ဖေဖေကြီးအတွက် ဂုဏ်ယူလိုက်စမ်း......
Vol. 23 Ch. 321
အကဲဖြတ်ဆရာက ရလဒ်တွေကို ကြေငြာဖို့တွန့်ဆုတ်နေချိန်တွင် ပရိတ်သတ်များက တီးတိုးခန့်မှန်းနေကြသည်။
" ရလဒ်မကောင်းလို့ ဆရာ မျက်နှာပျက်နေတာနေမှာပေါ့....."
မိန်ရှုအာက အခွင့်ရေးရသည်နှင့် လှောင်ပြောင်ဖို့မမေ့ပေ။
ထိုစကားကြောင့် ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှကျောင်းသားအချိုး သက်ပြင်းချလိုက်ကြသည်။
တကယ်ပဲအခြေနေဆိုးနေလို့လား......
လီဘိုင်၏ မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် ကျဉ်းမြောင်းသွားသည်။
တော်ရုံမတုန်လှုပ်တဲ့ အကဲဖြတ်ဆရာကိုတောင် ဆွံ့အစေတယ်ဆိုတော့ ဘာတွေများဖြစ်နေလို့လဲ......% ဘယ်လောက်ရတာလဲ.....
နိမ့်ကျလို့လား မြင့်မားလို့လား... ဖြစ်နိုင်ချေ နှစ်ခုပဲရှိတယ်။
"လီလော့က အထင်ကြီးလောက်စရာ တစ်ခုခု လုပ်လိုက်တာလို့ မင်းမထင်ဘူးလား?"
ပင်းထောင်က လီဘိုင်ကို မေးလိုက်သည်။
" မသိသေးဘူး...အဆင့်ငါးပညာရှင် ငါးယောက်ထိ သာလွန်နိုင်ဖို့မလွယ်ဘူး....."
ဟုတ်ပေသည်။လီလော့သည် အဆင့်သုံးပညာရှင်ဖြစ်သည့်အပြင် သန့်စင်မှုလုပ်ငန်းစဉ်တွင် အမှားများစွာ လုပ်ခဲ့သေးသည်။
သူသည် ကြယ်လေးပွင့်ဖော်မြူလာများနှင့် ဆန့်ကျင်ဘက် ကြယ်သုံးပွင့်ဖော်မြူလာကို အသုံးပြုနေသည်မှာ သေချာသည်။
ထို့ကြောင့် ကောင်းသောရလဒ်ရလာနိူင်စရာအကြောင်းမရှိပေ။
လီလော့တစ်ယောက် သိပ်မကြာခင် လူတကာတံတွေးခွက်မှာ ပက်လက်မျောရတော့မည်။
ထိုအချိန်တွင် ယန်လင်းချီ ၊ချိုင်ဝေ၊ကျန်းချင်းအာတို့က စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူဖို့တောင်မေ့နေကြသည်။
ချိုင်ဝေက လက်ထဲက ယပ်တောင်ကို ဖျစ်ညှစ်လိုက်ပြီး......
"ဆရာက ဘာကိစ္စရှိလို့လဲ...သည်းထိတ်ရင်ဖိုဖြစ်အောင် လုပ်နေတာလား....."
"တစ်ခုခုဖြစ်နေလို့များလား"
ယန်လင်းချီ က မသေချာမရေရာဟန်ဖြင့် ရေရွတ်နေပြီး တန်ယွမ်ကတော့ သက်ပြင်းတွင်တွင်ချနေရှာသည်။
ကျန်းချင်းအာက ရလဒ်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေချိန်မှာတွင် သူမရဲ့ ထုံးစံအတိုင်း တည်ငြိမ်အေးချမ်းသည့်အသွင်ဖြင့် ပေါင်ပေါ်လက်တင်ထားသည်။
တခဏအကြာတွင် အကဲဖြတ်ဆရာကညသန့်စင်မှုစမ်းသပ်သည့်အပ်ကို အများမြင်အောင်ပြသလိုက်ပြီး......
"ရှီးယန်စံအိမ်ရဲ့ လီလော့..66%!"
ထိုကြေငြာချက်ကြောင့် ပရိတ်သတ်တွေ တိတ်ဆိတ်ကုန်ကြသည်။
အမြင်မှားနေတာလား...တကယ်ပဲလား.....
လီလော့ရဲ့ ကြယ်သုံးပွင့်ဝိညာဉ်ရည်က ၆၆% အထိ ဘယ်လိုခုန်တက်သွားတာလဲ..... ဒါ ဟန်ဇီ နဲ့တန်းတူမဟုတ်လား......
မဖြစ်နိုင်ဘူး......
"မဖြစ်နိုင်ဘူး!"
စောင့်ကြည့်နေသော စံအိမ်ကြီးများ၏ ပညာရှင်များထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် နှစ်အတော်ကြာ စီးပွားရေးလုပ်လာခဲ့သည့်အတွက် မဖြစ်နိုင်မှန်း သိနေကြသည်။
မင်းသမီးဘေးတွင် ထိုင်နေသည့် ဆရာကြီး ကွေရှုကလည်း ပါးစပ်အဟောင်းသားဖြင့်....
"ဒါ....ဒါ တကယ်ပဲလား....."
မင်းသမီးကြီးကတော့ အရာရာကိုကြိုသိနေဟန်ဖြင့် အံ့အားသင့်နေပုံမရပေ။
လီလော့ တကယ်ပဲ ပြင်ဆင်လာခဲ့တယ်ပေါ့.....အတွေ့အကြုံရင့်ကျက်တဲ့ အကဲဖြတ်ဆရာတွေ အမှားလုပ်တာမျိုးမဖြစ်နိုင်ဘူး.....ဒါတကယ်ပဲဖြစ်ရမယ်.....
