← Chapters

ကြိုးစားမှု၏ရလဒ်......

Vol. 24 Ch. 331

ကြိုးစားမှု၏ရလဒ်......

Vol. 24 Ch. 331

လီလော့သည် အိမ်ပြန်ရောက်သည်နှင့် ကျန်းချင်းအာကိုလိုက်ရှာပြီး မင်းသမီးနှင့်ပြောခဲ့သည့်အကြောင်းအရာများကို ပြောပြလိုက်သည်။

"သူ နင့်ကို ဒီလောက်ထိ ရင်ဖွင့်ခဲ့တာလား?"

ကျန်းချင်းအာ အံ့သြသွားသည်။ သူမသိတဲ့ မိန်းကလေးတွေအားလုံးထဲတွင် မင်းသမီးက ခန့်မှန်းရအခက်ဆုံးသူစာရင်းတွင်ပါဝင်သည်။ နှစ်ဉီးသား အရမ်းမရင်းသော်လည်း စကားစမြည်တော့ပြောဖူးခဲ့ကြသည်။သို့သော် လီလော့ကိုပြောပြသလောက်တော့ မပွင့်လင်းခဲ့ပေ။

"ဧကရာဇ်ငယ်ကို ကုသပေးနေရလို့ထင်တယ်...."

လီလော့၏မှတ်ချက်ကို ကျန်းချင်းအာက ခေါင်းညိတ်လိုက်သည်။

"ဒါ့ကြောင့် တော်ဝင်နန်းတွင်းတိုက်ပွဲက ပြင်းထန်လိမ့်မယ်.... ခြောက်လကြာရင်  ရုန်းရင်းဆန်ခတ်တွေဖြစ်လာတော့မယ်ထင်တယ်....."

"ရှ​ပြည်ထောင်စုရဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံး ပြောင်းလဲသွားနိုင်တယ်..."

လီလော့ သက်ပြင်းချလိုက်မိသည်။

"ကိုယ်စားအုပ်ချုပ်သူက အာဏာကို လိုလိုလားလား စွန့်လွှတ်မှာလား။"

“အရင်တုန်းက သူနဲ့ သိပ်စကားမပြောဖူးပေမယ့် လူတိုင်းထင်နေသလို  မွန်မြတ်တာတော့ မဟုတ်ဘူး......အဲ့အကြောင်းကို ဆရာသခင်တို့လင်မယားနှစ်ယောက်ပြောတာကြားဖူးတယ်......."

"မင်းသမီးနဲ့ရင်းနှီးနေပြီဆိုကတည်းက ငါတို့ သူနဲ့ အဆင်မပြေနိုင်တော့ဘူးပေါ့...ပြီးတော့  ဧကရာဇ်ငယ်လေးကို ငါ  ကုသနိုင်တယ်ဆိုတာ သူသိတယ်......"

“အဲ့ဒါက အရေးမကြီးဘူး.....မင်းသမီးက နင့်​ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး အကာအကွယ်ပေးလိမ့်မယ်.....နောက်ပြီး ကိုယ်စားအုပ်ချုပ်သူသာ နင့်ကို  ပြသာနာရှာရင် သူ့ရဲ့ပုံရိပ်ထိခိုက်သွားနိုင်တယ်လေ.....ဒါ့အပြင်… ဆရာတို့လင်မယားနှစ်ယောက်ရဲ့ သေမင်းတမာန်လက်မှတ်က ထူးဆန်းနေတယ်လို့ ငါပြောခဲ့ဖူးတယ်မလား..... ကိုယ်စားအုပ်ချုပ်သူကလည်း သံသယရှိသူစာရင်းထဲမှာပါနေတယ်.....  "

ထိုအချက်ကို လီလော့လည်း သဘောတူသည်။ ရှပြည်ထောင်စုတွင်

သေမင်းတမာန်လက်မှတ်ကိို လွှမ်းမိုးနိုင်လောက်အောင် အာဏာကြီးမားသူ များများစားစားမရှိပေ။

