← Chapters

လင်းကျောက်ယင်......

Vol. 23 Ch. 316

လင်းကျောက်ယင်......

Vol. 23 Ch. 316

အချိန်ကြာလာသည်နှင့်အမျှ ခြံဝင်းသည် တဖြည်းဖြည်း ပိုအသက်ဝင်လာသည်။ ကျင့်ကြံရေးခန်းမမှ ကျောင်းသားများပင်လျှင် ပွဲကြည့်ရှုရန် ဤနေရာ၌ ရှိနေကြသည်။အရိပ်လှိုဏ်ဂူအတွင်း ၎င်းတို့၏ သန့်စင်ရေးမစ်ရှင်အပြီးတွင် အချို့သော ကျောင်းတွင်းပြိုင်ပွဲများကိုကြည့်ရှုခြင်းသည် သာယာပျော်ရွှင်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခုဖြစ်သည်။

ရှီးယန်စံအိမ်ကလွဲရင် ပွဲတက်​လာသောအခြားသော စံအိမ်တိုင်းသည် ရှပြည်ထောင်စုရှိ ထိပ်တန်းစံအိမ် 20 စာရင်းဝင်များဖြစ်ကြသည်။

ဤသည်မှာ ဖိတ်စာအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။

ဤသည်မှာ ခြင်္သေ့များစုဝေးရာနေရာဖြစ်သည်။အားနည်းသောစံအိမ်များသည် ဘုရင်များ စားသောက်နေစဉ် အမှိုက်ကောက်ရန် ကြောက်ရွံ့နေသော အမှိုက်သမားများနှင့် တူနေလိမ့်မည်။

ပွဲအပြီး လက်ဗလာနှင့်အိမ်ပြန်ရမည်ဆိုပါက ဂုဏ်သိက္ခာအဖတ််မရအောင်ကျဆင်းရမည်သာ......

ထိုအချိန်တွင် မင်းသမီးကြီး ဉီးဆောင်လာသော လူတစ်စုဆီ အာရုံစ်ိုက်မိလိုက်ကြသည်။

သူ့နောက်တွင် ကျွမ်းကျင်သော ပညာရှင်များစွာ လိုက်ပါလာပြီး သူတို့၏ မာနကြီးသောအမူအရာများသည် သူတို့၏ စွမ်းရည်များကို အသံတိတ်ကြေငြာနေသလိုပင်......

"အဲ့ဒါက တော်ဝင်နန်းတော်ရဲ့ လက်အောက်ခံ ကောင်းကင်နန်းတော်စံအိမ်ကလေ......  ရှပြည်ထောင်စုမှာအစောဆုံးတည်ထောင်ခဲ့တဲ့ စံအိမ်ပဲ....ပဲ့တင်ထပ်သံပြုပြင်သူခန်းမထက်တောင် သက်တမ်းရင့်တယ်......"

ယန်လင်းချီ ရှင်းပြသည်ကို လီလော့ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေသည်။

ကောင်းကင်နန်းတော်စံအိမ်အကြောင်း ကြားဖူးသော်လည်း ထိုမျှလောက်အထိအသေးစိတ်မသိခဲ့ရပေ။နှစ်စဉ်နှစ်တိုင်း ပညာရှင်တွေ့ဆုံပွဲတွင် စံအိမ်တစ်ခုချင်းစီအတွက် ခေါ်ယူနိုင်သည့်ပညာရှင်အရေအတွက်ကိုသာ မကန့်သတ်ထားလျှင် အကုန်လုံး ကောင်းကင်နန်းတော်စံအိမ်ဆီသာရောက်သွားကြလိမ့်မည်။

ရှီးယန်စံအိမ်ကို နောက်ထပ်ခြောက်လအတွင်း ထိပ်တန်းစံအိမ် 10ခု စာရင်းတွင် ရပ်တည်နိုင်မည်ဟု တော်တော်လေးယုံကြည်ခဲ့သော်လည်း ကောင်းကင်နန်းတော်စံအိမ်ကိုကျော်တက်ဖို့တော့ အဝေးကြီးလိုပေဉီးမည်။

