← Chapters

ရက်ရောစွာထောက်ပံ့ပေးမည်....

Vol. 24 Ch. 323

ရက်ရောစွာထောက်ပံ့ပေးမည်....

Vol. 24 Ch. 323

အဆင့်ရှစ်လျှို့ဝှက်ရေအရင်းမြစ်......

လီလော့၏ကြေငြာချက်ကြောင့် တခြားသောနာမည်ကြီးစံအိမ်မှ ပညာရှင်များပင်လျှင် ပင့်သက်ရှိုက်မိကုန်ကြသည်။

ပဲ့တင်ထပ်သံပြုပြင်သူခန်းမမှ ကျောင်းသားများသည် ဤကြေငြာချက်၏ သက်ရောက်မှုများကို အပြည့်အဝနားမလည်နိုင်သော်လည်း ပညာရှင်များ၏ ထူးထူးဆန်းဆန်းတုံ့ပြန်မှုများကြောင့် ပို၍ အံ့သြနေကြရှာသည်။

"ဘုရားရေ!"

ယန်လင်းချီသည်လည်း အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေရှာသည်။

လီလော့ ကြယ်လေးပွင့်ဖော်မြူလာကို ထုတ်ပြစဉ်က  အလွန်ဝမ်းသာမိသော်လည်း အဆင့်ရှစ် လျှို့ဝှက်ရေအရင်းအမြစ်လည်း ရှိနေမည်ဟု ယောင်လို့ပင်မစဉ်းစားမိခဲ့ပေ။

သူမ လေထဲမှာ လွင့်မျောနေသလို ခံစားရသည်။

"ချိူင်ဝေ ငါ့ကို မြန်မြန်ရိုက်လိုက်စမ်းပါ..အိမ်မက်မက်နေတာများလား....."

ယန်လင်းချီက ချိုင်ဝေ့ရှေ့ကို မျက်နှာထိုးပေးလိုက်သည့်အခါ ချိုင်ဝေက သူမ ပါးပြင်ကို ချစ်စနိုးဖြင့်ဖျစ်ညှစ်လိုက်လေသည်။

"အိုးးးး!!"

ယန်လင်းချီ၏ မျက်လုံးများသည် နာကျင်မှုကြောင့် စိုစွတ်နေပြီး ချိုင်ဝေကို စိုက်ကြည့်နေသည်။

ချိုင်ဝေက တခစ်ခစ်ရယ်နေ၏။

အမှန်အတိုင်းပြောရလျှင် သူမသည်လည်း ထူးဆန်းသော စိတ်အခြေနေတွင် ရှိနေသည်။စိတ်ထဲမှာ ရွှေမိုးငွေမိုးတွေရွာနေသလို ခံစားရပြီး သူမကိုယ်တိုင် အိပ်မက်ထဲမှာ ရှိနေသလားလို့ တွေးမိသည်။

"ချင်းအာ နင်လည်း ဒီအကြောင်းကို သိပြီးသားမဟုတ်လား...."

ချိုင်ဝေက တချိန်လုံး ငြိမ်ချက်သားကောင်းနေသည့် ကျန်းချင်းအာကို လှမ်းမေးလိုက်သည်။

" ငါတို့ဒီလောက်စိတ်ပူနေတာကိုမြင်ရဲ့သားနဲ့ ငြိမ်နေတယ်ပေါ့....."

ယန်လင်းချီ ပေါက်ကွဲလေပြီ....

"သူ့မှာ ကြယ်လေးပွင့်ဖော်မြူလာရှိတာတော့ ငါသိတယ်.....လျှို့ဝှက်ရေအရင်းအမြစ်အကြောင်းတော့ငါမသိဘူး...."

ကျန်းချင်းအာကလည်း မသိကြောင်းသေချာရှင်းပြလိုက်သည်။

" ငါစိတ်မပူဘူးဆိုတာကလည်း လီလော့က မဆသ်မခြင်လုပ်တတ်တဲ့သူမျိုးမှမဟုတ်တာ...သေချာပြင်ဆင်ထားတာမရှိဘဲ တဇွတ်ထိုးလုပ်မှာမဟုတ်မှန်းသိနေလို့လေ....."

တန်ယွမ်ကလည်း.....

" သခင်လေးက တကယ့်ပါရမီရှင်ပဲ....ဒီလိုကြယ်လေးပွင့်ဖော်မြူလာနဲ့ အဆင့်ရှစ် လျှို့ဝှက်ရေအရင်းအမြစ်သာရှိရင် ရှီးယန်စံအိမ်က အရင်ကထက်ပိုအောင်မြင်လာတော့မှာ......"

