← Chapters

66%......

Vol. 23 Ch. 322

66%......

Vol. 23 Ch. 322

အကဲဖြတ်ဆရာက လီလော့၏ရလဒ်ကို ကြေညာသောအခါ အားပေးသံထက် ကန့်ကွက်သံကပို၍ကျယ်လောင်နေသည်။

ပထမရဖို့သေချာနေသော ဟန်ဇီကလည်း မယုံကြည်နိုင်ဖြစ်နေလေ၏။

၅၆နဲ့ ၆၆ကိုမှားကြည့်လိုက်တာများလား....

ပရိသတ်၏ မယုံကြည်နိူင်မှကို နားလည်နေသည့်အတွက်အကဲဖြတ်ဆရာက.....

"ရှီးယန်စံအိမ်ရဲ့ လီလော့.....66% အမှားအယွင်းမရှိ!"

ရုတ်ရုတ်သဲသဲ ဖြစ်နေသည်များအနည်းငယ် ငြိမ်သက်သွားသည်။

ဒီအတည်ပြုချက်ကြောင့် သံသယဖြစ်စရာ မလိုတော့ပေ။

ဟန်ဇီသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး ဒီရလဒ်ကို လက်မခံနိုင်သေးပေ။

အဆင့်သုံးပညာရှင်တစ်ယောက်က သူနဲ့အဆင့်တူအောင် ဘယ်လို သန့်စင်ခဲ့တာလဲ.....ဘယ်ဖော်မြူလာသုံးခဲ့တာလဲ.....

ကြယ်လေးပွင့်ဖော်မြူလာကို သုံးခဲ့တာလား....ရှီးယန်ရဲ့ အဆင့်ခုနှစ် အဆင့်မြင့် လျှို့ဝှက်ရေအရင်းအမြစ်က စိမ့်အိုင်စံအိမ်ရဲ့ အဆင့်ခုနှစ် လျှို့ဝှက်ရေအရင်းအမြစ်ထက် အများကြီး ကောင်းမွန်နေတာလဲမဟုတ်ဘူး...အဲ့တော့လီလော့ ဘယ်နည်းနဲ့မှ ရလဒ်ကောင်းစရာအကြောင်းမရှိဘူး.....

တီထွင်ဖန်တီးမှုစွမ်းရည် မည်မျှပင်ကောင်းမွန်နေပါစေ ကွာဟချက်ကို ဖာထေးနိုင်မည်မဟုတ်ပေ။

မည်မျှပင် တူညီနေပါစေ ဟန်ဇီအတွက်တော့ လက်ခံနိုင်စရာအကြောင်းမရှိပေ။ဤသည်မှာ မျက်နှာဖျတ်ရိုက်ခံလိုက်ရသလိုပင်.....

ဟန်ဇီ အံ့သြမဆုံးဖြစ်နေချိန်တွင် အကဲဖြတ်ဆရာက....

" ပညာရှင်တွေ့ဆုံပွဲရဲ့ ပထမအကျော့ ယှဉ်ပြိုင်မှုပြီးဆုံးပါပြီ.....အနိုင်ရရှိသူကတော့ အဆင့်သုံးပညာရှင် လီလော့ဖြစ်ပါတယ်...စိမ့်အိုင်စံအိမ်ရဲ့ အဆင့်ငါးပညာရှင် ဟန်ဇီက သန့်စင်မှု 66% ထိရရှိခဲ့ပေမယ့် လီလော့ရဲ့ရလဒ်က နည်းနည်းပိုသာနေတဲ့အတွက် စည်းမျဉ်းတွေအရ အနိူင်ပေးလိုက်တာပါ....."

ထို့နောက် အကဲဖြတ်ဆရာက သန့်စင်မှု စမ်းသပ်သည့် အပ်နှစ်ချောင်းကို ထုတ်လိုက်ပြီး ဟန်ဇီ၏ဝိဉာဉ်ရည်နှင့်လီလော့၏ဝိဉာဉ်တို့ထဲ တစ်ပြိုက်နက် နှစ်ပြလိုက်သည်။

အမှန်တရားကို အားလုံးတွေ့မြင်နိုင်ပြီဖြစ်သည်။ လီလော့၏ သန့်စင်မှုသည် ဟန်ဇီထက် အနည်းငယ်သာလွန်နေသည်။

ပုံမှန်ဆို ၎င်းသည် အရေးမပါသော ခြားနားချက်ဖြစ်ပြီး လျစ်လျူရှူထားနိုင်သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သောပြိုင်ပွဲဖြစ်သည့်အတွက် တိကျသေချာစွာတွက်ချက်ရမည်သာ.....

လီလော့၏အနိုင်ရမှုသည် ထိုက်တန်ပြီး မှန်ကန်သည်။

သို့သော်လည်း ဟန်ဇီအတွက်တော့ စားရခါနီးမှ ပြုတ်ကျသွားသလိုပင်....ထို့ကြောင့် အကြီးအကျယ်ဒေါသထွက်နေပုံရသည်။

အဆင့်သုံးပညာရှင်ကိုရှုံးခဲ့တာလား....

