← Chapters

မောင်နှမတွေ.....

Vol. 24 Ch. 325

မောင်နှမတွေ.....

Vol. 24 Ch. 325

စတုတ္ထအကျော့နှင့် ပဉ္စမတန်းအကျော့

များသည် ၎င်းတို့၏အဆင့်ထက် ကျော်လွန်နေသောကြောင့် ရှီးယန်စံအိမ်သည် ဤပွဲတော်တွင် အခြားလုပ်စရာမယ်မယ်ရရမရှိတော့ပေ။

ကြယ်သုံးပွင့်ဝိဉာဉ်ရည်ဖော်စပ်ဖို့တောင် ရှိသမျှ ဝှက်ဖဲအကုန်ထုတ်သုံးခဲ့ရသည်မဟုတ်လော.......

လိပ်ပြာပျိုဝိဉာဉ်ရည်ဖြင့် ကြယ်သုံးပွင့်ဝိဉာဉ်ရည် စျေးကွက်ကို တော်တော်များများသိမ်းပိုက်နိုင်ပြီဖြစ်သာ့်အတွက် လုံလောက်ပြီဖြစ်သည်။

လီလော့သည် ရှီးယန်အတွက် သတ်မှတ်ပေးထားသောနေရာဆီသို့ရောက်သောအခါ သူရဲကောင်းတစ်ဦး၏ ကြိုဆိုမှုကို ရရှိခဲ့သည်။

ဖြစ်နိုင်မည်ဆိုလျှင် တန်ယွမ်တို့က စည်တော်ယွန်းပြီးကြိုဆိုချင်နေကြသည်။

"အစ်မချိုင်ဝေ.....  ဒီတွင်းနက်ကြီးရဲ့ ဝိညာဉ်အရည်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပေးချင်သေးလား...."

လီလော့က ရှက်ရွံ့စွာ မေးလိုက်သည်။

ချ်ိုင်ဝေက ဆွဲဆောင်မှုအပြည့်နဲ့ခေါက်ယပ်တောင်လေးကိုခပ်လိုက်ပြီး......

"သခင်လေးကတကယ် အံ့ဩစရာပဲအခုအချိန်ကစပြီး ရှီးယန်က  ဒီထက်ပိုပြီး လျှို့ဝှက်ရေအရင်းအမြစ်ကို လိုအပ်မှာ သေချာတယ်..... ဒါကြောင့် စွမ်းအားပြည့်ထုတ်လုပ်နိူင်မှဖြစ်မယ်.....ရေအရင်းအမြစ်မရှိလို့ ရုန်းရင်းဆန်ခတ်ဖြစ်ရင် အဲဒါက ဘေးဥပဒ်ဖြစ်စေလိမ့်မယ်...."

သူမ၏ အကြည့်များထဲတွင် လှောင်ပြောင်လိုစိတ်အချို့စွန်းထင်းနေသည်။

လီလော့ ပြန်မဖြေခင်မှာ ယန်လင်းချီ က သူ့ကိုလှမ်းဆွဲလိုက်ပြီး......

" ငါတို့သေလောက်အောင်စိတ်ပူနေမှန်းသိရဲ့သားနဲ့ ဘာလို့ကြိုမပြောခဲ့တာလဲ....နင် ငါတို့ကိုမယုံဘူးလား......"

လီလော့က သူမ၏မျက်လုံးများကို တည့်တည့်ကြည့်လိုက်ပြီး......

"အစ်မလင်းချီ.....အစ်မရဲ့စကားတွေက ငါ့ကို နာကျင်စေတယ်.... အစ်မသာမရှိရင် ရှီးယန် က တံခါးတွေပိတ်ထားတာကြာပြီပေါ့....အစ်မကိုမယုံရင် ဘယ်သူ့ကိုယုံမှာလဲ......"

“လှတယ် စကားလုံးတွေသိပ်လှတယ်......”

သူမ အနည်းငယ် တုန်လှုပ်သွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။

"မင်းရဲ့ ဖြားယောင်းသွေးဆောင်မှုစွမ်းရည်က တစ်နေ့ထက်တစ်နေ့ တိုးလာတယ် အခုဆို လင်းချီဘက်ကိုပါမျှားဉီးလှည့်လာပြီ......"

