← Chapters

နှုတ်ဆက်ခွဲခွာ

Vol. 14 Ch. 196

နှုတ်ဆက်ခွဲခွာ

Vol. 14 Ch. 196

အခန်း ၁၉၆ - နှုတ်ဆက်ခွဲခွာ

နတ်ဆိုးမကျိက ပြောလိုက်၏။

"အဲ့ဒါကြောင့် ပြောတာပေါ့.. တစ်ကယ်လို့ ရှင်သာ ကျမတို့ မိစ္ဆာဂိုဏ်းကို ၀င်မယ်ဆိုရင် အဲ့ဒါတွေအတွက် ဘာမှ ပူစရာမလိုတော့ဘူး.. အခြေတည်အဆင့်ပဲဖြစ်ဖြစ်၊ ရွှေအူတိုင်ပဲဖြစ်ဖြစ်.. မိစ္ဆာဂိုဏ်းတွေက သူတို့ကို ရှေးဟောင်းတိုက်ပွဲမြေဆီ ပို့ပေးနိုင်စွမ်းရှိတယ်.. ဘယ်လို အခွင့်ကောင်းတွေကို အမိရဖမ်းဆုပ်ပြီး အသက်ရှင်လျှကိ ပြန်လာနိုင်မလား၊ မလာနိုင်ဘူးလားဆိုတာကတော့ ရှင့်အပေါ်ပဲ မူတည်တာပေါ့"

ဆူဇီမိုက ခေါင်းခါ၊ ပြုံးပြလိုက်၏။

သူ့ကို မိစ္ဆာဂိုဏ်းထဲ ရောက်အောင် ခေါ်နိုင်မလား မျှော်လင့်ချက်နှင့် နတ်ဆိုးမကျိသည် ကြံဖန်လှည့်ပတ်၍ အမျိုးမျိုးဆွယ်ကြည့်လိုက်၏။

ဆူဇီမို၏ အမူအယာကို မြင်ရသောအခါ သူ၏ အဖြေကို သူမ သိနှင့်လိုက်၏။ သို့သော်လည်း သူမသည် သိပ်ပြီးစိတ်ပျက်မသွားဘဲ ပုခုံးကိုသာတွန့်ပြလိုက်၏။

"ကောင်းပြီလေ.. နောက်ပိုင်း ရှင်စိတ်ပြောင်းသွားတယ်ဆိုရင် ကျမကို အချိန်မရွေး ဆက်သွယ်လိုက် ဟုတ်ပြီလား"

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။

"ဒါနဲ့ ကျမရှင့်ကို သတိပေးထားလိုက်ဦးမယ်.. ရှေးဟောင်းတိုက်ပွဲမြေမှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိတယ်ဆိုပေမယ့်လဲ သူတို့ရဲ့အနောက်မှာ တစ်ကယ့်အန္တရာယ်တွေက အမြဲတမ်းကပ်ပါနေတတ်တယ်.. တစ်ချို့အန္တရာယ်တွေက ရှေးဟောင်း‌တိုက်ပွဲမြေခံကနေ လာတာဆိုပေမယ့် တစ်ချို့ကတော့ ကျင့်ကြံသူအချင်းချင်းဆီ‌ကနေ လာတာကို မှတ်ထားပါ"

"ရှင်က မိစ္ဆာအမွေဆက်ခံသူတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမယ့်လဲ.. ရှင်သိထားဖို့က အဲ့မှာတုန်းက ရှေးဟောင်းစိတ်၀ိညာဉ် သော့ခတ်အစီအရင်ကြောင့် သူတို့က သူတို့ရဲ့ ခွန်အားအပြည့်အ၀ကို ထုတ်မသုံးနိုင်ခဲ့ဘူးဆိုတာပဲ"

ဆူဇီမိုသည်လည်းပဲ ထိုအရာကို သတိထားမိပါ၏။

ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့်သာ မဟုတ်လျှင် သူသည် တစ်ချို့ မိစ္ဆာအမွေဆက်ခံသူများ၏ ယှဉ်ပြိုင်ဘက် မဖြစ်နိုင်ပေ။

