← Chapters

ရည်ရွယ်ချက်

Vol. 24 Ch. 329

ရည်ရွယ်ချက်

Vol. 24 Ch. 329

မင်းသမီးသည် ဘေးခန်းသို့ရောက်သောအခါ ဉီးရီးတော် ရောက်နှင့်နေသည်ကိုတွေ့လိုက်ရသည်။

"မင်္ဂလာပါ ဦးရီး​တော်...."

" လွမ်ယု....အရိပ်လှိုဏ်ဂူကပြန်ရောက်ပြီလား.....အဆင်ပြေခဲ့တယ်မလား....."

" ကျောင်းအုပ်ကြီးရဲ့ ကြည့်ရှုစောင့်ရှောက်မှုကြောင့် ချောချောမွေ့မွေ့ပြန်ရောက်ခဲ့တာပါ......"

"ကျောင်းအုပ်ကြီးလိုလူမျိုးက ရှပြည်ထောင်စုမှာ တွေ့ရခဲတယ်....သူတစ်ယောက်တည်းသာ အရိပ်လှိုဏ်ဂူကို သေချာစောင့်ကြပ်နိုင်တာ....အော်...ဒါနဲ့ မင်းကြီးရော သက်သာရဲ့လား....လီလော့ ကူညီပေးနေတယ်ကြားတယ်....."

ဉီးရီးတော်၏ သတင်းကွန်ယက်ကြောင့် မင်းသမီး ထိတ်လန့်သွားမိသည်။သို့သော်လည်း သိပြီးသားဖြစ်နေသည့်အတွက် ပြောပြလိုက်သည်ကပိုကောင်းမည်ဟုတွေးလိုက်မိသည်။

" မင်းကြီးရဲ့ အခြေနေကို သမားတော်တွေ လက်လျှော့ထားတာ ဉီးရီးတော်လည်း အသိပဲမဟုတ်လား....ဒါ့ကြောင့် လီလော့ကို ကြိုးစားခိုင်းကြည့်လိုက်တာ....ထိရောက်မှုနည်းပေမယ့်လည်း လုံးဝမကုသနိုင်တာထက်စာရင်ပိုအဆင်ပြေတယ်မဟုတ်လား....."

" ဘယ်လိုဖြစ်နိုင်မှာလဲ....မြို့စားအဆင့်တွေတောင် လက်လျှော့ထားတာကို ဆရာသခင်အဆင့်က ဘယ့်လိုကုသနိုင်တာလဲ....."

"မသိဘူး....သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကြောင့်များလား....."

"တကယ်တော့.... ပဲ့တင်ထပ်သံနှစ်ခုက ရှားပါးတယ်....ဒါပေမယ့် မြို့စားအဆင့်တွေ အားလုံးမှာလည်း ပဲ့တင်ထပ်သံနှစ်ခုပါတာပဲလေ....."အင်းပါ....ကမ္ဘာကြီးက ထူးဆန်းတယ်...ကောင်လေးမှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိကောင်းရှိနိုင်တယ်..... ဒါပေမယ့် သူ့ရဲ့ လေ့ကျင့်မှု အဆင့်က အားနည်းနေတယ်.... သူ့ကို အနီးကပ် စောင့်ကြည့်နေတာ အကောင်းဆုံးပဲ......

"ဉီးရီးတော်ပြောတာတွေကိုမှတ်သားထားပါ့မယ်...."

" လွမ်ယု....နောက်နှစ်ဝက်ဆို ကျောင်းပြီးပြီမဟုတ်လား....အိမ်ထောင်ပြုဖို့စဉ်းစားသင့်ပြီ.....ရှမြို့တော်မှာ အရည်အချင်းရှိတဲ့လူငယ်တွေအများကြီးပဲ....စိတ်ဝင်စားနေတဲ့သူရှိရင်ပြော..ဉီးရီးတော် ဂရုစိုက်ပေးမယ်....."

" တ..တခါမှမစဉ်းစားဖူးပါဘူး....ပြီးတော့ ကျွန်မနှလုံးသားကို သိမ်းပိုက်နိုင်တဲ့သူလည်းရှာမတွေ့သေးဘူး..ာ..."

"ကောင်းပြီ၊ သတိထားပါ....သမီးက ထက်မြက်ပြီးသားဆိုပေမယ့် ဘဝရှေ့ရေးနဲ့ပတ်သတ်ရင် သေချာစဉ်းစားဖို့လို့တယ်....."

