နှလုံးသားထဲမှလာသောစကား...
Vol. 24 Ch. 330
လီလော့ အသက်ရှူထုတ်လိုက်သည့်အခါ ပဲ့တင်ထပ်သံစွမ်းအားများ ပျောက်ကွယ်သွားလေ၏ ဧကရာဇ်ငယ်လေး၏ မှုန်ဝါးဝါးနောက်ကျောကို ကြည့်လိုက်သောအခါ ကြာပန်းအမှတ်အသား အရောင်ပိုဖျော့သွားပုံရသည်။
“တကယ် အလုပ်ဖြစ်တယ်” ဟု မောပန်းနွမ်းနယ်စွာ မှတ်ချက်ချလိုက်သည်။
"အရှင်မင်းကြီး.... ပြီးပြီ...."
" လီလော့...ခင်ဗျားတကယ်စွမ်းတယ်...ခင်ဗျား ကုသပေးပြီးတိုင်း နေရတာပိုအဆင်ပြေလာတယ်... ကြောင်သူတော်မြို့စားအဆင့်တွေထက် အများကြီးသာတယ်....."
လီလော့ ရယ်လိုက်မိသည်။ ဤသည်မှာ ငယ်ရွယ်သူတစ်ယောက်၏ ပွင့်လင်းမှုသာပင်......သူသာ မြို့စားအဆင့်တွေထက်စွမ်းနေရင် ရှန်းကျင်းရှောင်နဲ့ ဖေဟောင်ကို ချက်ချင်းရိုက်နှက်ပစ်မိလိမ့်မည်။
မင်းသမီး အခန်းထဲပြန်ဝင်လာချိန်အထိ လီလော့တစ်ယောက် စိတ်ကူးယဉ်လို့ကောင်းနေဆဲပင်.....
ဧကရာဇ်ငယ်လေး ပိုမိုတောက်ပလာသည့်အတွက် မင်းသမီးပျော်ရွှင်နေရှာသည်။
လီလော့ ရဲ့ ကုသမှုဟာ တကယ်ကို အလုပ်ဖြစ်ခဲ့ပါသည်။
"မမ!"
မင်းသမီးက ဧကရာဇ်ကို ဝတ်ရုံပြန်ဝတ်ပေးပြီးနောက်......
"ကျေးဇူးတင်ပါတယ် ဂျုနီယာလီလော့......."
သူမကို ကြည့်ရသည်မှာ အမှန်ပင်စိတ်လှုပ်ရှားနေပုံရပြီး သဲကန္တာရထဲတွင်လမ်းပျောက်နေသူတစ်ယောက် အိုအေစစ်ကို တွေ့လိုက်ရသလိုပင်....
ဒိအတိုင်းဆိုခြောက်လအတွင်း အာဏာရရန် အဆင်သင့်ဖြစ်နေလောက်ပြီ။ ဧကရာဇ်ငယ်၏ ချို့ယွင်းချက်သည် အခြားသော အင်အားစုများအတွက် တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်သည်။
အရှင်းပျောက်ကင်းအောင်မကုသနိုင်သေး
သည့်တိုင် အံ့သြဖွယ်ကောင်းနေဆဲပင်....
"ကျွန်တော်တို့ လော့လန်အိမ်တော်ကလည်း မင်းသမီးတို့နဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်..... "
" အင်း....ငါတို့တွေက တလှေတည်းစီးတခရီးတည်းအတူသွားနေကြသူတွေပဲလေ....."
" မင်းသမီးက အရမ်းနှိမ့်ချနေပြန်ပြီ....ကျွန်တော်တို့ လော့လန်အိမ်တော်မှာက ဝံပုလွေတွေပတ်လည်ဝိုင်းနေတာဗျ....."
"နန်းတွင်းမှာ ဝံပုလွေတွေမရှိဘူးထင်နေတာလား....."
ထိုစကားစုသည် အလွန်တရာတိုတောင်းသော်လည်း လေးနက်သောအဓိပ္ပါယ်များပါဝင်နေသည်။
"ခြောက်လအတွင်း စမ်းသပ်မှုတွေကို ရင်ဆိုင်ရမှာ လော့လန်အိမ်တော်တစ်ခုတည်းမဟုတ်ဘူး......"
"ဝံပုလွေတွေက လော့လန်အိမ်တော်ရဲ့ ရတနာတွေကို လိုက်ရှာနေကြတယ် မတိုက်ခိုက်ရင် သေမှာပဲ.....ငါတို့လည်း အတူတူပါပဲ နန်းတက်ပွဲ အခမ်းအနားမှာ ငါ့မောင်လေးက ထီးနန်းကို တကယ်ယူနိုင်ပြီး ငါတို့ရဲ့ တော်ဝင်အာဏာကို ပိုင်ဆိုင်နိုင်ပါ့မလား.....ကတိအတိုင်းတဆို ဉီးရီးတော်က အာဏာပြန်အပ်ရတော့မယ်....ဒါပေမယ့်ညပြန်အပ်မယ် မအပ်ဘူး ဘယ်သူအတိအကျပြောနိုင်မှာလဲ.....တော်ဝင်အာဏာကို မတက်မက်တဲ့သူဘယ်သူရှိနိုင်မလဲ....."
