← Chapters

စိတ်ဝိညာဉ်မျောက်နှင့် ထောက်ချောက်

Vol. 14 Ch. 197

စိတ်ဝိညာဉ်မျောက်နှင့် ထောက်ချောက်

Vol. 14 Ch. 197

အခန်း ၁၉၇ - စိတ်ဝိညာဉ်မျောက်နှင့် ထောက်ချောက်

Translator – Than Toe Aung

လေထဲတွင် အလင်းတန်းတစ်ခုက ရိပ်ကနဲ ဖြတ်သွား၏။ ၎င်းသည် ကျယ်ပြန့်သော လွင်ပြင်များ၊ မြို့များနှင့် ရွာများအပေါ်မှ တောက်လျှောက်ဖြတ်သန်းသွား၏။

မော်တယ်အချို့သည် အလိုအလျောက် မော့ကြည့်လိုက်မိကြ၏။ အမြင်အာရုံစူးရှ‌သောလူအချို့ကတော့ အစိမ်းရောင်ဝတ်ရုံတစ်စွန်းတစ်စကို မြင်တွေ့လိုက်ရ၏။ တိမ်တိုက်များကြား တိုးဝင်ပြီး ၎င်းက လျှင်မြန်စွာ ပျောက်ကွယ်သွား၏။

ဆူဇီမိုသည် ဂိုဏ်းသို့ ချက်ချင်းပြန်မသွားပေ။ ထို့အစား သူသည် ကန်းလန်ရိုးမဘက်သို့ ဦးတည်လိုက်၏။

သူသည် စိတ်ဝိညာဉ်မျောက်ကို မတွေ့ရသည်မှာ နှစ်နှစ်ကြာပြီဖြစ်သောကြောင့် နည်းနည်းတော့ လွမ်းနေမိ၏။

ထို့အပြင် ကန်းလန်ရိုးမတွင် အေးစက်ရေကန်ရှိ၏။

ထိုအချိန်တုန်းက ဆူဇီမိုသည် အားနည်းလွန်းသေးပြီး အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်း နည်းစနစ်မှ အရွတ်အသွင်ပြောင်းလဲခြင်းကိုသာ စတင်လေ့ကျင့်ကာစရှိသေးကြောင့် အေးစက်ရေကန် အောက်ခြေထိရောက်အောင် မသွားနိုင်ခဲ့ပေ။

ယခုအခါ ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သာလွန်ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည် အေးစက်ရေကန်ကို နောက်တစ်ကြိမ်စစ်ဆေးကြည့်ရှုဖို့ ထပ်မံကြိုးစားရပေလိမ့်မည်။

ကန်းလန်ရိုးမ၏ အထက်ကောင်းကင်သို့ သူရောက်ရှိသည့် အချိန်မှာပင် ဆူဇီမိုသည် ဆက်တိုက်ဟိန်းဟောက်သံများကို ကြားလိုက်ရ၏။ ထိုဟိန်းဟောက်သံများက ရန်လိုကြမ်းကြုတ်မှုနှင့် ပြည့်နေပြီး တောင်တန်းတစ်ခုလုံးကိုပင် တုန်ဟည်းသွားစေ၏။

ထိုအသံများသည် ဆူဇီမိုနှင့် အလွန်တရာ ရင်းနှီးခဲ့ဖူးသော ဝံပုလွေအော်သံများဖြစ်၏။

ကန်းလန်ရိုးမမှာ တစ်နှစ်လောက် သူနေခဲ့စဉ်က ထိုစိတ်ဝိညာဉ်တောကောင်များနှင့် သူသည် အချိန်တိုင်းတိုင်းလိုလို တိုက်ခိုက်ခဲ့ဖူး၏။