ချိုင်ဝေ၏ အတို့အထောင်လုပ်မှုကြောင့် ယန်လင်းချီ တုန်လှုပ်သွားပြီး လီလော့၏ ရင်ဘတ်ကို လက်သီးသေးသေးလေးဖြင့် ထုရိုက်လိုက်သည်။

"ဒီတစ်ခါတော့ နင့်ကို ခွင့်လွှတ်လိုက်မယ်...... ဒါပေမယ့် ငါ့ကို နောက်တစ်ခါ ဖုံးကွယ်ထားရင် နောင်တရနေမှာ သေချာတယ်......"

လီလော့က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

"အစ်မပြောသလိုပဲ ဖြစ်လိမ့်မယ်......ဒါပေမယ့် အခု ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေကို စာရင်းပေးလို့ရမလား.....အစ်မက ပဲ့တင်ထပ်သံပြုပြင်သူခန်းမကပဲဆိုတော့ အရည်အချင်းရော စရိုက်ရော ဘယ်သူက အံဝင်ခွင်ကျဖြစ်မလဲဆိုတာ သေချာသိမှာပါ......."

“ဟွန့်....ခိုင်းစရာရှိရင် သိပ်သတိရတတ်တာပဲနော်......."

"ဟေးးး...ဒါ ပျော်စရာကောင်းတဲ့အလုပ်မို့ အစ်မကိုလုပ်ခိုင်းတာနော်....အစ်မကို ပျက်ရယ်ပြုခဲ့တဲ့သူတွေကိုပျော်ပျော်ကြီးလက်စားချေလိုက်စမ်းပါ......မိန်ရှုအာကို ဘယ်လို ကန်ထုတ်ရမလဲသေချာစဉ်းစားထားဖို့မမေ့နဲ့........"

"မင်းရဲ့ ခြေထောက်က အဲဒီ Mei Xuan'er ကို ကောင်းကောင်း ကန်သွင်းဖို့ ယားနေလိမ့်မယ်။ အဲဒါ ဘယ်အချိန်က ပိုကောင်းလဲ"

တစ်စုံတစ်ခုကိုတွေးမိလိုက်သည့်အတွက် ယန်လင်းချီ၏မျက်ဝန်းများ တောက်ပလာသည်။

"ကောင်းပြီ၊ ချင်းအာကြောင့် ဒီတစ်ခါတော့ငါလုပ်ပေးလိုက်မယ်....."

လီလော့က ပြုံးပြီး လက်မထောင်ပြသည်။ ကောင်မလေး၏ ဒေါသအတုအယောင်သည် အလွန်ချစ်စရာကောင်းသည်။

ထို့နောက် လီလော့က ကျန်းချင်းအာဘက် လှည့်လိုက်ပြီး.....

"အင်း.... ငါ့ရဲ့ စွမ်းဆောင်မှုကို မင်းဘယ်လိုထင်လဲ......."

"ပြီးပြည့်စုံတယ်... ငါတောင် ဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး......ငါ နင့်ကိုအရင်ပြောခဲ့သလိုပဲပေါ့..... နင်က ငါအပါအဝင်တခြားသူတွေထက် ပိုတော်တယ်....ဒါ့ကြောင့်မို့လဲ လော့လန်အိမ်တော်ကို ၆လအတွင်း အောင်မြင်စေခဲ့တယ်လေ........ဒါတွေအားလုံးက ငါ့ရဲ့ အရိုးသားဆုံး စကားလုံးတွေပါ....အခု နေလို့ကောင်းသွားပြီလား"

" ဟီးးး ကောင်းသွားပြီ......."

ဝိုးးး ဂုဏ်ယူဝင့်ကြွားနေတဲ့ ငန်းဝတုတ်ဆီကချီးကျူးစကားကြားရတာ ကောင်းလိုက်တာ......

တကယ်ဆို သူမကိုယ်တိုင်ကလည်း ထက်မြက်လွန်းလှသည်။ ပဲ့တင်ထပ်သံပြုပြင်ခြင်းပညာရပ်မှလွဲလျှင် လီလော့သည် အခြားကဏ္ဍအားလုံးတွင် သူမနောက်တွင်ရှိနေဆဲဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် နင်စိတ်ကျေနပ်တယ်မလား......"

