စိတ်ဝိညာဉ်မျောက်နှင့်အတူ ပြန်လာခြင်း
Vol. 14 Ch. 206
အခန်း ၂၀၆- စိတ်ဝိညာဉ်မျောက်နှင့်အတူ ပြန်လာခြင်း
Translator - Than Toe Aung
အင်္ဂါသန့်စင်ခြင်း အကျိုးကျေးဇူးမှာ သွေးစွမ်းအားကို ထိန်းချုပ်ပေးနိုင်ရုံသာမက.. ၎င်းက သွေးချီစွမ်းအားကိုလည်း ထုတ်ပေးနိုင်လေသည်။
သွေးချီဆိုသည်မှာ သားရဲချီကို ဆိုလိုခြင်းဖြစ်လေသည်။
ဆူဇီမိုသည် လူသားတစ်ယောက်သာဖြစ်၏။ သို့သော်လည်း သူသည် သွေးချီစွမ်းအားကို ထုတ်သုံးမည်ဆိုလျှင် သူ့ထံတွင် သားရဲချီများက လွှမ်းခြုံလာမည် ဖြစ်ပြီး အဆမတန် ခွန်အားက တိုးလာမည် ဖြစ်လေသည်။
တစ်ကယ်တမ်းပြောရလျှင် သွေးစွမ်းအားသက်သက်နှင့်ပင် သူသည် အခြေတည်ကျင့်ကြံသူ အများစုကို လှဲသိပ်နိုင်စွမ်းရှိလေသည်။
ဆူဇီမိုသည် သူ့ပြိုင်ဘက်များနှင့် အနီးကပ်အနေအထားမှာ ရှိနေသမျှ.. သူတို့က မရီးဒါန်များစွာ ဖွင့်လှစ်ထားပြီးသား ပကတိအခြေတည်အဆင့်များ ဖြစ်နေသည်ဆိုလျှင်တောင် ဆူဇီမို၏ လှဲသိပ်ခြင်းကို ခံရမည်သာ ဖြစ်လေသည်။
ဆူဇီမိုသည် ဂိုဏ်းက ထွက်လာခဲ့သည်မှာ အချိန်အတန်ကြာသွားခဲ့ပေပြီ။ ကံကောင်းထောက်မစွာနှင့် သူ့ကျင့်ကြံမှုအဆင့်က များစွာ နောက်ကောက်ကျမကျန်ခဲ့ဘဲ.. လမ်းခရီးတစ်လျှောက် သူသည် များစွာ အကျိုးဖြစ်ထွန်းခဲ့လေသည်။
သူသည် ဂိုဏ်းသို့ပြန်ပြီး သူသင်ယူသိရှိခဲ့ရသမျှ အရာရာကို ကြေညက်အောင် ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်၏။
တစ်ဖက်မှာတော့.. သူ၏ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ပြီး နောက်သုံးနှစ်အကြာ ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားရပေမည်။
အခြားတစ်ဖက်မှာတော့ သူသည် မီးဆေးခြင်းနည်းစနစ်များကို အလျှင်အမြန် ကျွမ်းကျင်အောင်လုပ်ပြီး အလယ်အလတ်အဆင့် လက်နက်များကို သွန်းလုပ်ရပေမည်။ သာလွန်အဆင့်လက်နက်များကိုပင် သွန်းလုပ်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုသို့ဖြင့် သူသည် ဖယောင်းမီးဓါး၀င်္ကပါကို စတင်လေ့ကျင့်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် ထိုဓါး၀င်္ကပါကို စမ်းသပ်လေ့ကျင့်ကြည့်ချင်လှပြီ ဖြစ်လေသည်။
ဖယောင်းမီးဓါး၀င်္ကပါ အဆင့်-၂ကို ပုံဖော်ခင်းကျင်းဖို့အတွက် ဓါးပျံ၁၈လက် ဦးစွာရှိရပေမည်။
