အတူခရီးနှင်ခြင်း.....
Vol. 24 Ch. 328
လီလော့တစ်ယောက် ပစ္စည်းလဲလှယ်ရေးဌာနထဲမှ အစိမ်းရောင် သစ်သားပင်စည်ကို သယ်ဆောင်လာသောအခါ မြင်လိုက်ရသော မြင်ကွင်းသည် ကျောင်းသားများနှင့် ဆရာများကို အံ့သြသွားစေသည်။
ဆရာပင်မဟုတ်သော ကျောင်းသားတစ်ဦးသည် တော်ဝင်သစ်စေး ဝယ်ယူရန် အမှတ် 100,000 သုံးစွဲမည်ဟု မည်သူမျှမထင်ထားမိကြပေ။
ဒါက လုံးဝကို လွန်ကဲနေတာ မဟုတ်ဘူးလား?
ကျောင်းသားသစ်တွေအားလုံး အရမ်းကံကောင်းကြတာလား?
"ကောလိပ်တစ်ခုလုံး ငါ့ကြောင့်တုန်လှုပ်နေပြီထင်တယ်....."
လီလော့က ကျန်းချင်းအာနှင့် နောက်ပြောင်ကျီစယ်နေသည်။
"အခြေခံအုတ်မြစ်ယိုင်နဲ့တာကိုဖြေရှင်းနိုင်ပြီဆိုပေမယ့်လည်း မပေါ့နဲ့.....နင့်ရဲ့သက်တမ်းအခြေနေကို မမေ့နဲ့......"
သူ့ခေါင်းပေါ်တွင် တွဲလောင်းကျနေသော ဓားသည် ငါးနှဈအတှငျးမွို့စားအဆငျ့သျို့ရောကျရနျကန့ျသတျခကြျတဈခုဖွဈသညျ။
သူ၏ သနားစရာကောင်းသောဘဝသည် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပြီး ကြိုးစားမှုကို နှစ်ဆတိုးရန် သေချာပေါက် လှုံ့ဆော်ခံခဲ့ရသည်။ သူလိုချင်တဲ့ နောက်ဆုံးအရာက ဂုဏ်ကျက်သရေနဲ့ အသက်ရှင်ခြင်းသာပင်.....
"အစက နင့်ကို နှစ်ကုန်တာနဲ့ ဆရာသခင်ဒုတိယအဆင့်လောက်ရောက်စေချင်ခဲ့တာ...ပုံမှန်ဆို ဖြစ်နိုင်ချေနည်းပါးပေမယ့် အရိပ်လှိုဏ်ဂူမှာကြိုးစားခဲ့တာတွေကြောင့် နည်းနည်းတော့ အသက်ရှူချောင်သွားတာပေါ့......"
ဟုတ်ပေသည်။ရောင်စုံကျောက်နေအိုင်၏ အံ့သြဖွယ်များကြောင့်သာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းတတိယအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိူင်ခဲ့သည်။
ထို့ကြောင့် တစ်လခန့်အချိန်ကုန်သက်သာခဲ့သည်။သို့သော်လည်း ဆရာသခင်ဒုတိယအဆင့်သို့ရောက်ရန် ခက်ခဲနေဆဲပင်.....
တစ်နှစ်ချင်းစီ၏ အသန်မာဆုံးကျောင်းသားဆယ်ဦးကို ကြည့်လျှင်ပင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခြင်းသည် ကြယ်တစ်ပွင့်ခန်းမတွင် ရှားပါးလှပါသည်။
ဒီလိုမျှော်လင့်ချက်တွေကို ကျော်လွန်ဖို့ အလွန်ခက်ခဲပါသည်။
"ငါအကောင်းဆုံးကြိုးစားမယ်......"
တစ်ဖက်တွင် လီလော့သည် စိတ်ဓာတ်ကျကာ စိတ်ပျက်လက်ပျက်မဖြစ်ဘဲ အလေးအနက်ထားကာ ခေါင်းညိတ်လိုက်သည်။
ရှင်သန်ဖို့အတွက် ရုန်းကန်ဖို့ကလွဲလို့ ဘာများတတ်နိုင်ဉီးမည်နည်း.....
