← Chapters

လင်းစွော်...

Vol. 24 Ch. 332

လင်းစွော်...

Vol. 24 Ch. 332

နောက်တစ်နေ့တွင်......

လီလော့ ရွှေနဂါးဘဏ်တိုက်သို့ရောက်သောအခါ လူအုပ်ထဲတွင် ရင်းနှီးနေသူတစ်ဉီးကိုမြင်လိုက်ရသည်။

ချင်ဇူလု......

ချင်ဇူလုက အေးစက်စက်အမူအရာနှင့် မလှုပ်မယှက်ရပ်နေသည်။

" မင်း ဘာလုပ်နေတာလဲ....."

ချင်ဇူလုက လီလော့ကို တွေ့လိုက်ရတော့ အလွန်စိတ်သက်သာရာရသွားပုံရသည်။

"မင်း လုချင်းအာကို ရှာပြီး ဘာလို့အထဲမဝင်သွားတာလဲ....."

ထိုအခါ အမျိုးသမီးဝန်ထမ်းတစ်ဦးသည် ပြေးလာပြီး.....

"သခင်လေးလီလော့...ဒီ သခင်လေးက ဒီအတိုင်းကြီးရပ်နေတာ ကျွန်မဘာပြောပြော ဘာမှလဲပြန်မပြောဘူး....လာ လာ ကျွန်မနောက်လိုက်ခဲ့....."

လီလော့ ရယ်လိုက်မိသည်။ ချင်ဇူလု ဤနေရာတွင် ကျောက်တိုင်တခုလိုရပ်နေသည်မှာ မထူးဆန်းတော့ပေ။

"မင်း ရှေ့ကလျှောက်"

ချင်ဇူလု က တိုးတိုးလေးကပ်ပြောရှာသည်။

လီလော့ ရယ်မောလိုက်ပြီး ရှေ့ကနေသာ လျှောက်လာခဲ့လိုက်တော့သည်။

ခန်းမထဲကို ရောက်တော့ ဇူရွှမ်းကို ထပ်တွေ့လိုက်ရပြီး လူစိမ်းတစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။

ထိုလူစိမ်းက ခန္ဓာကိုယ် ပိန်ပါးပြီး ခပ်ပြုံးပြုံးအမူအရာရှိသည်။

ဇူရွှမ်းက လီလော့နှင့် ချင်ဇူလုတို့ကို မြင်လိုက်သောအခါ ခပ်ပါးပါးပြုံးလိုက်ပြီး.....

" ဂျူနီယာလီလော့က ကောလိပ်မှာ အတော်နာမည်ကြီးနေပြီနော်......"

"အမှတ်လေး တစ်သိန်းတည်းပါဗျာ....စီနီယာဇူရွှမ်းဆို ကျွန်တော်ထက်တောင်အမှတ်ပိုများများ စုမိနေပြီမဟုတ်လား....."

သူတောင်းစားရယ်...ငါ့မှာအဲ့လောက်များများမရှိသေးဘူးကွ......

အတွင်းစိတ်တွင် ကျိန်ဆိုသော်လည်း သူ့မျက်နှာမှာ အထင်းသားပေါ်လွင်နေသည်။

"စီနီယာရဲချူတင်းတို့ မရောက်သေးဘူးလား" လီလော့က မေးသည်။

"ရဲချူတင်းက အရိပ်လှိုဏ်ဂူထဲမှာ ဒဏ်ရာရထားလို့ တာအိုနယ်မြေထဲမလိုက်နိုင်တော့ဘူး......"

"စိတ်မကောင်းစရာပဲ....."

" ဟားးဟားးး အဲ့ဒဏ်ရာတွေထဲကတဝက်လောက်က မင်းကြောင့်ရခဲ့တာဆို....."

"ကျေးဇူးပြုပြီး အထင်လွဲစေမယ့်စကားတွေမပြောပါနဲ့....စီနီယာ ရဲချူတင်းကို ဘာလို့တိုက်ခိုက်ရမှာလဲ....ကျွန်တော်က ပြုစားခံခဲ့ရသူတွေကိုသာ တိုက်ခိုက်ခဲ့တာပါ......"

ထိုဖြေရှင်းချက်ကို ဇူရွှမ်း ပြန်မချေပနိုင်ခဲ့ပေ။

"သူက ဘယ္သူမ်ားလဲ..." လီလော့က အမည်မသိလူငယ်ကို လှည့်ကြည့်လိုက်သည်။

ပိန်ပိန်ကောင်လေးကလည်း သူ့ကို ပြန်ပြုံးပြ

သည်။

"သူက လင်းစွော်ပါ....ရဲချူတင်း မလာနိုင်ဘူးဆိုတော့ သူ့အစား ရောက်လာတာ...."

ဇူရွှမ်းက လီလော့နှင့် စကားများများပြောရန် စိတ်မဝင်စားသောကြောင့် လှည့်ထွက်ခဲ့သည်။ လင်းစွော်လည်း သူနှင့်အတူ လိုက်သွားခဲ့သည်။

လင်းစွော်သည်  အန္တရာယ်ရှိတဲ့လူတစ်ယောက်လို့ ခံစားမိနေသည်။

"သူ့ဆီကနေ အားပြင်းတဲ့ လူသတ်ငွေ့တွေရနေတယ်..အတော်ရက်စက်မယ့်ကောင်......"