ဓါး၀င်္ကပါ၏ စွမ်းအားကို အသာထား၊ ဓါးပျံ၁၈လက်၏ စွမ်းအားနှင့်ပင်လျှင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ကိုင်တွယ်ဖို့ လုံလောက်လေသည်။
နောက်ပြီး သူ့မှာ နောက်ထပ်လုပ်စရာတစ်ခု ရှိသေး၏_သားရဲဥကို အကောင်ဖောက်ဖို့ ဖြစ်လေသည်။
ထိုဥသည် အပျက်အဆီးနယ်မြေမှ လာခြင်းဖြစ်ပြီး အဆိပ်ဓါတ်ကို ခံနိုင်ရည်ရှိပုံရလေသည်။ ထိုမျှသာမက ၎င်းက သူ၏ မျိုးဆက်သွေး အများအပြားကိုလည်း စုပ်ယူခဲ့သေး၏။
ထိုသားရဲဥထဲမှ ဘယ်လိုစိတ်ဝိညာဉ်တောကောင်လေး ထွက်လာမလဲဆိုတာကိုလည်း ဆူဇီမိုသည် အမှန်တစ်ကယ် သိချင်နေမိလေသည်။
၎င်းက ရှေးဦးအဆက်နွယ်သားရဲမျိူးစိတ်မှသာဖြစ်လျှင်၊ သူအတွက် များစွာ အကျိုးရှိလေသည်။
ရှေးဦးအဆက်နွယ်သားရဲဆိုသည်မှာ မူလသွေးမျိုးဆက်သားရဲများမှ ဆင်းသက်လာသော သားရဲများကို ဆိုလိုလေသည်။ သူတို့၏ မျိုးဆက်သွေးက ပကတိသန့်စင်မှု မရှိတော့သော်လည်း သူတို့သည် အလွန်တရာ စွမ်းအားကြီးဆဲဖြစ်၏။
စံပြဝံပုလွေနှင့် စိတ်ဝိညာဉ်ကျားတို့ကို သာမန်အဖြစ်ဆုံးသားရဲများဟု ဆိုနိုင်ပြီး သူတို့ကို မူလသွေးမျိုးဆက်သားရဲများနှင့် နှိုင်းယှဉ်လို့ မရပေ။
ကြိုးကြာလေးကတော့..
ကြိုးကြာလေး၏ မျိုးဆက်သွေးကတော့ ရိုးရိုးသာမန်မဟုတ်ဟု ဆူဇီမိုသည် ထင်မိလေသည်။ သူက ရှေးဦးအဆက်နွယ်သားရဲတစ်ကောင်ပင် ဖြစ်နိုင်၏။
စိတ်ဝိညာဉ်မျောက်သည် မူလကတော့ သာမန်မျိုးဆက်သွေးသာရှိသော စိတ်ဝိညာဉ်တောကောင်တစ်ကောင် ဖြစ်၏။ သို့သော်လည်း တျဲယွဲ့က သူ့အား ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သင်ပေးခဲ့ပုံရ၏။
ယခုအခါ စိတ်ဝိညာဉ်မျောက်အား သာမန်တောကောင်တစ်ကောင်ဟုသာ သတ်မှတ်လို့ မရတော့ပေ။
ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားအား ဗလာနယ်မိုးကြိုးပညာရပ်ကို သင်ကြားပေးသင့်၊ မသင့်ကို ချင့်ချိန်စဉ်းစားကြည့်လိုက်၏။
စိတ်ဝိညာဉ်ကျားက အပြင်ပန်းကြည့်လျှင် ဉာဏ်ကောင်းသလို ထင်ရသော်လည်း တစ်ကယ်တော့ တုံးအလေသည်။ သူ့ခွန်အားကိုသာ သေချာစွာ အဆင်မြှင့်မတင်နိုင်ဘူးဆိုလျှင် အနာဂတ်မှာ သူသည် ဆက်လက်ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
"အင်း ဒီသားရဲဥလေးကသာ မူလသွေးမျိုးဆက် ကြမ်းကြုတ်သားရဲတစ်ကောင် အဖြစ်သာ ပေါက်ဖွားလာခဲ့မယ်ဆိုရင်..."
