← Chapters

အဆင့်ငါးပညာရှင်များကိုစိန်ခေါ်ခြင်း.......

Vol. 23 Ch. 318

အဆင့်ငါးပညာရှင်များကိုစိန်ခေါ်ခြင်း.......

Vol. 23 Ch. 318

ပြိုင်ပွဲစတင်ချိန်၌ ကြွေးကြော်သံများနှင့်အတူ ပွဲ၏အငွေ့အသက်သည် ချက်ချင်းပင် ပူနွေးလာသည်။ ကြည့်ရှုသူများ၏ စိတ်အားထက်သန်သော အကြည့်များသည် မြင့်မားသော ပလက်ဖောင်းများပေါ်တွင် အာရုံစိုက်ထားသည်။

ပရိသတ်ထဲတွင် ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှ ကျောင်းသားအများအပြားလည်း ပါဝင်ပြီး ၎င်းတို့ရှေ့တွင် တင်ပြသည့် မြင်ကွင်းနှင့် ရင်းနှီးမှုမရှိကြပေ။ ရလဒ်အနေဖြင့် အခြားသောပညာရှင်များ၏ ဖန်တီးမှုလုပ်ငန်းစဉ်ကို သေချာစူးစမ်းကာ အသစ်အသစ်သောနားလည်မှုများရရှိရန် အာရုံစိုက်ထားလိုက်ကြသည်။

သန့်စင်ရေးအလုပ်ရုံခြောက်ခုတွင်.....

အဆင့်ငါးပညာရှင် ငါးယောက်သည်အတွေ့အကြုံရင့်ကျက်သူများပီပီ တည်ငြိမ်စွာ လုပ်ဆောင်နေကြသည်။

ကြယ်သုံးပွင့်ဝိဉာဉ်ရည်သန့်စင်ရခြင်းသည် ၎င်းတို့အတွက် လွယ်ကူသည်ဆိုသော်လည်း ကျွမ်းကျင်မှုများကို အသားပေးပြသရမည်ဖြစ်သည်။ သို့မဟုတ်ပါက ထိုပြိုင်ပွဲလောက်ကို အဆင့်လေးပညာရှင်များကို ဝင်ပြိုင်ခိုင်းရုံနှင့်ပင်လုံလောက်သည်။

သူတို့ရဲ့ ချောမွေ့ပြီး ကျက်သရေရှိတဲ့ လှုပ်ရှားမှုတွေက လူတိုင်းကို အံ့သြမှင်သက်စေခဲ့သည်။ လက်ချောင်းများကို အနည်းငယ်လှုပ်ရှားရုံဖြင့် ရေနှင့်အလင်း ပဲ့တင်ထပ်သံစွမ်းအင်တို့သည် ဒီရေများကဲ့သို့ စည်းချက်ကျကျ ထွက်ပေါ်လာပြီး ပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်းကို စတင်သန့်စင်နေပြီဖြစ်သည်။

ချက်ခြင်းပင်၊ ပါဝင်ပစ္စည်းများ၏ ထူးထူးခြားခြား ပေါင်းစပ်မှု ရှေ့တွင် စူးရှတောက်ပသော မီးရောင်တစ်ခု ထွက်ပေါ်လာသည်။

ဟန်ဇီနှင့် အခြားသော အဆင့်ငါးပညာရှင်များသည် လက်ရာမြောက်သည့် စံအိမ်ကြီးတစ်ခုစီ၏ ကြီးကျယ်ခမ်းနားသော အံ့ဖွယ်ဖော်မြူလာများကို ပြသရန်အတွက် အမှန်တကယ် အကောင်းဆုံး ပုဂ္ဂိုလ်များဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဝိညာဉ်ရည်များ သန့်စင်ခြင်းရာတွင် ၎င်းတို့၏ ထူးခြားသောစွမ်းရည်များကိုရှင်းလင်းသေသပ်စွာ ပြသနေသည့်အတွက် ဤမြင်ကွင်းကို ကြည့်ရှုခွင့်ရသူတိုင်းသည် အံ့သြထိတ်လန့်ဖွယ်ကောင်းသည့် ခံစားချက်များသာ ကျန်ရှိတော့သည်။

သို့သော်လည်း အရာအားလုံးသည် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာဘဲ ကွဲလွဲနေသော အစိတ်အပိုင်းအချို့လည်းရှိသေးသည်။

