← Chapters

ဒီကမ္ဘာကြီးမှာ အလှတရားတွေ ဘယ်တော့မှ မကင်းမဲ့ဘူး

Vol. 29 Ch. 423

ဒီကမ္ဘာကြီးမှာ အလှတရားတွေ ဘယ်တော့မှ မကင်းမဲ့ဘူး

Vol. 29 Ch. 423

မှိုအိမ်လေးထဲမှ လူများသည် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ကို ကြည့်နေပြီး ကသိကအောက် ဖြစ်သော အခြေအနေမျိုး လွှမ်းမိုးလာသည်ဟု ခံစားလိုက်ရသည်။ မကြာသေးခင်က အဖြစ်အပျက်များကို သူတို့ကိုယ်တိုင် မျက်မြင် တွေ့ခဲ့သဖြင့် အမျိုးသမီးနှစ်ယောက်၏ ရည်ရွယ်ချက်များကို နားလည်ကြသည်။ သူတို့ ဝင်မပါရသည့် အကြောင်းရင်းမှာ ရဲ့လင်းချန်ကြောင့် ဖြစ်သည်။ လတ်တလော၌ အခြေအနေက ပို၍ ရှုပ်ထွေးလာသည်။

သို့သော် အဘက်ဘက်မှ တွေးကြည့်ပြီးနောက် သူတို့ သည်အတိုင်း ထားလိုက်ကြသည်။ ယခုအထိ ရဲ့လင်းချန် ပြသခဲ့သည့် အရည်အချင်းများအရဆိုလျင် သူသည် လုံးဝကို အမျိုးသမီးများ စိတ်ကူးယဉ်ထားသည့် မင်းသား ချောလေးပင်။ သူ့ကို ချစ်နေသည့်လူများသည် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့တင် မဟုတ်နိုင်ပါ။ သူတို့ ထင်ထားသည်ထက်ပင် ပို၍ ရှုပ်ထွေးနိုင်သည်။

သူတို့ စိတ်ထဲမှနေ၍ တိတ်တိတ်လေး မှတ်ချက်ပြုနေကြသည်။

*ဒီလိုပြဿနာမျိုးက သာမန်လူတစ်ယောက် ရင်ဆိုင်ရလောက်မယ့် ပြဿနာ မဟုတ်ဘူးထင်တယ်*

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူများလည်း အချိန် အတော်ကြာအောင် တိတ်ဆိတ်သွားကြသည်။ မှတ်ချက် အများစုမှ သူ၏ မိန်းကလေး ပရိသတ်များထံမှ သူတို့၏ အသည်းကွဲသော ခံစားချက်များကို ထုတ်ဖော် ပြောဆိုသည့် ငိုကြွေးသံများ ဖြစ်လေသည်။

[သေရော၊ ရဲ့နတ်ဘုရားမှာ ချစ်သူ ရှိတယ်တဲ့]

[ဟူး … ရဲ့နတ်ဘုရားလို သူမတူတဲ့ ယောက်ျားတစ်ယောက်ကို တစ်ယောက်ယောက်က အရင်ကတည်းက အပိုင်သိမ်းခဲ့မယ်လို့ ငါ သိနေခဲ့တယ်]

[ဟူယွဲ့အာနဲ့ ရှောင်ရင်ရဲ့ အကြည့်က ချက်ချင်း ထိုင်းမှိုင်းသွားတာကို မင်းတို့ မြင်လိုက်တာ၊ သနားစရာ ကောင်းလိုက်တာကွာ]

[အားးးး ငါ့ယောက်ျားကို ခိုးသွားတာ ဘယ်သူလဲ၊ ခွင့်မလွှတ်နိုင်ဘူး]

[အင်တာနက် အနုပညာရှင် ဟုတ်လား၊ ကိုယ့်လူတို့ စဉ်းစားကြည့်ရအောင်၊ ငါ ရှောင်ဟွေ့ကျီနဲ့ ချန်ရှောင်ယန်ကိုပဲ တွေးမိတယ်]