ရှီးယန်စံအိမ်မှ အခြားသော ပညာရှင်များကလည်း တန်ယွမ်နည်းတူ ပျော်ရွှင်နေကြသည်။အဆင့်ရှစ် ရေအရင်းမြစ်နှင့်သာ လေ့ကျင့်ရမည်ဆို ကျွမ်းကျင်မှုများပိုမို တိုးတက်လာတော့မည်သာ.....

ဤအခိုက်အတန့်တွင် ရှီးယန်စံအိမ်တွင် ကျန်ရှိခဲ့ဖို့  ရွေးချယ်ခဲ့သည်ကို အထူးကျေးဇူးတင်မိနေကြသည်။

ယန်လင်းချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး.......

"အင်း...လီလော့က ကတိတည်သားပဲ...ငါတို့သူ့ဆီက သင်ယူသင့်တယ်....ဟဲ့...ဒါနဲ့နေပါဉီး....လိပ်ပြာပျိုဝိဉာဉ်ရည်က မျန်မျန်နာမည်နဲ့တူနေသလိုပဲနော်......"

ထိုအခါ ပိုင်မျန်မျန်က ရှက်ပြုံးလေးပြုံးလိုက်ပြီး.....

"ဟုတ်တယ်...အဲ့ဖော်မြူလာက ကျွန်မ ရှာဖွေထားတာမို့ ခေါင်းဆောင်က ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မနာမည်ပေးထားတာ....."

"လီလော့....မင်းက လူယုတ်မာ...."

"အယ်?...."

လုချင်းအာ၏  စိတ်ဝင်စားမှု ဦးတည်ရာပြောင်းသွားခဲ့ပြီဖြစ်သည်။

"ယုလန် စကားပြောဆင်ခြင်နော်...ဒီလိုမှမဟုတ်ရင် မမနဲ့တိုင်လိုက်မယ်...."

ပိုင်မျန်မျန်၏ ချိန်းခြောက်မှုကြောင့် ယုလန် ဆို့နင့်သွားရှာသည်။

" အေးပါ....လူအသေအပျောက်ဖြစ်မှာစိုးလို့ ငါပဲစိတ်ထိန်းလိုက်ပါ့မယ်....."

လုချင်းအာက နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ပြီးတစုံတခုကိုအလေးအနက်စဉ်းစားနေ၏။

//ဒီကလေးမလေးက ချိုမြိန်ပြီး အန္တရာယ်ကင်းတဲ့ပုံပေါက်ပေမယ့် သတိထားရမယ့်စာရင်းထဲထည့်ထားရမယ်.....//

"အဆင့်ရှစ်တန်း လျှို့ဝှက် ရေအရင်းအမြစ်..."

ဤသည်မှာ ဒူဇီမောင်နှမကို အပြတ်အသတ်ရိုက်ချလိုက်သလိုပင်......

" သူ ဒါကို ဘယ်ကရတာလဲ....."

ဒူဇီပိုင်ရွှမ်းမေးခွန်းကို ဒူဇီဟုန်လျန်မဖြေနိုင်သေးပေ။

ဒီကောင့်မှာ လိုတရလွယ်အိတ်ရှိနေတာလား....စိမ့်အိုင်စံအိမ်က နှစ်ပေါင်းများစွာ ငွေကုန်လူပင်ပန်းခံကြိုးစားခဲ့ပေမယ့် ကြယ်လေးပွင့်ဖော်မြူလာ ဆိုလို့ လက်တစ်ဖက်ပြည့်အောင်တောင်မရှိသေးဘူး....ဒါပေမယ့် ရှီးယန်စံအိမ်က ၆ လအတွင်းရအောင်ဖန်တီးလိုက်ပြီ....လျှို့ဝှက်ရေအရင်းအမြစ်က ပိုတောင်ဆိုးသေးတယ်....အဆင့်ခုနှစ် နဲ့တင်အတော်ချိန်းခြောက်နိုင်နေပြီကို အခုတော့အဆင့်ရှစ်အထိအဆင့်မြှင့်လိုက်ပြီတဲ့.... နေ့တိုင်း တစ်နေ့တစ်မျိုးအဆင့်မြှင့်နေရအောင် သူ့ကိုယ်သူ စျေးထဲမှာ သကြားလုံးရောင်းနေတယ်များထင်နေသလား......

