အိတ်ဆောင်စက်လုံး......
Vol. 24 Ch. 333
လီလော့၏ ရယ်စရာကောင်းသောမေးခွန်းသည် ယုဟုန်ရှီ ကဲ့သို့သော ရင့်ကျက်သူများကိုပင်ပြုံးမိစေသည်။
လုချင်းအာကတော့ အော်ဟစ်ရယ်မောနေ၏။
"ဒီအကြံကို စွန့်လွှတ်ဖို့ အကြံပြုချင်ပါတယ်..... ရွှေနဂါးဘဏ်တိုက်ရဲ့ သာမန်အဖွဲ့ဝင်တွေတောင်မှ ဒီအခွင့်အရေးတွေကို ခံစားခွင့်မရှိပါဘူး..... ငါနဲ့ ဒုဉက္ကဌ နင်းချွဲ့တို့ရဲ့ သားသမီးတွေသာ ဒီအခွင့်အရေးမျိုးရနိုင်တာ......"
လီလော့ နှမြောတသဖြစ်နေရှာသည်။
အံ့သြစရာကောင်းတဲ့ ရွှေနဂါးတောင်တန်းကြောင်း သိပ် သိချင်နေပြီ ဟိုရောက်မှပဲသေချာလေ့လာတော့မယ်......
သို့သော် ယုဟုန်ရှီ ပြောခဲ့သည့်စကားအရ ရွှေနဂါးဘဏ်တိုက်၏ အမြင့်ဆုံးအဆင့်အတန်းရှိသူများသာ ထိုအခွင့်အရေးမျိုးရနိုင်လိမ့်မည်။
"ကူညီသူလေးယောက်အတွက် ရွှေနဂါးဘဏ်တိုက်က ကျေးဇူးအထူးတင်ရှိပါတယ်.... ရွှေနဂါးတောင်တန်းစာချွန်လွှာ ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ မင်းတို့အတွက် လက်ဆောင်ပြင်ဆင်ထားပြီးပြီ....."
ယုဟုန်ရှီ အချက်ပြလိုက်သည့်အခါကောင်မလေးလေးယောက်က ကျောက်စိမ်းလင်ဗန်းများကိုသယ်ဆောင်လာကြသည်။၎င်းတို့ပေါ်တွင် ငွေသေတ္တာလေးခုရှိသည်။
ထိုသေတ္တာများကို ဖွင့်လိုက်သည့်အခါ အထဲတွင် ငွေရောင်စက်လုံးများရှိနေပြီး ဝိုင်းစက်နေသော စက်လုံးများပေါ်တွင် စွမ်းအင်အမျှင်တန်းများယှက်သန်းနေသည်။
"အိတ်ဆောင်စက်လုံး.....?"
၎င်းတို့၏အမည်သည် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း အရာဝတ္ထုများကို သိုလှောင်ရန်အတွက် အသုံးပြုနိုင်သည့် စက်လုံးများဖြစ်သည်။
အိတ်ဆောင်စက်လုံးများသည် မယုံနိုင်လောက်အောင်စျေးကြီးပြီး ကောင်းကင်ရွှေသန်းပေါင်းများစွာတန်ကြေးရှိသည်။ ထို့အပြင် ၎င်းတို့ကို စျေးကွက်တွင် သို့မဟုတ် ရွှေနဂါးဘဏ်၌ပင် အလွယ်တကူမရနိုင်ပါ။
လော့လန်အိမ်တော်တွင် အိတ်ဆောင်စက်လုံး အနည်းငယ်ရှိခဲ့သော်လည်း မိဘနှစ်ပါးက တပါတည်းယူဆောင်သွားခဲ့ကြသည်။
အိတ်ဆောင်စက်လုံးများသည် တိုက်ခိုက်ရေးစွမ်းအားကို တိုက်ရိုက်မတိုးပေးသော်လည်း မယုံနိုင်လောက်အောင် အသုံးဝင်ပါသည်။
ယုဟုန်ရှီက သူတို့လေးယောက်ကို ထိုလက်ဆောင်ပေးခြင်းဟာ အလွန်ရက်ရောလှသည်။ ဂဏန်းခုနစ်လုံးအထက်တန်ကြေးရှိသော အရာများကိုအကြိုလက်ဆောင်ပေးခြင်းကို မည်သူမအံ့သြဘဲနေလိမ့်မည်နည်း။
ယုဟုန်ရှီက ငွေကြေးအင်အား၏အစွမ်းကိုတမျိုးတဖုံပြသနေသည်။
ဝန်ထမ်းများဆီမှ အိတ်ဆောင်စက်လုံးများ
ဤအိတ်ဆောင်စက်လုံးများကို ၎င်းတို့၏လက်ကောက်ဝတ်တစ်ဝိုက်တွင် သပ်ရပ်လိုက်ဖက်သော ရွှေလက်ကောက်များအဖြစ် ဝတ်ဆင်လိုက်ကြသည်။
လီလော့ ချက်ခြင်း စတင်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားကို အသုံးပြုကာ ၎င်းကို အသက်သွင်းလိုက်သည်။
အထဲတွင် စားပွဲနှစ်လုံးစာ ခန့်သာကျယ်ဝန်းသည်။အဆင့်မြင့်သောစက်လုံးများသည် ရွှေနဂါးဘဏ်တိုက်တခုလုံးကို ထည့်ထားနိုင်သည်အထိကျယ်ဝန်းသည်ဟု ကြားဖူးသည်။
"ဉက္ကဌယုကို ကျေးဇူးတင်ပါတယ်" ဟု လေးယောက်စလုံး ကျေနပ်စွာဖြင့် သံပြိုင်အော်လိုက်ကြသည်။
ယုဟုန်ရှီ က အပြုံးလိုက်ပြီး.....
