← Chapters

ကံကောင်းသောရှီးယန်စံအိမ်.....

Vol. 24 Ch. 324

ကံကောင်းသောရှီးယန်စံအိမ်.....

Vol. 24 Ch. 324

လီလော့၏ အရည်ရွှမ်းသော မက်လုံးသည် ပဲ့တင်ထပ်သံပြုပြင်သူခန်းမ၏ ဘွဲ့ရကျောင်းသားများကိုကောင်းကောင်းကြီးဆွဲဆောင်လိုက်လေပြီ။

ရှီးယန်သည် ၎င်း၏ ပြိုင်ဘက်များထက် မိားစွာ အားနည်းခဲ့သော်လည်း ကြယ်လေးပွင့်ဖော်မြူလာနှင့် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်တို့ကြောင့် ၎င်းတို့ မြင့်တက်လာဖို့ အချိန်တစ်ခုလိုအပ်ပေလိမ့်မည်။

လီလော့ပြောခဲ့သည့်အတိုင်းဆို ရှီးယန်တွင် ပညာရှင်လုံလုံလောက်လောက်မရှိသည့်အတွက် အဆင့်ရှစ်ရေအရင်းမြစ်ကို ပေါပေါများများရရှိနိုင်လိမ့်မည်။ဤသည်မှာ ကြီးမားလှသောအားသာချက်ဖြစ်သည်။

ပညာရှင်များ အကောင်းဆုံးသောစံအိမ်ကြီးများဆီသွားချင်ရခြင်းအကြောင်းအရင်းမှာ သန့်စင် အဆင့်မြင့်သော ရေအရင်းအမြစ်များသုံး၍ မိမိတို့ အဆင့်မြင့်တက်အောင်ကြိုးစားချင်ကြသောကြောင့်ပင်......

သို့သော်လည်း စံအိမ်ကြီးများတွင် စီနီယာများရှိကြသည့်အတွက် ပြိုင်ဆိုင်မှုများပြင်းထန်ကြလိမ့်မည်ဖြစ်ပြီး စရောက်ကာစ လက်သစ်များအတွက် အရင်းမြစ်များစွာထောက်ပံ့ပေးကြမည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိတွင် ရှီးယန်ကသာအရွေးချယ်သင့်ဆုံးဖြစ်နေသည်။

လီဘိုင် ပင့်သက်ရှိုက်နေမိသည်။

သူတကယ်လုပ်နိုင်ခဲ့တာပဲ.....

လီလော့ ယှဉ်ပြိုင်မည်ဟု ကြားသိရတုန်းက သူမ အလွန်အမင်း စိတ်ပျက်သွားခဲ့မိသည်။ ယခုမူကား ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေလေပြီ။

ပင်းထောင်က မပြောမဆိုနှင့် လီဘိုင်ကို ဖက်ထားလိုက်ပြီး စိတ်လှုပ်ရှားစွာအော်ဟစ်နေသည်။

"နင်...ဘာဖြစ်နေတာလဲ?"

"အိုး...အးဘိုင် နင်က ဉာဏ်ကြီးရှင်ပဲ...ရှီးယန်က တကယ်သန်မာတယ်မဟုတ်လား.....လီလော့ကိုယ်တိုင်နင့်ကိုဖိတ်ခဲ့တယ်မလား....."

သူမအသံက ကျယ်လောင်လွန်းသဖြင့် အခြားသူများ လှည့်ကြည့်လိုက်သည်။

လီဘိုင် အနည်းငယ်ရှက်သွားသော်လည်းဟန်မပျက်ထိန်းလိုက်ပြီး......

"ဟုတ်တော့ဟုတ်တယ်....ဂျုနီယာလီလော့က ငါ့ကို သီးသန့်လာရှာခဲ့တယ်..... "

သူမ လုံးလုံး လိမ်ညာနေခဲ့သည် ။ လီလော့ သည် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်ကို ယူဆောင်လာမည်ဟု သူမကို အမှန်ပင်ပြောခဲ့သော်လည်း သူမ မယုံကြည်ခဲ့ပေ။

"အားဘိုင် နင် ရှီးယန်စံအိမ်နဲ့ပူးပေါင်းမှာလား........"