" သမီးနားလည်ပါတယ်....အခုလိုစိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်....မောင်လေးသာ ထီးနန်းကိုအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ရင် သမီးအတွက်ပြည့်စုံပါပြီ....နောက်၆လနေရင် အာဏာပြန်အပ်ရတော့မယ်မဟုတ်လား....ဒီအတောအတွင်း ဉီးရီးတော် ကြိုးစားပေးခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်... အာဏာပြန်အပ်ပြီးရင် ခမည်းတော်နဲ့သဘောတူထားတဲ့ကိစ္စလည်း ပြီးသွားလိမ့်မယ်........"

ကိုယ်စားအုပ်ချုပ်သူက သက်ပြင်းခပ်လေးလေးချလိုက်ပြီး.....

"ဧကရာဇ်တောင် အရွယ်ရောက်လာတော့မယ်.....အချိန်တွေကုန်တာမြန်လိုက်တာ......"

" လွမ်ယု....ဘာမှစိတ်မပူနဲ့ နန်းတက်ပွဲကို အကြီးကျယ်ဆုံးဖြစ်အောင်စီစဉ်ပေးမယ်....."

"ဉီးရီးတော်ကို ကျေးဇူးတင်ပါတယ်!"

ဉီးရီးတော်က သိပ်မကြာခင်မှာပဲ ပြန်ဖို့ပြင်လိုက်သည်။

မင်းသမီးသည် ထိုအချိန်ထိ သူ့အပြုံးကို ဆက်လက်ထိန်းထားခဲ့သည်။

"ငါ့ကို မြန်မြန်လက်ထပ်ခိုင်းဖို့ ကြိုးစားနေတာလား"

အိမ်ထောင်ပြုပြီးသည်နှင့် ​သျှောင်နောက်ဆံထုံးပါဆိုသလ်ို သူမ နန်းတွင်းကနေ ထွက်သွားရမည်။

ဧကရာဇ်မင်းက ငယ်သေးသည်။ သူမထွက်သွားရင် ရှပြည်ထောင်စုက သူ့ဦးလေးလက်ထဲ ပြန်ရောက်သွားလိမ့်မည်။

အဲဒီအခြေအနေမှာ ဘယ်သူ့ဆီမှာ စစ်မှန်တဲ့အာဏာရှိနေမလဲ. ....

ဤနှစ်များတစ်လျှောက်လုံး ဉီးရီးတော်ကသာ အာဏာကိုင်စွဲထားသည့်အတွက် ဉီးရီးတော်နန်းတက်မည်ဆိုလျှင် ကန့်ကွက်မည့်သူရှိလိမ့်မည်မဟုတ်ပေ။

မင်းသမီး သက်ပြင်းချလိုက်မိသည်။နောက်ကွယ်ကနေသာ မလှုပ်ရှားထားလျှင် အခြေနေပိုဆိုးဖို့သာရှိတော့သည်။

ကျန်းချင်းအာနှင့် သူမသည် တူညီသောအခြေနေကိုရင်ဆိုင်နေရသည့်အတွက်ကျန်းချင်းအာကို လေးစားနေရခြင်းဖြစ်သည်။

ဉီးရီးတော်သာ အာဏာပြန်မအပ်လျှင် ပြည်တွင်းစစ်ဖြစ်သွားနိုင်သည်။

ထိုအတွေး​ကြောင့် သူမ ကြောက်လန့်တကြား လက်သီးဆုပ်ထားလိုက်မိသည်။

...................

ကိုယ်စားအုပ်ချုပ်သူ နန်းတွင်းက ထွက်လာပြီးနောက်၊ လမ်းဘေးမှာ စောင့်နေတဲ့ ဇိမ်ခံရထားလုံးတစီးပေါ်တက်သွားခဲ့ပြီး ထိုရထားလုံးပေါ်တွင်စပါးအုံးမြွေ

အမှတ်အသားဖြင့် အလှဆင်ထားသည်။

"ဒီကောင်မလေးလွမ်ယု က ငါ့ကို အာဏာစွန့်ဖို့ တိုက်တွန်းနေတာလား...ဟားးးဟားးး"

ရထားလုံး၏ မှောင်ရိပ်ထဲတွင် တစ်စုံတစ်ခု တုန်လှုပ်သွားပြီး လေထဲတွင် တိုးတိုးတိတ်တိတ် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒါက အရင် မင်းကြီးနဲ့ မင်းရဲ့ကတိမဟုတ်ဘူးလား....."