"နောက်တစ်ခုက အဖွဲ့ ဖွဲ့ဖို့ဆုံးဖြတ်ရမယ်.....ချင်းအာနဲ့ နင်းကျောက်တို့ ဆုံးဖြတ်ကြလိမ့်မယ်......"
"မင်းရဲ့အသင်းဖော်တွေကို ရွေးချယ်တာက အရမ်းအရေးကြီးတယ်" လို့ သမီးဖြစ်သူကို စူးစူးစိုက်စိုက်ကြည့်ရင်း ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်သည်။
"သန်မာတဲ့အသင်းဖော်တွေက နင့်ကို ရွှေနဂါးတောင်တန်းစာချွန်လွှာရဖို့အတွက် အခွင့်အရေးပိုရစေလိမ့်မယ်......"
လုချင်းအာက ရှေ့တည့်တည့်ကို စိုက်ကြည့်ပြီး မျက်တောင်ခတ်သည်။
" ဒါဆို ချင်းအာကို ဉီးစားပေးတဲ့အနေနဲ့ အရင်ရွေးခိုင်းလိုက်မယ်......"
နင်းချွဲ့၏ ရက်ရောမှုကြောင့် လုချင်းအာ ရှေ့သို့ တိုးလာသည်။
ယုဟုန်ရှီသည် သူမ၏ လက်ဖက်ရည်ခွက်ကို လေးလေးနက်နက် စိတ်ဝင်တစား စစ်ဆေးကြည့်ကာ ဂရုမစိုက်သလို ဟန်ဆောင်နေ၏။
ဇူရွှမ်းက ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ကိုပုတ်ပြီး.....
" စာချွန်လွှာရအောင် သေချာပေါက်ကူညီပေးမှာမို့ ကိုယ့်ကိုသာရွေးလိုက်ပါ....."
လင်းစွော် သည် ထုံးစံအတိုင်း အပြုံးမပျက်ဘဲ ရပ်နေလိုက်သည်။
လီလော့သည်လည်း ထိုအတိုင်းပင်....
ချင်ဇူလုကတော့ ခြေလှမ်းကို နောက်ပြန်ဆုတ်လိုက်သည်။
"အသင်းတစ်သင်းအတွက် အရေးကြီးဆုံးအရာက စည်းလုံးညီညွတ်မှုလို့ ထင်ပါတယ်..အဲ့တော့ လီလော့ နဲ့ ချင်ဇူလု ကို ရွေးချယ်ပါမယ်"
လုချင်းအာ က ခဏလေး စဉ်းစားပြီးနောက်ကျယ်လောင်ပြတ်သားစွာ ကြေငြာလိုက်သည်။
ထိုအခါ ဇူရွှမ်း၏ အပြုံးများ အေးခဲသွားသည်။
ချင်ဇူလုကတော့ ကြောက်ရွံ့တုန်လှုပ်သွားသည်။
ဘန်းးးး
ယုဟုန်ရှီက သူ့လက်ဖက်ရည်ခွက်ကို လိုအပ်သည်ထက် အနည်းငယ်ပို၍ အင်အားသုံးကာ စားပွဲပေါ်တင်လိုက်ပြီး.ယ..
