← Chapters

မင်းက နတ်ဆိုးလား

Vol. 29 Ch. 425

မင်းက နတ်ဆိုးလား

Vol. 29 Ch. 425

မေးခွန်း ဆယ်ခုအပြီးတွင် ရဲ့လင်းချန်က ခေါင်းခါလိုက်ပြီး ပျင်းရိလာသလို စတင် ခံစားလာရသည်။

“ဘာမေးခွန်းမှ ထပ်မမေးတော့ဘူး၊ ပျင်းဖို့ကောင်းတယ်”

*ပြိုင်ဘက်ကင်းရတာ ဘယ်လောက် အထီးကျန်ဖို့ ကောင်းလိုက်လဲကွာ*

ထိုမေးခွန်းကို ရဲ့လင်းချန် မဖြေနိုင်သော်လည်း လတ်တလောတွင် သူ အမှန်တကယ် အထီးကျန်သလို ခံစားနေရသည်။ တစ်ကမ္ဘာလုံး၌ သူ့ကို ယှဉ်နိုင်မည့်သူက လက်ဆယ်ချောင်းပင် မကျော်နိုင်လောက်ပါ။

မသိသူများကို တစ်ခါတရံ အနိုင်ကျင့်ခြင်းက ပျော်စရာကောင်းသော်လည်း တစ်ချိန်လုံး လုပ်နေလျင် အနည်းငယ် ပျင်းစရာ ကောင်းပေသည်။

“မရပ်နဲ့၊ တစ်ခုပဲ ထပ်မေးပါ၊ နောက်ဆုံး မေးခွန်းတစ်ခုပဲ”

“ဟုတ်တယ်၊ ငါတို့ အခုမှ မင်းရဲ့ပုံစံကို သိခါစရှိသေးတယ်၊ မင်း ကြောက်နေတာလား”

“ငါတို့ကို နောက်ဆုံး အခွင့်အရေး တစ်ခုပဲ ပေးပါ၊ ဒီတစ်ခါတော့ ငါတို့ သေချာပေါက် မှန်မှာ”

ရဲ့လင်းချန်သည် ကစားရသည်ကို ပျင်းနေသော်လည်း အခြားသူများက အနိုင်ကျင့်ခံရခြင်း၌ မွေ့လျော်နေ၏။ သူတို့က တစ်ယောက်ပြီး တစ်ယောက် သူ့ကို တိုက်တွန်းနေပြီး မသိလျင် နောက်ဆုံး တိုက်ပွဲနှင့် ရင်ဆိုင်တော့မည့်သူများဟု ထင်မှတ်မှားရသည်။

“ကောင်းပြီလေ နောက်ဆုံးမေးခွန်း”

ရဲ့လင်းချန် မတတ်သာစွာနှင့် ပခုံးတွန့်ပြလိုက်သည်။

“ဒါက မေတ္တာလက်ဆောင်ပဲ၊ ဒီတစ်ခုကို မဖြေနိုင်ရင်လည်း ကျွန်တော့်ကို အဆိုးမဆိုနဲ့နော်”

“မြန်မြန်ပြော၊ ရှင် ကျွန်မတို့ကို လိမ်လို့မရဘူးနော်၊ ဒါ လက်ဆောင် ဖြစ်မှကိုရမယ်”

ကျောက်လျန့်ရင်က ပျော်ရွှင်စွာနှင့် ခပ်မြန်မြန် ပြောလိုက်သည်။

“ဟားဟားဟား ရဲ့နတ်ဘုရား၊ မင်းက မင်းအတွေးထဲကို သိနိုင်အောင် ခွင့်ပြုပေးနေတာပဲ၊ မင်းက ငါတို့ကို မေတ္တာလက်ဆောင် ပေးရဲတယ်ဆိုရင် ငါက မှန်အောင် ဖြေရဲတာပေါ့”

ဟွမ်လေ့ကလည်း လိုက်ရယ်သည်။

“ဒါဆိုလည်း ပြီးရောလေ၊ နားထောင်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“မြင့်မားတဲ့အရပ်ကနေ ပစ္စည်းတွေကို ပစ်ချတာက အန္တရာယ်များတယ် ဆိုတာကို ကျုပ်တို့အားလုံး သိကြတယ်၊ တကယ်လို့ မိုးရေစက် တစ်စက်က လုံလောက်တဲ့ အမြင့်တစ်ခုကနေ ကျလာမယ်ဆိုရင် အဲ့ဒါက သေစေနိုင်မလား”