[အပေါ်ကလူ၊ ငါတို့ ချန်ရှောင်ယန်ကို စာရင်းထဲက ဖယ်ထားလို့ ရတယ်၊ သူက အဆိုတော်ဝိုင်နဲ့ ချစ်ကျွမ်း ဝင်နေတာ]

…

အများသူငှာ၏ စကားရည်လုပွဲကြီး စတင်လာပြီး အင်တာနက် အနုပညာရှင်များစွာကို တစ်ယောက်ပြီး တစ်ယောက် စာရင်းထဲမှ ထုတ်ပယ်ကြလေသည်။

ဟွမ်လေ့သည် ဆေးကြောရန်အတွက် ပန်းကန်များကို သိမ်းဆည်းနေပြီး မိန်းကလေး နှစ်ယောက်မှာမူ နေ့ခင်းက ငါးဖမ်းသည့်ကိစ္စကို ဆက်၍ ပြောနေကြသည်။ ထိုအကြောင်းအရာကို သူ စိတ်မဝင်စားပါ။

ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် ရာသီဥတုက အဆိုးဘက် ပြောင်းနေသည်ကို သူ သတိထားမိသွားသည်။ ကောင်းကင်က မိုးမှောင်ကျလာပြီး လေပြင်း တိုက်ခတ်လာသည်။

ဆယ်မိနစ်ပင် မပြည့်လိုက်ဘဲ ပြင်းထန်သော မိုးစက်များက မြေကြီးပေါ်သို့ တပေါက်ပေါက် ကျဆင်းလာသည်။

မိုးက ရုတ်တရက်ဆန်စွာ သည်းကျလာသဖြင့် တောင်တစ်ခုလုံးအား ရေလွှမ်းမိုးသော လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

ဤသို့သော ရာသီဥတုနှင့်ဆိုလျင် အပြင်ထွက်ခြင်းက ရွေးချယ်စရာ အရာမဟုတ်ပေ။ ရှုခင်းကြည့်သည့် တဲအိမ်လေးကိုတောင်မှ မသွားနိုင်ပေ။ ပြင်းထန်သော မိုးရေနှင့် လေပြင်းတို့ကြောင့် အားလုံးသည် မှိုအိမ်လေးထဲ၌ စောင့်နေရုံသာ တတ်နိုင်လေသည်။

ရဲ့လင်းချန်သည် လက်တစ်ဖက်ကို နောက်ပစ်ပြီး ကျန်လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို မှီ၍ ခပ်လှမ်းလှမ်းသို့ ကြည့်နေသည်။

မိုးသည်းသည်းအောက်၌ စိမ်းလန်းစိုပြည်သော သစ်ရွက်များသည် လေနှင့်အတူ ယိမ်းနေ၏။ တစ်ချက်ပြီး တစ်ချက် ယိမ်းနေပုံက အစိမ်းရောင် သမုဒ္ဒရာတစ်ခုလိုပင်။ တောင်များအတွင်း၌ မြူခိုးများ ရစ်ဝဲလာသည်။

တကယ်တမ်းတွင် မိုးရွာနေသော မြင်ကွင်းသည် လှပသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။ သို့သော် လူအများစုက မိုးရွာသော နေ့များကို မနှစ်သက်ပေ။ ထို့ကြောင့် သူတို့သည် မိုးရွာသော နေ့များက နေသာသော နေ့များလောက် မကောင်းမွန်ဟု တွေးထင်ကြသည်။

ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ အလှတရားတွေ မကင်းမဲ့ဘူးဟူသော စကားလိုပင်။ ကင်းမဲ့နေသည်မှာ ဤသို့သော အလှတရားကို တန်ဖိုးထားသည့် အမြင်များပင်တည်း။