ဆူဇီမိုသည် အတွေးလွန်၍ စိတ်ကူးယဉ်နေမိ၏။
မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများ၏ အလားအလာက လွန်စွာ မြင့်မား၏။
၎င်းတို့သည် အကောင်ပေါက်ကာစ ဘာမှမသိတတ်သေးသည့်၊ မကျင့်ကြံရသေးသည့် အရွယ်မှာတောင်.. ချီစုဖွဲ့စစ်သည်တော်များနှင့် နှိုင်းယှဉ်လို့ ရနေပေပြီ။
မူလသွေးမျိူးဆက်ကြမ်းကြုတ်သားရဲများသည် ကျင့်ကြံလေ့ကျင်မှု စတင်လိုက်သည်နှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလာပေမည်။
ဒါက ကလေးအရွယ်မှာသာ ဖြစ်၏။
သူတို့သာ လူငယ်လူရွယ်တစ်ယောက်လောက် ကြီးထွားလာခဲ့လျှင်၊ သူတို့၏ စွမ်းအားက မှန်းဆလို့ပင် မရတော့ပေ။
ထိုမျှသာမက မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲများသည် ဟိုးရှေးစဉ်အဆက် သူတို့မျိုးနွယ်များ၏ ရှေးကျသောမှတ်ဉာဏ်များကို မွေးရာပါ လွှဲပြောင်းရယူနိုင်ကြလေသည်။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်ပြီး မယုံကြည်နိုင်ဖွယ်ရာကောင်းကာ သူတို့၏ ကျင့်ကြံမှုနည်းစနစ်များကို မည်သူကမျှလည်း ခိုးယူ၍ မရပေ။
တစ်ကယ်တော့.. မူလသွေးမျိူးဆက်ကြမ်းကြုတ်သားရဲများ၏ ကြီးထွားမှုနှုန်းကလည်း အလွန်တရာ နှေးကွေး၏။
ကျင့်ကြံမှုမရှိလျှင်တောင်.. သူတို့၏ သက်တမ်းက နှစ်၁၀၀၀၀ကျော်မှာ ရှိ၏။
ကျင့်ကြံသူတစ်ယောက်က မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို မွေးမြူမည်ဆိုလျှင် ကြမ်းကြုတ်သားရဲက အရွယ်မရောက်ခင်မှာပင် ကျင့်ကြံသူက ဘ၀သပ်တမ်းကုန်ဆုံးသွားနိုင်၏။
ထိုသို့တွေးနေရင်းနှင့် ဆူဇီမိုသည် သားရဲဥကို အလိုလို ရှာကြည့်မိလိုက်၏။
သူသည် နေရာပတ်လည် လှည့်ကြည့်လိုက်သော်လည်း သားရဲဥကို မတွေ့ရတော့ပေ။
"ထူးတော့ထူးတယ်"
ဆူဇီမိုသည် မျက်မှောင် မသိမသာကြုတ်လိုက်၏။
လိုဏ်ဂူက သိပ်ပြီးမကျယ်လှဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့် အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သို့သော်လည်း ယခုအခါ သားရဲဥ၏ အရိပ်အယောင်ကိုတောင် သူ မမြင်ရပေ။
"ဟိုမျောက်ငတုံးတောင် အဲ့ဒါကို ကောက်ကြည့်လိုက်သေးတာ ငါမြင်လိုက်ပါတယ်"
ဆူဇီမိုသည် တီးတိုးရေရွတ်၍ စိတ်ဝိညာဉ်မျောက်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွား၏။
စိတ်ဝိညာဉ်မျောက်၏ ကိုယ်ဟန်အနေအထားက အနည်းငယ် ထူးဆန်းနေ၏။
သူသည် ကြုံသလို ပစ်စလက်ခတ် နေနေသည်ဆိုလျှင်တောင် သူက အကြာကြီး ဆောင့်ကြောင့်ထိုင်မနေတတ်ပေ။
ထို့အပြင် စိတ်ဝိညာဉ်မျောက်က လုံး၀ထိုင်နေသည်နှင့် မတူဘဲ သူ့တင်ပါးအောက်မှာ တစ်ခုခု ခုခံထားသလို ကြွတတ ဖြစ်နေ၏။
ဆူဇီမိုသည် တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလိုက်ပြီး မျက်လုံးလှန်ကြည့်လိုက်၏။
"မျောက်ငတုံး.. မင်း မပင်ပန်းဘူးလား"
ဆူဇီမို မေးတာကို ကြားသောအခါ၊ စိတ်ဝိညာဉ်မျောက်က ခေါင်းခါပြလိုက်ပြီး လိုဏ်ဂူ၀င်ပေါက်ဘက်သို့ ငေးကြည့်ကာ ဘာမျှမဖြစ်သလို ဟန်ဆောင်နေလိုက်၏။
ဆူဇီမိုက ရယ်ချလိုက်၏။
"ဟေ့ကောင် ဟန်ဆောင်မနေနဲ့တော့.. မြန်မြန်ထစမ်း.. ဘာလဲ မင်းရဲ့မျောက်ဖင်ကြီးနဲ့ သားရဲဥကို ၀ပ်ချင်နေတာလား"
ဆူဇီမို သိရှိသွားပြီကို သူလိုလိုက်သောအခါ၊ စိတ်ဝိညာဉ်မျောက်၏ မျက်နှာထက်တွင် ထူးထူးခြားခြား ရှက်ကိုးရှက်ကန်း အမူအယာက ပေါ်လာပြီး မထချင်ထချင်နှင့် ထရပ်လိုက်၏။
ထိုသည်ကိုကြည့်ပြီး ဆူဇီမိုသည် အူမြူးသွား၏။
စိတ်ဝိညာဉ်မျောက်က လွန်စာအရေထူပြီး အရိုင်းဆန်၏။ သူသည် ယခုကဲ့သို့ ရှက်ကိုးရှက်ကန်းပုံစံ ဖြစ်နေသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
"အိုး..အူး!'