ဆူဇီမို၏ ချင့်တွက်မှန်းဆမှုအရ နတ်ဆိုးမကျိအပါအ၀င် အဲ့ဒီမိစ္ဆာအမွေခံသူများအားလုံးသည် အနည်းဆုံး မရီးဒါန်လေးခုလောက် ပွင့်ပြီးသားတွေ ဖြစ်ရပေမည်။

"ရှေးဟောင်းတိုက်ပွဲမြေကို ရောက်တဲ့အခါကျမှဘဲ ထျန်ဟွမ်ပြည်မကြီးရဲ့ တစ်ကယ့်အခြေတည်အဆင့် ပါရမီရှင်တွေရဲ့ အစစ်အမှန် အားပြိုင်မှုတွေကို ရှင်တွေ့ရလိမ့်မယ်။ မဟာကျိုးအင်ပါယာရဲ့ အပြင်ဘက်မှာ တစ်ကယ့်ကျယ်ပြောတဲ့ နယ်မြေတွေ အများကြီးရှိသေးတယ်။ အရမ်းစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေလဲ အများကြီးပဲ"

"အဲ့ထဲရောက်ရင် အင်မော်တယ်ကိုးဂိုဏ်းက အမွေခံတပည့်တွေနဲ့တောင် ရှင်တွေ့ရနိုင်တယ်"

"နောက်ပြီး သားရဲမျိုးနွယ်ရှစ်ခုက အထွတ်အထိပ်စိတ်ဝိညာဉ်သားရဲတွေနဲ့ရောပဲ၊ သူတို့အများစုက ထူးခြားတဲ့မျိုးဆက်သွေးနဲ့ သန္ဓေပြောင်းသားရဲတွေပဲ"

"အဲ့ဒီမှာ နောက်ထပ်.. မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း၊ ‌ဗုဒ္ဓဝါဒီကျောင်းတော်ခြောက်ကျောင်း.... တစ်သီးပုဂ္ဂလအုပ်စုလေးစုနဲ့ တော်၀င်မိသားစုလေးစုလဲ ရှိသေးတယ်။ သူတို့အကုန်လုံးက ထျန်ဟွမ်ပြည်မကြီးရဲ့ ထိပ်တန်းအဖွဲ့အစည်းတွေပဲ.. အမွေခံတပည့်တွေကလဲ အများကြီး.. ပြီးတော့ အားလုံးကလဲ အထွတ်အထိပ်ပါရမီရှင်တွေချည်းပဲ"

ထိုသည်ကို ကြားရသောအခါ ဆူဇီမိုသည် ရုတ်တရတ် မျက်မှောင်ကြုတ်လိုက်မိ၏။

နတ်ဆိုးမကျိသည် ဗုဒ္ဓဝါဒီကျောင်းတော်ခြောက်ကျောင်းကို ဖော်ပြပြီးနောက် တစ်သီးပုဂ္ဂလအုပ်စုလေးစုကိုမဖော်ပြခင် တစ်စုံတစ်ခုကို ပြောချင်နေသလို ခဏရပ်နားလိုက်သေး၏။

အင်မော်တယ်ဂိုဏ်းများ၊ သားရဲမျိုးနွယ်များ၊ မိစ္ဆာဂိုဏ်းများ၊ ဗုဒ္ဓဝါဒီကျောင်းတော်များ၊ တစ်သီးပုဂ္ဂလအဖွဲ့အစည်းများ၊ တော်၀င်မိသားစုများ.. အားလုံးက အလွန်ရှေးကျသော မျိုးရိုး၊အဆက်အနွယ်၊ အဖွဲ့အစည်းများ ဖြစ်ကြပုံရ၏။

အင်မော်တယ်ကိုးဂိုဏ်း၊ သားရဲမျိုးနွယ်ရှစ်စု၊ မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း စသည့်ဖြင့် အစဉ်လိုက် တစ်ခုစီလျော့လာသော အရေအတွက်ကိန်းစဉ်အရ.. ဗုဒ္ဒဝါဒီကျောင်းတော်ခြောက်ကျောင်းနှင့် တစ်သီးပုဂ္ဂလအုပ်စုလေးစုအကြားတွင် တခြားမျိုးနွယ်စုတစ်ခု ရှိရပေဦးမည်။

ထိုအချိန်မှာပင် နတ်ဆိုးမကျိက ပြောလိုက်၏။

"ရှေးဟောင်းတိုက်ပွဲမြေကို ပါရမီရှင်တွေ အများကြီး စုဝေးရောက်လာကြလိမ့်မယ်၊ ဒါပေမယ့် တစ်နှစ်ကြာပြီးရင် အဲ့ထဲကနေ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်မယ့်သူက ၃၀%ထက်ပိုမှာ မဟုတ်ဘူး!"