အပြင်ဘက်မှ မိုးရေကို ကြည့်ပြီး ရဲ့လင်းချန်၏ စိတ်နှလုံးက တည်ငြိမ်နေသည်။ မိုးသည် ဘဝကဲ့သို့ သဘာဝတရားကြီး၏ အရေးပါသော အချက်တစ်ခု ဖြစ်သည်။ အနိမ့်နှင့် အမြင့်များကို ဖြတ်ကျော်နိုင်မှသာလျင် လူတစ်ယောက်၏ ဘဝက အမှန်တကယ် ပြီးပြည့်စုံသည်။

ကျောက်လျန့်ရင်က ရဲ့လင်းချန်၏ အနောက်သို့ တိတ်တိတ်ကလေး လျှောက်သွားသည်။ သူမက လက်လေးဆန့်၍ ရဲ့လင်းချန်၏ အင်္ကျီစကို ဆွဲလေသည်။ ထို့နောက် ခေါင်းလေးပြူ၍ အပြင်ဘက်မှ သည်းထန်နေသော မိုးကို လှမ်းကြည့်သည်။

“ရှင် ဘာကို စိတ်ဝင်တစား ကြည့်နေတာလဲ”

“ကြည့်ဖို့ မလိုလို့လား၊ အပြင်မှာ ဓားမိုးရွာနေတာမှ မဟုတ်ဘဲ၊ မင်းက ဘာလို့ အရမ်း ကြောက်နေတာလဲ”

ရဲ့လင်းချန်က ကျောက်လျန့်ရင်၏ ပြုမူပုံကို မြင်ပြီး မေးလိုက်သည်။

“ရေစိုတာ မကောင်းဘူး၊ ငါ မိုးရေကို မထိချင်ဘူး”

ကျောက်လျန့်ရင်က နှုတ်ခမ်းလေး စူနေပြီးနောက် တံခါးကို အတင်းပိတ်သည်။ ထို့နောက် ရဲ့လင်းချန်အား စားပွဲဝိုင်း၌ ထိုင်ရန် ပြန်ဆွဲလာသည်။

ထိုသို့သောအချိန်၌ ဟွမ်လေ့နှင့် အခြားသူများသည်လည်း လက်ဖက်ရည် နွေးနွေးလေးတစ်ခွက်ကို ကိုင်၍ စုဝေး ထိုင်နေကြကာ အေးအေးလူလူဖြင့် တစ်ငုံသောက်နေကြသည်။ သူတို့က ရဲ့လင်းချန်ကို ပြုံး၍ ကြည့်လာကြသည်။

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

“ခင်ဗျားတို့တွေ ဘာလုပ်နေကြတာလဲ၊ စစ်ဆေးရေးလား”

“ရဲ့နတ်ဘုရား၊ ငါတို့ ဒီမှာ ဘာမှလုပ်စရာ မရှိဘူးဆိုတော့ မင်း ငါတို့ကို ပုံပြင် နည်းနည်းလောက် ဆက်ပြောပါလား”

ဝေ့တရွှင်းက စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ပေါ်ပေါ်တင်တင် ပြောလာသည်။

အခြားသူများက တိတ်ဆိတ်နေသော်လည်း ထောက်ခံဟန်ဖြင့် ခပ်သွက်သွက် ခေါင်းညိတ်ပြကြသည်။

“ဟင့်အင်း”

ရဲ့လင်းချန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းခါသည်။ သူသည် ထိုအကြောင်းနှင့် ပတ်သက်၍ အလွန် တိကျသည်။

“နေ့အချိန်ပဲ ရှိသေးတယ်၊ သရဲအကြောင်း ပြောဖို့ အချိန်မကျသေးဘူး”

“လုပ်ပါ၊ ငါတို့ လိုက်ကာတွေပိတ်ပြီး မီးပိတ်လိုက်လို့ ရတာပဲလေ၊ ပုံပြင်ပြောပြပါကွာ”