"ဧကရာဇ်ကငယ်ရွယ်ပြီး အတွေ့အကြုံမရှိလို့ တော်ဝင်နန်းတွင်းကို အားနည်းသွားစေမှာကို ငါကြောက်တယ်..... အခု ရှပြည်ထောင်စုမှာ အာဏာကို ကိုင်ထားတဲ့ တော်ဝင်မိသားစုကအမည်ခံသက်သက်ဖြစ်နေပြီး ကြယ်တာယာခရီးရှည်ကောလိပ်ကသာ အစစ်အမှန်အာဏာရှင်ဖြစ်နေတယ်.....ဖန်ချန်ယွမ် အရိပ်လှိုဏ်ဂူထဲရောက်နေလို့သာပေါ့....နို့မို့ဆို ရှပြည်ထောင်စုရဲ့ အုပ်ချုပ်သူအစစ်အမှန်က ဘယ်သူဖြစ်မလဲ...ဖန်ချန်ယွမ်ရဲ့ စကားတစ်ခွန်းနဲ့တင် ခေတ်သစ်တစ်ခုကို သယ်ဆောင်လာနိုင်တယ်....တကယ်ဆို ရှပြည်ထောင်စုကိုငါတို့ ကုန်းမိသားစုက တည်ထောင်ခဲ့တဲ့အတွက် ငါတို့ကသာ စစ်မှန်တဲ့အုပ်ချုပ်သူတွေပါ....ငါတို့ဘိုးဘေးတွေက သူတို့ကို ဒီမှာ အခြေချဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့သင့်ဘူး!"

"တခါက  ကျုပ်ကို ဒုကျောင်းအုပ် ရာထူး ပေးဖို့ ကောလိပ်ကိုတောင်းဆိုခဲ့ဖူးတယ်...သူတို့က မာနတခွဲသားနဲ့ငြင်းလိုက်ကြတယ်....."

ဉီးရီးတော်ရဲ့ ဒေါသတွေ မှိန်ဖျော့သွားပြီး ငြိမ်သက်သွားသည် ။

"ရှပြည်ထောင်စုမှာ တော်ဝင်မိသားစုနဲ့ ကြယ်တာယာကောလိပ်ဆိုတဲ့ အုပ်ချုပ်သူနှစ်ယောက်ရှိတယ်ပြောနေကြတယ်....ဒါ သိပ်ကိုစော်ကားလွန်းတာပဲ....ဘယ်နိုင်ငံမှာအုပ်ချုပ်သူ နှစ်ယောက်ရှိဖူးလဲ....ဒီနှစ်တွေတစ်လျှောက်လုံး၊ ကျုပ်တို့ရဲ့ အမြစ်တွေကြီးထွားဖို့အတွက် အာဏာသုံးခဲ့ရတယ်.... ဧကရာဇ်ငယ်လေးဟာ ငယ်လွန်းတယ်...သူ့ကြောင့် ကြိုးစားထားသမျှ ရေစုန်မျောကုန်လိမ့်မယ်......"

"ဟဲဟဲ.....ရင်ထဲထိရှသွားပြီး... မင်းတကယ်လုပ်ခဲ့တာကို ငါမသိခဲ့ရင် အဲဒီစကားကြောင့် ငါတကယ်ခံစားမိလိမ့်မယ်.....ဒါ့အပြင် မင်းက ရှပြည်ထောင်စုရဲ့ ကိုယ်စားအုပ်ချုပ်သူ   ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့ အုပ်ချုပ်သူက ဧကရာဇ်ငယ်လေးပဲလေ..... တော်တော်များများက သူ့ထောက်ခံနေကြတုန်းပဲ.... ဘုရင်ဟောင်းက အဖိုးတန်တဲ့အရာတွေချန်ထားပေးတယ်နဲ့တူတယ်....."

"မင်းတို့ရဲ့ ကုန်းမိသာစု ရှပြည်ထောင်စုမှာအခြေချဖို့ကြိုးစားနေတုန်းကတည်းက သူတို့တွေက နိုင်ငံအနှံ့မှာ ခံစစ်တွေစီစဉ်ထားပြီးပြီ...ဒါပေမယ့် သူတို့တွေက ဧကရာဇ်ငယ်လေးကို တိုက်ရိုက် မထိသေးဘူး....မင်းလည်း အဲ့ဒီ့ခံစစ်တွေကို ထိနိုင်မှာမဟုတ်ဘူး.....ဒါတွေကို ဘုရင်အဆင့် စွမ်းအားနဲ့ပဲတွန်းလှန်နိုင်မယ်....ဒါက မင်းအတွက် အလှမ်းဝေးတယ်ဆိုပေမယ့် စဉ်းစားချင်စရာ အကြံပြုချက်တစ်ခု ရှိတယ်...."

ဉီးရီးတော်ကထိတ်လန့်နေဟန်ဖြင့် ထိုသူအနီးသို့တိုကပ်သွားသောအခါ ရထားလုံးပေါ်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

အခန်း (၃၂၉ )ရည်ရွယ်ချက်

***

All Chapters