ကံကောင်းသည်က လော့လန်အိမ်တော် နောက်ခံရှိနေသောကြောင့်ပင်....မည်သို့ပင်ဆိုစေ ဆင်ပိန်ရင် ကျွဲလောက်တော့ကျန်သည်မဟုတ်လား....လော့လန်အိမ်တော်၏အထောက်အပံ့ကြောင့်သာ အခုလို သက်တောင့်သက်သာကျင့်ကြံနိုင်ခြင်းဖြစ်သည်။ထို့အပြင် အခုရရှိထားသော အမှတ်တစ်သိန်းကြောင့် အတော်လေးအဆင်ပြေနေပြီဖြစ်သည်။
"အရိပ်လှိုဏ်ဂူ ကိစ္စပြီးပြီဆိုတော့ ရွှေနဂါးတာအိုနယ်မြေကိုပဲအာရုံစိုက်ထားတော့.....ဒါ သိပ်ကိုရှားတဲ့အခွင့်ရေးကောင်းမို့ နင်သာ ကောင်းကောင်း ဖမ်းဆုပ်နိုင်ရင် အကျိုးရှိလာနိုင်လိမ့်မယ်....."
လီလော့ ခေါင်းညိတ်လိုက်သည်။ သူသည် ရွှေနဂါးတာအိုနယ်မြေ အကြောင်းကို အလွန်သိချင်နေခဲ့သည်။ ရွှေနဂါးဘဏ်သည် ရှပြည်ထောင်စုတွင် အပြင်းထန်ဆုံးအင်အားစုဖြစ်သည်မဟုတ်လော.....ထို့ကြောင့် ရွှေနဂါးတာအိုနယ်မြေသည် သာမာန်နယ်မြေမဟုတ်နိုင်ပေ။
"ဒါဆို နင် အခုဘာလုပ်ဖို့စီစဉ်ထားလဲ"
"ရက်အနည်းငယ်လောက် အနားယူပြီးရင် အရိပ်လှိုဏ် ဂူထဲကို ပြန်သွားမယ်...."
ကျန်းချင်းအာက ခဏလောက် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်ငည်
"အရိပ်လှိုဏ်ဂူကို ပြန်သွားမလို့.....?"
လီလော့ အံ့သြစွာမေးလိုက်သည်။
သာမန်လူများဆို အရိပ်လှိုဏ်ဂူကို သေဒဏ်အဖြစ်သာ သဘောထားကြပြီး ရွေးချယ်ခွင့်ရှိမည်ဆိုပါက မည်သူမျှ မဝင်ရောက်လိုကြပေ။
သို့သော်လည်း ကျန်းချင်းအာက နောက်တစ်ခေါက်ပြန်သွားချင်နေသည်။
"အရိပ်လှိုဏ်ဂူက ကျင့်ကြံဖို့ အကောင်းဆုံးနေရာလေ....." ဟု ကျန်းချင်းအာက တိုးတိုးလေး ရှင်းပြသည်။
လီလော့ စိတ်ရှုပ်သွားသည်။ ကျန်းချင်းအာဘာကြောင့် အခုလောက်ထိ အပြင်းအထန်ကြိုးစားချင်နေမှန်းကိုလည်း နားလည်သည်။ နောက်လာမည့် ခြောက်လအတွင်း ကြုံတွေ့ရမည့် လော့လန်၏ဘေးဒုက္ခများ၏ဖိအားသည် ပေါ့သေးသေးဟုတ်မနေခဲ့ပေ။
ထို့ကြောင့် သူမသည် မိမိကိုယ်မိမိ အားဖြည့်ရန် လိုအပ်သော နည်းလမ်းအားလုံးကိုလုပ်ဆောင်မည်ဖြစ်ပြီး အန္တရာယ်ရှိသော နေရာများသို့ ဝင်ရောက်ကာ တိုးတက်မှုအတွက် ဖိအားများအောက်တွင် ရုန်းကန်ကြိုးစားမည်ဖြစ်သည်။
လီလော့ ခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်ပါပြီ.... တာအိုနယ်မြေထဲသို့ဝင်ရောက်ပြီး ကြီးမားသောစွမ်းအားကိုရရှိရန် သူ့ကိုယ်ပိုင်အခွင့်အရေးများကို ရှာဖွေရမည်။ လော့လန်၏ ဝန်ထုပ်ဝန်ပိုးများကို ကျန်းချင်းအာတစ်ယောက်တည်း ပခုံးထမ်းဖို့မလိုအောင်ကြိုးစားရမည်။