ဆူဇီမိုသည် မှင်တက်သွား၏။

ထိုပမာဏက ထိုထင်ထားသည်ထက် အလွန်တရာ ပိုများနေ၏။

ပြောချင်တာက သူတို့ထဲက ထက်၀က်ကျော်က ရှေးဟောင်းတိုက်ပွဲမြေမှာ သေကုန်ကြလိမ့်မည်ပေါ့။

နတ်ဆိုးမကျိက ဆူဇီမိုကိုကြည့်ပြီး ပြောလိုက်၏။

"ပြောရမယ်ဆိုရင် ရှင်က အနီးကပ်တိုက်ခိုက်ရည်မှာ တစ်ကယ်ပဲ ဩချရလောက်ပါပေတယ်.. ဒါပေမယ့်လဲ လက်ရှိရှင့်ရဲ့ခွန်အားနဲ့ ရှေးဟောင်းတိုက်ပွဲမြေကို ၀င်မယ်ဆိုရင် .. ရှင့်အတွက် အသက်ရှင်နိုင်ဖို့ အခွင့်အရေးက သုညပဲ"

ဆူဇီမိုက မငြင်းဆန်ပေ။

နတ်ဆိုးမကျိ၏ ကောက်ချက်ကို သူလက်ခံ၏။

သို့သော်လည်း ထိုစကားက သူ၏ ယုံကြည်မှုအပေါ် အကျိုးသက်ရောက်မှု မရှိပေ။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲကျင်းပဖို့က သုံးနှစ်ကျော်လိုသေး၏။ ထို့အချိန်အတိုင်းအတာက ဆူဇီမိုအတွက် သူ၏ ခွန်အားကို သိသိသာသာ အဆင်မြှင်တင့်ရန် အချိန်ကောင်းစွာ လုံလောက်လေသည်။

ယခုအခါ သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သာလွန်ကျွမ်းကျင်မှုကို ရရှိထားပြီဖြစ်၏။

သုံးနှစ်အတွင်း သူသည် အင်္ဂါသန့်စင်ခြင်းအပိုင်းတွင် သာလွန်ကျွမ်းကျင်မှုရအောင် ကြိုးပမ်းနိုင်ပါက၊ အနီးကပ်တိုက်ခိုက်ရည်၌ သူ့အား ယှဉ်နိုင်မည့်သူ များစွာမရှိနိုင်တော့ကြောင်း သူယုံကြည်လေသည်။

အကယ်၍ သူသည် ဒွာရရှင်းလင်းခြင်းတွင်သာ သာလွန်ကျွမ်းကျင်မှုကို ရရှိနိုင်ခဲ့ပါက၊ သူသည် အနီးကပ်တိုက်ခိုက်မှု၌ ရွှေအူတိုင်အဆင့်အောက် မည်သူကိုမဆို အလဲသိပ်နိုင်ကြောင်း ယုံကြည်မှုရှိလေသည်။

အင်မော်တယ်ကျင့်ကြံမှုအဆင့်တွင်မူ ယခုသူသည် အလယ်အလတ်အခြေတည်အဆင့်မှာ ဖြစ်၏။ ဆန်းကြယ်တောင်ထွတ်၏ အခြေခံထောက်ပံ့မှုနှင့်ဆိုလျှင် သုံးနှစ်အတွင်း သူသည် ပကတိအခြေတည်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။

သူသာ မရီးဒါန်နှစ်ခုလောက် ဖွင့်ပြီးလျှင်.. သူ၏ ဓါး၀င်္ကပါ၊ မိစ္ဆာနှိမ်နင်းချိတ်စည်း၊ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်နှင့် အခြားသော လျှို့ဝှက်ပညာရပ်များကိုပါ ပေါင်းစည်း အသုံးချလိုက်ပါက.. ရှေးဟောင်းတိုက်ပွဲမြေတွင် သူသည် ပါရမီရှင်အားလုံးကို မဖိနှိမ်နိုင်လျှင်တောင် သူ့ကိုယ်သူတော့ သေချာပေါက် ကာကွယ်နိုင်စွမ်း ရှိလာပေလိမ့်မည်။