"စည်းလုံးညီညွတ်မှုကအရေးကြီးပေမယ့် စွမ်းအားကပိုအရေးကြီးတယ် သေချာပြန်စဉ်းစားပါဉီး......."
လုချင်းအာ ခေါင်းခါလိုက်သည့်အတွက်
ယုဟုန်ရှီ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ လုချင်းအာသည် ထိုသို့သောရွေးချယ်မှုမျိုး ပြုလုပ်လိမ့်မည်ဟုမျှော်လင့်ထားသော်လည်း အတည်ပြုချက်ကိုကြားရသည့်အတွက် တုန်လှုပ်နေဆဲပင်......
သူ့သမီးက စိတ်အလိုလိုက်လွန်းတယ်......
သူမအတွက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများကို ပြင်ဆင်ထားပေးသော်လည်း လီလော့ကိုငယ ရွေးချယ်နေဆဲပင်......
ဤသည်မှာ ရွှေနဂါးတောင်တန်းစာချွန်လွှာအတွက်ဖြစ်ပြီး သူမ၏အနာဂတ်အတွက် စိုးရိမ်စရာဆိုလည်း မမှားနိုင်ပေ။
သို့သော်လည်း ခေါင်းမာလွန်းတဲ့ လုချင်းအာက ဆုံးဖြတ်ချက်ပြန်ပြင်မည့်ပုံမပေါ်ပေ။
"ကောင်းပြီ၊ ဒါ နင့်ရဲ့ရွေးချယ်မှုဆိုတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ.... "
ပံ့ပိုးသူလေးယောက်ထဲတွင် ဇူရွှမ်း သည် အပြင်းထန်ဆုံးဖြစ်ပြီး၊ အသွင်ပြောင်းလဲခြင်း ဒုတိယအဆင့်တွင်ရှိနေပြီး လင်းစွော်ကတော့ ပထမအဆင့်တွင်ရှိနေသည်။
နှိုင်းယှဉ်ကြည့်လျှင် လီလော့ နှင့် ချင်ဇူလု တို့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေဆဲဖြစ်သည်။
ပထမနှစ်ယောက်သည် အားကောင်းသော
အသင်းဖော်များဖြစ်သောကြောင့် နင်းကျောက်အတွက် ရွှေနဂါးတောင်တန်းစာချွန်လွှာရရှိရန် အခွင့်အလမ်းပိုများနေပြီဖြစ်သည်။
"အဖွဲ့တွေကို ဆုံးဖြတ်ပြီးပါပြီ.....ဒုဉက္ကဌ နင်းချွဲ့က ဇူရွှမ်းနဲ့ လင်းစွော်ကို ခရီးစဉ်အကြောင်းရှင်းပြပေးလိုက်ပါ....."
နင်းချွဲ့က ရွှင်မြူးစွာ ခေါင်းညိတ်သည်။ ယုဟုန်ရှီ ဒေါသထွက်နေပြီဆိုတာ သိနေသည့်အတွက် စကားပြောမနေတော့ဘဲ နင်းကျောက်၊ ဇူရွှမ်းနှင့် လင်းစွော် တို့ကိုခေါ်သွားခဲ့သည်။
ဖြစ်နိုင်မည်ဆိုလျှင် နေရာချင်းလဲပေးနိုင်ကြောင်း ဇူရွှမ်းကို ချင်ဇူလု ကမ်းလှမ်းလိုက်ချင်သည်။
သို့သော် သူဘာမှ မပြောမီ လုချင်းအာ ထံမှ စူးစူးရှရှ အကြည့်တစ်ချက်ကို ခံစားရပြီး သူ့ကို ဘာမှ မလုပ်ရန် သတိပေးလိုက်သည်။
အလွန်အဆင်မပြေသော အကြည့်ဖြစ်သည်။ ထို့အပြင် သူသာ ထိုသို့လုပ်ပါက လုချင်းအာ သူ့ကို လက်စားချေမည်မှာ သေချာသည်။
သူတို့ နှစ်ယောက်က ဆရာတူ တပည့်တွေဖြစ်သည့်အတွက် သူ့နည်းလမ်းတွေနဲ့လည်း ရင်းနှီးပြီးသားပါ။ အတွေ့အကြုံအရ ပါးစပ်ပိတ်ထားတာကသာ အကောင်းဆုံးဖြစ်လိမ့်မည်။
အမျိုးသမီးတွေရဲ့ ဒေါသကိုသွားမဆွတာအကောင်းဆုံးပဲ.......
***