ကောင်းကင်နန်းတော်စံအိမ်ရောက်လာပြီးသိပ်မကြာခင်  ကျယ်ပြောလှတဲ့ အသံတစ်ခု ထွက်လာပြီး လူအုပ်ကြီး တိတ်ဆိတ်သွားပြီး အားလုံးက စင်ပေါ်ကို ကြည့်လိုက်ကြသည်။

အဖြူသန့်သန့်ဝတ်လုံကို ၀တ်ဆင်ထားသော ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ အထက်တန်းလွှာများသည် လှပကျော့ရှင်းလွန်းသော အမျိုးသမီးတစ်ဉီးနောက်ကနေ စင်မြင့်ပေါ်တက်လှမ်းလာကြသည်။

သူမ၏ရွှေရောင်ဆံပင်သည် ခေါင်းပေါ်တွင်သရဖူတစ်ခုလိုဖြစ်နေပြီး သူမ၏အသွင်အပြင်သည် ဧကရီတစ်ပါးသဖွယ် ရင့်ကျက်သောဉာဏ်ပညာကို ပေါ်လွင်စေသည်။

"အဲ့ဒါ ပဲ့တင်ထပ်သံပြုပြင်သူခန်းမ ရဲ့ ဌာနမှူး၊ လင်းကျောက်ယင်....သူက ရှပြည်ထောင်စုရဲ့ တစ်ဉီးတည်းသော အဆင့်ရှစ်ပညာရှင်......သူ့မှာ အဆင့်ရှစ်အဆင့်မြင့် အလင်းပဲ့တင်ထပ်သံ ရှိတယ်......."

ယန်လင်းချီက ရှင်းပြနေရင်း ကျန်းချင်းအာကို မေးငေါ့လိုက်ကာ.....

"ဌာနမှူးက ကျန်းချင်းအာကို ပဲ့တင်ထပ်သံပြုပြင်သူခန်းမဆီလာဖို့ စည်းရုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး......"

"အဆင့်ရှစ်အဆင့်မြင့် အလင်းပဲ့တင်ထပ်သံ........ "

လီလော့ အံ့သြသွားသည်။ ဤသည်မှာ ကျန်းချင်းအာအပြင်  သူယခုအချိန်အထိ မြင်ဖူးသည့် အရည်အသွေးအမြင့်ဆုံး အလင်းပဲ့တင်ထပ်သံဖြစ်သည်။

ထို့အပြင် ရေပဲ့တင်ထပ်သံနှင့်အလင်းပဲ့တင်ထပ်သံရှိသူတိုင်း ပဲ့တင်ထပ်သံပြုပြင်ခြင်း ပညာရပ်ကို မလိုက်စားကြပေ။ ထို့ကြောင့်လည်း ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများရှားပါးနေရခြင်းဖြစ်သည်။

ပဲ့တင်ထပ်သံပြုပြင်သူများသည် သမားတော်များနှင့် မတူကြပေ။အရှင်းဆုံးပြောရလျှင်  ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများသည် တူညီသောအဆင့်ရှိသည့် ဆေးပြားများထက် အဆပေါင်းများစွာစျေး သက်သာသည်။ သို့သော်၊ ဆေးပြားများသည် သုံးစွဲသာ၏ အမြူတေကိုသိသိသာသာ ပြောင်းလဲစေသည့်အတွက်  တစ်ကြိမ်ထက်ပို၍ အသုံးမပြုနိုင်ပေ။

သို့သော်၊ ဤကွာခြားချက်သည် အဆင့်ခုနှစ်အောက်ရှိ ဝိဥာဉ်ရည်နှင့် သန့်စင်သောအလင်းများနှင့်သာ သက်ဆိုင်ပါသည်။အဆင့်ခုနှစ်၏အထက်တွင် ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများသည် ရှားပါးပစ္စည်းများဖြစ်ကြပြီး စျေးနှုန်းကလည်း မှန်းမရအောင်များပြားလှသည်။

ဤသည်မှာ အဆင့်ခုနှစ်ပညာရှင်ရှားပါးသောကြောင့်ပင်.....ဒါဆို အဆင့်ရှစ်ပညာရှင်တွေကရော......

ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ဌာနမှူးသည် ထိုသို့သော အရာများကို ဖန်တီးနိုင်သူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် စျေးနှုန်းကလည်း မှန်းမရအောင်ကြီးလေးမည်သာ......မြို့စားအဆင့်အနည်းငယ်လောက်သာ တတ်နိုင်လိမ့််မည်။

ကြီးမားသောတန်ဖိုးရှိသည့်အရာများသည် ကံဇာတာကို ကြီးမားစွာပြောင်းလဲပေးနိုင်လိမ့်မည်။.ထို့​​ကြောင့် ပညာရှင်များကို လျှော့တွက်၍မရပေ။

ထို့ကြောင့် လီလော့သည် ပဲ့တင်ထပ်သံများကို ရယူပြီးနောက် ပဲ့တင်ထပ်သံပြုပြင်သူ လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ အနည်းဆုံးတော့ အနာဂတ်မှာ သူ့ကိုယ်ပိုင် ဝိညာဉ်ရည်တွေနဲ့ သန့်စင်တဲ့အလင်းတွေကို ဖန်တီးနိုင်မည်ဖြစ်ပြီး စျေးကြီးပေးဝယ်စရာမလိုတော့ပေ။

လင်းကျောက်ယင်သည် စင်မြင့်ပေါ်သို့ လှမ်းတက်ကာ လူစုလူဝေးကို အကဲခတ်လိုက်ပြီး အဖွင့်အမှာစကားစတင်ပြောကြားနေပြီဖြစ်သည်။

"ကြိုဆိုပါတယ်......ကျွန်မတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားဖြစ်ပြီး ဘာလို့ဒီကိုရောက်နေလဲဆိုတာ သိကြပြီးသားပါ....ဒါ့ကြောင့် ဖန်တရာတေနေတဲ့စကားလုံးဟောင်းတွေကို ထပ်ခါထပ်ခါ မပြောတော့ပါဘူး........ ကြယ်တာယာခရီးရှည်ကောလိပ် ရဲ့ ပဲ့တင်ထပ်သံပြုပြင်သူခန်းမ ကိုယ်စား၊ ထင်ရှားကျော်ကြားတဲ့ ဧည့်သည်အားလုံးကို ကြိုဆိုပါတယ်....ကျွန်မတို့၏ဘွဲ့ရကျောင်းသားတွေအတွက်လည်း စံအိမ်ကောင်းတွေနဲ့တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်......"

" ပညာရှင်တွေ့ဆုံပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူတိုင်းကို ကြိုပြီး အသိပေးထားပြီးသားဆိုတော့ ​ပြိုင်ပွဲ​စလိုက်ကြရအောင်....."

ဘာမှန်းပင်မသိရသေးခင် အဖွင့်အမှာစကားပြီးဆုံးသွားလေပြီ.....

"လင်းကျောက်ယင်က ထူးခြားတယ်နော်....."

လီလော့ ရယ်မောလိုက်သည်။

"ဒါပေါ့.....သူက အဆင့်ရှစ်ပညာရှင်ဆိုတော့ သူ့အဆင့်အတန်းက မှန်းမရဘူး....ကျောင်းအုပ်ကြီးတောင် သူ့ကိုဖိတ်ီု့အတော်ကြိုးစားလိုက်ရတယ်......"

လီလော့  ခေါင်းညိတ်လိုက်သည်။ဟုတ်ပေသည်။ အဆင့်ရှစ်ပညာရှင်ဆိုသည်မှာ သက်ရှိဒဏ္ဍာရီတစ်ခုသဖွယ်ပင်.....သူတို့ဘာပဲလိုချင်လိုချင် မြို့စားအဆင့်များပင် ငြင်းဆန်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှ ဆရာတစ်ဉီးရှေ့ထွက်လာပြီး.......

