← Chapters

အောင်ပွဲခံခြင်း......

Vol. 24 Ch. 326

အောင်ပွဲခံခြင်း......

Vol. 24 Ch. 326

ပညာရှင်ဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲဝင်တစ်ဦးအနေဖြင့် လီလော့သည် စတုတ္ထနှင့် ပဉ္စမတန်းပြိုင်ပွဲများကို ကြည့်ရှုခဲ့ပြီး စံနှုန်းကွာခြားမှုကြောင့် အတော်အံ့သြနေခဲ့ရသည်။ထို့ကြောင့်လည်း ရှီးယန်သည် မည်မျှအထိအဆင့်နိမ့်နေသေးကြောင်းကို သေချာသိခဲ့ရသည်။

သို့တိုင်၊ သူတို့သည် ကြီးမားသော အလားအလာကို ပြသခဲ့ပြီး အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်တစ်ခုနှင့်ပင် ခိုင်မာသော အခြေခံအုတ်မြစ်ကို ရရှိနေပြီဖြစ်သည်။

သိပ်မကြာခင်မှာပဲ ထိပ်ဆုံးကို ရောက်လိမ့်မယ်ဟု ယုံကြည်နေမိသည်။

ပညာရှင်တွေ့ဆုံပွဲ ပြီးဆုံးသောအခါတွင် စံအိမ်တိုင်း လူသစ်များစုဆောင်းနိုင်ခဲ့ကြသည်။ အကြီးမားဆုံးရိတ်သိမ်းနိုင်သူနှစ်ဦးမှာ ရှီးယန်စံအိမ်နှင့်ကောင်းကင်နန်းတော်စံအိမ်တို့ဖြစ်သည်။

ရှီးယန်သည် ယနေ့ပြိုင်ပွဲအတွက် ဖျက်မြင်းတစ်ကောင်ဖြစ်နေခဲ့သည်။

ယန်လင်းချီကို ကျောင်းသားများစွာ ဝန်းရံထားသည်ကို မြင်လိုက်ရတော့ နွေးထွေးသော ကျေနပ်မှုကို လီလော့ ခံစားလိုက်ရသည်။

ထို့နောက် သူနှင့်ကျန်းချင်းအာတို့ဆီ မင်းသမီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"မင်းတို့နှစ်ယောက်လုံးအတွက် ဂုဏ်ယူပါတယ်.......ဒီနေ့ပွဲမှာ ရှီးယန်ကြောင့်အတော်လှိုင်းထန်သွားတယ်နော်.... " လို့ မင်းသမီးက နွေဦးလေပြေလေးလို လန်းဆန်းတဲ့အပြုံးလေးနဲ့ ပြောလိုက်သည်။

"အခုလို ချီးကျုးပေးတဲ့အတွက် ကျေးဇူးပါ....မင်းသမီးတို့ရဲ့ကောင်းကင်နန်းတော်ကလည်း တကယ်ကိုသန်မာတာပါ...ကျွန်မတို့ကံကောင်းသွားလို့ပါ......"

"ဂျူနီယာ လီလော့..... နင့်ရဲ့ကျော်ကြားမှုကတော့ အံ့မခမ်းပဲ....."

မင်းသမီးက ရယ်မောလိုက်သည်။

"ဒါကတော့ အခြေနေအချိန်ခါအလိုက် လှုပ်ရှားလိုက်ရလို့ပါ.....မြို့စားနှစ်ယောက်ရဲ့ ဆက်ခံသူဖြစ်နေမှတော့ ဒီလောက်တော့ အစွမ်းပြရမှာပေါ့......."

"မြို့စားရဲ့ အမွေဆက်ခံသူ...... အရမ်းမိုက်တယ်" ဟု သူမက မှတ်ချက်ချသည်။ လီလော့သည် တစ်ခါတစ်ရံတွင် ရယ်စရာကောင်းသောစကားများလည်း ပြောတတ်သေးသည်။

"အရိပ်လှိုဏ်ဂူမှာ မင်းရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေအတွက် အထက်နန်းတော်က ဆုံးဖြတ်ပြီးပြီဆိုတာ ငါကြားတယ်......"