ဝံပုလွေများက ဉာဏ်နီဉာဏ်နက်များပြီး အလွန်တရာ ပါးနပ်၏။

စိတ်ဝိညာဉ်မျောက်သာ လာမကူညီခဲ့လျှင် ဆူဇီမိုသည် ဝံပုလွေများ၏ အစာဖြစ်သွားခဲ့မည်မှာ ကြာနေလောက်ပေပြီ။

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကုပ်လိုက်၏။

ယခုအချိန်သည် နေ့ဘက်ကို ရောက်နေပေပြီ။ ယုတ္တိကျကျပြောရလျှင် စိတ်ဝိညာဉ်တောကောင်အများစုသည် ဤအချိန်တွင် အနားယူတတ်ကြပြီး ဝံပုလွေများသည်လည်း ထို့အတူပင်။ ယခုကဲ့သို့ အုတ်သော်အောင်းနင်းမျိုးက ဖြစ်ခဲ၏။

“ဒါက ဝံပုလွေတွေ အုပ်စုလိုက် အလုပ်လုပ်နေကြတဲ့ပုံပဲ”

ဆူဇီမိုသည် တီးတိုးရေရွတ်လိုက်၏။

ဟိုအရင် သူနှင့် စိတ်ဝိညာဉ်မျောက်နှင့် အတူလက်တွဲခဲ့စဉ်တုန်းကတောင်.. သူသည် ဝံပုလွေများကို အလစ်ချောင်းမြောင်း၍သာ တိုက်ခိုက်နိုင်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

ထို့အပြင် ဝံပုလွေများကို သတ်ဖြတ်ပြီးနောက်.. သူ့ခန္ဓာကိုယ်ပေါ်တွင် ဝံပုလွေ၏ သွေးအော်ရာက ကပ်ညှိနေတတ်၏။ သူသည် ထိုအော်ရာကို တခြားအော်ရာတစ်ခုခုနှင့်သာ မဖုံးကွယ်နိုင်လျှင် သိပ်မကြာမီ ဝံပုလွေများ၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။

ဆူဇီမိုသည် ဝံပုလွေအုပ်ကို လျစ်လျူရှုလိုက်ပြီး သူနေခဲ့ဖူးသော လိုဏ်ဂူဆီသို့သာ ဦးတည်လိုက်၏။

သူသည် စိတ်ဝိညာဉ်မျောက်၏ သဲလွန်စကို ရှာချင်လျှင် ထိုနေရာသို့ အရင်ရောက်အောင် သွားရပေလိမ့်မည်။

ထိုသို့မဟုတ်ပါက ကျယ်ပြောလှသော ကန်းလန်ရိုးမထဲတွင် စိတ်ဝိညာဉ်မျောက်ကို လိုက်ရှာရခြင်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်နေပေလိမ့်မည်။

ဆူဇီမိုသည် သိပ်ကြာကြာ မသွားရသေးခင်မှာပင် တစ်ခုခုလွဲမှားနေတာကို သတိထားမိလိုက်ပြီး သူ့မျက်လုံးများက အရောင်ပြောင်းလဲသွား၏။

ဝံပုလွေများ၏ ဟိန်းဟောက်သံက သူနေခဲ့ဖူးသော လိုဏ်ဂူဘက်မှ ထွက်ပေါ်လာနေခြင်းဖြစ်၏။

ဒါက တိုက်ဆိုင်မှုတစ်ခုပေပဲလား။

ဆူဇီမိုသည် ခဏမျှ ချင့်ချိန်တွက်ဆပြီးနောက်.. သူ့ဓါးပျံကို ပြန်သိမ်းကာ တောထဲသို့ ဆင်းသက်လိုက်၏။

သူသည် လိုဏ်ဂူဆီသို့ ရှိသမျှခွန်အားကိုသုံး၍ ဒုန်းစိုင်းပြေးသွားလိုက်၏။ လမ်းတစ်လျှောက်တွင် သူသည် ပတ်ဝန်းကျင်ကို စူးရှပြတ်သားစွာ ကြည့်ရှုသွားပြီး သဲလွန်စတစ်စုံတစ်ရာ ရလို့ရငြား ရှာဖွေသွား၏။