ဝုန်းးးးးးးး

လီလော့၏ သန့်စင်ရေးစင်မြင့်ပေါ်ရှိ သလင်းကျောက်ပြွန်တစ်ခုသည် ပါဝင်ပစ္စည်းများ ပေါင်းစည်းလိုက်သောအခါတွင် ပြင်းထန်စွာ လှုပ်ယမ်းသွားပြီး နောက်ဆုံးတွင် ဖရိုဖရဲ ပေါက်ကွဲထွက်လာသော မြင်ကွင်းတစ်ခုအဖြစ် အဆုံးသတ်သွားသည်။

ပါဝင်ပစ္စည်းများကို ပေါင်းစပ်ခြင်း၏ နောက်ဆုံးအဆင့်တွင် သူ အမှားလုပ်မိခဲ့သည်။

ရိုးရိုးသားသားပြောရရင် ဒီလိုမြင်ကွင်းမျိုးသည် ထူးဆန်းမနေခဲ့ပေ။သို့သော်.....အဆင့်ငါးပညာရှင်များ၏ ချောမွေ့စွာ စီးဆင်းနေသော လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက လီလော့၏ ခြေလှမ်းအမှားမှာ ပို၍ ထင်ရှားနေလေ၏။

တီးတိုးသံများ ထွက်ပေါ်လာလေပြီ......

လီလော့၏ အရည်အချင်းသည် အခြားပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက စာမတတ်သူ အရူးတစ်ယောက်ပင်လျှင် သူ၏ လုပ်ရပ်များသည် အတွေ့အကြုံမရှိသူမှန်း တထစ်ချပြောဆိုနိုင်သည်။

လူတိုင်းသည် သန့်စင်ရေးစင်မြင့်ပေါ်၌သာ အာရုံစိုက်ထားကြသည်။ အထူးသဖြင့် မိန်ရှုအာသည် ဤမြင်ကွင်းကို ကျေနပ်စွာကြည့်ပြီးသည်နှင့် လီဘိုင့်ဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။

"တွေ့လား? ငါပြောတာမှန်တယ်....ရှီးယန်စံအိမ်က တကယ့်အမှိုက်ပုံအကြီးစားကြီးပဲ....နင်သာ ခုန်ချလိုက်ရင် ဘဝပျက်ပြီ......."

ငြိမ်နေသည့် လီဘိုင်ကို ပင်းထောင်က......

" မိန်ရှုအာက နင်နဲ့သိပ်အဆင်မပြေပေမယ့် သူပြောတာမမှားဘူး.....ရှီးယန်က တော်တော် အားနည်းတဲ့အပြင် အဆင့်သုံးပညာရှင်တစ်ယောက်ကိုဝင်ပြိုင်ခိုင်းတယ်ဆိုတော့ လက်ကျန်ဂုဏ်သိက္ခာတွေကိုပါ ဖျက်စီးပစ်ချင်နေတာလား......သူတို့က ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ စိတ်မ၀င်စားဘူးဆိုရင်တော့ ဒါဟာ ကြောက်စရာကောင်းတဲ့လုပ်ရပ်ပဲ....."

လီဘိုင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းမချမီ ခဏလောက် စဉ်းစားလိုက်ပြီး.....

"ငါ့ဘက်က ရှီးယန်နဲ့ပူးပါင်းမယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး.....တော်လောက်ပြီ....  ပြိုင်ပွဲပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့......."

တစ်ဖက်တွင် မိန်ရှုအာသည် ဝမ်းသာအားရ အော်ဟစ်နေသည်။ရှီးယန်သည် ဤပြိုင်ပွဲတွင် အကြီးမားဆုံး ဟာသဖြစ်လာမည်မှာ မလွဲမသွေဖြစ်သည်။

သူမစကားကြားရတာ စိတ်မသက်မသာဖြစ်ပေမဲ့ ကျောင်းသားအချို့ကတော့ မလွှဲမရှောင်သာ ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ဤသည်မှာ  မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားသလိုပင်.....