"ရှင်က မိစ္ဆာဂိုဏ်းတွေကို ၀င်ရောက်ဖို့ ဆန္ဒမရှိဘူးဆိုမှတော့လဲ.. ကျမကလဲ ပေကပ်မနေတော့ပါဘူး" နတ်ဆိုးမကျိက ဆူဇီမိုကို ကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်၏။

ဆူဇီမိုက မေးလိုက်၏။

"ခင်ဗျား သွားတော့မလို့လား"

"အမ်း.."

နတ်ဆိုးမကျိက ခေါင်းညိတ်ပြလိုက်၏။ သူမသည် ခပ်ရေးရေးပြုံး၍ ဆူဇီမိုကို ကြည့်လိုက်၏။

"ဘာလဲ.. ရှင်က ကျမကို မသွားစေချင်လို့လား"

"မဟုတ်ပါဘူး၊ ကျုပ်ခင်‌ဗျားကို ပြောစရာတစ်ခုရှိလို့.... ခင်‌ဗျားသွားတော့မယ်ဆိုရင်လဲ.. မြန်မြန်သာ လစ်လိုက်တော့"

"ဟမ့်!"

နတ်ဆိုးမကျိက ဆူဇီမို၏ ခြေဖျားကို ဖနောင့်နှင့် တစ်ချက်ပေါက်လိုက်ပြီး မျက်နှာကိုပင့်ချီကာ လှည့်ထွက်သွားလိုက်၏။

လမ်းတစ်၀က်ရောက်ပြီးသော် သူသည် ရုတ်တရတ် နောက်ပြန်လှည့်ကြည့်ပြီး‌ လှမ်းအော်လိုက်၏။

"ဟေး၊ ရှင် ကျမအစ်မနဲ့ တွေ့တဲ့အခါ ကျမ မိစ္ဆာဂိုဏ်းရောက်နေတာကို လုံး၀ မပြောမိစေနဲ့နော်!"

"ကျုပ် သေချာတော့ အာမ မခံနိုင်ဘူး"

ဆူဇီမိုသည်လည်း ‌ခပ်ရေးရေးတစ်ချက်‌ လှောင်ပြုံးလိုက်ပြီး လှည့်ထွက်လိုက်၏။

သူလမ်းပင် မလျှောက်ရသေး.. နတ်ဆိုးမကျိ၏ အသံက သူ့နားထဲ ၀င်ရောက်လာ၏။

"ရတယ်လေ၊ ရှင့်အဲ့ဒါကို ထုတ်ပြောရင်၊ ကျမကလဲ အစ်မကို ပြန်တိုင်လိုက်မယ်.. ခေါင်းတလားထဲမှာတုန်းက ရှင်ကျမကို အနိုင်ကျင့်ခဲ့ပါတယ်လို့.."

ဆူဇီမို၏ ခြေထောက်က ယိုင်သွားပြီး လဲကျမတတ်ဖြစ်သွား၏။

"ဒီ..သောက်.. မိန်းက‌လေးကတော့!"

သူ့နှုတ်ခမ်းက လှုပ်သွားပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။

"မြန်မြန်သွားတာပဲ ကောင်းမယ်!"

ဆူဇီမိုသည် နောက်ပြန်လှည့်မကြည့်ဘဲ လက်ပြလိုက်၏။

နတ်ဆိုးမကျိက သူမနှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးလိုက်၏။ ခပ်ဖျော့ဖျော့ မွှေးရနံ့က တိုက်ခတ်လာသောလေနှင့်အတူ လွင့်ပါသွားပြီး လေထုထဲ ပြန့်နှံ့ပျောက်ကွယ်သွား၏။

...