လိုဏ်ဂူသို့ မရောက်ခင်မှာပင် ဆူဇီမိုသည် မြေပြင်အခြေအနေအားလုံးကို အကြမ်းဖျင်း ကောက်ချက်ချပြီးသွားပေပြီ။

သည်တစ်ကြိမ် ဝံပုလွေအုပ်စု၏ အ‌ရေအတွက်က လွန်စွာ များပြား၏။ ခန့်မှန်းခြေ တစ်သောင်းအထက် ရှိရပေမည်။

ထိုပမာဏက ပေါ့သေးသေး မဟုတ်ပေ။

ယုတ္တိကျကျ ပြောရလျှင် ဝံပုလွေအုပ်စုတစ်စုသည် အရေအတွက် ရာချီလာလျှင် စိတ်ဝိညာဉ်သားရဲတစ်ကောင် ပါလာတတ်၏။

ယခုဝံပုလွေအုပ်စုက အရေအတွက် တစ်သောင်းကျော်နေတော့.. စိတ်ဝိညာဉ်သားရဲဝံပုလွေက ဆယ်ကောင်အနည်းဆုံး ပါလာလိမ့်ပေမည်။

တစ်ကယ်တမ်း ကြောက်ရမည့်အချက်မှာ ထိုမျှ များပြားလှသော ဝံပုလွေများစုဖွဲ့လာပါက ခေါင်းဆောင်စံပြဝံပုလွေမှာ ရွှေအူတိုင်အဆင့်နှင့် ညီမျှသော စိတ်ဝိညာဉ်သားရဲပင် ဖြစ်နေတတ်၏။

စိတ်ဝိညာဉ်သားရဲများ အကြားတွင် ခွန်အားကွာဟချက်က အလွန်ကြီးမား၏။

သူတို့ထဲက အင်အားအနည်းဆုံး စိတ်ဝိညာဉ်သားရဲမှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ခွန်အားချင်း ညီမျှပြီး.. အားအကြီးဆုံးမှာ ရွှေအူတိုင်အဆင့်ပကတိသက်ရှိနှင့်ပင် ညီမျှလေသည်။

ဆူဇီမို၏ အမူအယာက သုန်မှုန်နေ၏။ သူသည် လိုဏ်ဂူနားသို့ ရောက်တော့မည်ကို သိလိုက်သောအခါ အရှိန်ကို လျှော့ချလိုက်ပြီး.. ရှေ့သို့ သိုသိုသိပ်သိပ်ဖြင့် ရွေ့လျားလိုက်၏။

မကြာမီ..

များစွာသော ဝံပုလွေများ၏ ပုံရိပ်က သူရှေ့တွင် ပေါ်လာ၏။ သူတို့၏ မျက်လုံးများက စိမ်းဖန့်ရောင်တစ်လက်လက် တောက်ပနေ၏။ သွေးဆာရက်စက်ပုံရသော သူတို့၏ သွားစွယ်များကို ဖြဲဟထားပြီး.. ပြင်းပြင်းထန်ထန် အူလိုက်တိုင်း.. သူတို့၏ ပါးစပ်များထဲမှ သွား‌ရည်များက တစ်မြားမြား ကျနေ‌၏။

ဆူဇီမိုသည် အရှေ့သို့ အရမ်းကာရော တက်မသွားခဲ့ပေ။ ထို့အစား သူသည် အလွန်ကြီးမားသော သစ်ပင်အိုကြီးတစ်ပင်ဘေးသို့ ကပ်လိုက်ပြီး.. သူ၏ ခြေလက်များကို အသုံးချကာ မျောက်ဝံတစ်ကောင်လို တွယ်တက်လိုက်၏။

အတော်အတန်အမြင့်သို့ ရောက်သောအခါ သူသည် အပေါ်စီးကနေ တစ်ချက်ကြည့်လိုက်ပြီးနောက် လေအေးများကို ရှူသွင်းကာ ပင့်သက်ကို ရှိုက်လိုက်ရ၏။

များလိုက်တဲ့ အကောင်တွေ..!