တစ်ဖက်တွင် လီလော့သည် ပရိသတ်ကြားတွင်ဖြစ်ပျက်နေသည့်အရာများကို လုံးဝဂရုမစိုက်ပေ။ သူသည် သန့်စင်ရေးလုပ်ငန်းစဉ်အပေါ် အပြည့်အဝအာရုံစိုက်နေသည်။

သူ့အမူအရာက တည်ငြိမ်နေပြီး ယခင်အမှားကြောင့် စိတ်ထိခိုက်နေပုံမရပေ။ ဤကဲ့သို့ မြင်ကွင်းမျိုး ပေါ်ပေါက်လာခြင်းသည် နောက်ဆုံးအကြိမ် မဟုတ်ပေ၊ ထို့ကြောင့် စိုးရိမ်စရာ မရှိပေ။

ရှုံးနိမ့်မှုအရေအတွက်သည်နောက်ဆုံးရလဒ်ကို မထိခိုက်နိုင်ပေ။

နောက်ဆုံးတွင်၊ အမှန်တကယ်အရေးကြီးသည်မှာ သတ်မှတ်ထားသောအချိန်အတွင်း ကြယ်သုံးပွင့်ဝိညာဉ်ရည်ကို သန့်စင်နိုင်လျှင် လုံလောက်ပြီ......

သူသည် လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်ကာ  ပါဝင်ပစ္စည်းများကို ပတ်ပတ်လည်တွင် လွင့်မြောစေလိုက်သည်။ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော စွမ်းအားများအတွင်း၌ ၎င်းတို့ကို သင့်လျော်သောပမာဏအဖြစ် မခွဲထုတ်မီ ၎င်းတို့၏ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရမည်။

ခဏတာ တိုင်းတာပြီးနောက် ပါဝင်ပစ္စည်းများကို ဖန်ပြွန်တစ်ခုတွင် ပေါင်းစပ်ထားလိုက်သည်။

ပေါင်းစပ်မှုဖြစ်စဉ် အသစ်တစ်ဖန် စတင်ခဲ့ပြန်သည်။

လီလော့သည် ပေါင်းစပ်မှုဖြစ်စဉ်ကို ဆက်လက်စမ်းသပ်နေသဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။

သူ့ရဲ့နောက်ဆက်တွဲကြိုးစားမှုတွေက နောက်ထပ် ရှုံးနိမ့်မှုသုံးခုကို ဖြစ်စေခဲ့ပြန်သည်။ သို့သော်လည်း စိတ်ပျက်မနေခဲ့ပေ။ ဟန်ဇီလွဲလျှင် အခြားသော ပညာရှင်များလည်း အမှားအနည်းငယ် လုပ်မိခဲ့ကြသည်။

သို့သော် လီလော့သည် သူတို့၏ထင်မြင်ယူဆချက်များကို လုံးဝဂရုမစိုက်ဘဲ ပြိုင်ဘက်ကင်းသော အာရုံစူးစိုက်နိုင်မှုနှင့်အတူ လိပ်ပြာပျိုဝိဉာဉ်ရည်သည် ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုဆီသို့ သုံးပုံတစ်ပုံခန့် ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့သောတိုးတက်မှုသည် ရွယ်တူများကို နောက်ကောက်ချန်ခဲ့နိုင်သောလည်း ဂုဏ်ယူဝံ့ကြွားနေရမည့်အချိန်မဟုတ်သေးပေ။

လီလော့ကို တချိန်လုံး အာရုံစိုက်နေသော လင်းကျောက်ယင်က.....

"လီလော့ရဲ့ ဝိဉာဉ်ရည်က မတူညီတဲ့အဆင့်ဆယ်ခုကျော်ကျော်ပြီးဆုံးနေပြီပဲ....ဒါ သာမာန်ဖော်မြူလာသုံးနေတာမဟုတ်လောက်ဘူး....."

" ကျွန်မပြောခဲ့သားပဲ....ဒီကောင်လေးက ငတုံးမှမဟုတ်တာ.....မသေချာဘဲ ဘာမှလုပ်မှာမဟုတ်ဘူး......ကြည့်ရတာ ဝှက်ဖဲတွေ ထုတ်သုံးနေပြီထင်တယ်....ဒါ ကြယ်​လေးပွင့်ဖော်မြူလာပဲဖြစ်ရမယ်......."

" ဟုတ်တယ်....သူ ဘယ်ကနေရှာလာမှန်းမသိပေမယ့် အဲ့တာ ကြယ်လေးပွင့်ဖော်မြူလာပဲ....."