လီလော့ ရင်ထိတ်သွားသည်။ ကြည့်ရတာ မင်းသမီးမှာ ကျယ်ပြန့်တဲ့သတင်းကွန်ရက်ရှိတယ်နဲ့တူတယ်....ငါတောင် ဒီသတင်းမကြားသေးဘူး......

အဖြေကို သူတကယ် သိလိုသည် ။ ဤသည်မှာ အခြေခံအုတ်မြစ် ယိုင်နဲ့ခြင်းပြသာနာနှင့်သက်ဆိုင်နေသောကြောင့် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။

"အမှတ် 100,000 ဆုလာဘ် တကယ်ရောက်လာတော့မယ်....."

ထိုအခါမှသာ လီလော့စိတ်ထဲကနေ သက်ပြင်းတစ်ချက်ချလိုက်သည်။

"အချက်အလက်အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ် "

"မနက်ဖြန် ကြေငြာပေးမယ်ထင်တယ်....အဲ့ထက်တော့ နောက်ကျမှာမဟုတ်ဘူး.....

မင်းသမီးသည် ပြုံးတစ်ဝက်ဖြင့် ကျန်းချင်းအာဘက်သို့ လှည့်လိုက်ပြီး.....

"ချင်းအာ... မနက်ဖြန် လီလော့ကို ခဏခေါ်ထားချင်တယ်......"

"ဘုရင်မင်းမြတ်ရဲ့ ကုသခြင်းနဲ့ပတ်သက်လို့လား......"

မင်းသမီးက ခေါင်းညိတ်သည်။

"နောက်ဆုံး ကုသခဲ့တာ အချိန်တလကျော်ပြီလေ.....ငါတို့ နန်းတွင်းကထွက်လာဖို့မလွယ်ဘူး....အဲ့တော့ လီလော့ကို နန်းတွင်းထဲခေါ်သွားရမယ်....."

"ကောင်းပြီ....ပြဿနာမရှိပါဘူး......."

"ဒါဆို မနက်​ဖြန်​ နန်း​တော်​ကို​ခေါ်သွားလိုက်​မယ်​နော်......"

လီလော့ ကိုယ့်ကိုကိုယ်လူပိုတစ်ယောက်လိုခံစားနေရသည်။

ဟွန့်....လော့လန်အိမ်တော်မှာ ဘယ်သူကခေါင်းဆောင်လဲ.....

နှစ်ယောက်သား စကားနည်းနည်းပြောကြပြီးမှ မင်းသမီးက ထွက်သွားသည် ။

"ငါတို့ ဒီည ဂုဏ်ပြုပွဲလုပ်သင့်တယ်..." ပြီးတော့ ငါတို့နဲ့ပူးပေါင်းဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားတွေကိုလည်း စုစည်းရမယ်.....နင် လာမှာလား... ငါ ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ......"

ကျန်းချင်းအာသည် များသောအားဖြင့် ထိုအရာများကို စိတ်မဝင်စားသော်လည်း ရှီးယန်အတွက် များစွာ အဓိပ္ပါယ်ရှိသည့် ထူးခြားသော အောင်ပွဲဖြစ်သဖြင့် သူမ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆို နင်ကကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပွဲကျင်းပဖို့တောင် ကြိုတင်စီစဉ်ထားသေးတယ်ပေါ့......"

လီလော့ ပြုံးလိုက်သည်။ သေချာတာကတော့ သူ့တွင်ယုံကြည်မှုရှိသည်။ ကြယ်လေးပွင့်ဖော်မြူလာနှင့် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ်တစ်ခု ရှိနေသည့်အပြင် သူ့မှာ ဘယ်သူမှ မသိနိုင်တဲ့ ရေအလင်း ပဲ့တင်ထပ်သံတောင် ရှိနေသည်မဟုတ်လော.....