*ဟမ်*

လူတိုင်း သတိလက်လွတ် ဖြစ်သွားကြသည်။ ထိုမေးခွန်းက လုံးဝ ဉာဏ်စမ်း ပဟေဠိပုံ မပေါက်ပါ။ ရူပဗေဒ မေးခွန်း တစ်ခုနှင့် တူနေလေသည်။

“ရဲ့နတ်ဘုရား၊ ဒါက မေတ္တာလက်ဆောင်ဆိုတာ သေချာရဲ့လား”

ဟယ်ကျားက မျက်မှောင်ကြုတ်၍ သူ့ကို မေးခွန်း ပြန်ထုတ်သည်။

“နင် လိမ်နေတာ၊ ဒီမေးခွန်းကို ဖြေဖို့ ထိပ်တန်း ကျောင်းသား ဖြစ်ဖို့ လိုတယ်လေ”

ကျောက်လျန့်ရင်က နှုတ်ခမ်းစူ၍ ရဲ့လင်းချန်အား စိုက်ကြည့်နေ၏။

“ငါ ပြောနိုင်သလောက်ဆိုရင် သေချာပေါက် သေစေနိုင်တယ်”

ဟွမ်လေ့က ပြောသည်။

“ဒီမေးခွန်းက လုံလောက်တဲ့အမြင့်ကလို့ ပြောထားတယ်လေ၊ ဘယ်လိုအရာပဲ ဖြစ်ဖြစ် လုံလောက်တဲ့ အမြင့်တစ်ခုကဆိုရင် အရှိန်က ပိုပြင်းလာပြီးတော့ တစ်ယောက်ယောက်ကို သတ်နိုင်တယ် ဟုတ်တယ်မလား”

“ဟုတ်တယ်၊ ငါလည်း အဲ့လိုထင်တယ်”

ဟူယွဲ့အာက ခေါင်းညိတ်၍ ထောက်ခံသည်။

“တစ်ခါတလေ ရေက ကျောက်ဆောင်ကိုတောင် ခွဲနိုင်တယ်ဆိုတဲ့ စကား ရှိတယ်လေ၊ အဲ့ဒါက ရေက အတော်လေး အားပြင်းတယ်လို့ ပြနေတာပဲ”

ရဲ့လင်းချန်၏ မေးခွန်းက တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် အပူတပြင်း ဆွေးနွေးမှုတစ်ခု ဖြစ်သွားစေသည်။ ကြည့်ရှုသူများသည်လည်း အစောပိုင်းက ရဲ့လင်းချန်၏ မေးခွန်းများကြောင့် နှိပ်စက်ခြင်း ခံခဲ့ရသည်။ လက်ရှိတွင် သူတို့သည် သူတို့ကိုယ်သူတို့အတွက် လက်တုံ့ပြန်ချင်နေ၏။

[သေစေနိုင်မယ်လို့ ငါ ထင်တယ်၊ လုံလောက်တဲ့ အမြင့်ကလို့ သူ ပြောခဲ့တယ်ဆိုတော့ အဲ့ဒါက အကန့်အသတ် မရှိတဲ့ အမြင်လို့ ငါတို့ ယူဆလို့ရတယ်၊ လူတစ်ယောက်ကို သတ်နိုင်ဖို့ လုံလောက်တဲ့ အမြင့်ပေါ့]

[ရဲ့နတ်ဘုရားရဲ့ မေးခွန်းက အဲ့လောက် မရိုးရှင်းနိုင်ဘူး ဟုတ်တယ်မလား၊ ထိပ်တန်းကျောင်းသားတွေ ဘယ်မှာလဲ]

[ရဲ့နတ်ဘုရားကိုယ်တိုင်က ဒီမေးခွန်းက မေတ္တာလက်ဆောင်လို့ ပြောခဲ့တယ် မဟုတ်လား၊ အဲ့လောက် မရှုပ်ထွေး လောက်ပါဘူး]