လီဘိုင် တုံ့ဆိုင်းသွားသည်။ လီလော့ဘက်က လက်မခံခဲ့ပေမဲ့လည်း သူမ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့မိသည်။

ဒီပြိုင်ပွဲမစခင်မှာ သူမဆန္ဒအတိုင်းအခြေအနေတွေကို ပြောင်းလဲနိုင်ခဲ့ပေမယ့် အခုဆို ဘွဲ့ရပညာရှင်တိုင်းက ရှီးယန်နှင့်ပူးပေါင်းဖို့ စိတ်အားထက်သန်နေကြပြီ။

ထို့ကြောင့် သူမ ပူးပေါင်းများဆိုတာထက် ရှီးယန်ဘက်က သူမကိုလက်ခံပါ့မလားဟုမေးလျှင်ပိုမှန်လိမ့်မည်။

လီလော့သည် ဖော်ရွေသူတစ်ယောက်ဖြစ်သော်လည်း သူမဘက်က ခါးခါးသီးသီးငြင်းခဲ့သည့်အတွက် ပူးပေါင်းချင်ပါသည်ဟုပြောရမည်ကို မျက်နှာပူနေမိသည်မှာတော့အမှန်ပင်.......

"ဟီးဟီး ဒါဆို ငါတို့လည်းပူးပေါင်း

ဖို့ စိတ်ဝင်စားကြောင်း ဂျူနီယာလီလော့ကိုပြောပေးပါ...."

ပင်းထောင် ထိုသို့ပြောလိုက်သောအခါသူငယ်ချင်းအချို့ကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး

"အိုး ဟုတ်တယ် ဟုတ်တယ်....ငါတို့လည်း ပူးပေါင်းချင်တယ်......"

" ငါတောင် ပူးပေါင်းဖို့ အတည်မပြုရသေးတာကိုနင်တို့အတွက် ဘယ်လိုပြောပေးရမှာလဲ......နင်တို့မှာ တခြားရွေးချယ်စရာတွေရှိနေတာပဲမဟုတ်လား......"

" ဟဲ့...အခုချိန်မှာ ရှီးယန်လောက်ကောင်းတဲ့စံအိမ် ဘယ်စံအိမ်ရှိလို့လဲ......ကောင်းကင်နန်းတော်စံအိမ်ကျတော့လည်း ငါတို့လက်လှမ်းမမှီနိူင်ဘူးလေ......အကယ်၍ ငါတို့အဲ့ကိုရောက်သွားရင်တောင် အသေအလဲကြိုးစားရမှာ....ငါကြားထားရသလောက်ဆို ရှီးယန်မှာ အဆင့်လေးပညာရှင်ပဲရှိတာတဲ့...ငါတို့သာ ရှီးယန်ကိုရောက်သွားရင် ဆရာအဖြစ်နေနိုင်မှာ........"

"ငါတို့အားလုံး ကောင်းကင်နန်းတော်ကိုရွေးချယ်ချင်ခဲ့တဲ့ တစ်ခုတည်းသောအကြောင်းပြချက်က သူတို့ရဲ့ အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်အတွက်ပဲလေ....အခု ရှီးယန်မှာလည်း တစ်ခုရှိတယ်ဆိုရင် ရှီးယန်ကိုသွားတာက ပိုကောင်းတာပေါ့......"

ပင်းထောင်၏ တွက်ချက်မှုကိုအခြားသူများကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ် သဘောတူကြသည်။

လီဘိုင် ရှုံ့မဲ့နေသည်။

အစကတော့ မသွားသင့်ဘူးလို့ သူတို့ပဲတားနေကြတာမဟုတ်လား....အခုကြတော့ သူတို့ပါလိုက်မယ်တဲ့...အပြောင်းအလဲမြန်ချက်ပဲ.....

"ဟူးးး ငါပြောပေးပါ့မယ်....ရတာမရတာတော့ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲနော်....."