ချီချန်း၏ အကြည့်များထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ရှိနေသည်။ လင်းကျောက်ယင်သည် အဆင့်ရှစ်ပညာရှင်ဖြစ်သည့်အတွက် ခန့်မှန်းမှု မှားယွင်းလိမ့်မည်မဟုတ်ပေ။

ကြယ်လေးပွင့်ဖော်မြူလာကို ဒီကောင်ဘယ်ကရတာလဲ..... နေဉီး....ပိုင်မျန်မျန်ဆီက ကလိမ်ကျလာတာပဲဖြစ်ရမယ်......

"ဒါပေမယ့်၊ ကြယ်လေးပွင့်ဖော်မြူလာနဲ့တောင် ကွာဟချက်ကို ဖာထေးဖို့မလွယ်ဘူး....."

"ဒီလောက်နဲ့တင် အတော်အဆင်ပြေနေပါပြီ....သူ့မှာ ဝှင်ဖဲတွေရှိရင်ရှိဉီးမှာပေါ့......"

"ချီချန်း..... မျက်နှာလိုက်တယ်လို့ မခံစားမိဘူးလား....."

ချီချန်းက တုန်လှုပ်ခြောက်ခြားနေသော်လည်း ပြန်မဖြေခဲ့ပေ။ ယုတ္တိရှိရှိပြောရလျှင် လီလော့တွင်အောင်မြင်နိုင်ချေသိပ်မရှိပေ။

ပြိုင်ဆိုင်မှုများ ဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ အချိန်တရွေ့ရွေ့ကုန်ဆုံးနေပြီဖြစ်သည်။

ပရိသတ်၏ စောင့်ကြည့်မှုအောက်တွင်၊ အခြားသော ပညာရှင်ငါးဦးသည် ပြီးစီးမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဟန်ဇီသည် ယခုအချိန်အထိ အမှားတစ်ခုမျှ မပြုလုပ်ရသေးသည့် တစ်ဦးတည်းသော သူဖြစ်သည်။

စံအိမ်ကြီးများ၏အဆင့်ခြောက်ပညာရှင် ဆအချို့ပင်လျှင် သူ့အရည်အချင်းကို တန်ဖိုးထားကာ ခေါင်းညိတ်ကြသည်။

ဟန်ဇီသည် အရည်အချင်းရှိသူဖြစ်သော်လည်း လမ်းမှားပြီး ရှီးယန်စံအိမ်သို့ဝင်ရောက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေသည်ဟု ထင်မြင်နေကြသည်။

ဒူဇီမောင်နှမ နှစ်ဦးစလုံးသည် သန့်စင်ရေးစင်မြင့်ပေါ်ရှိ မြင်ကွင်းကို ကျေနပ်စွာ ကြည့်နေကြသည်။ ဟန်ဇီရဲ့ စွမ်းဆောင်ရည်က တကယ်ကို ချီးကျူးစရာပင်......

" ဟန်ဇီက သူ့တန်ဖိုးကို သရုပ်ပြဖို့ ဆုံးဖြတ်ထားပုံပဲ.....အရင်အလုပ်ရှင်ဟောင်းကို အပြတ်အသတ်ရိုက်ချတော့မယ်ထင်တယ်.....ဟားးးးဟားးးးး"

"သာမန်အတိုင်းဆို သစ္စာဖောက်အများစုဟာ သူတို့ရဲ့ယခင်ဆက်နွှယ်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တတ်ကြတယ်.....ဟန်ဇီက ရှီးယန်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ချင်နေပုံပဲ......"

"မမ....ဒီလောက်ဆိုရလဒ်ကို ကြိုတင်ခန့်မှန်းလို့ရနေပြီမဟုတ်လား......လီလော့က သိပ်မောက်မာလွန်းတယ်..." ဒါက သူ့ကို ကောင်းကောင်း ဖိနှိပ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။"

ဒူဇီဟုန်လျန်သည် မှတ်ချက်မပေးဘဲ ခဏရပ်ကာ နားထောင်ခဲ့သည်။ ယခင်ကအတိုင်းဆို လီလော့ကို ဂရုစိုက်နေမည်မဟုတ်သော်လည်း အရိပ်လှိုဏ်ဂူရဲ့ အဖြစ်အပျက်က သူမကို ပြောင်းလဲစေခဲ့သည်။

ဒီကောင်လေးက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်အောင်ပါပဲ......

ထို့ကြောင့် သူမ တုံ့ပြန်ဖို့စကားလုံးရှာမရခဲ့ပေ။

"ဖြစ်ကောင်းဖြစ်နိုင်မလား? ရလဒ်က ရှင်းသွားမယ်ထင်တယ်......"

***

All Chapters