" ဒီအတိုင်းဆက်ကြိုးစား.....နောက် ၆လလောက်အထိ လော့လန်အိမ်တော်ကို အန္တာရယ်ကင်းစေနိုင်ရင်ရလာမယ့် ရလဒ်တွေနဲ့ယှဉ်ရင်ငါ့ရဲ့ချီးကျူးစကားတွေက သိပ်ကိုသေးငယ်လွန်းပါတယ်......"

"အင်း.....ဒါဆို ဘာဆုပေးမှာလဲ....." လီလော့က မေးသည်။

ကျန်းချင်းအာက အမြန်စဉ်းစားလိုက်ပြီး သူမ အသံကို လျှော့လိုက်သည်။

"ငါတို့ ချက်ချင်းလက်ထပ်လို့ရတယ်......"

လီလော့၏ခေါင်းသည် စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲလုနီးပါးဖြစ်သော်လည်း သူ့ကိုယ်သူ အမြန်ထိန်းလိုက်ပြီး......

"မဟုတ်ဘူး......"

"အဘယ်ကြောင့်လဲ......?"

" ငါအရင်ကပြောခဲ့သလိုပဲ ငါတို့ စေ့စပ်ပွဲကို အရင်ဖျက်ရမယ်။ ပြီးမှ နောက်ထပ်စေ့စပ်စာချုပ်အသစ်ထပ်လုပ်မယ်......."

တခြားသူအတွက်ကတော့ ဒုံရင်းကဒုံရင်းပဲဟုထင်နိုင်သော်လည်း ကွာခြားချက်ကို လီလော့နှင့် ကျန်းချင်းအာတို့သာ သိရှိနားလည်ကြသည်။

"တကယ်လား.....ငါ့နှလုံးသားထဲမှာ နင်က အမြဲတမ်း အရေးကြီးဆုံးလူပဲ....လီလော့.....နင့်ကိုကာကွယ်ဖို့အတွက်ဆို သေဆိုလည်းသေဝံ့တယ်......"

"ငါရောပဲ......"

နှစ်ဉီးသားအကြည့်ချင်းဆုံကြသည့်အခါ ကျန်းချင်းအာက အသည်းယားလာသည့်အတွက် ငယ်စဉ်ကလို လီလော့ရဲ့နားရွက်ကိုလှမ်းဆွဲလိုက်သည်။

ဤသည်မှာ ငယ်စဉ်ကလေးဘဝကတည်း ရန်ဖြစ်စကားများတိုင်း လုပ်နေကြအမူအကျင့်ဖြစ်သည့်အတွက် လီလော့ရှောင်တိမ်းမနေခဲ့ပေ။

ယခုမူကား အရင်လိုနာကျင်ချင်းမရှိဘဲ နွေးထွေးယုယစွာပွတ်သပ်ပေးနေသည့်အတွက် ပတ်ဝန်းကျင်မှ မနာလိုအားကျသည့်အော်ဟစ်သံများဆူညံကုန်လေသည်။

ထိုအချိန်တွင် လုချင်းအာက အံကြိတ်နေပြီး.....

"ဟွန့်.... ကောက်ကျစ်တဲ့စီနီယာ.....ရင်းနှီးမှုကိုအသုံးချပြီး လီလော့ကိုအခွင့်ကောင်းယူနေတယ်......"

ပိုင်မျန်မျန် သည် သူမ၏ တံတောင်ဆစ်များကို ဒူးပေါ်တင်ကာ မေးစေ့ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး

"သူတို့က တကယ်ချစ်စရာကောင်းတယ်။း..... ခေါင်းဆောင်နဲ့ စီနီယာကျန်းက ဘာတွေလဲဟင်......"

လုချင်းအာက သူမကို အေးစက်စွာ စိုက်ကြည့်နေပြီး.....

"ဘာတွေရမှာလဲ....မောင်နှမတွေပေါ့....ဟုတ်တယ်..မောင်နှမတွေ......"

***

All Chapters