← Chapters

အောင်မြင်ခဲ့ပြီ......

Vol. 23 Ch. 319

အောင်မြင်ခဲ့ပြီ......

Vol. 23 Ch. 319

ဒေါင်!

နေမင်းကြီး ပိုမြင့်လာသည်နှင့်အမျှ  လေထုလည်း ပိုမိုပူနွေးလာပြီဖြစ်သည်။

ထို့နောက် စင်မြင့်ပေါ်မှ  တူညီ ရှင်းလင်းသော မောင်းသံကြီး ထွက်ပေါ်လာပြီး လူတိုင်း မတ်တပ်ထရပ်လိုက်ကြသည်။

တစ်စုံတစ်ယောက်၏ ပြီးစီးမှုကို အချက်ပြခြင်းဖြစ်သည်။သို့သော်လည်းမည်သူမျှ အံ့အားသင့်မနေခဲ့ပေ။ ပထမဆုံး ပြီးဆုံးသွားသည်မှာ စိမ့်အိုင်စံအိမ်၏ ဟန်ဇီဖြစ်သည်။

ဟန်ဇီကိုင်ဆောင်ထားသော ပုလင်းထဲတွင် ရှိနေသည့်မီးခိုးရောင်အရည်များသည် စူးချန်ဝိဉာဉ်ရည်ဖြစ်ကြောင်း အဆင့်မြင့်ပညာရှင်တိုင်း သိနေကြသည်။ဤသည်မှာ စိမ့်အိုင်စဲအိမ်၏ နာမည်ကျော် ကြယ်လေးပွင့်ဖော်မြူလာဆိုလည်း မမှားနိုင်ပေ။

၎င်းသည် စိမ့်အိုင်စံအိမ်၏တစ်ခုတည်းသောကြယ်လေးပွင့်ဖော်မြူလာဖြစ်သည်။

ချီးကျူးဂုဏ်ပြုသံများ ထွက်ပေါ်လာသည့်အတွက် ဟန်ဇီ ကျေနပ်အားရနေဟန်ဖြင့် ပြုံးလိုက်သည်။  ဟန်ဇီသည် အပြစ်အနာအဆာကင်းရုံတင်သာမကအလျင်မြန်ဆုံးဖော်စပ်နိုင်သည့်အတွက် ပထမရဖို့သေချာနေလောက်ရှိပြီ.......

ဒူဇီမောင်နှမကလည်း ကျေနပ်စွာ ပြုံးနေကြသည်။

ဟန်ဇီက လက်နှစ်ဖက်ကို ကျေနပ်စွာ ပွတ်သပ်လိုက်ပြီး လီလော့ကိုလှမ်း ကြည့်လိုက်သည်။ ကောင်လေးက ဟန်ဇီ ပြီးသွားပြီဆိုတဲ့အချက်ကို သတိမမူမိဘဲ ဆက်လက်သန့်စင်နေဆဲပင်......

ဟမ့်.....အဆင့်သုံးပညာရှင်က အဆင့်ငါးပညာရှင်ကိုယှဉ်နိုင်မယ်တဲ့လား....အိမ်မက် မက်နေလိုက်တော့......

မြန်နှုန်းက စီရင်ဆုံးဖြတ်တဲ့ စံနှုန်းတွေထဲက တစ်ခုမဟုတ်ဘဲ  နောက်ဆုံး စမ်းသပ်သည့် သန့်စင်မှု ရာခိုင်နှုန်းဖြင့်သာ အနိုင်အရှုံး ဆုံးဖြတ်ရမည်ဖြစ်သည်။

ဟန်ဇီသည် ယနေ့ ဖော်စပ်ခဲ့သည့် ဝိဉာဉ်ရညိကို အတော်အားရကျေနပ်နေပြီး သူ၏ ဝိညာဉ်အရည်သည် ယနေ့ထုတ်လုပ်သမျှထဲတွင် အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်နေသည်။

ဒါကို သူလိုချင်သလောက် တောင်းဆိုလို့ရပြီ.......

သိပ်မကြာခင်မှာပဲ ကျန်တဲ့ အဆင့်ငါးပညာရှင် လေးယောက်လည်း သန့်စင်မှုပြီးဆုံးပြီဖြစ်သည်။ သို့သော်လည်း လီလော့ကတော့ အခုထိတဆင့်ချင်းလုပ်ဆောင်နေဆဲပင်.......

အကြွင်းမဲ့အာရုံစိုက်ထားသည့်အတွက် ပတ်ဝန်းကျင်ကို လီလော့ မေ့လျော့နေခဲ့ပါသည်။

ရှီးယန်စံအိမ်အတွက် သတ်မှတ်ပေးထားသောနေရာတွင်....ချိုင်ဝေနှင့် ယန်လင်းချီတို့က စိုးရိမ်ထိတ်လန့်နေကြသော်လည်း ကျန်းချင်းအာက ခပ်မတ်မတ်ထိုင်ပြီး လီလော့ကိုသာ မမှိတ်မသုန်စိုက်ကြည့်နေသည်။

"ကြိုးစားထား အစ်ကိုလီလော့......!"