အရိပ်လှိုဏ်ဂူမှာကတည်းက လီလော့၏အံဖွယ်များကို တွေ့မြင်ဖူးသည့်အတွက် အထုးတလည်အံ့သြမနေခဲ့ပေ။
အကယ်၍ လီလော့အကြောင်းကိုသာ မသိထားလျှင် သူမလည်းအခုလောက်ဆို အများနည်းတူအံ့သြနေမည်သာ......
လော့လန်အိမ်တော်တွင် သခင်နှစ်ပါးမရှိတော့သော်လည်း မျိုးဆက်သစ်လူငယ်နှစ်ဉီးက အခြေခံအုတ်မြစ်များကို တဖြည်းဖြည်းချင်းပြန်လည်တည်ဆောက်နေကြသည်။ထို့ကြောင့် များမကြာမီအချိန်တွင်း လော့လန်အိမ်တော်တိုးတက်လာတော့မည်သာ......
သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အချိန်တစ်နှစ်ခွဲသာ ကျန်တော့သည်။
လက်ရှိတွင် ကိုယ်စားအုပ်ချုပ်သူ ဉီးရီးတော်သည် တော်ဝင်နန်းတွင်း၌ အာဏာအများစုကို ကိုင်စွဲထားသော်လည်း၊ သူမသည်လည်း မင်းသမီးတပါးဖြစ်သည့်အတွက် လောလန်အိမ်တော်၏ အခြေနေကိုကောင်းစွာသိရှိထားသည်။
လော့လန်အိမ်တော်တွင် မြို့စားအဆင့်များ လိုချင်တက်မက်နေသည့် လျှို့ဝှက်ခန်းတစ်ခုရှိနေပြီး ထိုအခန်းကို အားကောင်းသော မြို့စားအဆင့်တစ်ဉီးက စောင့်ရှောက်နေသသည့်အပြင် အားကောင်းသည် ခုခံရေးစနစ်ရှိနေသည့်အတွက် တော်ရုံလူ မချဉ်းကပ်ရဲပေ။
လော့လန်အိမ်တော်ကို သားရည်တမြားမြားကျနေသူ ဘယ်လောက်ရှိမှန်း မည်သူမျှ မသိနိူင်ပေ။
ထို့ကြောင့် လော့လန်အိမ်တော်သည် တစ်နှစ်ခွဲအချိန်အတွင်း မည်သို့ အဆုံးသတ်မည်ကို သူမ မပြောနိုင်ပေ။
..........
"66%.....ရူးနေတာလား"
ဒူဇီပိုင်ရွှမ်း ထိတ်လန့်တုန်လှုပ်နေသဖြင့် ထိုင်ခုံပေါ် ရုတ်ကြိုးပျက်ထိုင်ချလိုက်မိသည်။
"ဒီကောင် လှည့်စားနေတာပဲဖြစ်ရမယ်.....အကဲဖြတ်ဆရာကို လာဘ်ထိုးထားတာ......"
ဒူဇီဟုန်လျန် ထိတ်လန့်သွားသော်လည်း ချင်ချင်း အသိပြန်ဝင်လာပြီး.....
"တိတ်တိတ်နေစမ်း......"
ငါ့မောင် ရူးနေပြီထင်တယ်....ပဲ့တင်ထပ်သံပြုပြင်သူခန်းမကို ဘယ်လိုတွေစွပ်စွဲနေတာလဲ.....သူတို့သာ အမျက်ရှရင် စိမ့်အိုင်စံအိမ် ဘယ်တော့မှ ပညာရှင်တွေ့ဆုံပွဲတွေ တက်ရောက်နိုင်တော့မှာမဟုတ်ဘူး.....
" ဒီကောင့်က ကြယ်လေးပွင့်ဖော်မြူလာတောင်မသုံးနိူင်တဲ့ အဆင့်သုံးပညာရှင်လေ....ဘယ်လိုလုပ်ပြီး ဒိီလိုရလဒ်မျိုး ရလာနိူင်မှာလဲ......"
" ငါလည်း မသိဘူး....ဒါပေမယ့် နင် ပါးသပ်ပိတ်နေလိုက်တာပိုကောင်းမယ်....."
ဒူဇီပိုင်ရွှမ်းသည် စိတ်တိုနေသော်လည်း အစ်မဖြစ်သူကိုကြောက်သည့်အတွက် ငြိမ်နေလိုက်ရသည်။
ဘာပဲပြောပြော ဒီကောင် တစ်ခုခုကြံစည်ထားတယ်......
ပရိတ်သတ်များကလည်း ဒူဇီမောင်နှမနည်းတူ အံ့သြနေသည့်အတွက် ရုတ်ရုတ်သဲသဲဖြစ်နေလေ၏။
ယုလန်က တင်ပါးနှစ်ဖက်ကို လက်ဖြင့်ပုတ်ရင်း.....
" လက်ခံလိုက်ကြစမ်းပါ....ဖေဖေကြီးအတွက် ဂုဏ်ယူလိုက်ကြစမ်း.....ခံစားချက်တွေထိန်းမထားနဲ့......."
လူတိုင်းက သူ့ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေကြသည်။
ဒီကောင် ရူးသွားပြီလား.....
စင်ပေါ်မှာတော့... ချီချန်းက ပုဝါအောက်ကနေပြုံးရယ်နေပြီး.....
" ကဲ.. ဘယ်လိုလဲ....."
ထိုမေးခွန်းကြောင့် လင်းကျောက်ယင်က ပြုံးလိုက်ပြီး.......
" စိတ်ဝင်စားစရာကောင်းတယ်.....လော့လန်အိမ်တော်က မွန်းစတားတွေချည်းပဲမွေးထုတ်နေတယ်........"
***