ဟွမ်လေ့က အကြံပေးသည်။

“ဟင့်အင်း၊ ကျွန်တော် စိတ်မပါဘူး”

ရဲ့လင်းချန်က ခေါင်းခါနေဆဲပင်။ ထို့နောက် သူက အဖွဲ့ကို လှမ်းကြည့်သည်။

“ကျွန်တော်တို့ ဂိမ်းလေး ကစားကြရင်ရော”

“ဘာဂိမ်းလဲ”

ဟူယွဲ့အာက မေးသည်။

“ငါတို့ ဉာဏ်စမ်း ပဟေဠိတွေ ကစားကြမလား”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“မင်းတို့ မေးခွန်းတစ်ခုပဲ ဖြေနိုင်ရင်တောင်မှ ငါ မင်းတို့ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်”

“ငါတို့ တစ်ခုပဲ မှန်ဖို့ လိုတာ မဟုတ်လား”

ဟွမ်လေ့က ရဲ့လင်းချန်ကို မယုံသော အကြည့်ဖြင့် ကြည့်သည်။

“မင်း ငါတို့ကို အထင်သေးတာပဲ”

“ဟုတ်တယ်၊ မင်း အရမ်း အထင်သေးလွန်းတယ်၊ မင်း နောင်တမရဖို့ ငါ မျှော်လင့်တယ်”

ဟယ်ကျားက စိတ်အားထက်သန်စွာ ဝင်ပြောသည်။

“ရဲ့နတ်ဘုရား၊ မင်းက တော်တယ်ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ ငါတို့ကလည်း အားမနည်းဘူးဆိုတာကို ပြောရမှာပဲ၊ လုပ်လိုက်စမ်းပါ”

ဝေ့တရွှင်းကလည်း ပုတ်ခတ်ခံရသလို ခံစားလိုက်ရသည်။

ကျောက်လျန့်ရင်မှာမူ သူမအင်္ကျီစကို ပင့်တင်နေပြီး စရန် အသင့်ဖြစ်နေ၏။

“လင်းချန်၊ လက်ထောက် သုံးယောက်က ဉာဏ်ပညာရှိတဲ့ လူတစ်ယောက်ထက် ပိုသာတယ်ဆိုတဲ့ စကား ရှိတယ်နော်၊ ပြီးတော့ ကျွန်မတို့မှာက လူအများကြီးပဲ၊ ကျွန်မတို့ သေချာပေါက် ရှင့်ကို နိုင်မှာ”

“ဟေ့၊ နင့်ကိုယ်နင် ဘယ်လိုလုပ် အဲ့လိုနှိုင်းရတာလဲ၊ နင်က သူ့ကို ချီးကျူးပြီး ငါတို့ကို နှိမ့်ချသလိုပဲ”

ဟူယွဲ့အာက ရှောင်ရင်၏ စကားကြောင့် အောင့်သက်သက်ဖြင့် ရယ်နေသည်။

“ငါ အဲ့လို လုပ်မိသွားတာလား”

ကျောက်လျန့်ရင်က သူမအမှားကို သတိမပြုမိသေးပေ။

“ငါ ပြောလိုက်တာက အားပေးတဲ့ စကားပါ”

ရဲ့လင်းချန်က ပြုံးနေပြီး သူတို့ကို ကြည့်လိုက်သည်။

“စည်းကမ်းတွေ ထားကြတာပေါ့၊ ငါ ရှုံးရင် မင်းတို့ကို ပုံပြင် ပြောပြမယ်၊ ဒါပေမဲ့ မင်းတို့ ရှုံးရင်ရော”

“ငါက အသက်ကြီးပြီးတော့ အားမရှိတော့ဘူး၊ ငါ မင်းအတွက် ဟင်းချက်ပေးတာကလွဲပြီး ဘာမှ မလုပ်နိုင် တော့ဘူး”

