယ်ဆုံးဟာသပြဇာတ် ဖန်တီးဖို့ စိတ်ကူးနေသလား......

"စီနီယာ လီဘိုင်.....ကျွန်တော် လုပ်နေတာတွေကို ကျွန်တော်နားလည်ပါတယ်.....ကျွန်တော့်ကို ယုံပါ....ရှီးယန်စံအိမ်သိက္ခာကျမယ့်အလုပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး......"

ပြိုင်ပွဲတွင် ကြယ်သုံးပွင့် ဝိဉာဉ်ကိုဖော်စပ်ရမည်ဆိုသော်လည်း အခြားသောစံအိမ်ကြီးများက ကြယ်လေးပွင့်ဖော်မြူလာသုံးကြမည့်အပြင် အဆင့်ငါးပညာရှင်မျကိုစေလွှတ်ကြလိမ့််မည်။ ရှီးယန်တွင် အားကိုးစရာဆိုလို့ အဆင့်ခုနှစ်အဆင့်မြင့် ရေအရင်းမြစ်တစခုသာရှိသည်။

အဆင့်နိမ့်ဖော်မြူလာ၊ အဆင့်နိမ့်ပညာရှင်များဖြင့်ဝင်ရောက်ယှဉ်​ပြိုင်ပါက မလွဲဧကန် လူရယ်ခံရလိမ့်မည်။ထိုသို့ဆိုပါက ဘွဲ့ရကျောင်းသားများကို မည်သို့ဆွဲဆောင်နိုင်မည်နည်း။

"နင်...ကြိုက်သလိုသာလုပ်တော့.. .."

လီဘိုင် ခပ်ပြတ်ပြတ်ပြောပြီး စိတ်ပျက်လက်ပျက်လှည့်ထွက်သွားလေ၏။

ဟူးးး တည်းခိုဆောင်မှာ ပြောခဲ့တဲ့ ယုံကြည်မှုပြည့်ရှိတဲ့စကားတွေကြောင့် ယုံကြည်ဖို့​ကြိုးစားခဲ့ပေမယ့် ဒီပုံစံအတိုင်းဆို ဘယ်လိုယုံကြည်နိုင်တော့မှာလဲ......

" အဲ့တာ လီလော့လား....."

လီဘိုင်ရဲ့ သူငယ်ချင်းတွေက စူးစမ်းလိုစိတ်ဖြင့် ဝိုင်းမေးနေကြသည်။

"မကြာသေးခင်ကမှ နာမည်ကြီးလာတာပါ..."

"အိုး ဟုတ်ပြီ.....အရိပ်လှိုဏ်ဂူမှာ ထူးထူးချွန်ချွန်အကျိုးဆောင်ခဲ့လို့ အထူးဆုတွေရတော့မယ် ကြားထားတယ်....."

“နောက်ပြီး သူက ရုပ်ချောတယ်နော်....."

ဖက်ရှင်ကျကျ ၀တ်စားထားတဲ့ စီနီယာတစ်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

"အနည်းဆုံးတော့ ရှီးယန်စံအိမ်မှာ အလုပ်ဝင်မယ်ဆို.ဒီလိုမျက်စိအေးစရာလေးကိုနေ့တိုင်းတွေ့နေရမှာပေါ့......"

"စီနီယာပင်းထောင် ရင်ခုန်နေပြီလား.....ကြည့်လုပ်ဉီးနော်...တော်ကြာ ကျန်းချင်းအာနဲ့ ရင်ဆိုင်နေရဉီးမယ်....."

"အေးပါဟယ်....ရုပ်ချောတာတစ်ခုတည်းနဲ့ မကြီးပွားနိုင်ဘူး.....ရှီးယန်စံအိမ်က အရမ်းအားနည်းတယ်..... အနာဂတ်အတွက် အလားအလာသိပ်မရှိနိုင်ဘူး....."

"လွန်ခဲ့တဲ့ရက်အနည်းငယ်က နင်လည်း ရှီးယန်နဲ့ပူးပေါင်းဖို့ စိတ်ဝင်စားခဲ့တယ် မဟုတ်ဘူးလား"

ပင်းထောင်က လီဘိုင်ကို မေးလိုက်သည်။

" မဟုတ်ပါဘူး....ယန်လင်းချီကို အားနာလို့သွားတွေ့ခဲ့ရုံပါ......"