ယုလန်က စိတ်ပြောင်းသွားအောင် အော်ဟစ်အားပေးနေသော်လည်း လုချင်းအာနှင်ပိုင်မျန်မျန်တို့က တစ်ခုခု နင်နေသလိုအသံမထွက်နိုင်ရှာပေ။

သူတို့၏အော်သံများသည် အတိုင်း ကျင့်ကြံရေးခန်းမမှ ကျောင်းသားအချို့ကပါ အော်ဟစ်အားပေးလာကြသည်။ ၎င်းတို့သည် အပျော်သဘောဖြင့် ဤနေရာတွင်သာ ရှိနေကြသည့်အတွက် ကျန်တာတွေကို ဂရုမစိုက်ခဲ့ကြပေ။ ထို့အပြင် အရိပ်လှိုဏ်ဂူတွင် လီလော့တစ်ယောက် သူရဲကောင်းဆန်စွာ အနစ်နာခံခဲ့မှုများအတွက် လေးစားသမှုဖြင့် အားပေးနေကြခြင်းဖြစ်သည်။

များမကြာမီပင်၊ ပျော်ရွှင်ဖွယ်ကောင်းသော အားပေးသံများသည်  အခြားစံအိမ်ကြီးများကို အံ့သြသွားစေသည်။ ကောလိပ်တွင် လီလော့ ဤမျှကျော်ကြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

လောကကြီးနှင့်အဆက်အသွယ်ပြတ်နေသူတစ်ယောက်လို လီလော့ ဘာကိုမျှ မကြားနိူင်သေးပေ။သူသည် ယခုအချိန်တွင် အရှုပ်ထွေးဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ဆန်းကျယ်သော ဒြပ်ပေါင်းများကြားမှ ရှုပ်ထွေးသော တုံ့ပြန်မှုများကို စတင်ကြုံတွေ့ရတော့မည်။

စမ်းသပ်ဖန်ပြွန်များကို သူ့ရှေ့တွင် ချထားပြီး. လက်ချောင်းများကို ဟန်ချက်ညီညီလှုပ်ရှားလိုက်သည့်အခါ ရေအလင်းစွမ်းအားချည်မျှင်များသည်  ဖန်ပြွန်များဆီသို့ စီးဝင်သွားကြသည်။လက်ချောင်းများလှုပ်ရှားလိုက်တိုင်း စွမ်းအားများ ပိုဝင်စီးဝင်နေလေ၏။

ဤနည်းဖြင့် ပါဝင်ပစ္စည်းတစ်ခုချင်းစီတိုင်းမှ အညစ်အကြေးများကို ဖယ်ထုတ်နေပြီး သန့်စင်သွားသောပါဝင်ပစ္စည်းများကို စတင်ပေါင်းစပ်ရတော့မည်။နည်းနည်းလေးမျှ အမှားခံလို့မဖြစ်ပေ။

ပါဝင်ပစ္စည်းများ ပေါင်းစပ်သွားသောအခါတွင်၊ ၎င်းတို့အားလုံးသည် အလင်းရောင်အောက်တွင် ပုံဆောင်ခဲများကဲ့သို့ တောက်ပကြည်လင်နေသည်အထိ အညစ်အကြေးများ ပို၍ပို၍ ယိုထွက်လာသည်။

လင်းကျောက်ယင်က မျက်မှောင်ကြုတ်လိုက်ပြီး....

"ဒီကောင်လေးရဲ့  စွမ်းအား​တွေက တခုခုထူးဆန်းနေသလိုပဲ......"

"လီလော့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိတယ်"

"မဟုတ်ဘူး......ဒါ ပဲ့တင်ထပ်သံနှစ်ခုကြောင့်မဟုတ်ဘူး.....သူ့ရဲ့စွမ်းအားတွေက ပါဝင်ပစ္စည်းတွေကို ဖြစ်သင့်တာထက် ပိုသန့်စင်စေတယ်......အဲ့တာက အဆင့်ငါးပညာရှင်တွေပဲလုပ်နိုင်တဲ့အရာ.....အရမ်းထူးဆန်းနေတယ်......."

ချီချန်း အံ့သြသွားသည်။

"ဘယ်လိုဖြစ်ရတာလဲ.......သူ့ရဲ့ ပထမ ပဲ့တင်ထပ်သံက ရေ....ဒါပေမယ့် ဒုတိယကတော့ သစ်သား.... သေချာတာကတော့ သစ်သားပဲ့တင်ထပ်သံကို ဝိညာဉ်ရည်သန့်စင်တဲ့နေရာမှာသုံးလို့မရဘူး......"

လင်းကျောက်ယင်သည် သူမခံစားနေရသော ရှုပ်ထွေးမှုကို ရှင်းထုတ်ရန် ခေါင်းခါလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကလေးမှာ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တွေရှိတယ်......အစပိုင်းမှာ အမှားအနည်းငယ်လုပ်ခဲ့ပေမယ့် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်..... ဒီတစ်ခါတော့အောင်မြင်သင့်ပြီ......."