နှစ်ယောက်သား ကောလိပ်မှ ထွက်လာသောအခါတွင် ရွှေရောင်လွမ်သတ္တဝါပုံ သင်္ကေတဖြင့် အလှဆင်ထားသော ရွှေရောင်ရထားလုံးတစ်စီး ဂိတ်ပေါက်ဝတွင် ရပ်နေသည်ကို သတိပြုမိလိုက်ကြသည်။
ဤသည်မှာ မင်းသမီး၏ ကိုယ်ပိုင်ရထားလုံးဖြစ်သည်။
ပတ်ဝန်းကျင်တွင် ထိပ်တန်းဝံပုလွေစီးနင်းသူ အဖွဲ့တစ်ဖွဲ့ရှိပြီး သူတို့၏အကြည့်များသည် အေးစက်ကာ နိုးနိုးကြားကြားရှိနေသည်။
နှစ်ယောက်သား ရထားလုံးသို့ ရောက်သောအခါ မင်းသမီးက ပြုံးကာ သူတို့ဆီသို့ လျှောက်လာခဲ့သည်။
"မင်းသမီး....ကျွန်မ လီလော့ကို ထားခဲ့လိုက်မယ်......"
" ချင်းအာ....ဘာမှစိတ်မပူနဲ့..ငါ လီလော့ကို
ဘေးကင်းကင်းပြန်ပို့ပေးပါ့မယ်....."
ကျန်းချင်းအာက ရယ်မောကာ နှုတ်ခွန်းဆက်စကား အနည်းငယ်ဖလှယ်ပြီးနောက် လီလော့အား လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
"ဂျူနီယာလီလော့....ကြွပါ...."
မင်းသမီးက ရထားလုံးပေါ်တက်ဖို့ ညွှန်ပြလိုက်ပြီး သူမရဲ့ ထူးခြားလှတဲ့ မျက်နှာက တောက်ပတဲ့ အပြုံးတွေနဲ့ပြည့်နှက်နေ၏။
ရုတ်တရတ် လီလော့သည် ပတ်ဝန်းကျင်မှ ကျောင်းသားများ၏ စူးစူးဝါးဝါးအကြည့်များကို မြင်လိုက်ရသည် ။ ဝင်ထွက်သွားလာနေကြသော ကျောင်းသားအများအပြားသည် ဤမြင်ကွင်းကို စိုက်ကြည့်နေကြပြီး ၎င်းတို့ထဲတွင် ကြယ်လေးပွင့်ကျောင်းသားများကတော့ အဆိုးဆုံးပင်.....
လီလော့ကို မင်းသမီးဘက်က စိတ်ဝင်စားနေခြင်းမရှိသည်ကို အားလုံးကသိကြသော်လည်းလီလော့သည် သူမ၏ရထားပေါ်ကို ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခြင်းခံရသည့် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်နေဆဲပင်.....
ဤသည်မှာ မနာလိုမှုကို လှုံ့ဆော်သည့် မြင်ကွင်းဖြစ်သည်။
လူအများ၏ ထက်ရှသောအကြည့်များကို မခံနိုင်သောကြောင့် လီလော့ ရထားလုံးထဲသို့ ချက်ချင်း ခုန်ဝင်လိုက်သည်။
ရထားလုံး၏အတွင်းပိုင်းသည် ကျယ်ဝန်းပြီး သပ်ရပ်သည်။ စာအုပ်စင်များကို တစ်ဖက်စွန်းတွင် ထားရှိကာ အောက်တွင် အမွှေးနံ့သာ ထွန်းညှိထားသည့် စားပွဲတစ်လုံးရှိသည်။ ဤရနံ့သည် အတွင်းခန်းတစ်ခုလုံးကို သန့်ရှင်းသပ်ရပ်စွာ စိမ့်ဝင်နေ၏။
" ထိုင်ပါ....."
"မင်းသမီးကြောင့် ကျွန်တော် လူမုန်းများပြီထင်တယ်....."