ထိပ်တန်းစံအိမ်ကြီး ဆယ်ခုတွင် ကောင်းကင်နန်းတော်စံအိမ်တစ်ခုတွင်သာ အဆင့်ရှစ် လျှို့ဝှက်ရေအရင်းအမြစ်ရှိသည်။

ဤသည်ကိုတွက်ကြည့်ချင်းအားဖြင့် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းမြစ်မည်မျှရှားပါးကြောင်းမှန်းဆကြည့်နိုင်သည်။

သို့သော်လည်း လီလော့ကတော့ ၆လအတွင်းရအောင်ဖန်တီးနိုင်ခဲ့သည်။

"သူ 66% ကိုရောက်ရှိနိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး...."

ဒူဇီဟုန်လျန် သက်ပြင်းချလိုက်သည်။ အခုဆိုအားလုံးရှင်းလင်းသွားပြီ ကြယ်လေးပွင့်ဖော်မြူလာနှင့် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်အကူအညီဖြင့် လီလော သည် ၎င်းတို့၏ဖန်တီးမှုစွမ်းရည်များကြား ကွာဟချက်ကို ကျော်လွှားနိုင်ခဲ့သည်။

"ဒီတစ်ခါတော့ စိမ့်အိုင်စံအိမ် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားပြီ......"

ဒူဇီပိုင်ရွှမ်း သည် စိတ်ပျက်လက်ပျက်ဖြင့် ကုလားထိုင်ကို ရိုက်ချလိုက်သည်။

လော့လန်အိမ်တော်ကို ဖြိုချဖို့အတွက် ရှီးယန်ကိုပစ်မှတ်ထားခဲ့သည့်အတွက် ဟန်ဇီကိုခေါ်ယူနိူင်ဖို့ အတော်အကုန်အကျခံထားခဲ့ရသည်။အခုလို အပြတ်အသတ်ရိုက်ချနိုင်ပြီထင်တော့မှ လီလော့က ကစားပွဲကိုပြောင်းပြန်လှန်လိုက်ပြန်ပြီ......

ဒီလူယုတ်မာကို နတ်ဘုရားများတွေဝင်ပူးနေတာများလား........

"ကဲ ဘယ်လိုလဲ....."

မင်းသမီးက အံ့အားသင့်နေသော ကွေရှုကို ပြုံးစစဖြင့် မေးခွန်းထုတ်လိုက်သည်။

" ဟူးးး....ဘာပြောရမှန်းတောင်မသိတော့ပါဘူး.....သူ့မှာ ကြယ်လေးဖော်မြူလာနဲ့ အဆင့်ရှစ်ရေအရင်းမြစ်ရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ......ကျုပ်တို့ ကောင်းကင်နန်းတော်စံအိမ်ကတောင် အဆင့်ရှစ်ရေအရင်းမြစ်ရဖို့ မိုးလောက်မြင့်တဲ့စျေးနှုန်းပေးခဲ့ရတာ မင်းသမီးအသိဆုံးပါ......"

" ဟုတ်တယ်...ကျွန်မအထင် ဒါ လီလော့ကိုယ်တိုင်ဖန်တီးထားတာမဖြစ်နိုင်ဘူး....သူ့မိဘတွေချန်ထားခဲ့တာပဲဖြစ်ရမယ်....."

လျှို့ဝှက်ဆန်းကြယ်သော အိမ်တော်အရှင်သခင်နှစ်ပါးက ... အမွေဆက်ခံသူထံ ရတနာများစွာ ထားခဲ့သည်မှာ ဖြစ်နိုင်သည်။

"ဘာပဲဖြစ်ဖြစ်၊ ရှီးယန်က သိပ်မကြာခင် အင်အားကြီးမားလာတော့မယ်.. အဲ့ဒါတွေက ကျုပ်တို့အတွက် ခြိမ်းခြောက်မှုတွေတောင် ဖြစ်လာနိုင်တယ်....တစ်ခုခုစီစဉ်ထားလိုက်ရတော့မလား.....အခုလက်ရှိ လော့လန်အိမ်တော်က အန္တာရာယ်ပတ်လည်ဝိုင်းနေတော့ အလွယ်တကူ ရိုက်ချလို့ရတယ်....."

ကောင်းကင်နန်းတော်စံအိမ်ကို တော်ဝင်နန်းတော်မှ ကျောထောက်နောက်ခံပြုထားသည့်အတွက် အကယ်၍ မင်းသမီးဘက်ကသာ ခေါင်းညိတ်လိုက်လျှင် ရှီးယန်ကို အလွယ်တကူ ချေမှုန်းနိုင်မည်ဖြစ်သည်။

"ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်..ကိုယ့်သဘောနဲ့ကိုယ်ဘာမှ မလုပ်ပါနဲ့....."