"ကိုယ်စားအုပ်ချုပ်သူက လော့လန်အိမ်တော်အပေါ် အရင်ကတည်းကပြောင်ပြောင်တင်းတင်း မလှုပ်ရှားခဲ့ဘူး.....ဒါပေမယ့်  သံသယဖြစ်နေတုန်းပဲ..... မင်းသမီးသာ သူ့ကိုအပေါ်နိုင်ကွက်ရသွားမယ်ဆို ငါတို့အတွက် သတင်းကောင်းပဲ....ဒါပေမယ့် ပြင်ပအကူအညီက ပြင်ပအကူအညီပဲ ရှိပါသေးတယ်.... ငါတို့ ကိုယ့်ကိုကိုယ် အားကိုးရမယ်... အကြွင်းမဲ့အာဏာနဲ့ ရင်ဆိုင်ရရင် ငါတို့ကို ဘယ်သူမှ မကူညီနိုင်ဘူး....ကောင်းသည်ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ ငါတို့မှာ ရင်ဆိုင်ရမည့် ပြဿနာတွေအများကြီး ရှိနေသေးတယ်...... အနိုင်နဲ့အရှုံး နှစ်ခုပဲရှိတယ်....."

အကြည့်ချင်းဖလှယ်လိုက်စဉ် နှစ်ဉိီးစလုံး၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်ကိုယ်စီရှိနေကြသည်။ သူ့မိဘ၊ သူ့ဆရာသမားနှစ်ယောက် သွေးချွေးရင်းပြီးတည်ဆောက်ခဲ့သည့် လော့လန်အိမ်တော်ကို ဘယ်နည်းနဲ့မှ အပျက်စီးခံမည်မဟုတ်ပေ။

"နောက်နှစ်ရက်နေရင် ကျောင်းသားတချို့ ရှီးယန်ကို ရောက်လာက လိမ့်မယ်.... ယန်လင်းချီက ဒါတွေကို စီမံနိုင်တယ်ဆိုပေမယ့်လည်း အချို့ပြသာနာတွေကို နင်ကိုယ်တိုင်ဖြေရှင်းမှဖြစ်မယ်...."

လီလော့ ခေါင်းညိတ်လိုက်သည်။ ဘွဲ့ရကျောင်းသားများ အားလုံးသည် ဂုဏ်ယူဝံ့ကြွားသူများဖြစ်ကြပြီး အရည်အချင်းလည်းရှိကြသည်။ကောင်းကင်နန်းတော်ကဲ့သို့သော အခြား ထိပ်တန်းစံအိမ်ကြီးများသည် ၎င်းတိုအတွက်  ရှိန်လောက်စရာဖြစ်သော်လည်း ရှီးယန်ကတော့ ထိုသို့မဟုတ်ခဲ့ပေ။ ရှီးယန်တွက် အဆင့်လေးပညာရှင်ကသာ အမြင့်ဆုံးဖြစ်သဖြင့် ပြသာနာအချို့ရှိလိမ့်မည်သာ.....

သို့သော်လည်း ယန်လင်းချီနှင့် ချိုင်ဝေတို့ က၎င်းကို ကိုင်တွယ်နိုင်မည်ဟု သူယုံကြည်ခဲ့သည်။ လိုအပ်မှသာ သူကိုယ်တိုင် ဝင်ရောက်ဖြေရှင်းရမည်။

"အော် ဒါနဲ့ ဉီးလေးပေါင်ကို တော်ဝင်သစ်စေးတွေအကုန်ပေးလိုက်ပြီ....အံဖွယ်စွပ်ပြုတ်ရဖို့ အချိန်ကြာဉီးမှာ..."

"ရပါတယ်... အဲ့ဒါက လောလောဆယ် အရေးမကြီးပါဘူး..."

"ရွှေနဂါးတာအိုနယ်မြေအတွက်လည်း ပြင်ဆင်ထားသင့်တယ်"

"ရပြီ... ဟေး...ချင်းအာ နင့်ရဲ့လေသံကတဖြည်းဖြည်း ငါ့အမေနဲ့တူလာပြီ....."

သူမသည် ခဏမျှ တိတ်ဆိတ်သွားသည်။

အေးမြသော ဆောင်းဦးနေ့ဖြစ်သဖြင့် အဝါရောင် ဂျင်ဂိုအရွက်ကြွေများက ကြမ်းပြင်ကို ရွှေရောင်ဖျော့ဖျော့နှင့် ဖုံးအုပ်ထားသည့်နှယ်.....

ကျန်းချင်းအာ၏တောက်ပသောအပြုံးကြောင့် လီလော့ ရုတ်တရက်ထွက်ပြေးချင်စိတ်ပေါက်လာသည်။

ပိုလျှင်သော ကျန်းချင်းအာက သူ့ပခုံးကိုဖိထားလိုက်ပြီး.....