ပြည့်ကျပ်နေပြီး.. တောင်တန်းတစ်ခုလုံးကို နေရာယူထားကာ.. ကြည့်မိသူတိုင်းကို ကျောချမ်းတုန်လှုပ်သွေးပျက်သွားစေနိုင်၏။

ဝံပုလွေအုပ်ကသာ လိုဏ်ဂူကို မဝိုင်းရံထားလျှင် ဆူဇီမိုသည် ဤတောင်ကောင်များကို ရှောင်သွားမည်ဖြစ်ပြီး သွား၍ ရန်စလိမ့်မည် မဟုတ်ပေ။

လိုဏ်ဂူ၏ တည်နေရာကို ဆူဇီမိုနှင့် စိတ်ဝိညာဉ်မျောက်သာလျှင် သိထား၏။

စိတ်ဝိညာဉ်မျောက်က ဘေးကင်း၊ မကင်းကို သေချာစွာ မသိရမချင်း.. ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာလိမ့်မည် မဟုတ်ပေ။

လိုဏ်ဂူရှေ့တွင် လဲကျသေဆုံးနေသော ဝံပုလွေအလောင်း ရာချီရှိနေပြီး သွေးအများစုက ခြောက်ကပ်နေပေပြီ။

တစ်ချို့ဝံပုလွေများ၏ ဦးခေါင်းကတော့.. ကြေမွပျက်ဆီးနေပြီး သေသွားကြသည်မှာ သိပ်ကြာမြင့်သေးပုံ မရပေ။

ခပ်လှမ်းလှမ်းမှာ ရှိနေသော်လည်း ဆူဇီမိုသည် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ဝံပုလွေအများစု၏ ဦးခေါင်းသည် တုံးတိမာကျောသော လက်နက်တစ်ခုနှင့် ရိုက်နှက်ခံထားရသလို.. သူတို့၏ ဦးခေါင်းများက ဆိုးဆိုးရွားရွားပုံစံနှင့် ပျက်ဆီးကြေမွနေ၏။

ဆူဇီမိုသည် သူ့အကြည့်ကို မှေးကျဉ်းလိုက်ပြီး လိုဏ်ဂူဝင်ပေါက်ကို လှမ်းကြည့်လိုက်၏။

သူထင်တာ မမှားလျှင် စိတ်ဝိညာဉ်မျောက်က လိုဏ်ဂူအထဲမှာ ရှိပေလိမ့်မည်။

ယုတ္တိကျကျပြောရလျှင် စိတ်ဝိညာဉ်မျောက်၏ သတိကြီးမှုနှင့်ဆိုပါက.. ဤနေရာ၏ တည်နေရာသည်သာ ‌ပေါက်ကြားသွားပါက သူက လွတ်မြောက်ထွက်ပြေးသွားသည်မှာ ကြာနေလောက်ပေပြီ။ သူသည် ဝံပုလွေအုပ်၏ ပိတ်ဆို့ဝန်းရံခြင်းကို ခံရစရာ အကြောင်းမရှိပေ။

ထို့အပြင်.. ဤဝံပုလွေအုပ်သည် ထူးဆန်းစွာ ပြုမူနေကြ၏။ သူတို့သည် ဝုန်းဒိုင်းကြဲ၍ လှုပ်ရှားရမည့်အစား.. စိတ်ရှည်လက်ရှည်နှင့် တစ်စုံတစ်ရာကို အစဆွဲထုတ်နေကြ၏။