“ပထမအကျော့မှာ ကြယ်သုံးပွင့်ဝိဉာဉ်ရည်ဖော်စပ်ရမယ်......” ဟု ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်သည်။

“ပထမအကျော့မှာ ပါဝင်ယှဉ်ပြိုင်မယ်စံအိမ်ခြောက်ခုက........

"စိမ့်အိုင်စံအိမ်ရဲ့ အဆင့်ငါးပညာရှင် ဒုဉက္ကဌဟန်ဇီ........

"ဇီဝမ့်ရှန့်စံအိမ်ရဲ့ အဆင့်ငါးပညာရှင် ဒုဥက္ကဌ ဟွမ်ရှုဖူ......

" ပေကျီပါ့ဖုန်းရွှယ်စံအိမ်ရဲ့အဆင့်ငါးပညာရှင် ဒုဥက္ကဌ ပင်းလျန်......

"မှင်ရေစံအိမ်ရဲ့ အဆင့်ငါးပညာရှင် ဒုဉက္ကဌ မိုတိုင်......

"........."

နောက်ဆုံး နာမည်တွင်၊ ဆရာ၏ ကျယ်လောင်သော၊ ယုံကြည်မှုရှိသော အသံ တုန်လှုပ်သွားသည်။

"ရှီးယန်စံအိမ်ရဲ့ ဉက္ကဌ လီလော့.....အဆင့်သုံးပညာရှင်....."

မှားဖတ်တာလား....နားကြားမှားတာလား.....အားလုံး ဇဝေဇဝါဖြစ်ကုန်ကြသည်။

စံအိမ်ကြီးခြောက်ခုထဲမှာ ကျန်ငါးယောက်က ထိပ်တန်းစံအိမ်ကြီးဖြစ်ပြီး သူတို့ရဲ့နာမည်ကျော်ကြားမှုကို လူသိများတယ်....ဒါပေမယ့်ရှီးယန်စံအိမ်ဆိုတာက......

လော့လန်အိမ်တော်နှင့် ဆက်စပ်နေကြောင်းသာ သိကြသော်လည်း  ရှပြည်ထောင်စု၏ အဆင့်သတ်မှတ်ချက်တွင် မည်သည့်အဆင့်တွင်ရှိမှန်း  မည်သူမျှ မသိကြပေ။

အရေးအကြီးဆုံးမှာ၊ အခြားစံအိမ်ကြီးများသည်  ကြယ်သုံးပွင့်ဝိဉာဉ်ရည်ဖော်စပ်ရန် အဆင့်ငါးပညာရှင်များကိုစေလွှတ်နေကြချိန်တွင် ရှီးယန်စံအိမ်က အဆင့်သုံးပညာရှင်ကိုသာစေလွှတ်ခဲ့သည်။

ဒါပေမယ့်..........ယှဉ်ပြိုင်ဖို့ ဘယ်လိုမျှော်လင့်ထားသလဲ......

လူအုပ်ကြီးသည် ဤထူးဆန်းသောလှည့်ကွက်ကို တွေးတောနေရင်း ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့သည်။

ဟန်ဇီ  မတ်တပ်ထရပ်လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် အတုအယောင် အပြုံးတစ်ခုကိုတပ်ဆင်ဖို့လည်း မမေ့ခဲ့ပေ။

"အကောင်းဆုံး​ကြိုးစားခဲ့....ခင်ဗျား ကောင်း ကောင်းလုပ်နိုင်လေ လီလော့ နာမည်ပျက်လေပဲ......"

သတိပေးစကားပြောနေသည့် ဒူဇီပိုင်ရွှမ်းကို ဟန်ဇီက ပြုံးပြလိုက်ပြီး......

"စိတ်မပူပါနဲ့ သခင်လေး.....ရှီးယန်စံအိမ်ကိုဘာမှကြောက်နေရာမလိုပါဘူး......"