[ထိပ်တန်းကျောင်းသားက ဒီမှာပါ၊ ငါ မင်းတို့အတွက် သုံးသပ်ပေးမယ်၊ ငါတို့ မိုးရေစက်ရဲ့ အချင်းကို ဒီလို့ ထားလိုက်မယ်၊ ဒါဆို မိုးရေစက်က မြေဆွဲအားရဲ့ သက်ရောက်မှုကို ခံရပြီးတော့ …]

…

နောက်ဆုံးတွင် အဖွဲ့သည် ခိုင်မာသော အဖြေတစ်ခုကို ရလာခဲ့ပြီး ရဲ့လင်းချန်အား စိတ်အား ထက်သန်စွာ ကြည့်လေသည်။

“ငါတို့အဖြေက ဟုတ်တယ်၊ သတ်နိုင်တယ်”

“ဂုဏ်ယူပါတယ်၊ မင်းတို့ ထပ်ပြီး မှားပြန်ပြီ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

“သေစမ်း၊ ဘာလို့ မှားရတာလဲ၊ ဘာလို့လဲ”

တစ်ဖွဲ့လုံး ချက်ချင်း ရန်လိုလာသည်။

“ဘယ်လိုလုပ် မသေစေနိုင်မှာလဲ”

ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်ပြီး တစ်ဖွဲ့လုံးအား ဖြူစင်စွာ ကြည့်လိုက်သည်။

“မင်းတို့ အရင်တုန်းက မိုးမမိဖူးဘူးလား”

တိတ်ဆိတ်သွားလေသည်။

လူတိုင်း မျက်လုံးပြူးကာ ဆွံ့အသွားကြသည်။

“မြတ်စွာဘုရား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဝေ့တရွှင်း စိတ်ဂနာမငြိမ်တော့ချေ။

“မြတ်စွာဘုရား၊ ငါ အရမ်း တုံးအသလို ခံစားရတယ်၊ ဒါကို မလုပ်နိုင်ဘူး၊ ငါ အသက်ရှင်ဖို့ ရှက်ဖို့ ကောင်းလွန်းတယ်”

ကျောက်လျန့်ရင်သည် သူမ၏ တုံးအမှုအတွက် ငိုမိလုနီးပါး ဖြစ်နေသည်။

“မင်းက ငါ အကြာကြီး အိပ်ပျော်နေရာကနေ နှိုးလိုက်သလိုပဲ၊ ငါ့ဘဝ သက်တမ်း တစ်ဝက်လောက်ကို အလိမ်အညာတစ်ခုနဲ့ နေနေခဲ့တာပဲ”

ဟွမ်လေ့နှင့် ဟယ်ကျားတို့သည် အောင့်သက်သက်နှင့် ရယ်နေကြသည်။

မှန်ပေသည်။ ယခင်က မိုးရေစက်များကြောင့် တစ်ယောက်ယောက် အသတ်ခံရသည်ကို သူတို့ လုံးဝ မမြင်ဖူးပါ။

[ရဲ့နတ်ဘုရားက နတ်ဆိုးတစ်ကောင်လား၊ သူက သောက်ရမ်း အံ့ဩဖို့ ကောင်းလွန်းတယ်]

[သေစမ်း၊ ငါက ဒီမှာ ဘောပင်နဲ့ စာရွက်နဲ့ တွက်နေတာ၊ ဒါပေမဲ့ မင်းက ငါ့ကို အဲ့ဒါက အဖြေလို့ ပြောတာလား]

[ရဲ့နတ်ဘုရား ပြောတာ ဟုတ်တယ်၊ ဒါက သေချာပေါက်ကို မေတ္တာလက်ဆောင် တစ်ခုပဲ၊ တအား ရိုးရှင်းတဲ့ မေးခွန်း]

[အပေါ်ကလူ၊ ကျေးဇူးပြုပြီး တော်လိုက်ပါတော့၊ အဲ့လို လွယ်ကူတဲ့ မေးခွန်းမျိုးက အနာကျင်ရဆုံးပဲ]