" အိုး...မဖြစ်နိုင်တာ....နင်က ကောလိပ်မှာဒီလောက်နာမည်ကြီးတာကို......"
သူမက ပြောပြောဆိုဆိုနှင့် လီလော့အတွက် လက်ဖက်ရည် တစ်ခွက်ငှဲ့ပေးလိုက်သည်။
လီလော့က လက်ဖက်ရည်ခွက်ကိုအမြန်လှမ်းယူလိုက်ပြီး.....
"ဒီလို ဂုဏ်ယူစရာတွေလုပ်ပေးစရာမလိုပါဘူး....အရှင်မင်းကြီးအတွက်ဆို ကျွန်တော့်ရဲ့အသက်ကိုတောင်စွန့်ဝံ့ပါတယ်....."
"နင့်ရဲ့ စကားတွေက နင့်ရဲ့ လုပ်ရပ်နဲ့ မကိုက်ညီဘူး"
သူမသည် အခြားသူများ၏ နှလုံးသားကို အနိုင်ယူလိုသူဖြစ်သော်လည်း လီလော့၏ နွေးထွေးဖော်ရွေသော အမူအရာအောက်တွင် လူတစ်ဦးချင်းစီ၏ နှိုင်းမဲ့မာနကို နှိမ့်ချနေမှန်း သူမ ပိုင်းခြားသိနိုင်သည်။ သူ့နှလုံးသားကို အနိုင်ယူလိုခြင်းမှာ လက်တွေ့မကျသောကြောင့် သူမ ထိုသို့လုပ်ဖို့ တစ်ခါမှ မကြံစည်ခဲ့ပေ။
"လီလော့... နင် ဘုရင်မင်းမြတ်ရဲ့ ဝေဒနာကို တစ်နှစ်ခွဲအတွင်း ဖြေရှင်းနိုင်မယ်လို့ ထင်လား....."
"မလုပ်နိုင်တဲ့ကိစ္စအတွက် ကတိမပေးရဲဘူး....ကျွန်တော် မင်းကြီးကို ကုသပေးနိုင်တယ်ဆိုပေမယ့် ကျင့်ကြံမှုအဆင့်နိမ့်တဲ့အတွက် ဖြည်းဖြည်းချင်းပဲကုသပေးနိုင်မယ်....ဒါနဲ့....အခုလိုမေးတာ အရေးကြီးတဲ့ကိစ္စများရှိလို့လား......"
"ဒါကို မြန်မြန်ဖြေရှင်းနိုင်လေ ပိုကောင်းလေပဲ....."
ခေါင်းယမ်းလိုက်စဉ် မင်းသမီး၏ မျက်လုံးများမှတဆင့် အလင်းတန်းတစ်ခု တောက်ပလာသည်။
"ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ကြိုးစားပေးပါ့မယ်.....!"
ဤသို့မေးရခြင်း၏နောက်ကွယ်တွင် အကြောင်းရင်းတစ်ခုရှိနေမည်မှန်း မှန်းဆမိသော်လည်း တော်ဝင်မိသားစု၏အရေးကိစ စကိုဝင်စွက်ဖက်ဖို့ မသင့်တော်ပေ။
ထို့နောက် သူတို့နှစ်ဦးသည် ကောလိပ်တွင်းရှိ များပြားလှသော ဖြစ်စဉ်များကဲ့သို့သော အခြားအကြောင်းအရာများအကြောင်း ဆွေးနွေးပြောဆိုကြသည်။
ရထားလုံးသည် ၎င်း၏လမ်းကြောင်းအတိုင်း အရှိန်မြှင့်လိုက်ကာ နောက်ဆုံးတွင် ရှမြို့တော်အနီးသို့ ရောက်သွားခဲ့သည်။ တော်ဝင်နန်းတော်အား တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသော်လည်း မင်းသမီး၏ ကိုယ်ပိုင်ရထားလုံးကို မြင်သောအခါတွင် အတားအဆီးမရှိ သွားလာခွင့်ပြုခဲ့သည်။
နောက်ဆုံးတွင် နန်းတော်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။ လီလော့နှင့် မင်းသမီးတို့ရထားလုံးပေါ်က ဆင်းလာသောအခါ တော်ဝင်အစောင့်အရှောက်များက ကြိုဆိုနှုတ်ဆက်ကြပြီး မင်းမျိုးမင်းနွယ်ဖြစ်လိုသည့်ခံစားချက်ကို ခံစားခွင့်ရစေသည်။
နန်းတော်ခန်းမထဲသို့ဝင်လာတော့ ဧကရာဇ်ငယ်လေးကို ထပ်မံတွေ့လိုက်ရသည်။
ဘုရင်မင်းမြတ်သည် အဝါရောင် ဧကရာဇ်မင်းမြတ် ဝတ်ရုံကိုဝတ်ဆင်ထားပြီးဂုဏ်သိက္ခာ၏ ရောင်ဝါကို လွှမ်းခြုံထားသည်။ ကံမကောင်းစွာပဲ၊ သူ၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို ချို့ယွင်းသွားစေသည့် တစ်ခုတည်းသော အရာမှာ ဖြူဖျော့သော အမူအရာ ဖြစ်သည်။
ဧကရာဇ်ငယ်သည် မင်းသမီးနှင့်အတူ လီလော့ကိုမြင်လိုက်ရသဖြင့် အတော်ပျော်ရွှင်နေလေ၏။
"မမ..."
