← Chapters

အာရုံစိုက်မှုကို သိမ်းပိုက်ခြင်း.....

Vol. 23 Ch. 320

အာရုံစိုက်မှုကို သိမ်းပိုက်ခြင်း.....

Vol. 23 Ch. 320

စစ်ဆေးပေးမည့်ဆရာများ စားပွဲပေါ်ရှိ ဝိဉာဉ်ရည်များ ခင်းကျင်းထားသည့်နေရာဆီသို့ လျှောက်လာသောအခါ လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ ရလဒ်ကို စောင့်မျှော်ရင်း စိတ်လှုပ်ရှားစွာနေကြသည်။

ဆရာများသည် ဟန်ဇီဆီသို့ ဦးစွာလျှောက်သွားခဲ့သည်။

ဆရာတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး စိဝိညာဉ်ရည်ပုလင်းကို ကောက်ယူကာ သန့်စင်မှုတိုင်းတာသည့်အပ်ကို  ဝိဉာဉ်ရည်ထဒသို့နှစ်လိုက်လေသည်။

စက္ကန့်အနည်းငယ်အကြာတွင်.....

"စိမ့်အိုင်စံအိမ် ကိုယ်စားပြု ဟန်ဇီရဲ့ဝိဉာဉ်ရည်က သန့်စင်မှု ၆၆% ရှိတယ်....."

ဆရာက  အပြုံးတခုဖြင့် အတည်ပြုကြေညာသည်။

ကျယ်လောင်သော အားပေးသံများ ထွက်ပေါ်လာပြီး  ကျွမ်းကျင်သော ပညာရှင်များကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

ကြယ်သုံးပွင့်ဝိဉာဉ်ရည်ကို ကြယ်

လေးပွင့်ဖော်မြူလာသုံးပြီးဖေယ်စပ်သည့်အခါ အမြင့်ဆုံး  70% အထိ သန့်စင်နိုင်သည်ဆိုသောကြောင့် ဟန်ဇီ၏ 66% ကိုအလွန်ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။

ဟန်ဇီသည် အဆင့်ငါးပညာရှင်ဖြစ်သည့်အတွက် အဆင့်သုံးပညာရှင်ကို ကောင်းကောင်းကြီးအနိုင်ယူနိုင်မည်သာ.....

စျေးကွက်တွင်ရှိသော စိမ့်အိုင်စံအိမ်၏ စူးချန် ဝိညာဉ်ရည်သည် ပျမ်းမျှစံနှုန်းထားတွင်ရှိသည်။

တကယ်တမ်းတွင် စိမ့်အိုင်စံအိမ်သည် စျေးကွက်တွင်ရောင်းချမည့် ကြယ်သုံးပွင့်ဝိဉာဉ်ရည် ဖော်စပ်ရန် အဆင့်ငါးပညာရှင်ကို စေခိုင်းမည်မဟုတ်ပေ။

"ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို ဒီပွဲမှာ ဟန်ဇီပဲအနိုင်ရလိမ့်မယ်....."

ကွေရှုက မင်းသမီးကြီးကို လှမ်းပြောလိုက်သည်။

"လီလော့ကရော....."

ကွေရှုက သူမဘက်ကို တစ်ချက်ကြည့်လိုက်သည်။ မင်းသမီးက တစ်နည်းနည်းနဲ့ ကောင်လေးကို အရမ်းစိတ်ဝင်စားပုံရတယ်။ သူတို့ကြားမှာ တစ်ခုခုရှိနေတာလား..?

ကွေရှု ခဏစဉ်းစားလိုက်ပြီး.....

"ရှီးယန်ရဲ့ တစ်ခုတည်းသော အားသာချက်က အဆင့်ခုနှစ် လျှို့ဝှက်ရေအရင်းအမြစ်ပဲဆိုတော့ လီလော့က  ကြယ်သုံးပွင့်ဖော်မြူလာကို အသုံးပြုနေတယ်ဆိုရင် 60% ကျော်နိူင်မှာမဟုတ်ဘူး.... အဲ့ဒါက ကြယ်သုံးပွင့်ဖော်မြူလာရဲ့ ကန့်သတ်ချက်ပဲ....."

"လီလော့က ကြယ်လေးပွင့်ဖော်မြူလာသုံးမယ်ဆိုရင်ရော....."

" ရှီးယန်မှာကြယ်လေးပွင့်ဖော်မြူလာရှိတယ်လို့  မကြားမိပါဘူး"

ကွေရှုက အံ့အားသင့်စွာပြောသည်။

"ရှင်တို​ မကြားမိတာနဲ့ပဲ မရှိဘူးလို့မှ မဆိုလိုတာ.....လီလော့က အဆင့်ခုနှစ် ရေအရင်းမြစ်ကိုတောင် ထုတ်သုံးနိုင်သေးတာပဲ....ကြယ်လေးပွင့်ဖော်မြူလာထုတ်မသုံးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ......"

မင်းသမီး၏ ခပ်ပြုံးပြုံး အပြောကြောင့် ကွေရှု မချိပြုံးသာပြုံးနေရရှာသည်။

မင်းသမီးက ဝိဉာဉ်ရည်လုပ်ငန်းအကြောင်း ဘာမှမသိဘဲ ပြောနေပြန်ပြီ.....ကြယ်လေးပွင့်ဖော်မြူလာတစ်ခုကို ဘယ်လောက် တန်ကြေးရှိတယ်မှတ်နေလဲ......အကယ်၍ လီလော့သာ မတရားထူးချွန်နေရင် ၆၂% ထိလောက်ပဲရနိူင်မယ်......