နောက်ထပ် အချိန်အတိုင်းအတာတစ်ခုအတွင်း.. ဆူဇီမိုက ဂိုဏ်းကိုပြန်ဖို့ လောမနေပေ။ သူသည် နန်းတော်တွင်းမှာသာ‌နေပြီး သူ့အစ်ကိုကြီး ဆူဟုန်အားသည့်အခါ အတူသောက်လိုက်စားလိုက် ‌လုပ်နေ၏။ လွတ်လပ်သောဘ၀တစ်ခုလို့ သူနေထိုင်နေခဲ့၏။

တစ်လကြာပြီးနောက် ဆူဇီမိုသည် မြို့တော်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်၏။

ပြောရမည်ဆိုလျှင်၊ ဆူဇီမိုကဲ့သို့ အိမ်သို့ပြန်၍ မိသားစုနှင့်အတူ အချိန်သွားဖြုန်းတတ်သော ကျင့်ကြံသူများမှာ အနည်းငယ်သာ ရှိ၏။

အခု‌ သူက တစ်လလုံးလုံး မိသားစုကို အချိန်ပေးခဲ့၏။

ကျင့်ကြံသူအများစုမှာ ထိုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းသည်နှင့် သူတို့၏ မော်တယ်ဆက်ဆံရေးများကို တစ်ခါတည်း ဖြတ်တောက်ပစ်လိုက်ကြ၏။

ထိုသို့လုပ်ရသည်မှာ သူတို့မှာ နုလုံးသားမရှိသောကြောင့် မဟုတ်ပေ။ ကျင့်ကြံသူများနှင့် မော်တယ်များသည် တစ်ချိန်မဟုတ်တစ်ချိန် ခွဲခွာရမည်သာဖြစ်ပြီး သူတို့သံယောဇဉ် ပိုတွယ်မိလေလေ.. သူတို့၏ ကျင့်ကြံရေးလမ်းစဉ်အပေါ် ထိခိုက်မှု ရှိလာနိုင်သောကြောင့် ဖြစ်လေသည်။

ဆူဇီမိုသည်လည်း ထိုသဘောတရားကို နားလည်ပါ၏။

သို့သော်လည်းပဲ ထိုသို့ သူ မလုပ်နိုင်ပေ။

သူက ထွက်သွားတော့မည်ဟု ဆိုသောအခါ၊ ဆူဟုန်သည် သူ့ကို မြို့ပြင်ထိ လိုက်ပါပို့ပေးပြီး မြို့ပြင်သို့ရောက်သောအခါ ရပ်တန့်၍ ဆုံးမသတိပေးစကားပြောလေသည်။

"ဇီမို၊ မင်းမှာ အချိန်မရရင် ငါ့ဆီကို လာနေစရာ မလိုဘူးနော်၊ မင်း ငါ့ကိုလဲ စိုးရိမ်နေစရာ မလိုဘူးသိလား"

ဆူဟုန်သည် ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးထဲတွင် နှမြောတမ်းတမှုများကို တွေ့မြင်နိုင်၏။

"ငါက အစ်ကိုကြီးဆိုပေမယ့်လဲ၊ တစ်ကယ်တမ်း မင်းကို အများကြီး ကူညီမပေးနိုင်ဘူး.. အဲ့ဒါကြောင့်မို့ အပြင်လောကမှာ မင်းတစ်ယောက်တည်း သွားလာရတဲ့အခါ ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ကွာ"

ဆူဇီမိုသည် သူ့အစ်ကိုကြီး၏ ဦးခေါင်းထက်မှ ဖြူဖွေးနေသောဆံပင်များကို ကြည့်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆိတ်ဆိတ်နေ၏။ သူ့ရင်ထဲမှာတော့ လွန်စွာ စိတ်မကောင်းဖြစ်နေ၏။

ကျင့်ကြံရေးလောကတွင် လူတစ်ယောက်၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော လွန်စွာ အဖိုးထိုက်သည့် ဆေးလုံးများရှိ၏။

ထိုဆေးလုံးများက တန်ဖိုးဖြတ်မရအောင် ဈေးကြီးလွန်း၏။

ဆယ်စုနှစ်အနည်းငယ် ကြာပြီး‌လျှင် သေခြင်းရှင်ခြင်းက သူတို့၏ဘ၀တွေကို အပြီးတိုင် ခွဲခြားပစ်လိုက်လိမ့်ပေမည်။