အချိန်ကြာလာသည်နှင့်အမျှ ယန်လင်းချီ ဝန်းကျင်ရှိ ကျောင်းသားထုသည် ခန့်မှန်းမရအောင်များပြားလာပြီဖြစ်သည်။

"အဲ့လောက်များလား?"

" မဘွဲ့ရသေးတဲ့ သူတွေလည်း အများကြီးပဲ...." ဟု ကျန်းချင်းအာက အနီးကပ်ကြည့်ရင်း ပြောသည်။

"ယန်လင်းချီက လူသစ်စုဆောင်းတဲ့နေရာမှာ အတော်ထက်မြက်တယ်....ဒီအတိုင်းသာဆို လာမယ့်နှစ်အတွက်ပါ အဆင်ပြေသွားပြီ....ဒါဆို အချိန်ကုန်သက်သာမယ့်အပြင် ပိုပြီးလည်းအလုပ်တွင်တယ်....."

ထိုအချက်ကို လီလော့ သဘောကျသွားသည်။ ယန်လင်းချိီသည် ပဲ့တင်ထပ်သံပြုပြင်သူခန်းမတွင် သုံးနှစ်ကြာအောင် နေခဲ့သည့်အတွက် ကျောင်းသားများ၏ ပင်ကိုယ်စွမ်းရည်ကို လီလော့တို့ထက်ကောင်းစွာနားလည်ခဲ့သည်။ သူမသည် စုဆောင်းမှုအား ကိုင်တွယ်ရန် အကောင်းဆုံးလူဖြစ်သည်။

"လီလော့....ငါစီစဉ်ထားတာဘယ်လိုနေလဲ...."

ယန်လင်းချီ၏အနောက်တွင် စစ်တပ်တစ်တပ်စာခန့် လူစုဝေးကြီးရှိနေသည်။

လီလော့က သူမကို လက်မထောင်ပြပြီး အနားက ကောင်မလေးကို ပြုံးပြလိုက်သည်။

"စီနီယာလီဘိုင် အခုကျွန်တော့်ကို ယုံပြီမလား......"

လီဘိုင် အနည်းငယ်ရှက်သွားသည်။

“ငါ အမြင်ကျဉ်းခဲ့တယ်....ဉက္ကဌရဲ့အရည်အချင်းက အံမခမ်းပါပဲ....."

လီဘိုင်က အခုကတည်းက လီလော့ကို ဉက္ကဌဟုခေါ်ဝေါ်သုံးနှုန်းနေပြီ။

"မင်းတို့အားလုံး ရှီးယန်ဆီ ကံကောင်းမှုတွေ

ယူဆောင်လာမယ်လို့ မျှော်လင့်ပါတယ်...."

လီလော့က သူတို့အားလုံးကို အပြုံးနဲ့ ကြိုဆိုလိုက်ပါသည်။

"ဒီနေ့ဟာ ရှီးယန်စံအိမ်အတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ.... မင်းအလုပ်အားတယ်ဆို ဒီည ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်တစ်ခုကျင်းပမှာမို့ လာရောက်ပေးဖို့ဖိတ်ခေါ်ပြရစေ.... "

ထို့နောက် လီလော့သည် ပိုင်မျန်မျန်၊လုချင်းအာနှင့် ယုလန်တို့ကိုလည်း ပွဲတက်ဖို့ဖိတ်ကြားခဲ့သေးသည်။

သူတို့သည် ဤနေရာတွင် အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်ခဲ့သည်။

ဒူဇီပိုင်ရွှမ်းနှင့် ဒူဇီဟုန်လျန် တို့သည် တက်ကြွသော လူစုလူဝေးကို အဝေးမှ ကြည့်နေကြပြီး ထိန်းမရအောင် မျက်နှာပျက်နေကြသည်။

"မမ...ငါတို့တွေ သူ့ကို အမြင့်တင်ပေးလိုက်သလိုဖြစ်နေပြီ.....​ခြောက်လအတွင်းဘာတွေဖြစ်လာနိူင်မလဲ......"