ခဏနေပြီးနောက် စိတ်ဝိညာဉ်မျောက်သည် သူ၏ ပုံမှန်စိတ်အခြေအနေသို့ ပြန်ရောက်သွားကာ သွားဖြဲ၍ လက်ဟန်ခြေဟန်နှင့်အတူ ဆူဇီမိုကို ပြန်အော်လိုက်၏။
သူသည် စိတ်ဝိညာဉ်မျောက်နှင့် မတွေ့ရသည်မှာ နှစ်နှစ်ကြာခဲ့ပြီဖြစ်သော်လည်း.. သူဘာကို ဆိုလိုသလဲဆိုသည်ကို ဆူဇီမိုက ချက်ချင်းနားလည်လိုက်၏။
ဆူဇီမိုကို သူက 'မင်းဘာမှ နားမလည်ဘဲနဲ့ ၀င်မရှုပ်စမ်းပါနဲ့' ဟု ပြောနေခြင်းဖြစ်၏။
ဆူဇီမိုက ရယ်သံနှော၍ ထေ့လိုက်၏။
"ငါက ဘာမှ မသိဘူးဆို ထားပါတော့ မင်းကရော သိလို့လား.. မင်းကရော ကလေးမွေးနေကျသူမို့လို့လား.. ပြီးတော့ မင်းနဲ့သူက မျိုးဆက်သွေးချင်းလဲ တူတာမဟုတ်ဘူး.. အဲ့ဒါကို မင်းက ဘယ်လိုအကောင်ဖောက်ပေးမှာလဲ"
ဆူဇီမို၏ စကားလုံးများအောက်တွင် စိတ်ဝိညာဉ်မျောက်သည် မှင်တက်သွား၏။
"အောင်း.. အောင်း!"
ထို့နောက်ချက်ချင်းပင် စိတ်ဝိညာဉ်မျောက်သည် ဆူဇီမိုကို အထင်သေးသလို တစ်ချက်ကြည့်ပြီး မျက်စောင်းထိုးလိုက်၏။
သူပြောနေသည်မှာ 'မင်းဘာသိလို့လဲ.. ငါတို့က သားရဲအချင်းချင်းပဲ အော်ရာကဆင်တူတယ်.. အဲ့ဒါကို ငါ၀ပ်ပေးလို့ရတယ်' ဟုပင်။
ဆူဇီမိုက အထင်သေးဟန်ဖြင့် သူ့နှာခေါင်းကို ပိတ်လိုက်၏။
"မင်းအော်ရာက သူနဲ့ဆင်တူဖို့ အဝေးကြီးပဲ.. မင်းကိုမင်းလဲကြည့်ဦး၊ ချေးစော်သေးစော်ကို နံဟောင်လို့၊ အဲ့ဒါက အကောင်ပေါက်လာရင်တောင် အပြင်ရောက်လို့ မင်းအနံ့ကို ရတာနဲ့ မွန်းကျပ်ပြီးသေမှာပဲ!"
ဆူဇီမိုက ထိုစကားကို ဒီတိုင်းပေါ့ပေါ့တန်တန် ပြောလိုက်ခြင်း ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်မျောက်က ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး အေးစက်ရေကန်ထဲသို့ ပြေးဆင်းလိုက်လေ၏။ ထို့နောက် သူ့တစ်ကိုယ်လုံးကို ထပ်ကာထပ်ကာ ဆေးကြောလေတော့၏။
ဆူဇီမိုသည် အံ့ဩမင်သက်သွား၏။
သည့်အရင်က ထိုအနံ့အသက် ကိစ္စနှင့် သူတို့သည် အကြိမ်များစွာ အချင်းများတိုက်ခိုက်ခဲ့ကြဖူး၏။
သို့သော်လည်း စိတ်ဝိညာဉ်မျောက်သည် ဆူဇီမို၏ ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်းကို ခံရလျှင်တောင် သူ့အချိုးကို မပြင်ခဲ့ပေ။
ယခုအခါ သူသည် သားရဲဥတစ်လုံးအတွက်နှင့် သူ့အချိုးများကို ပြောင်းလဲပစ်လိုက်လေပြီ။
အရာရာတိုင်းတွင် သူ့အားနည်ချက်ရှိသည်ဆိုသည်မှာ အမှန်ပင်ဖြစ်တော့သည်။
အတန်ကြာပြီး နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်မျောက်သည် အေးစက်ရေကန်ထဲမှ ပြန်တက်လာခဲ့ပြီး ဆူဇီမိုနားသို့ ပြေးလာကာ ညင်သာစွာ အော်လိုက်၏။