သူသည် စိမ့်အိုင်စံအိမ်၏ပညာရှင်များနှင့်ဆက်ဆံရေးတွင်သဘောထားကွဲလွဲမှုများစွာကိုတွေ့ကြုံနေပြီဖြစ်သည်။ သူရောက်လာကတည်းက မရိုမသေဆက်ဆံကြသည့်အတွက်ဒီအတိုင်းဆို ခေါင်းမဖော်နိုင်အောင်နှိပ်ကွပ်ခံရတော့မည်။

အခုလို ပြတ်ပြတ်သားသား ရှုံးနိမ့်မှုကြောင့် စိမ့်အိုင်စံအိမ် မှာ သူ့ရဲ့ နေ့ရက်တွေ ဘယ်လောက် ပိုဆိုးလာမယ်ဆိုတာကို သူ စိတ်ကူးကြည့်ရုံသယတတ်နိုင်တော့သည်။

"လိမ်နေတာ....သူလှည့်စားခဲ့တာပဲဖြစ်ရမယ်!"

ဟန်ဇီ သည်းမခံနိုင်တော့ဘဲ သွေးရူးသွေးတန်းအော်ဟစ်လိုက်သည်။

"ဆရာ....ဆရာလည်း ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ပါပဲ.....အဆင့်သုံးပညာရှင် တစ်ယောက်က သန့်စင်မှု 66%ရှိတဲ့ ဝိဉာဉ်ဖန်တီးနိူင်ပါ့မလား.....ကြယ်သုံးပွင့်ဖော်မြူလာနဲ့ ဒါမျိုး ရလဒ် ထွက်လာနိုင်ပါ့မလား....."

ဟန်ဇီက လီလော့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး စွဲချက်တင်နေလေပြီ......

ဤသည်ကို အခြားသောပညာရှင်ငါးဦးကလည်း သဘောတူကြောင်း ခေါင်းညိတ်ကြ

သည်။ သူတို့အားလုံး အဆင့်သုံးပညာရှင်ကို ရှုံးခဲ့တာကို လက်မခံနိုင်ကြပေ။

အကဲဖြတ်ဆရာက လီလော့ ဘက်လှည့်လိုက်ပြီး.....

"ဒါကို သေချာရှင်းပြနိုင်မလား....."

" ရပါတယ်....ရှင်းပြလိုက်ပါ့မယ်....."

လီလော့က အားလုံးမြင်သာအောင် စင်မြင့်အလယ်ဆီ လျှောက်လာခဲ့လိုက်သည်။

"ရှီးယန်စံအိမ်ရဲ့သစ္စာဖောက်ကြီးကမေးလာတော့လည်း ဖြေရတော့မှာပေါ့......ကျုပ်တို့ရှီးယန်ရဲ့ သုတေသနခန်းမကို ခင်ဗျား မီးရှို့ဖျက်စီးခဲ့တုန်းကတော့ ကျုပ်တို့မှာ ကြယ်သုံးပွင့်ဖော်မြူလာပဲရှိခဲ့တာပေါ့....ခင်ဗျား ဖျက်စီးခဲ့တာတွေကို ပြန်တည်ဆောက်ရင်း သူမ ဆီကနေ ကြယ်လေးပွင့်ဖော်မြူလာတစ်ခု ရနိူင်ခဲ့တယ်.....ဒါ့ကြောင့်လည်း ဒီဝိဉာဉ်ရည်ကို လိပ်ပြာပျိုဝိဉာဉ်ရည်လို့ နာမည်ပေးထားတာ........"

" ပြီးတော့....ဒုက္ခရောက်နေချိန်မှာ သာတဲ့ဆီဘက်ကူးသွားတဲ့အပြင် သခင်ဟောင်ကိုပါ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခဲ့တဲ့ခင်ဗျားကြောင့်သာ အခုလို တန်ဖိုးကြီးတဲ့ဖော်မြူလာ ပိုင်ဆိုင်နိုင်ခဲ့တာ....အဲ့အတွက် သစ္စာဖောက်သွားတဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်....... "

လီလော့သည် အမှန်တရားကိုရှင်းပြရာတွင် ဟန်ဇီ၏ ယုတ်မာသောလုပ်ရပ်များကိုပါ ပညာသားပါပါ ထုတ်ပြောသွားခဲ့သည်။

သုတေသနဓာတ်ခွဲခန်းများကို မီးရှို့ဖျက်ဆီးခြင်းသည် ဝိညာဉ်ရည်သန့်စင်ခြင်းလောကတွင် အယုတ်မာဆုံးသောလုပ်ရပ်ဖြစ်သည်။သုတေသနပြုလုပ်ရခြင်း၏ ခက်ခဲမှုများနှင့် ကုန်ကျစရိတ်များကို ပညာရှင်တိုင်းကောင်းစွာနားလည်ကြသည်။ဟန်ဇီ၏လုပ်ရပ်သည် အလွန်အကျည်းတန်လွန်းလှသည်။