“နင်အခုထိ နားမလည်နိုင်သေးဘူးလား....."

"ငါကတော့ လီလော့က ကျန်းချင်းအာထက်တောင် ပိုဒုက္ခပေးနိူင်တယ်လို့ထင်နေမိတယ်..."

ဒူဇီပိုင်ရွှမ်းက ညည်းညူလိုက်သည်။

ထိုအချက်ကို ဒူဇီဟုန်လျန် မငြင်းနိုင်ခဲ့ပေ။

ကျန်းချင်းအာ ပဲ့ကိုင်စဉ်က လော့လန်အိမ်တော်ကို မလူးသာမလွန့်သာအခြေနေတွင်သာထိန်းထားနိုင်သည့်အတွက် ဒူဇီအိမ်တော်ဘက်က တိုးတက်မှုများကို မည်သို့မျှ မထိခိုင်စေနိုင်ခဲ့ပေ။

လီလော့ ရှမြို့တော်ကိုရောက်လာကတည်းက အခြေနေများပြောင်းလဲကုန်သည်။

ရှုံးနိမ့်ခဲ့သူ ဟန်ဇီ၏နောက်တွင် အထင်သေးသည့်အကြည့်များ ကပ်ငြိနေဆဲပင်...

"သခင်မလေး၊ သခင်လေး၊ ကျုပ် တာဝန်မကျေခဲ့ဘူး..... အဲ့တော့ အသုံးမကျတဲ့ ကျုပ်ကို အနားယူခွင့်ပြုပါ"

ဆက်နေလျှင်အဆင်မပြေဖြစ်မည်ကို သူသိသည်။

ဒူဇီပိုင်ရွှမ်းဝမ်းသာအားရဖြစ်သွားသော်လည်း အစ်မဖြစ်သူက

"ဒုတိယဥက္ကဌဟန်ဇီ.... ကျရှုံးပြီးပြီးချင်း ထွက်ခွာသွားတာဟာ ပညာရှိတဲ့ရွေးချယ်မှုမဟုတ်ဘူး....စိမ့်အိုင်စံအိမ်နဲ့ ရှီးယန်စံအိမ်တို့ကြားက ရုန်းကန်မှုက မပြီးသေးဘူး.....ရှင့်နေရာမှာ ကျွန်မသာဆို အခွင့်ကောင်းရဖို့ စောင့်နေဉီးမှာ......"

ဟန်ဇီ  သူမကိုအံ့သြစွာ မော့ကြည့်လိုက်သည်။

" သခင်မလေးတို့အတွက် အရိုးကြေကြေအရည်ခမ်းခမ်းကြိုးစားပါ့မယ်......."

သူမ စိတ်တိုတိုနဲ့ ခေါင်းညိတ်ပြပြီး လှည့်ထွက်လာခဲ့လိုက်သည်။

သက်သေပြထားသောသစ္စာဖောက်တစ်ယောက်၏ သစ္စာစောင့်သိမှုသည် သူမအတွက် ဘာမှအဓိပ္ပာယ်မရှိ​ပေ။

သို့သော်လည်း ရှီးယန်စံအိမ် အတွက် အရှက်ရမှုအမှတ်အသားအဖြစ် ဟန်ဇီကို တခဏတော့ အသုံးချရပေဉီးမည်။

ပါးစပ်ကသာ ဟန်ဇီကို အားတက်အောင်နှစ်သိမ့်ခဲ့သော်လည်း စိတ်ထဲတွင်မူ......

ဘယ်လိုတောင်ရှုံးခဲ့တာလဲ....သုံးစားမရတဲ့အကောင်ရဲ့......

***

All Chapters