ဒူဇီဟုန်လျန်က ဒူဇီပိုင်ရွှမ်းထက် ရည်ရွယ်ချင်ပိုကြီးသည်။

"ကျွန်မတို့ စိမ့်အိုင်စံအိမ်က ရှီးယန်စံအိမ်ကို ဘယ်တုန်းကမှ ​ပြိုင်ဘက်အဖြစ် မစဉ်းစားခဲ့ဖူးဘူး......ရှီးယန်က ကျွန်မတို့ကိုမှီဖို့အဝေးကြီးလိုသေးတယ်....အဲ့အစား အခြားစံအိမ်ကြီးတွေကို သတိထားပါ.....အကောင်းဆုံးကြိုးစားခဲ့ပါ......"

ဟန်ဇီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

" သခင်မလေးပြောတာမှန်တယ်...ကျုပ်အတွေးတိမ်မိခဲ့တယ်......"

တစ်ချိန်တည်းမှာပင်...... ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ခေါင်းဆောင်များထိုင်နေသည့်စင်မြင့်ပေါ်တွင်

လင်းကျောက်ယင် က သူ့ဘေးနားက အမျိုးသမီးကို လှည့်ကြည့်ပြီး....

"ချီချန်း....လီလော့က နင့် တပည့်မဟုတ်လား........"

Li Luo ၏ဆရာက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်...ဒီကလေးက ကြိုးစားကြည့်ချင်တယ်ပြေ.လို့ အခွင့်ရေးပေးလိုက်တာ...."

"သူက အခုမှ အဆင့်သုံးပညာရှင်အဆင့်ပဒရှိသေးတာကို ကြယ်သုံးပွင့်ဝိဉာဉ်ရည် ဖန်တီးချင်နေတယ်ဆိုတော့ သူ့ကိုယ်သူ ကျန်းချင်းအာများထင်နေသလား....."

" နာကျည်းနေတုန်းပဲလား?"

" ဖြုန်းတီးနေသလိုပဲ....အဆင့်ကိုးအဆင့်မြင့်အလင်းပဲ့တင်ထပ်သံက ငါတစ်သက်လုံးကြိုးစားရင်တောင် မရနိုင်တဲ့အဆင့်မျိုး.....ဒီအတိုင်း ထိုင်ကြည့်နေရတာ ငါ့ကို သတ်နေသလိုပဲ......"

" ဒါတော့ဒါပေါ့.....သူတို့မလျှောက်ချင်တဲ့လမ်းကို အတင်းဖိအားပေးပြီး လျှောက်ခိုင်းလို့မှမရတာ......"

လင်းကျောက်ယင်  ခေါင်းခါလိုက်သည်။  ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမ အကြိမ်ကြိမ်ကျရှုံးခဲ့ရသည့် အတွက် လီလော့ပေါ်တွင် ဒေါသဖြေရတော့မည်။

"ကောင်းပြီ....ဒီကောင်လေး အဆင့်ငါး ပညာရှင်တွေနဲ့ ဘယ်လိုယှဉ်ပြိုင်မလဲစောင့်ကြည့်​ကြတာပေါ့.....သူသာ ရှုံးနိမ့်သွားရင် ရှီးယန်စံအိမ်ကို နာမည်ပျက်စာရင်းသွင်းပြီး ဖိတ်ကြားခွင့် တစ်သက်တာ ပိတ်ပင်မယ်....."

ချီချန် ရင်မောနေပြီ.......လင်းကျောက်ယင်သည် ကျန်းချင်းအာ၏ ငြင်းပယ်မှုကို နာကျည်းနေသောကြောင့်သာ အခုလိုချိန်း​​ခြောက်နေခြင်းဖြစ်သည်။ သူမဘက်က ထိုသို့အရေးမယူလျှင်တောင် လီလော့အတွက် အဖတ်ဆယ်မရအောင်နာမည်ပျက်ရတော့မည်။

ဒီကလေး လုပ်နိုင်ပါ့မလား.......

***

All Chapters