"လီလော့သာ  63%ရခဲ့မယ်ဆိုရင်  သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်.....သူ့မှာ လုံလောက်တဲ့ကျွမ်းကျင်မှုမရှိသေးဘူး.....ဒါပေမယ့် သူသာ အဆင့်လေးပညာရှင်ဆို ပိုကောင်းတဲ့ရလဒ်တွေ ရလာနိုင်မယ်......"

မင်းသမီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။

ထိုအချိန်တွင် စင်မြင့်ပေါ်၌ ......

စစ်ဆေးပေးသည့်ဆရာက ဟန်ဇီကို ဂုဏ်ပြုစကားပြောနေ၏။

"ဂုဏ်ယူပါတယ်....."

အကဲဖြတ်ပေးသည့် ဆရာကလည်း ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်သည့်အတွက် ဟန်ဇီ၏ ရလဒ်ကိုကြိုတင်ခန့်မှန်း နိုင်နေပြီဖြစ်သည်။

ဟန်ဇီက အကဲဖြတ်ပေးသည့်ဆရာကို

ယဉ်ကျေးစွာ အသိအမှတ်ပြု ခေါင်းညိတ်လိုက်သည်။

လီလော့ကတော့ အပျင်းပြောအကြောဆန့်ရင်းအလုပ်ရှုပ်နေ၏။

ဟန်ဇီ သူ့ကို ကြည့်နေမှန်းသိသည့်အတွက် လီလော့က လှည့်ကြည့်လိုက်ပြီး အသံတိတ်ပြောလိုက်သည်က.....

" အခွင့်ရေးရတာနဲ့သတ်ပစ်မှာ....."

ဟန်ဇီ၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလာသည်။

" မင်းဘယ်လိုပဲချိန်း​ခြောက်နေပါစေ ရလဒ်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူး...."

" ဇီဝမ်ရှန်းစံအိမ်....ဟွမ်ရှုဖူ.... 64%.....

"ပေကျီပါ့ဖုန်းရွှယ်စံအိမ်....ပင်းလောင် 65%.....

"မှင်ရေစံအိမ်... မိုထောင်... 64%...

"........."

ရလဒ်ကြေငြာသံ အဆက်မပြတ် ထွက်ပေါ်လာသည်။ လက်ရှိအချိန်အထိ ဟန်ဇီကသာ ထိပ်ဆုံးအဆင့်တွင်ရပ်တည်နေသည်။

66% သည် ယခုအချိန်အထိ အမြင့်ဆုံးဖြစ်နေဆဲပင်......

ပညာရှင်ငါးဦးကို စစ်ဆေးပြီးနောက်၊ လီလော့အလှည့်သို့ရောက်ရှိလာပြီဖြစ်သည်။

ရှီးယန်စံအိမ်က ဘယ်လောက်ထိရရှိနိုင်မလဲ.....အကယ်၍ အများတန်းတူ ရလဒ်ထွက်ပေါ်လာလျှင် ချီးကျူးစရာဖြစ်ပြီး သို့မဟုတ်ပါက လူရယ်စရာဖြစ်ကုန်လိမ့်မည်။

" ကောင်လေး....သိပ်လည်းစိတ်ပူမနေပါနဲ့....."

လီလော့က အကဲဖြတ်ဆရာကို ခပ်သွက်သွက် ခေါင်းညိတ်လိုက်ပြီး လိပ်ပြာပျိုဝိဉာဉ်ရည်ပုလင်းကို ကမ်းပေးလိုက်သည်။

အကဲဖြတ်ဆရာသည် ဝိဉာဉ်ရည်၏ တမူထူးခြားမှုကို အာရုံခံမိသည့်အတွက် မျက်ခုံးပင့်လိုက်မ်ိသည်။

လိပ်ပြာပျိုဝိဉာဉ်ရည်၏ မွှေးရနံ့သည် တမူထူးခြားစွာ မွှေးပျံ့ရှင်းသန့်နေသည်။

ထို့ကြောင့် ဝိဉာဉ်ရည်ထဲသို့ သန့်စင်မှုစမ်းသပ်သည့်အပ်ကို နှစ်လိုက်သည့်အခါ.....

၆၃..၆၄...၆၅.....

ဆက်လက်မြင့်တက်နေပြီး နောက်ဆုံး ၆၆% တွင်ရပ်တန့်သွားသည်။

ဤသည်မှာ ဟန်ဇီနှင့်တူညီသောရလဒ်သာပင်.....

ဘယ်လိုတွေဖြစ်ကုန်တာလဲ....စမ်းသပ်မှုမှားယွင်းနေတာများလား.....ဒါပေမယ့်လည်း ဒီအပ်နဲ့ပဲ ရှေ့ကလူတွေကို စမ်းသပ်ခဲ့တာပဲလေ.......သန့်စင်မှု ၆၆% ရတယ်ဆိုတော့ လီလော့သုံးသွားတာ ကြယ်သုံးပွင့်ဖော်မြူလာမဟုတ်ဘူးပေါ့......လီလော့က ကောင်းကောင်းကြီးလက်သည်းဖွက်ထားနိုင်ခဲ့တာပဲ........

ဒါပေမယ့်လည်း အဆင့်သုံးပညာရှင်တစ်ယောက်က ကြယ်လေးပွင့်ဖော်မြူလာသုံးပြီး ၆၆% အထိသန့်စင်နိုင်တာ ဟုတ်တော့မဟုတ်သေးဘူး.....

အတွေးပေါင်းစုံဖြင့် ကြက်သေသေနေသော ဆရာကို လီလော့က......

" ဆရာ....ကြေငြာပေးတော့လေ...."

" အော်...အေး..အေး....ကောင်လေး မင်းတကယ့်ကို ကောင်းကောင်းအကွက်ချနိုင်ခဲ့တာပဲ....."

***

All Chapters