ကွေရှုက အလျင်စလို ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မ​ပြောတော့ပေ။

မင်းသမီးသည် ကျန်းချင်းအာ၏ အံ့မခန်း အလားအလာကြောင့် သူမနှင့် မိတ်ဖွဲ့ရန် ကြိုးစားနေသောကြောင့် လော့လန်အိမ်တော်နှင့် ကောင်းမွန်စွာ ဆက်ဆံနေမည်မှာ သေချာပါသည်။ ထို့ပြင် ဧကရာဇ်မင်းမြတ်၏ ရောဂါကို လီလော့က ကုသပေးနေရသည်။ထို့​ကြောင့် မိတ်ပျက်ခံ၍ မဖြစ်ချေသေးပေ။

အထူးသဖြင့် နောင်လာမည့်တစ်နှစ်ခွဲကာလအတွက်လည်းကြိုတင်ပြင်ဆင်ရဉီးမည်။

နောင်လာမည့် တစ်နှစ်ခွဲတွင် ကိုယ်စားအုပ်ချုပ်သူဉီးရီးတော်က အရှင်မင်းမြတ်ထံ တော်ဝင်အာဏာပြန်လည်အပ်နှင်းရတော့မည်ဖြစ်သည်။သို့သော် ဉီးရီးတော်ဘက်က ဘယ်လို သဘောထားသည်ကိုမည်သူမျှမသိနိုင်သေးပေ။

............

အဆင့်ရှစ် လျှို့ဝှက်ရေအရင်းအမြစ်သည် လူတိုင်းကို အံ့သြတုန်လှုပ်စေနိုင်သော ဝှက်ဖဲတစ်ခုဖြစ်သည်။

ဟန်ဇီ၏စိတ်ကိုလည်း တုန်လှုပ်စေခဲ့သည်။

ဟန်ဇီက လီလော့ရဲ့လက်ထဲက လျှို့ဝှက်ရေအရင်းအမြစ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေပြီး ဤမျှ အံ့သြဖွယ်ကောင်းသောအရာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"အဲ့ဒါက အိမ်တော်သခင်နှစ်ပါးဆီကလား....ဘာလို့လဲ၊ စောစောကသာ ထုတ်ပြခဲ့မယ်ဆို ရှီးယန်စံအိမ်ကို ရှပြည်ထောင်စုရဲ့အကောင်းဆုံးစံအိမ်ဖြစ်အောင် ကြိုးစားပေးခဲ့မှာပေါ့......ဒီလိုသာဆို ငါဘာလို့သစ္စာဖောက်ခဲ့မှာလဲ....."

သူသည် အနာဂတ်မရှိသောကြောင့် ရှီးယန်ကို စွန့်ခွာခဲ့သည်။

လီလော့သာ အဆင့်ရှစ်တျှို့ဝှက်ရေအရင်းအမြစ်ကို ထုတ်လာမယ်ဆိုတာ သူသာသိခဲ့ရင်........စိမ့်အိုင်စံအိမ်မှာတောင် ဒီလိုမျိုး အရင်းအမြစ် မရှိခဲ့ပါဘူး........

နောင်တတရားတွေ ဟန်ဇီကို အပြင်းအထန်ရိုက်ခတ်နေလေပြီ။

လီလော့သည် သစ္စာဖောက်ကို လျစ်လျူရှုထားလိုက်ပြီး ပရိတ်သတ်ဘက်သို့လှည့်ကာ.....

"လေးစားအပ်ပါသော စီနီယာ ညီအစ်ကို မောင်နှမများခင်ဗျ..... ကျွန်တော်တို့ရှီးယန်စံအိမ်က ဒိီပွဲမှာအပျော်သဘောနဲ့ပါဝင်ခဲ့တာမဟုတ်ပါဘူး.....ရှီးယန်ရဲ့ဉက္ကဌတစ်ယောက်အနေနဲ့ စီနီယာတို့ကို တရားဝင်ဖိတ်ခေါ်ပြရစေ......ရှီးယန်မှာ စီနီယာတို့ မက်မောလောက်တဲ့ သမိုင်းကြောင်းတွေမရှိပေမယ့် အားသာချက်လေးတစ်ခုတော့ရှိနေပါတယ်....."

"ဥပမာအားဖြင့်..."

သူသည် လျှို့ဝှက်ရေအရင်းအမြစ်ကို အများမြင်သာအောင် ပြသလိုက်ပြီး......

" ဒါမျိုးတွေကို ရက်ရက်ရောရော ထောက်ပံ့ပေးနိုင်ပါတယ်........"

***

All Chapters