သူတို့အားလုံး ဝမ်းသာအားရ ခေါင်းညိတ်လိုက်ကြသည်။ လီဘိုင်သည် ယခင်က လူချင်းစကားပြောရန် ဖိတ်ကြားထားသော်လည်း လီလော့ကို ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မှ မသိခဲ့ကြပေ။ သူမ၏အကူအညီသည် ဒီအတိုင်းအစိမ်းသက်သက်တောင်းဆိုခြင်းနှင့် ယှဉ်လျှင် ပိုကောင်းသည့်နည်းလမ်းဖြစ်မည်မှာ သေချာပါသည်။

" ကမ္ဘာကြီးကထူးဆန်းလိုက်တာ...."

ရှီးယန်လို မထင်မရှားစံအိမ်တစ်ခုက နေ့ချင်းညချင်း အောင်မြင်လာသည့်အတွက် လီဘိုင် အတော်တရားပေါက်နေလေပြီ။

ငွေရောင်ဆံပင်၊ နုပျိုအေးမြပြီး

ယုံကြည်မှု ရှိသော အပြုံးနှင့် ရုပ်ရည် ချောမောသည့်ကောင်လေးကို သူမ နောက်တခေါက် ပြန်ကြည့်မိသည်။ ထို့နောက် သူမသည် မိန်ရှုအာကို လှည့် ကြည့်လိုက်ပြန်သည်။

မရှုနိူင်မကယ်နိုင်ဖြစ်နေသော မိန်ရှုအာသည် အသက်မဲ့နေသူတစ်ဉီးလို ငူငူကြီးထိုင်နေရှာသည်။

ပိုမြင့်လေလေ အကျနာလေလေပါပဲ......

သူမသာ မိန်ရှုအာ နေရာမှာဆိုရှက်လွန်းလို့တွင်းတစ်တွင်းရှာပြီး ပုန်းနေလောက်ပြီ။ မည်သို့ပင်ဆိုစေ သူတစ်ပါးကိုပုတ်ခတ်ပြောဆိုတတ်သည့် မိန်ရှုအာ၏ကျရှုံးခန်းကိုမြင်ရသည်မှာ အချိုပွဲကောင်းကောင်းစားနေရသလို ချိုမြိန်နေ၏။

.................................................

ကျောင်းသားများဘက်က လှိုက်လှိုက်လှဲလှဲ ပူးပေါင်းချင်နေသည့်အတွက် လီလော့ စိတ်သက်သာရာရနိုင်ပြီဖြစ်သည်။

အားလုံးအဆင်ပြေပါက ရှီးယန်သည် မကြာမီ လျှင်မြန်စွာ အောင်မြင်လာတော့မည်။

နှိုင်းယှဉ်ရန် အနည်းငယ် ရက်စက်သော်လည်း တန်ယွမ် နှင့် အခြားသူများသည် ဘွဲ့ရကျောင်းသားများထက် အရည်အချင်းအနည်းငယ်နိမ့်ပါးနေသည်မဟုတ်လော......

ပညာရှင်များပြားလာသည်နှင့်အမျှ လျှို့ဝှက်ရေအရင်းအမြစ်လိုအပ်ချက်သည် သိသိသာသာတိုးလာမည်သာ......

ထိုအတွေး​ကြောင့် လီလော့၏ အပြုံး အနည်းငယ် လျော့ပါးသွားရှာသည်။

လူငယ်တစ်ယောက်အတွက် ဒီလောက်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု......... ကောင်းလိုက်တာ.....ဖေဖေ၊ မေမေ၊ ဒီအရှုပ်အထွေးကို မဖြေရှင်းချင်တာကြောင့် ဒီသားလေးကိုတစ်ယောက်တည်းထားပြီးထွက်ပြေးသွားကြတာလား..........

လီလော့ အနားယူရင်း သက်ပြင်းချလိုက်မိသည်။

ယခုတော့ သူသည် သူ့ကိုယ်ပိုင်တိုးတက်မှုကို အာရုံစိုက်နိုင်နေပြီဖြစ်သည်။ ရေအရင်းမြစ်လုံလောက်အောင်ထောက်ပံ့ပေးနိုင်ရန် ကျင့်ကြံရေးကို အာရုံစိုက်မှဖြစ်တော့မည်။နို့မို့ဆို အရည်တစ်စက်မှမကျန်အောင် ညှစ်ထုတ်ပေးနေရလိမ့်မည်။

***

All Chapters