← Chapters

သတ်ပစ်မည်ဟုချိန်းခြောက်ခြင်း.......

Vol. 23 Ch. 317

သတ်ပစ်မည်ဟုချိန်းခြောက်ခြင်း.......

Vol. 23 Ch. 317

လီလော့ ခပ်တည်တည်နဲ့သာ မတ်တပ်ထရပ်လိုက်သည်။

"ရှီးယန်စံအိမ်ကို ဘယ်သူမှ မယုံသလိုပဲနော်....."

သူက ကျန်းချင်းအာနဲ့ ယန်လင်းချီကို ပြုံးပြသည်။

"ဘာလို့လဲလို့ တွေးမိတယ်....."

ယန်လင်းချီ အမှန်တကယ်ပင် စိတ်ဓာတ်ကျနေရှာသည်။

"အကောင်းဆုံးကြိုးစားခဲ့နော်....."

ကျန်းချင်းအာက ထုံးစံအတိုင်း ခပ်အေးအေးပင်......

လီလော့ထံတွင် ပိုင်မျန်မျန် ပေးထားသော ကြယ်လေးပွင့်ဖော်မြူလာရှိနေကြောင်း သူမသိထားသည့်အတွက် အခြားသူများလောက် စိတ်ပူမနေခဲ့ပေ။

အခြားပြိုင်ဖက်များအားလုံးသည် အဆင့်ငါးပညာရှင်များဖြစ်သည့်အတွက် ကြယ်သုံးပွင့်ဝိဉာဉ်ရည်ဖန်တီးခြင်းသည် ၎င်းတို့အတွက် ပန်းခြံအတွင်း လမ်းလျှောက်သလိုလွယ်ကူနေမည်သာ.....

လီလော့သည် အဆင့်သုံးပညာရှင်တစ်ဦးမျှသာဖြစ်သည်။ သူတို့ကြားက ကွာဟချက်အတွက် သူဘယ်လိုပြင်ဆင်နိုင်မလဲ......

ချိုင်ဝေလည်း အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထိန်းနေရရှာသည်။ရှီးယန်သည် အခုမွ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ကာစရှိသေးသည့်အတွက် ယနေ့ပြိုင်ပွဲတွင်ရှုံးနိမ့်ပါက ကြိုးစားထားသမျှ ရေစုန်မျှောရပေလိမ့်မည်။

သို့တိုင်၊ အဆုံးအဖြတ်ပေးသူများဖြစ်သည့် လီလော့နှင့်ကျန်းချင်းအာတို့နှစ်ယောက်ကြောင့် သူမ ဘာမှဝင်ပြောနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ထိုနှစ်ယောက်သည် လော့လနိအိမ်တော်နှင့်ရှီးယန်အတွက် များစွာပေးဆပ်ထားသူများဖြစ်သည့်အတွက် အကျိုးရလဒ်ကို တွက်ချက်ထားပေလိမ့်မည်။ဝှက်ဖဲတစ်ခုခုမရှိဘဲ ယခုလို လုပ်ကြလိမ့်မည်မဟုတ်ပေ။

ဘာဝှက်ဖဲများလဲ..... သူမ စောင့်ကြည့်ဖို့ပဲ လိုပါလိမ့်မယ်......

လီလော့သည် ရှီးယန်စံအိမ်အတွက်ပေးထားသောနေရာမှ ထွက်လာခဲ့ပြီး  သူ့အတွက်  ပြင်ဆင်ထားသည့် စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားနေသည်။

ကောင်းကင်နန်းတော်စံအိမ်ဘက်တွင်......

မင်းသမီးကြီးက  လီလော့ကို စိုက်ကြည့်နေလေး၏။

ဒီကောင်လေးကို နေုရာတိုင်းမှာတွေ့နေရတယ်....ပထမက အရိပ်လှိုဏ်ဂူမှာ အခု ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှာ......ဒီကောင်လေး တစ်ခန်းလွတ်နေတာလား...ဒါမှမဟုတ် ရူးနေတာလား.....

မင်းသမီးသည် သူမ၏နံဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ကြည့်လိုက်ပြီး....

"ဆရာကြီး ကွေရှု..... အဆင့်သုံးပညာရှင်တစ်ယောက်က အဆင့်ငါးပညာရှင်ကို အနိုင်ယူနိုင်ပါ့မလား......"