'ပြီးသွားပြီ' ဆိုသည့်သဘောပင်။
ဆူဇီမိုက ပြောလိုက်၏။
"ဆေးကြောထားတာများ အရေပြားတွေတောင် လန်ထွက်တော့မယ် ကြည့်စမ်း၊ မင်းမှာ ဘာအနံ့မှတောင် ကျန်တော့မှာ မဟုတ်ဘူး"
"အူး အူး"
စိတ်ဝိညာဉ်မျောက်က လက်ဟန်ခြေဟန်ဖြင့် သားရဲဥ ဘယ်မှာလဲဟု မေးလိုက်၏။
ဆူဇီမိုက သူ့ရင်ခွင်ထဲကို ညွှန်ပြလိုက်ပြီး "အဲ့ဒါက ငါ့ဥလေ ငါက မင်းကိုဘာလို့ ပေးရမှာလဲ" ဟု ပြောလိုက်၏။
စိတ်ဝိညာဉ်မျောက်က နှုတ်ခမ်းစူ၍ တအီအီ အော်မြည်လိုက်ပြီး လက်ကာပြကာ သားရဲဥကို ဂရုမစိုက်တော့ကြောင်း ပြသလိုက်၏။
သို့သော်လည်း သူ့မျက်လုံးက မကြာခဏဆိုသလို ဆူဇီမိုပွေ့ပိုက်ထားသော သားရဲဥပေါ်သို့ တဝဲလည်လည် ရောက်ရှိလာတတ်၏။
"ငမျောက်.. ငါ မင်းကို မေးစရာတစ်ခု ရှိတယ်"
ခဏနေသော် ဆူဇီမိုက ရုတ်တရတ် ပြောလိုက်၏။
"ငါက သိပ်မကြာခင် ဂိုဏ်းကို ပြန်တော့မှာ.. မင်း ငါနဲ့ လိုက်ခဲ့ချင်လား"
စိတ်ဝိညာဉ်မျောက်က သေလုနီးပါး အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်ကို သူမြင်သောအခါ ဆူဇီမိုသည် နည်းနည်းတော့ လန့်သွား၏။
စိတ်ဝိညာဉ်မျောက်က ရိုင်းပျပြီး ကျင့်ကြံရေးလောကနှင့် မသင့်လျော်သော်လည်း ၎င်းက သူ့အနားမှာရှိနေလျှင် အနည်းဆုံးတော့ ဆူဇီမိုသည် ၎င်းကိုစောင့်ရှောက်ပေးလို့ ရလေသည်။
"အူး.. အူး!"
စိတ်ဝိညာဉ်မျောက်က အော်ဟစ်လိုက်၏။
ဆူဇီမိုက ဟက်ကနဲ ရယ်လိုက်၏။
"ငါသိပါတယ် မင်းက ဒီတောင်တန်းရဲ့ဘုရင် ဖြစ်ချင်နေတာမလား.. ဒါပေမယ့်လို့ကွာ ဒီကန်းလန်ရိုးမလေးမှာတင် ဘုရင်ဖြစ်တော့ရော ဘာအဓိပ္ပါယ်ရှိလို့လဲ.. တခြားရိုးမတွေမှာပါ ဘုရင်လုပ်ဖို့ မင်းစွန့်စားသင့်တယ် မဟုတ်ဘူးလား"
"အိုး"
စိတ်ဝိညာဉ်မျောက်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဆူဇီမိုပိုက်ထားသော သားရဲဥကို ညွှန်ပြကာ အနည်းငယ် အော်ဟစ်လိုက်၏။
ဆူဇီမိုက မနေနိုင်ဘဲ ရယ်မိလိုက်၏။
"ဟုတ်ပါပြီ.. မင်းငါ့နောက် လိုက်မယ်ဆိုရင်၊ ဒီသားရဲဥကို ငါမင်းကို ဖောက်ခိုင်းမယ်"
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ့ဘာသာ စိတ်ထဲကနေ ပြောလိုက်၏။
'ငါမင်းကို အကောင်ပဲဖောက်ခိုင်းမှာနော်.. ပေးတော့မပေးနိုင်ဘူး... နောက်ပြီး အဲ့ကောင်လေးက ငါ့ကိုယ်ထဲကသွေးတွေ အများကြီး စုပ်ယူထားတာ.. ငါ အဲ့ဒါကို တခြားတစ်ယောက်လက်ထဲ ထည့်ပေးလိုက်စရာ ဘာအကြောင်းမှ မရှိဘူး'