[ဟားဟားဟား၊ ရှောင်ရင်နဲ့ ဟူယွဲ့အာက သိပ်ချစ်ဖို့ကောင်းတာပဲ၊ သူတို့ရဲ့ တုံးအမှုအတွက် ငိုတော့မလိုပဲ]

…

“ကဲ … ခင်ဗျားတို့ထဲက ဘယ်သူကမှ မေးခွန်းတစ်ခုကိုတောင် မဖြေနိုင်ဘူးဆိုတော့ ဖျော်ဖြေဖို့ အချိန်ကျပြီ မဟုတ်လား”

ရဲ့လင်းချန်က အံ့ဩနေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။

သူတို့ အချင်းချင်း ပြန်ကြည့်နေပြီးနောက် ဟူယွဲ့အာက ဖြည်းဖြည်းချင်း ထလာပြီး ရဲ့လင်းချန်ထံ လျှောက်သွားသည်။

ရဲ့လင်းချန်က ပြုံးနေပြီး ဖျော်ဖြေမှုကို ခံစားရန် အသင့်ဖြစ်နေသည်။ သို့သော် ဟူယွဲ့အာက သူ့ဘေးသို့ ရောက်သည်နှင့် ရဲ့လင်းချန်၏ လက်မောင်းကို လှမ်းဆွဲ၍ အားနှင့်ကိုက်ကာ ရဲ့လင်းချန်အား စူးစိုက်ကြည့်နေ၏။

“လခွမ်း မင်းက ခွေးလား”

ရဲ့လင်းချန်သည် ဟူယွဲ့အာ၏ သွားများ ကျိုးသွားမည်ကို စိုးရိမ်၍ သူ့ကြွက်သားများကို ဖြေလျော့လိုက်သည်။

“ဟုတ်တယ် ဘာဖြစ်လဲ”

ဟူယွဲ့အာက ပြန်ပြောသည်။ ထို့နောက် ရဲ့လင်းချန်၏ လက်မောင်းကို ကြည့်ပြီး မကျေမနပ်လေသံဖြင့် ပြောလေသည်။

“ရှင့်အရေပြားက ထူလိုက်တာ၊ ဘယ်လိုလုပ် ကျွန်မကိုက်ရာက ဘာအမှတ်အသားမှ မကျန်ခဲ့တာလဲ”

ထိုကိုက်ရာက မပြင်းပါ။ ရဲ့လင်းချန် တကယ်ကို ဘာမှ မခံစားရချေ။ သို့သော် သူ့လက်မောင်း၌ သွားရည် အချို့တော့ ကျန်နေခဲ့ပါသည်။

ထို့နောက် ဟူယွဲ့အာက ခေါင်းကိုမော့၍ စင်ပေါ်သို့ ဂုဏ်ယူစွာ လျှောက်လှမ်းသွားသည်။

သူမ၏ ဖျော်ဖြေမှုက ရိုးရာအကတစ်မျိုး ဖြစ်သည်။ သူမသည် မွန်ဂိုသွေးတစ်ဝက် ပါသဖြင့် အကနှင့် သီချင်း ဆိုခြင်းတို့၌ မွေးရာပါ ပါရမီပါလေသည်။ သူမ ပါဝင်ခဲ့သောရှိုးပွဲများကလည်း သူမ၏ ရိုးရာအကများ ဖြစ်သည်။ သူမ၏ အလှနှင့် ယှဉ်တွဲလိုက်သောအခါ အတော်လေး ရင်သက်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

အကပြီးသွားသည်နှင့် လူတိုင်းထံမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။

ဤရာသီတွင် ရွာသောမိုးသည် သည်းသော်လည်း မြန်မြန်ဆန်ဆန် တိတ်သွားသည်။ လက်ရှိတွင် အပြင်ဘက်မှ မိုးသည် အတော်လေး စဲသွားလေသည်။ မကြာခင်အချိန်အတွင်း တိတ်သွားမည့်ပုံပင်။

သို့သော် မိုးရွာပြီးနောက် တောင်တက်လမ်းများက ရွှံ့ထူလာသည်။ သူတို့ထဲက ဘယ်သူမှ အပြင်ထွက်ရန် မတွေးထားကြပါ။ မိုးတိတ်သွားသည်နှင့် သူတို့သည် အေးမြမှုကို ခံစားရန် ရှုခင်းကြည့်သည့် တဲအိမ်လေးထဲသို့ သွားကြလေသည်။