ကွေရှု ဟုခေါ်သောလူက ရယ်သည်။

"မင်းသမီးက ရှီးယန် ဉက္ကဌ လီလော့ကိုပြောချင်တာလား.....ရှီးယန်က အတွေ့အကြုံရော အရင်းမြစ်ပါနည်းပါတဲ့အတွက် စိမ့်အိုင်စံအိမ်လို စံအိမ်ကြီးတွေနဲ့ ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး......ပဲ့တင်ထပ်သံပညာရပ်မှာ ပညာရှင်၊ဖော်မြူလာ၊ရေအရင်းမြစ်..အဲ့ဒီ့သုံးခုက အဓိကအသက်ပဲ.......ပထမအချက်အနေနဲ့ ရှီးယန်ရဲ့ အဆင့်သုံးပညာရှင်က အဆင့်ငါးပညာရှင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး....ဒုတိယအချက်....ရှီးယန်မှာ ကြယ်လေးပွင့်ဖော်မြူလာရှိတယ်လို့ မကြားထားဘူး....ဒါပေမယ့် ထိပ်တန်းစံအိမ်ကြီးတွေက ကြယ်လေးပွင့်ဖော်မြူလာတွေသေချာပေါက်ယူလာကြလိမ့်မယ်....တတိယအချက်အနေနဲ့ မကြာသေးခင်က ရှီးယန်မှာ အဆင့်ခုနှစ် အဆင့်မြင့် လျှို့ဝှက်ရေအရင်းမြစ်ပိုင်ဆိုင်ထားတယ်ကြားတယ်....အခြားစံအိမ်ကြိးတွေမှာ အဲ့တာမျိုးမရှိဘူး....ဘယ်လိုပဲဖြစ်ဖြစ် အားသာချက်တစ်ခုက  အားနည်းချက်နှစ်ခုကို ဖာထေးနိူင်မှာမဟုတ်ဘူး......"

မင်းသမီးက ခေါင်းညိတ်သည်။ ကွေရှု၏သုံးသပ်ချက်သည် ပညာရှင်ပီပီ အကွက်စေ့လှသည်။

ဒီအကြောင်းကို ကျန်းချင်းအာနဲ့လီလော့တို့လည်း မသိဘဲနေမှာမဟုတ်ဘူး.....ဒါဆိုဘာလို့ဝင်ပြိုင်တာလဲ.....လီလော့ကို ဘယ်အရာက ယုံကြည်မှုရှိစေတာလဲ.....

မင်းသမီး၏ သိလိုစိတ်များ ပြင်းပျလာပြီဖြစ်သည်။

အရိပ်လှိုဏ်ဂူတွင် အဖြစ်အပျက်များပြီးနောက် သူမ လီလော့ကို လျှော့မတွက်ရဲတော့ပေ။ လီလော့သည် အတိမ်အနက်မသိနိုင်သော ရေအိုင်တခုသဖွယ် အန္တာရာယ်များသူတစ်ဉီးဖြစ်သည်။

သူ စင်ပေါ်ကို လှမ်းတက်လိုက်သည်နှင့် နွေးထွေးစွာ ပြုံးပြသော ဟန်ဇီ့အနားသို့သွားလိုက်ပြီး.....

"အိုး ဟန်ဇီပါလား....."

"မင်းငါ့ကိုပြောစရာရှိသေးလား သခင်လေး

လီလော့...."

ဟန်ဇီက တိုးညှင်းစွာ မေးလိုက်သည်။

"အင်း..အခွင့်အရေးရရင် ခင်ဗျားကို လူငှားသတ်ခိုင်းတော့မှာမို့ နောက်ဆို အပြင်ထွက်တိုင်း သက်တော်စောင့်တွေထည့်ပေးဖို့ ဒူဇီအိမ်တော်ကို တောင်းဆိုလိုက်...."

ဟန်ဇီ၏ အပြုံးများအေးခဲသွားသည်။

လီလော့၏ အဆိပ်ပြင်းလှသော ပေါ်ပေါ်တင်တင်ချိန်းခြောက်မှုကြောင့် ဟန်ဇီ အံ့သြနေမိသည်။

ဤအရာသည် မင်းမဲ့စရိုက်ဆန်လွန်းသည်။

"မင်း စည်းကမ်းတွေ ချိုးဖောက်နေတာလား.....သခင်လေးလီလော့...ဒူဇီအိမ်တော်က ရှီးယန်စံအိမ်က  ပညာရှင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်......"

"အိုး၊ စည်းကမ်းတွေ ပျက်နေတာကြာလှပြီ...... ရှီးယန်ရဲ့ သုတေသနခန်းမကို ခင်ဗျား မီးရှို့ဖျက်စီးလိုက်ရတည်းကဆိုပါတော့......"