ချင်ဇူလုသည် ဖခင်နှင့်အတူ စစ်ပွဲများစွာ တွေ့ကြုံခဲ့သည့်အတွက် ချင်ဇူလု၏ မှတ်ချက်က တိကျနိုင်သည်။

လီလော့ စဉ်းစားခန်းဝင်နေစဉ် ဝန်ထမ်းတစ်ယောက်က သူတို့ကို အလှဆင်ထားသော ခန်းမတစ်ခုဆီသို့ခေါ်ဆောင်သွားသည်။

ဇူရွှမ်းတို့လည်း  ထိုနေရာတွင် ရှိနေသည်။

ထို့အပြင်  ယုဟုန်စီနှင့် နင်းချူတို့နှင့်အတူ လုချင်းအာနှင့် နင်းကျောက်တို့လည်းရှိနေကြသည်။

လုချင်းအာက လီလော့ကိုမြင်သည်နှင့် တောက်ပစွာပြုံးလိုက်သည်ကို ယုဟုန်စီက မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရသည်။

ဟူးးး နာကျင်လိုက်တာ လီလော့ကိုမြင်တိုင်း ငါ့သမီးလေး ခံစားချက်တွေမထိန်းနိုင်သေးဘူးပဲ.....

သမီးဖြစ်သူကို ထူးချွန်သည့် လူငယ်များနှင့်အတူ တာအိုနယ်မြေထဲသို့စေလွှတ်လိုက်ပါက လီလော့ကို မေ့ပျောက်သွားမည်ဟု ထင်ခဲ့သော်လည်း လီလော့က စမ်းသပ်ချက်များကို အောင်မြင်နိုင်ခဲ့သည်။

သမီးတစ်ကောင် နွားတစ်ထောင်ဆိုသလိုဖြစ်နေပြီ။

ယုဟုန်ရှီက လီလော့နှင့် ချင်ဇူလုတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး......

" အခုလိုရောက်လာပေးတဲ့အတွက်ကျေးဇူးပါ......"

ယုဟုန်ရှီသည် သမီးဖြစ်သူလို နုပျိုပြီး ချိုမြိန်သော အလှမျိုး မပိုင်ဆိုင်နိုင်သော်လည်း  ရင့်ကျက်သော အလှတရားကိုပိုင်ဆိုင်ထားသည်။

"ဒီနေ့ မင်းတိူ့ကို ရွှေနဂါးတာအိုနယ်မြေအကြောင်း ပြောပြချင်လို့ဖိတ်လိုက်တာပါ.....တာအိုနယ်မြေကို အခု ရက်ပိုင်းအတွင်း ဖွင့်လှစ်ပေးတော့မယ်...တာအိုနယ်မြေရဲ့ စည်းမျဉ်းတွေအရဆို  သုံးယောက် တစ်ဖွဲ့နှုန်းနဲ့ မင်းတို့ခြောက်ယောက် နှစ်ဖွဲ့ဖွဲ့ရမယ်...."

"မင်းတို့လေးယောက်က  ချင်းအာနဲ့ နင်းကျောက်တို့ကို ပံ့ပိုးကူညီပေးရမယ်....ဟုတ်ပါတယ်...ပံ့ပိုးကူညီပေးရပေမယ့်လည်း မင်းတို့မင်းထင်တာထက် ပိုအကျိုးရှိမှာပါ..ရွှေနဂါးတောင်တန်းစာချွန်လွှာမရနိုင်တာ

ကလွဲရင် ကျန်တာတွေမင်းတို့ရနိုင်တယ်......"

"ရွှေနဂါးတောင်တန်းစာချွန်လွှာ? အဲ့ဒါဘာလဲ?"

လီလော့က မေးလိုက်သည်။

"ရွှေနဂါးဘဏ်တိုက်ရုံးချုပ်ရဲ့ အလယ်ဗဟိုမှာ အသင်းဝင်တွေ လေ့ကျင့်ဖို့ မြင့်မြတ်တဲ့ ရွှေနဂါးတောင်တန်းလို့ ခေါ်တဲ့ နေရာတစ်ခုရှိတယ်.... ရွှေနဂါးတောင်တန်းကနေ ပို့ပေးတဲ့စာချွန်လွှာတွေက တာအိုနယ်​မြေအတွက် ဝင်ခွင့်လက်မှတ်တွေပဲ..... ဒါတွေကိုရဖို့ ချင်းအာနဲ့နင်းကျောက်ကို မင်းတို့ကူညီပေးရမည်။

လီလော့နှင့် ချင်ဇူလုတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ချမ်းသာသော လုပ်ငန်းစု၏ မိသားစုဝင်ဖြစ်ရခြင်းမှာ အတော်ကံကောင်းလှသည်။သီးသန့်လေ့ကျင့်ဖို့ တာအိုနယ်မြေများပါ ဖန်တီးထားသေးသည်။

ရွှေနဂါးဘဏ်တိုက် မည်မျှ ကြွယ်ဝပြီး တန်ခိုးကြီးမားသည်ဆိုသော် ၎င်းသည် အံ့မခန်းနေရာတစ်ခုဖြစ်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်ထက်တောင် အံ့ဖွယ်ကောင်းနေသေးသည်။

ဘဝဆိုတာ နှင်းဆီခင်းတစ်ခုပါ... မင်းသာ ချမ်းသာရင် နှင်းဆီတွေမှာ ဆူးပင်တွေတောင် ရှိတော့မှာမဟုတ်ဘူး......

"ဘာမေးစရာရှိသေးလဲ....."

ယုဟုန်ရှီက မေးသည့်အခါ လီလော့က စိတ်အားထက်သန်စွာ လက်မြှောက်လိုက်ပြီး.... "ဉက္ကဌယု.... ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ...... ရွှေနဂါးဘဏ်တိုက်နဲ့ပူးပေါင်းဖို့  အရမ်းနောက်ကျသွားပြီလား....."

"........."

**

All Chapters