ညအချိန်တွင် သူတို့သည် ရိုးရှင်းသော ဟင်းလျာကိုသာ စားသောက်ကြသည်။ ယင်းမှာ စားဖိုမှူးကြီး ဟွမ်လေ့ကိုယ်တိုင် ချက်ပြုတ်သော ပေကျင်းခေါက်ဆွဲ ဖြစ်လေသည်။ တစ်ဖက်တွင်မူ ရဲ့လင်းချန်သည် ပျင်းရိနိုင်သမျှ ပျင်းရိနေ၏။

ပေကျင်းခေါက်ဆွဲသည် ဟင်းသီးဟင်းရွက်များကို နုပ်နုပ်စင်း၍ ပဲငံပြာရည် အနောက်ကို ခေါက်ဆွဲနှင့် ရောစပ်ထားသည့် ဒေသရိုးရာ တရုတ်ခေါက်ဆွဲ ဖြစ်သည်။ လက်ရှိတွင် လေတဖြူးဖြူး တိုက်နေသော နွေရာသီ၏ ညတာ ကောင်းကင်အောက်၌ ပေကျင်းခေါက်ဆွဲ တစ်ပန်းကန်နှင့် တွဲဖက်လိုက်သောအခါ ခံစားချက်က အလွန် သက်တောင့်သက်သာ ရှိလှသည်။

အခြားသော အကြောင်းပြချက်လည်း ရှိပါသေးသည်။ ပေကျင်းခေါက်ဆွဲကို ပြုလုပ်သည့် ကုန်ကျစရိတ်က အလွန် နိမ့်ပေသည်။ အခြား ဟင်းလျာများ မရှိချိန်တွင် ယင်းက သူတို့ တတ်နိုင်သည့် အကောင်းဆုံး ဟင်းလျာပင်။

ညစာစားပြီးနောက် တစ်ဖွဲ့လုံး လေညင်းခံ၍ အတော်ကြာအောင် စကားပြောခဲ့ကြသည်။ နေ့တစ်တာက ဤသို့နှင့် ကုန်ဆုံးသွားပြီးနောက် လူတိုင်း အိပ်ရာဝင်ရန် ပြင်ကြလေသည်။

ရေချိုးခြင်းနှင့် အခြားသော ကိစ္စများအတွက် အမျိုးသားများက အောက်ထပ်ကိုသာ အသုံးပြုကြသည်။ မိန်းကလေးများမှာမူ အပေါ်ထပ်ကို အသုံးပြုကြသည်။ အထူး ဧည့်သည် ဖြစ်သဖြင့် ပထမဆုံး ရေချိုးခွင့်ရသည်။

ရဲ့လင်းချန်သည် ရေချိုးပြီးနောက် အပေါ်ထပ်သို့ တက်သွားသည်။ ကျောက်လျန့်ရင်က သူမအခန်းထဲ၌ ရှိနေသည်။ သူမသည် ဟထားသော တံခါးကြားမှနေ၍ ရဲ့လင်းချန်ကို မြင်ပြီး ချက်ချင်း လှမ်းခေါ်သည်။

“ရှင် ရေချိုးလို့ ပြီးသွားပြီလား”

“ရေချိုးတာက ဘာတွေများ ရှုပ်ထွေးလို့လဲ”

ရဲ့လင်းချန် စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲမိသည်။ တစ်ထပ်တည်းကျသော ထိုမေးခွန်းကို မနက်က ဟူယွဲ့အာ မေးခဲ့သည်ကို သူ မှတ်မိနေပါသေးသည်။

“အထဲလာလေ”

ကျောက်လျန့်ရင်က ရဲ့လင်းချန်ကို လက်ပြ၍ လှမ်းခေါ်သည်။ ရဲ့လင်းချန် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ သူမက အပြင်သို့ ခပ်သွက်သွက် ထွက်လာပြီး သူ့အား အခန်းထဲ ဆွဲသွင်းလေသည်။

…

All Chapters