ချီချန်း မအံ့သြမိပေ။

လီလော့သည် အဆင့်သုံးပညာရှင်တစ်ဦးဖြစ်သောကြောင့် ကြယ်သုံးပွင့်ဝိဉာဉ်ရည်ကို ပြီးမြောက်အောင်သန့်စင်နိုင်ဖို့ ကန့်သတ်ချက်များရှိနေနိုင်သည်။အောင်မြင်ဖို့အတွက် ရာနှုန်းပြည့် အာမခံဖို့ မလွယ်ပေ။

အောင်မြင်အောင် သန့်စင်နိုင်လျှင်တောင် သန့်စင်မှုရာခိုင်နှုန်းကိုကြည့်ရဉီးမည်။

ခြောက်ယောက်စလုံး ကြယ်လေးပွင့်ဖော်မြူလာကိုသာ သုံးသွားသော်လည်းလီလော့သည် အခုမှအဆင့်သုံးပညာရှင်အဆင့်တွင်သာရှိသေးသည်။

အဆင့်ခုနှစ် လျှို့ဝှက်ရေအရင်းအမြစ်ဖြင့်ကွာဟချက်များကိုဖာထေးနိုင်မည်လော....

ပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်လာပြီ......

အော်ဟစ်ကြွေးကြော်သံများ ထွက်ပေါ်လာသည်နှင့်အမျှ လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများသည် ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် ရုတ်တရက် ကျယ်လောင်စွာပေါက်ကွဲလာပြီး ဖန်ပြွန်ထဲမှ သန့်စင်ထားသောပါဝင်ပစ္စည်းများအားလုံး လေထုထဲသို့ဝဲပျံလာသည်။

ပဲ့တင်ထပ်သံစွမ်းအားသည် ပါဝင်ပစ္စည်းများကို ချိတ်နှောင်ပေါင်းစည်းပေးလိုက်သည့်အခါ ကြယ်ရောင်လို လင်းလက်တောက်ပသော အလင်းရောင်များထွက်ပေါ်လာသည်။

နောက်ဆုံးတွင်၊ လီလော့ ကိုင်ဆောင်ထားသည့် ဖန်ပုလင်းထဲသို့ နှင်းရည်စက်များ စိမ့်ဝင်လာပြီး သူပြင်ဆင်ထားသည့် လျှို့ဝှက်ရေအရင်းအမြစ်နှင့် ပေါင်းစပ်သွားလေပြီ.....

ရွှီးးးးး

ဖန်​ပြွန်ထဲမှ အခိုးအငွေ့ ပါးပါးလေး ထွက်လာပြီး ကြယ်ရောင် အမှုန်အမွှားများဖြင့် တောက်ပနေသော ဝိဉာဉ်ရည်များသည် နတ်သက်ကြွေလာသော နတ်သမီးလေးများ လှပစွာကခုန်နေသည့်နှယ်......  နောက်ဆုံးတော့ လိပ်ပြာပျိုဝိဉာဉ်ရည်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီဖြစ်သည်။

ပရိသတ်အားလုံး လက်ခုပ်သြဘာပေးနေကြသည်ကို လီလော့ အခုမှသာ သတိထားမိလိုက်သည်။

"ဟွန့်.....ကြယ်သုံးပွင့်ဝိဉာဉ်ရည်လေး သန့်စင်နိုင်တာကိုများ....."

မိန်ရှုအာက ရွံရှာစွာ ခေါင်းယမ်းရင်း မဲ့ကာရွဲ့ကာ အပြစ်တင်နေသည်။

" အဆင့်သုံးပညာရှင်က အဆင့်ငါးပညာရှင်ကိုအနိုင်ယူနိူင်မယ်ထင်နေတယ်ဆို သူ့ပရိတ်သတ်တွေရူးနေလို့ပဲဖြစ်ရမယ်..."

.

"ရလဒ်တွေ မထွက်သေးဘူး"

လီဘိုင်က မျက်မှောင်ကြုတ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

"နင့်ပါးစပ်လေး ခဏလောက်ပိတ်ထားလို့ရမလား....."

မိန်ရှုအာ၏ ပြင်းပြင်းထန်ထန် စကားနာထိုးမှုကြောင့် သူမ စိတ်ဆိုးလာသည်။

"ဘာကွာခြားသွားမှာမို့လို့လဲ...."

မိန်ရှုအာကလည်း နည်းနည်းလေးမှမခံဘဲပြန်ပက်လိုက်သည်။

လီဘိုင်သည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး

လီလော့ကိုသာအာရုံစိုက်ထားလိုက်တော့သည်။

အဆုံးအဖြတ်ပေးနိုင်မည့် သန့်စင်သောရလဒ်စမ်းသပ်ခြင်း စတင်တော့မည်......

***

All Chapters