ဒါတွေကို ရှပြည်ထောင်စုရဲ့ အင်အားကြီးအဖွဲ့တိုင်းသိကြသော်လည်း ပဲ့တင်ထပ်သံပြုပြင်သူခန်းမကတော့ ဘာမှ မသိထားကြပေ။လီလော့၏ စကားလုံးများသည် ဟန်ဇီ့ကို များစွာထိခိုက်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီးယန်စံအိမ်အတွက် စာနာစိတ်များဖြစ်ပေါ်လာသည်။

ဟန်ဇီ လက်သီးတင်းတင်းဆုပ်ထားပြီး အင်မတန်ထိတ်လန့်နေသည်။

သူ့ရဲ့ဂုဏ်သတင်းပျက်စီးသွားပြီ.....ဝိဉာဉ်ရည်သန့်စင်ခြင်းနယ်ပယ်မှာ ဘယ်တော့မှခြေချနိုင်မှာမဟုတ်တော့ဘူး......

"ဒီလို ယုတ်မာတဲ့ သစ္စာဖောက်က ပညာရှင်အားလုံးကို ရှက်ခွဲလိုက်တာပဲ..... ငါသာဆို မင်းနဲ့ ဘယ်တော့မှအလုပ်အတူတူ မလုပ်ဘူး ....ငါ့ သုတေသနခန်းကို မီးရှို့လိုက်ရင် ဘယ်လိုလုပ်မလဲ....... "

ပရိတ်သတ်များက အပြင်းအထန်ပေါက်ကွဲပြနေသော လူငယ်လေးကို တအံ့တသြကြည့်လိုက်ကြသည်။

"ကျွန်တော့်ကို မကြည့်နဲ့....ကျွန်တော်က  ပရိတ်သတ်နဲ့ မသက်ဆိုင်တဲ့ တရားမျှတမှုရှိတဲ့အဖွဲ့ဝင်တစ်ယောက်ပါ....."

သူ့အနီးရှိ ကျောင်းသားများက အော်ဟစ်ကြသည်။

"ခုနက ဖေဖေကြီးအတွက်ဂုဏ်ယူလိုက်စမ်းလို့အော်တာလည်း မင်းပဲမဟုတ်လား....."

"ယုလန်......."

ယုလန်ကြောင့် ဒူဇီပိုင်ရွှမ်း အတော် အသည်းပေါက်နေပြီဖြစ်သည်။ဒူဇီဟုန်လျန်ကလည်း ထိန်းမရအောင် မျက်နှာပျက်နေသည်။

ယုလန်နဲ့လီလော့က အတွဲညီညီ လုပ်သွားကြတာပဲ......အခုဆို အားလုံးက ဟန်ဇီ့ကြောင့် စိမ့်အိုင်စံအိမ်ကိုအာရုံစိုက်နေကြပြီ......

စင်ပေါ်မှာတော့ ဟန်ဇီ က ဒေါသတွေ တဟုန်းဟုန်းတောက်နေပြီး ......

"လီလော့..... ကြယ်လေးပွင့်ဖော်မြူလာသုံးခဲ့ရင်တောင်   66% ရနိုင်မှာ မဟုတ်ဘူး.....လှည့်ကွက်တစ်ခုခု ရှိကိုရှိရမယ်......"

တခြားသော ပညာရှင်များကလည်း ခေါင်းညိတ် သဘောတူကြသည်။

လီလော့၏ အပြုံးသည် ပိုကျယ်ပြန့်လာပြီး မ ဟန်ဇီ သနားစရာသတ္တဝါတစ်ကောင်လိုကြည့်လိုက်သည်။

သူနဲ့တွဲလုပ်ဖို့အတွက် ဒီလောက်ကောင်းတဲ့ လက်တွဲဖော်ကို ဘယ်မှာရှာရမလဲ......

"ခင်ဗျားသာ ကျုပ်တို့ရဲ့ ဓာတ်ခွဲခန်းတွေကို မီးမရှို့ခဲ့ရင် ခင်ဗျားကို မဟာမိတ်အဖြစ်ထင်နေမိမှာ......"

“အားလုံးကို တစ်ခုကြေငြာပေးချင်ပါတယ်.....ကျွန်တော်တို့ရဲ့ရှီးယန်ကခြောက်လအတွင်း အောင်မြင်မှုအချို့ကို ရရှိထားပါတယ်...အဲ့တာကို အားလုံးသိအောင်ပြသပေးပါ့မယ်......"

လီလော့သည်တောက်ပနေသော အရည်များပါဝင်နေသည့် ဖန်ပုလင်းတစ်လုံးကို ထုတ်ကာ အများသူငါ မြင်သာအောင် ပြသလိုက်သည်။

" ဒါကို အချို့လည်းသိပြီးသားဖြစ်မှာပါ....ဒါက ကျွန်တော်တဲ့ရှီးယန်ရဲ့လျှို့ဝှက်ရေအရင်းမြစ်ပါ....ဒါပေမယ့် ဒီတစ်ခေါက်ပြသမယ့် ရေအရင်းမြစ်က အဆင့်ခုနှစ်ထက် အဆင့်မြင့်တဲ့ အဆင့်ရှစ်လျှို့ဝှက်ရေအရင်းမြစ်ပါ............"

***

All Chapters