ဆူဇီမိုသည် နမော်နမဲ့ မလှုပ်ရှားရဲသေးဘဲ.. သစ်ပင်ပေါ်ကနေသာ ဝံပုလွေအုပ်၏ လှုပ်ရှားမှုကို လေ့လာအကဲခတ်ကြည့်ရှုနေ၏။

ဤမျှ များပြားလှသော အရေအတွက်နှင့် ဝံပုလေအုပ်၏ စည်းစနစ်ကျနနေပုံအရ.. ထိုအထဲမှာ စံပြဝံပုလွေခေါင်းဆောင်တစ်ကောင်က သေချာပေါက် ပါနေပေလိမ့်မည်။

စံပြဝံပုလွေက ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲသာ ဖြစ်နေလျှင် ဆူဇီမိုသည် ထိုသတ္တဝါနှင့် ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ချေ။

သို့‌သော်လည်း.. စံပြဝံပုလွေသည် အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲသာြဖစ်လျှင် သူသည် ဓါးပျံကို စီးနင်း၍ ဝံပုလွေအုပ်တစ်အုပ်လုံးကို အမဲလိုက်သတ်ဖြတ်ကာ စံပြဝံပုလေကို အနိုင်ယူ.. သို့မဟုတ် သတ်ဖြတ်ပစ်ကောင်း သတ်ပစ်နိုင်လောက်၏။

ဘာကြောင့်ဆိုသော ဆူဇီမိုမှာ အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲများမှာ မရှိသော အားသာချက်တစ်ရပ်ရှိ၏။

ဓါးပျံစီးနင်းခြင်း!

ဆူဇီမိုသည် ဓါးပျံပေါ်မှာ စီးနင်းနေသရွေ့.. ဝံပုလွေများသည် မည်မျှများပြားသည် ဖြစ်ပါစေ.. သူက ပြိုင်ဘက်ကင်းနေပေလိမ့်မည်။

သို့သော်လည်း.. စံပြဝံပုလွေကသာ ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲဖြစ်နေလျှင် ဆူဇီမိုသည် ဒီအတိုင်းဝင်ချသွားလို့ မဖြစ်ချေ။

လူသားများမှာဖြစ်စေ.. သားရဲများမှာဖြစ်စေ.. အူတိုင်အစီအရင်ဖွဲ့စည်းခြင်းက အလွန်တရာ အရေးပါလှသော အဆင့်ဖြစ်၏။

ဆိုရိုးတစ်ခုရှိသည်မှာ ရွှေအူတိုင်အဆင့်ကို ရောက်ရှိပြီးသည်နှင့် ထိုသူ၏ ဘဝသက်တမ်းကို သဘာဝတရားက အဆုံးအဖြတ်ပေးတော့မှာ မဟုတ်ဟုဆို၏။

အူတိုင်ကို ဖွဲ့တည်ပြီးပါက.. စိတ်ဝိညာဉ်သားရဲများပင်လျှင် မည်သည့်ပြင်ပပစ္စည်းမှ မပါရှိဘဲ.. လေထဲတွင် ပျံနိုင်စွမ်းရှိ၏။

ဆိုလိုသည်မှာ ဝံပုလွေတွင် အ‌တောင်ပံများ မပါရှိသော်လည်း.. ၎င်းသည် ရွှေအူတိုင်အဆင့်ဖြစ်ပါက လေထဲသို့ ပျံတက်နိုင်မှာဖြစ်ပြီး ဆူဇီမိုမှာ အားသာချက်ရယ်လို့ ရှိတော့မှာ မဟုတ်ပေ။

ထို့အပြင် ဆူဇီမိုသည် ရွှေအူတိုင်အဆင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ပြိုင်ဘက်မဟုတ်ပေ။ သူတို့၏ အဆင့်များက လုံးဝခြားနားနေ၏။

ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့်အား ဖုံးကွယ်နိုင်သော အထူးနည်းစနစ်များကိုသာ အသုံးပြုထားခြင်းမရှိလျှင်.. သူတို့အကြား ကျင့်ကြံမှုအဆင့်ချင်းက များစွာ ကွာဟမှုမရှိလျှင်.. သူတို့သည် တစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို တစ်ယောက်က စိတ်ဝိညာဉ်အကဲဖြတ်ခြင်းကို သုံး၍ စစ်ဆေးသိရှိနိုင်၏။

သို့သော်လည်း စိတ်ဝိညာဉ်အကဲဖြတ်ခြင်းက စိတ်ဝိညာဉ်သားရဲများ အပေါ် အကျိုးသက်‌ရောက်မှု မရှိပေ။

ဘာကြောင့်ဆိုသော်.. စိတ်ဝိညာဉ်သားရဲများမှာက စိတ်ဝိညာဉ်စွမ်းအင် မရှိသောကြောင့် ဖြစ်လေသည်။

ဝံပုလွေအုပ်ကြီး၏ အရှေ့ဆုံးတွင် အလုံးအထည်မြင့်မားပြီး ရက်စက်ကြမ်းကြုတ်ပုံရသော ဝံပုလွေဆယ်ကောင်ကျော်သည် ရပ်နေကြ၏။ မည်သည့်ဝံပုလွေများကမှ သူတို့၏ အနားသို့ မချည်းကပ်ရဲပေ။

ဆူဇီမိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

သူထင်တာ မမှားလျှင် ထိုဝံပုလွေဆယ်ကောင်ကျော်ကျော်သည် အခြေတည်အဆင့် စိတ်ဝိညာဉ်သားရဲများ ဖြစ်ရပေမည်။

ဝံပုလွေအုပ်ထဲတွင် သူတို့၏ အဆင့်အတန်းက အတော်လေးမြင့်မားလှပြီး.. ခေါင်းဆောင်ငယ်များဟု ခေါ်လို့ရပေသည်။

သို့သော်လည်း.. ထပ်မံလေ့လာအကဲခတ်ကြည့်လိုက်သောအခါ သူတို့အထဲက မည်သည့်အကောင်ကမျှ အစစ်အမှန်စံပြဝံပုလွေမဟုတ်ကြောင်း ဆူဇီမို သိရှိလိုက်၏။

ဆူဇီမိုသည် ဆက်လက်ရှာဖွေကြည့်လိုက်၏။

ရုတ်တရတ်..

မြင့်မားသော အစိမ်းရောင်ကျောက်ဆောင်တစ်ခု၏ သူ့အကြည့်က ရပ်တန့်သွား၏။

၎င်း၏ အပေါ်၌ ဝံပုလွေတစ်ကောင်သည် ခြေပစ်လက်ပစ် လှဲလျောင်းနေ၏။ ထိုသတ္တဝါသည် အောက်ဘက်တွင်ရှိသော များစွာသော စိတ်ဝိညာဉ်တောကောင်များနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အကောင်းကြီးမားခြင်းမရှိသလို.. တစ်မူထူးခြားနေသည်ဟုလည်း မထင်ရပေ။

သို့သော်လည်း အနည်းငယ်အကဲခတ်ကြည့်ပြီးနောက် ၎င်းသည် စံပြဝံပုလွေခေါင်းဆောင် ဖြစ်ရမည်ဟု ဆူဇီမိုသည် ကောက်ချက်ချလိုက်၏။

ဝံပုလွေ တစ်သောင်းကျော်ထဲတွင် ဤကဲ့သို့ အေးဆေးသက်သာစွာနှင့် နေနိုင်သည့်အကောင်မှာ သူတစ်ကောင်တည်းသာလျှင် ရှိလေသည်။ သူ့အမူအယာက ပျင်းတိပျင်းတွဲနိုင်နေပြီး.. မျက်လုံးကို တစ်ဝက်မှေးထားကာ အေးဆေးအနားယူနေသလိုကဲ့သို့ ဖြစ်၏။

All Chapters