လီလော့ ကြောက်ရွံ့မှု ဒဏ်ကို ခံစားလိုက်ရသည်။ သူသည် တော်ဝင်အလှည့်အပြောင်းများနှင့် မသက်ဆိုင်သူတစ်ဦးဖြစ်ပြီး လော့လန်အိမ်တော်သည်လည်း တော်ဝင်မိသားစုနှင့်မပတ်သတ်ခဲ့ဖူးပေ။
အကယ်၍ ကိုယ်စားအုပ်ချုပ်သူသာ အာဏာပြန်မအပ်လျှင် ပြည်တွင်းစစ်မလွဲမသွေဖြစ်ပွားလိမ့်မည်။
မင်းသမီးသည် ဧကရာဇ်ငယ်၏ရောဂါအတွက် အလွန်စိုးရိမ်နေသည်ကို အံ့သြစရာမလိုတော့ပေ။ မည်သည့် အားနည်းချက်ကိုမဆို ရန်သူများက အသုံးချပြီး ယုံကြည်စိတ်ချရမှုနှင့် ယုံကြည်ကိုးစားမှုကို လျော့ပါးစေရန် နည်းလမ်းတစ်ခုအဖြစ် အသုံးချသွားမည်ဖြစ်သည်။
"လီလော့....ငါအခုပြောနေတာတွေက လော့လန်အိမ်တော်ကို ငါတို့နဲ့ပူးပေါင်းဖို့ပြောနေတာမဟုတ်ပါဘူး....အားမနာစတမ်းပြောရမယ်ဆို လော့လန်အိမ်တော်မှာ အဲ့လိုရပ်တည်နိုင်စွမ်းမရှိဘူး......"
လီလော့ ခေါင်းညိတ်လိုက်သည်။ အမှန်တရားက သိပ်ကိုခါးသီးလွန်းလှသည်။ မြို့စားအဆင့်မရှိသည့် လော့လန်အိမ်တော်သည် အရှုပ်အရှင်းများကြားမည်သို့ ဝင်ပါနိုင်မည်နည်း။
သူတို့ရဲ့ ဆက်ဆံရေးဟာ ကျန်းချင်းအာရဲ့ အလားအလာနဲ့ လီလော့ရဲ့ ကုသပေးနိုင်တဲ့ အစွမ်းအစပေါ်မှာ တည်ဆောက်ထားခြင်းသာဖြစ်သည်။
ထိုအရာတစ်ခုတည်းဖြင့် မင်းသမီး၏ ယုံကြည်မှုကို သူတို့ရရှိခဲ့သည်။
သူတို့သည် စစ်မြေပြင်တွင် အတူတကွ ရပ်တည်နေမည် မဟုတ်သော်လည်း ၎င်းတို့၏ အနာဂတ်များ ဆက်စပ်နေကြောင်း နှစ်ဦးစလုံး သိထားကြသည်။ မင်းသမီးတို့ဘက်ကအနိုင်ရမည်ဟု လီလော့ ထင်နေမိသည်။
အာဏာကိုငမ်းငမ်းတက်လိုချင်နေသော ကိုယ်စားအုပ်ချုပ်သူနှင့်ယှဉ်လျှင် လီလော့သည် ကလေးသာသာမျှပင်....ထို့ကြောင့်ဘအခွင့်ရေးရပါက ကိုယ်စားအုပ်ချုပ်သူသည် လော့လန်အိမ်တော်ကို အရိုးအသားမကျန်ဝါးမြိုပစ်လိမ့်မည်။
"နင့်ရဲ့တိုက်ပွဲက ပိုခက်လိမ့်မယ်.... အိမ်တော်သခင်နှစ်ပါးက နင့်အတွက် ဘာတွေချန်ထားခဲ့လဲ ငါမသိဘူး.... ဒါပေမယ့် ရတနာတွေက လူတော်တော်များများအတွက် ခံနိုင်ရည်မရှိနိုင်တဲ့ သွေးဆောင်မှုပဲ...နင်လည်း မြို့စားတွေအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်...နင်နဲ့ကျန်းချင်းအာတို့ နှစ်ယောက်လုံးက ကျောင်းမှာ တန်ဖိုးထားကြတဲ့ ကျောင်းသားတွေဖြစ်ပေမယ့် ဝံပုလွေအုပ်ကြီးကိုရင်ဆိုင်နိုင်ပါ့မလား....သူတို့က လော့လန်ဌာနချုပ်ကို ဖြိုခွင်းဖို့ အခွင့်အရေးကို လက်လွတ်ခံကြမှာမဟုတ်ဘူး...... နောက်ပြီး ကျောင်းအုပ်ကြီးကလည်း အရိပ်လှိုဏ်ဂူကိုစောင့်ကြပ်နေရတဲ့အတွက် ကောလိပ်ကိုသိပ်ပြီးအာရုံစိုက်နိုင်မှာမဟုတ်ဘူး......."
" မင်းသမီး....ကျွန်တော်တို့ရဲ့ရန်သူကိုသိလား......"
သူမ ခေါင်းခါလိုက်သည်။ "သွေးဆောင်ခံရသူအားလုံးကရန်သူပဲ......"
ဟူးးး တိုက်ပွဲက အိမ်တော်ငါးခုတွင်သာမကဘူး ဝံပုလွေတွေရော ခွေးအတွေရော လင်းတတွေရောပါလား........
မင်းသမီးက စိတ်ညစ်ညူးစရာများကိုမေ့ပျောက်ရန် ရယ်စရာမောစရာမျာဆီ စကားလမ်းကြောင်းလွှဲလိုက်သည်။
ထို့နောက် သူမသည် လီလော့နှင့်အတူ ရထားလုံးစီး၍ မြို့ထဲသို့ထွက်လာခဲ့သည်။
" မင်းသမီး.....လော့လန်အိမ်တော်က အများကြီးကျဆင်းသွားပေမယ့် မိဘတွေရဲ့ အမွေအနှစ်တွေကို ဒီလောက်လွယ်လွယ်နဲ့ အပျက်စီးခံမှာမဟုတ်ဘူး....."
ထိုစကားလုံးများသည် မင်းသမီး၏သံသယအချို့ကို ပြတ်တောက်စေခဲ့သည်။
" အင်း....ငါလည်း အတူတူပဲ.... "
***