ဟွမ်လေ့က ချက်ချင်း ထုတ်ပြောသည်။ ဟယ်ကျားကလည်း သံယောင်လိုက်ပြောသည်။

“ငါလည်း အဘိုးကြီးဟွမ်လိုပဲ အားမရှိတော့သလို အထိအခိုက် မခံနိုင်ဘူး၊ ဒီလိုကိစ္စမျိုးကို လူငယ်မျိုးဆက်ကပဲ ထမ်းသင့်တယ်၊ မင်း ဝေ့တရွှင်း၊ ကျောက်လျန့်ရင်နဲ့ ဟူယွဲ့အာကို မေးကြည့်နိုင်တယ်”

ဟူယွဲ့အာက နှုတ်ခမ်းကိုက်ပြီးနောက် ရဲ့လင်းချန်အား စိုက်ကြည့်သည်။

“ဒီလိုဆိုရင်ရော၊ ငါတို့ ရှုံးရင် နင့်အတွက် ဖျော်ဖြေပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးမယ်”

“ရတယ်လေ”

ရဲ့လင်းချန် ခေါင်းိညတ်လိုက်သည်။

“ငါတို့ စကြတော့မလား”

“စကြတာပေါ့၊ ငါတို့ လူအများကြီးက မေးခွန်းတစ်ခုလေးတောင် မဖြေနိုင်ဘူးဆိုတာကို ငါ မယုံဘူး”

ဟွမ်လေ့နှင့် အခြားသူများက သူတို့လက်များကို ပွတ်နေကြသည်။

“တားမြစ်ချက်တွေ အားလုံးကို ဖယ်ချထားပြီးတော့ မင်းတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြပါ”

“အတော်ပဲပေါ့၊ ပထမမေးခွန်းကို စလိုက်ရအောင်၊ နားထောင်”

လူတိုင်း တိတ်သွားပြီး ရဲ့လင်းချန်၏ မေးခွန်းကို ဂရုတစိုက် နားထောင်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ဦးနှောက်ကို အသည်းအသန် အလုပ်ပေးနေကြသည်။

သူတို့သည်သာမက တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများလည်း စောင့်နေကြပြီး ဘယ်လို မေးခွန်းမျိုးကို မေးလာမလဲဟု သိချင်နေကြလေသည်။

“တကယ်လို့ မင်းတို့ရှေ့မှာ အရမ်းနက်တဲ့ ချိုင့်တစ်ခုရှိနေပြီးတော့ အဲ့ထဲကို မင်းတို့ ခုန်ဆင်းပြီးသွားရင် ဘယ်လို ပြန်ထွက်မလဲ”

ရဲ့လင်းချန်၏ မေးခွန်းက သူတို့အားလုံးကို အချင်းချင်း ပြန်ကြည့်မိသွားစေသည်။ ဤသို့သော ဉာဏ်စမ်းက ပုံမှန် မေးခွန်းများနှင့် အနည်းငယ် ကွာခြားနေသလိုပင်။

“တွယ်တက်ပြီး ထွက်မှာပေါ့၊ အခြား ဘာလုပ်နိုင်မှာမို့လို့လဲ”

ကျောက်လျန့်ရင် ဆွံ့အသွားသည်။

“ဒါက ဉာဏ်စမ်းဆိုတော့ အဖြေက တွယ်တက်လာရုံလောက်ပဲ မဟုတ်လောက်ဘူး၊ ချိုင့်ရဲ့ အစွန်းတွေက သေချာပေါက် ချောနေမှာ”

ဟွမ်လေ့က သုံးသပ်သည်။ ဟယ်ကျားက ခေါင်းညိတ်ပြီး ပို၍ စဉ်းစားလေသည်။

“ငါတို့ လူလှေကားလုပ်ရမယ်လို့ ထင်တယ်၊ အဲ့ဒါမှ တစ်ယောက် ပခုံးကို နင်းပြီး တက်လို့ရမှာ”

…

All Chapters