"အစ်မကြီးချင်းအာ....ဘာလုပ်မလို့လဲ"

"နင်ပြောသလို ငါသာ ဆရာကတော်နဲ့တူတယ်ဆို လုပ်စရာတခုကျန်နေသေးတယ်....."

"မလုပ်လို့ မရဘူးလားဟင်?"

"သွားကြရအောင် လွတ်လွတ်လပ်လပ် လေ့ကျင့်ကြတာပေါ့......"

လေ့ကျင့်ရေးအခန်းတံခါးပိတ်သွားပြီး သိပ်မကြာခင် လီလော့၏ နာကျင်စွာအော်ဟစ်သံများ လွှင့်ပျံလာခဲ့သည်။

.....................

နောက်နှစ်ရက်အတွင်း လီလော့သည် အကူးအပြောင်းကိုကြီးကြပ်ရန် ရှီးယန်တွင် အချိန်များစွာကုန်ဆုံးခဲ့သည်။ အသစ်ရောက်လာသောပညာရှင်များသည် ရှီးယန်ကို ပိုမိုမြင့်တက်စေမည်သာ.....

ရှီးယန်သည် လော့လန်အိမ်တော်အတွက် နေ့စဉ်ရွှေဉ ဉပေးသော ငန်းတစ်ကောက်ဖြစ်နေသဖြင့် သေချာဂရုစိုက် ကာကွယ်ရမည်။

ခေါင်းဆောင်နှစ်ဦး ကြိုမြင်ထားသလိုပဲ၊ အသစ်ရောက်လာတဲ့ သူတွေအတွက် ရာထူး ပြဿနာအချို့ရှိနေခဲ့သည်။ ဒါဟာ ရှောင်လွှဲလို့ မရပေမယ့် လီလော့မှာ ရိုးရှင်းတဲ့ လှည့်ကွက်တစ်ခု ရှိခဲ့ပါသည်။

သူသည် အဆင့်ရှစ်လျှို့ဝှက်ရေအရင်းအမြစ် ပထမအသုတ်ကို ရိုးရိုးရှင်းရှင်း ထုတ်ပေးလိုက်ပြီး ပြသာနာအားလုံးကိုဖြေရှင်းပေးလိုက်သည်။

မကြာမီတွင် ရှီးယန်သည် စည်းချက်ကျကျအရှိန်အဟုန် မှန်မှန်မြင့်တက်လာခဲ့သည်။

ချိုင်ဝေနှင့်ယန်လင်းချီတို့ကလည်း လီလော့ကိုပိုမိုလေးစားလာကြသည်။

ရှီးယန်ရုံးချုပ်တွင်.......

လေညှင်းသုန်သုန်တိုက်ခတ်နေသော်လည်း ညဉီးပိုင်းတွင် သိသိသာသာတိတ်ဆိတ်နေသည်။

ကျောက်သားလသာဆောင်တွင် စားသောက်ပွဲအပြည့်အစုံခင်းကျင်းထားပြီး ယန်လင်းချီ၊ချိုင်ဝေ၊လီလော့နှင့်ကျန်းချင်းအာတို့ အတူထိုင်နေကြသည်။

လေးယောက်သား ထမင်းစားပြီး စကားစမြည်ပြောကြခြင်းဖြစ်သည်။

"ရှီးယန်အခုလို အောင်မြင်လာတဲ့အတွက် သခင်လေးကိုကျေးဇူးတင်ပါတယ်....ဘာများတောင်းဆိုချင်စရာရှိသေးလဲ......"

ချိုင်ဝေ၏ တောက်ပသောမျက်ဝန်းများကြောင့် လီလော့ ရင်ထိတ်သွားသော်လည်း.....

" ဘာပဲဖြစ်ဖြစ် တောင်းဆိုလို့ရလား......"

" ပြောမှာသာပြောစမ်းပါ......"

" ဟေး...နင်တို့တွေ ကလူကျီစယ်နေတာလား....."

ယန်လင်းချီကဝင်လှော်သော်လည်း ကျန်းချင်းအာက မှတ်ချက်မပေးဘဲ ပြုံး၍သာ ဆက်လက်စားသောက်နေသည်။

" အစ်မ ချိုင်ဝေ....ကျွန်တော်.. လစဉ် အဆင့်ခုနှစ်ဝိဉာဉ်ရည် ငါးပုလင်းပေးဖို့တောင်းဆိုချင်ပါတယ်...."