ထိုသို့ပြောပြီးသည်နှင့်  သူ့အတွက် စီစဉ်ပေးထားသော  သန့်စင်ရေးစင်မြင့်ဆီသို့ လျှောက်သွားလိုက်တော့သည်။

ဟန်ဇီ သူ့ကို မျက်စိတဆုံး လိုက်ကြည့်နေလေ၏။

ရှီးယန်ကဖြင့် အခြေယိုင်နဲ့နေတာကို ငါ့ကို ချိန်းခြောက်ချင်နေတယ်ပေါ့.....ဘယ်လိုတောင်နုံအလိုက်သလဲ.....ကောင်းပြီလေ...

မင်းဘက်က ချိန်းခြောက်နေမှတော့ ကျောင်းမှန်းကန်မှန်းသိအောင်ပြပေးရမှာပေါ့.....ရှီးယန်ရဲ့ဉက္ကဌ စိမ့်အိုင်စံအိမ်ဆီရောက်သွားတဲ့အကြောင်းက အခုမှပူပူနွေးနွေးပဲရှိသေးတာ....ဒီပွဲမှာ မင်းရှုံးလို့ကတော့ တစ်ခါတည်းမြေမြှုပ်ပြီးသားဖြစ်ပြီပဲ......

လီလော့ ဟန်ဇီကို သိပ်ဂရုမစိုက်တော့ပေမယ့် သတ်ပစ်ချင်လောက်အောင် မုန်းတီးနေဆဲပင်....  ဟန်ဇီသည် လော့လန်အိမ်တော်ကို သစ္စာဖောက်ရုံသာမက ၎င်းတို့၏ အလုပ်ကိုလည်း ဖျက်ဆီးခဲ့သည်။

လော့လန်အိမ်တော်၏ ပံပိုးမှုများကြောင့် အဆင့်ငါးပညာရှင် ဖြစ်ခွင့်ရခဲ့သော်လည်း အခြေယိုင်နဲ့လာသော ရှီးယန်ကို စွန့်ခွာ၍ ဒူဇီအိမ်တော်ဆီခုန်ကူးသွားခဲ့သည်။

ထိုအချိန်ကတည်းက ဟန်ဇီအတွက် သေမင်းအချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။

အဲဒါက စည်းကမ်းသေတဲ့ အထိမ်းအမှတ် ခေါင်းလောင်းသံ။

ဖြေရှင်းစရာကိစ္စများရှိသည့်အတွက်သာ ဟန်ဇီဘက့်မလှည့်နိုင်ခြင်းဖြစ်သည်။ဒါကို အခွင့်ကောင်းယူပြီး ဟန်ဇီက စိမ့်အိုင်စံအိမ်ကို ဉီးညွှတ်နေသည့်အပြင် ပြိုင်ဘက်အဖြစ်ပါ ပေါ်ပေါ်တင်တင် စိန်ခေါ်နေသေးသည်။

ခုနကစကားများသည် စကားလုံးသက်သက်ဖြင့်ချိန်းခြောက်ခဲ့ခြင်းမဟုတ်ပေ...အခွင့်ရေးရပါက နှစ်ခါစဉ်းစာမနေဘဲ ဟန်ဇီကို သတ်ပစ်မည်သာ.....

လီလော့သည်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ လူအုပ်ကြီးကို မော့ကြည့်လိုက်သည်။ ဖိအားတွေ အများကြီးရှိနေဆဲပင်......

ဤသည်မှာ သူ့အစီအစဉ်၏.တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သံသယမျလေပိုကောင်းလေပင်.....မထင်မှတ်သောအချိန်တွင် ရိုက်ချနိုင်မှသာ ရှီးယန်ကို ကောင်းကောင်းကြီးမှတ်မိနေကြလိမ့်မည်။

ဤတွေ့ဆုံပွဲ ပြီးလျှင် ရှီးယန်စံအိမ်သည် ထိပ်တန်းစံအိမ်ကြီးတစ်ခုဖြစ်လာမည် မဟုတ်သော်လည်း ရပ်တန့်မသွားနိုင်လောက်အောင် ဂုဏ်သတင်းကြီးမားသည့်

လမ်းကြောင်းပေါ်တွင် အခိုင်အမာရှိနေမည်ဟု ယုံကြည်ထားသည်။

ဒင်........

ပထမအကျော့အတွက် ကြယ်သုံးပွင့်ဝိဉာဉ်ရည် စတင်သန့်စင်နိုင်ပြီ............

***

All Chapters