လီဘိုင် သက်ပြင်းချလိုက်မိသည်။ ပင်းထောင်သည် သူမ၏ သူငယ်ချင်းကောင်းဖြစ်ပြီးအဆင့်လေးတွင်သာကျန်ရစ်ခဲ့သော်လည်း ထူးချွန်သူဖြစ်သည်။

သူမသည်  လွန်ခဲ့သော ရက်အနည်းငယ်က သူငယ်ချင်းများထံ စိတ်ဝင်စားမှုအချို့ကို ဝန်ခံခဲ့သော်လည်း ပင်းထောင်က ပြတ်ပြဆ်သားသား ငြင်းဆိုခဲ့သည်။

လီလော့ ရှီးယန်ကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်မည်ကို သိလိုက်ရသောအခါ သူမ၏ယုံကြည်မှုများ ပျက်စီးကုန်ပြီဖြစ်သည်။

မေ့လိုက်တော့......လီလော့ ကိုယ့်သေတွင်း ကိုယ်တူးချင်နေမှတော့ တားနေလို့လဲမထူးတော့ဘူး................

"သွားပြီ....စီနီယာလီဘိုင်ကိုကြည့်ရတာ စိတ်ပျက်နေသလိုပဲ....အဲ့တာ နင်မကောင်းလို့ဖြစ်ရတာ....."

ယန်လင်းချီ ငိုယိုနေသဖြင့် လီလော့ဆွံ့အနေရှာသည်။

ကိုယ့်လူတို့ရေ....ငါကိုနည်းနည်းလောက်ဖြစ်ဖြစ်ယုံကြစမ်းပါ......

ရှီးယန်အတွက် ခွဲတမ်းချပေးထားသောနေရာတွင် ယုလန်၊လုချင်းအာ၊ကျောက်ခွော်၊ပိုင်မျန်မျန်နှင့်ရှင်းဖူတို့က လီလော့ကို အားပေးဖို့အတွက်ရောက်နေကြသည်။

လီလော့သူတို့ကို လက်ပြလိုက်သည့်အခါ ယုလန်က......

"လူကြီးမင်းတို့....ဆိုင်းဘုတ်တွေအသင့်ပြင်....."

ယုလန်အချက်ပေးလိုက်သည်နှင့် ကျောက်ခွော်တို့က // အမြင့်ဆုံးထိပျံသန်းလိုက်ပါအစ်ကိုလီလော့....ငါတို့တွေမင်းနဲ့အတူရှိနေပေးမယ်//ဟူသော စာသားများရေးထားသည့် အဝတ်စကြီးကို ထုတ်လိုက်ကြသည်။

ယန်လင်းချီက မျက်နှာကိုကွယ်ထားပြီး......

"ဒါမျိုးတွေမလုပ်လို့မရဘူးလား....ရှက်စရာကြီး...... "

လီလော့က ဂုဏ်ယူဝံ့ကြွားစွာ ရင်ကော့လိုက်ပြီး......

" ကောင်းပါတယ်....စိတ်ဓာတ်ခွန်းအားရစေတယ်လေ....."

"နောက်မှ ရှုံးရင်ရော..?"

"အနည်းဆုံးတော့ ယုလန်နဲ့ တခြားသူတွေ ငါ့ကို ယုံကြည်တယ် နင့်ထက်တော့ပိုသာတယ်....."

ယန်လင်းချီဘာပြောရမှန်းပင်မသိတော့ပေ။

လုချင်းအာသည်လည်း ယန်လင်းချီနှင့် အတွေးတူနေလေ၏။

" နည်းနည်းပါးပါးသတိထားကြဉီး....တော်ကြာ လီလော့ရှုံးသွားရင်ဘယ်လိုလုပ်မလဲ....."

"ငါ လီလော့ ကိုယုံတယ်......ဒါ့အပြင်၊ ငါ့မှာ အရန်အစီအစဉ်တစ်ခုရှိတယ်...."

ယုလန်က ကျောက်ခွော်နှင့်အခြားသူများကို အချက်ပြလိုက်သည်။

သူတို့သည် အခြားအဝတ်စတစ်ခုကို ခိုးကြောင်ခိုးဝှက် ထုတ်လိုက်ကြသည်။အဝတ်စပေါ်တွင်ရေးသားထားသည်က.....

//စိတ်မပူပါနဲ့..... အစ်ကိုလီလော့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ပါ....//

လုချင်းအာ ရယ်ရမလား ငိုရမလား မသိတော့ပေ။

ဘာလာလာအကုန်အဆင်ပြေအောင် စီစဉ်ထားတာပဲ......အံ့ဖွယ် ညီအစ်ကိုစိတ်ဓာတ်ကြီးပါလားနော်.......

***

All Chapters