"သခင်လေး၊ ဒီညစာက တကယ်တော့ ကျွန်မအလုပ်ထွက်မှာမို့ နှုတ်ဆက်တဲ့ညစာပါ....လော့လန်မှာ ဘဏ္ဍာထိန်းလုပ်ရတာ အရမ်းခက်ခဲတယ်....ဒါ့ကြောင့် မိုးလင်းတာနဲ့အလုပ်ထွက်တော့မယ်.....

လီလော့ စကားမပြောနိုင်တော့ပေ။

အပြောင်းအလဲမြန်လိုက်တာ......

ယန်လင်းချီက အားရပါးရ ရယ်မောနေပြီး ကျန်းချင်းအာကတော့ ပြုံးရုံသာပြုံးနေ၏။

" အစ်မပြောတော့ ဘာဖြစ်ဖြစ်ရတယ်ဆို....."

“အဆင့်ခုနှစ်ဝိဉာဉ်ရည် တစ်ပုလင်းကို

ကောင်းကင်ရွှေ ၃၀၀,၀၀၀ ကုန်ကျတယ်.... ငါးပုလင်းဆို ၁.၅ သန်း..... တစ်နှစ်မှာ ဆယ်သန်းကျော်လောက် ကုန်ကျလိမ့်မယ်.....လော့လန်က အောင်မြင်လာပြီဆိုပေမယ့်အဲ့လောက်ထိတော့ အကုန်အကျမခံနိုင်သေးဘူး......ဘာလဲ တခြားစီးပွားရေးလုပ်ငန်းတွေရောင်းပစ်ရဉီးမှာလား....."

" ကောင်းပါပြီ.....ငါးပုလင်းမယူတော့ပါဘူး....ညှိနှိုင်းလို့ရပါသေးတယ်....."

"လောလောဆယ် အဆင့်ခုနှစ် ဝိညာဉ်အးရည် တစ်ပုလင်းပဲပေးနိူင်သေးတယ်.... အဆင့်ငါးနဲ့အဆင့်​ခြောက်ဆို ပမာဏများများပေးနိုင်တယ်.....ရှီးယန် ပိုအဆင်ပြေလာရင် အဆင့်ခုနှစ်ဝိညာဉ်ရည်နှစ်ပုလင်း ပေးပါ့မယ်....သခင်လေး...အဆင့်ခုနှစ်ဝိဥာဉ်ရည်တွေက အဆင့်ခြောက်နဲ့ လုံးဝခြားနားတဲ့ အဆင့်မှာရှိတယ်ဆိုတာ သခင်လေးလဲအသိပါ.... ဒါတွေကိုဖန်တီးနိုင်တဲ့ပညာရှင်ကရှပြည်ထောင်စုမှာ လက်တစ်ဖက်စာတောင်မပြည့်ဘူး......."

" ဟုတ်ပါပြီ...တပုလင်းဆိုတော့လည်း တပုလင်းပဲပေါ့......."

ဟူးးး ဒီအတိုင်းသာဆို တုပဖန်တီးထားတဲ့ ပဲ့တင်ထပ်သံတွေကို ဘယ်လိုလုပ် ဝဝလင်လင်ဖြည့်ဆည်းပေးနိုင်မှာလဲ....အဆင့်ခုနှစ်နဲ့တင်စခန်းပြတ်ချင်နေပြီ.....ဒါဆိုလည်း ရသလောက်နဲ့ မြေသစ်သားပဲ့တင်ထပ်သံကိုညအဆင့်ခုနှစ်ရောက်အောင်အဆင့်မြှင့်ရတော့မှာပေါ့......အဆင့်ခုနှစ် ပဲ့တင်ထပ်သံနှစ်ခုနဲ့ဆို အဆင့်ကိုးပဲ့တင်ထပ်သံကိုယှဉ်နိုင်လောက်ပါပြီ....

ယခု ရှီးယန်သည် ကောင်းမွန်သောလမ်းကြောင်းပေါ်တွင်ရှိနေသဖြင့် မနက်ဖြန်တွင် ရွှေနဂါးဘဏ်တိုက်သို့သွားမည်ဖြစ်သည်။

သိပ်မကြာခင် ရွှေနဂါးတာအိုနယ်မြေ ဖွင့်လှစ်တော့မည်..........

***

All Chapters