ဧကရာဇ်ငယ်လေးသည် မင်းသမီး၏လက်ကို ဆုပ်ကိုင်ရန် ချက်ချင်းပြေးလာသည်။
မင်းသမီးက ဧကရာဇ်ကို ချစ်စနိုးဖြင့်ခေါင်းပုတ်ပေးလိုက်ပြီး.....
"ငါတို့စတော့မလား?"
လီလော့ ခေါင်းငြိမ့်ပြလိုက်သည်။
မင်းသမီးက ဧကရာဇ်ငယ်ကို နန်းတော်အနောက်ဘက်သို့ စေလွှတ်ခဲ့ပြီး လီလော့အခန်းထဲကို ဝင်လာချိန်မှာတော့ ရိုးရှင်းတဲ့ ညဝတ်အင်္ကျီကို လဲလှယ်ပြီးသားဖြစ်နေသည်။
လီလော့သည် ဧကရာဇ်ငယ်၏နောက်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှ ဝတ်ရုံကိုဖယ်ရှားပြီး အခြေနေကိုအကဲခတ်လိုက်သည်။
အံ့သြစရာကောင်းတာက၊ သူ့နောက်ကျောမှာရှိနေတဲ့ ကြာပန်းပုံစံက သွေးကြောတွေနဲ့ပါ ရောယှက်နေပြီဖြစ်သည်။
"ကျွန်တော် စလိုက်တော့မယ်......"
ထို့နောက် လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားများကို အာရုံပြုကာ ကုထုံးကို စတင်ရန် ပြင်ဆင်ရင်း မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည်။
တောက်ပသော ပဲ့တင်ထပ်သံ စွမ်းအားများ သူ့ဆီမှ ပွင့်ထွက်လာသည်။
ဤလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် မင်းသမီးသည် ကုသမှုကို တိတ်တဆိတ်စောင့်ကြည့်ကာ ၎င်းတို့ဘေးတွင် ထိုင်နေခဲ့သည်။
အချိန်တွေ တရွေ့ရွေ့ကုန်လာပြီး အမွှေးတိုင်တစ်ဝက်လောက် ကုန်သွားခဲ့သည်။
ထိုအချိန်တွင် ဧကရာဇ်ကိုယ်ရံတော်တစ်ဦးသည် ပြေးလာကာမင်းသမီးအား အသံတိုးတိုးဖြင့် ပြောနေသည်။
ကိုယ်စားအုပ်ချုပ်သူ ဉီးရီးတော်ရောက်လာသည့် သတင်းပင်.......
မင်းသမီးက လီလော့ကို မင်းကြီးအားစောငွရှောက်ဖို့ မှာကြားခဲ့ပြီး ဉီးရီးတော်နှင့်တွေ့ဆုံရန် ထွက်လာခဲ့လိုက်သည်။
မင်းသမီး၏အမူအရာသည် မဝေခွဲမရဖြစ်မေဟန်ဖြင့်တည်ကြည်နေသည်။
***