ဆူဇီမိုသည် ထိုအကြောင်းကို မစဉ်းစားရဲပေ။

သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသလို၊ ဆူဟုန်က အလောတကြီး ထပ်ပြောလိုက်၏။

"ဇီမို၊ မင်းမှာ အခွင့်ရတယ်ဆိုရင်.. ရှောင်းနင်ဆီကို အလည်သွားပြီး သူကောင်းကောင်း နေထိုင်ရဲ့လားဆိုတာ သွားကြည့်ပေးဦး၊ သူ့ရဲ့ စိတ်နေစရိုက်က အရမ်းနူးညံ့ပျော့ပြောင်းတယ်.. အဲ့ကောင်မလေးက သူအဆင်မပြေရင်တောင် ဘယ်သူ့ကိုမှ ထုတ်ပြောမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ"

"အဲ့မှာ.. အဲ့မှာ ဘာမှတော့ ပြောစရာ မရှိတော့ပါဘူး" စကားသံက တိမ်၀င်သွားပြီး ဆူဟုန်၏ အကြည့်က အရောင်ဖျော့သွား၏။

...

"အစ်ကိုကြီးလဲ ဂရုစိုက်ပါနော်"

အတန်ကြာ တိတ်ဆိတ်နေပြီး‌နောက် နောက်ဆုံး ဆူဇီမိုက စကားပြောလိုက်၏။ သူ့အသံက အက်ရှရှနိုင်နေ၏။

"သွားတော့ ကောင်လေး သွားတော့!"

ဆူဟုန်က တစ်ဖက်လှည့်လိုက်ပြီး လက်ပြလိုက်၏။

"ဒုတိယသခင်လေးလဲ ဂ-ဂရုစိုက်ပါနော်!"

ဦးလေးကျန့်၏ အသံက ထွက်ပေါ်လာ၏။ သူ့အသံက တုန်ရီနေပြီး သူ့မျက်နှာပေါ်တွင် မျက်ရည်များက စီးကျလာ၏။

ဆူမိသားစု ကပ်ဆိုး၀င်ခဲ့ချိန်တွင် ဆူဇီမိုနှင့် ဆူရှောင်းနင်တို့သည် အတော်ကလေး ငယ်ရွယ်သေးပြီး ဦးလေးကျန့်၏ လက်ပေါ်မှာသာ ကြီးပြင်းခဲ့ရ၏။

ဦးလေးကျန့်၏ မျက်လုံးထဲတွင် ဆူဇီမိုက သူ၏ သားအရင်းလေးတစ်ယောက်လိုပင်။

သူသည် ယခုအခါ အိုမင်းရင့်ရော်နေပြီဖြစ်ပြီး.. ဆူဇီမိုနှင့် နောက်တစ်ခေါက် ပြန်တွေ့နိုင်ဦးမလားဆိုသည်က မသေချာပေ။ ဤတစ်ကြိမ်သည် သူတို့နှစ်ယောက်၏ နောက်ဆုံးနှုတ်ဆက်ခြင်းလဲ ဖြစ်နိုင်၏။

သူသည် တစ်ခုခု ခံစားသိရှိသွားသလို ဆူဇီမိုသည် သူ့ခြေလှမ်းကို ရုတ်တရတ် ရပ်တန့်လိုက်ပြီး ဦးလေးကျန့်၏ အရှေ့သို့ ပြန်လျှောက်လာခဲ့၏။ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ၊ တည်တံ့စွာဖြင့် ဦးသုံးကြိမ်ချလိုက်၏။

လွန်ခဲ့သည့် လေးနှစ်က စွမ်းအားကြီးသော ပကတိကန်းလန်သည် လူငယ်လေးတစ်ယောက်ကို သူ့အား ဒူးထောင်အညံ့ခံစေဖို့ရာ မတတ်နိုင်ခဲ့ပေ။

လေးနှစ်ကြာပြီးနောက် ဆူဇီမိုသည် သေရွာသို့ လှမ်း၀င်တော့မည့် မုတ်ဆိတ်ဖြူနှင့် အဖိုးကြီးတစ်‌ယောက်ကို ရိုကျိုးစွာ နှုတ်ဆက်ဦးချနေ၏။

All Chapters