← Chapters

တာအိုရွှေနှင့် ရေလှောင်တမံ......

Vol. 24 Ch. 334

တာအိုရွှေနှင့် ရေလှောင်တမံ......

Vol. 24 Ch. 334

နင်းချွဲ့က ဇူရွှမ်း၊ နင်းကျောက်နဲ့ လင်းစွော်တို့ကို ခေါ်သွားပြီးနောက် ခန်းမက ပို၍တိတ်ဆိတ်သွားသည်။ ယုဟုန်ရှီ ၏မျက်နှာသည် ဗလာဖြစ်နေသော်လည်းသဘောမတူသည်အရိပ်အယောင်များကို အထင်းသားမြင်နေရသည်။

လုချင်းအာသည် ယုဟုန်ရှီ စိတ်ဆိုးသောအခြေအနေတွင် စကားပြောမှားပြီး အဆင်မပြေဖြစ်လာမည်ကို စိုးရိမ်နေသဖြင့် သ သူ့အမေ၏ လက်နှစ်ဖက်ကို အမြန်ဆွဲကာ......

"မေမေ......လီလော့နဲ့ချင်ဇူလုက ဇူရွှမ်းထက် အဆင့်နိမ့်ပေမယ့် သမီးနဲ့ရင်းနှီးတယ်.... ယုံကြည်မှုက စွမ်းအားထက် ပိုအရေးကြီးတယ်လို့ သမီးယုံကြည်တယ်....."

ယုဟုန်ရှီက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

"ဒါဆို ဇူရွှမ်းက ယုံကြည်စကာမကောင်းဘူးပေါ့.....အဲ့လိုဖြစ်အောင်ဘာများလုပ်မိခဲ့လို့လဲ......"

"သမီး သူနဲ့ မရင်းနှီးသလို စကားအများကြီး လည်း မပြောဖူးပါဘူး.....သေချာတယ် သမီး သူ့ကို ယုံလို့မရဘူး......"

ယုဟုန်ရှီ သက်ပြင်းချလိုက်မိသည်။

"အဲဒီမှာ ရွှေနဂါးတောင်တန်းမှာ စာချွန်လွှာအရေအတွက် နည်းပါးတယ်... ပြီးတော့ နင်တို့ ဝင်ရမယ့် ဧရိယာထဲမှာတောင် ပြိုင်ဆိုင်မှုပြင်းထန်တယ်.... မြို့စားအဆင့်ရဲ့စွမ်းရည်နဲ့ တောင်တွေ့ရနိုင်တယ်.....နင်တို့သုံးယောက်အဆင့်နဲ့ အဆင်မပြေနိုင်ဘူး......တခြားအသင်းတွေမှာ အနည်းဆုံး အသွင်ကူးပြောင်းခြင်းအဆင့်ရောက်နေတဲ့သူနှစ်ယောက်ရှိတယ်....နင်တို့သုံးယောက်စလုံးက ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်မှာပဲရှိသေးတာ.....အဖွဲ့ဖွဲ့စည်းမှုအရ နင်းကျောက်တို့ဘက်က စာချွန်လွှာရနိုင်ခြေက ပိုများတယ်......."

လုချင်းအာ ပြန်ငြင်းသည်။

"လီလော့က ပုံသဏ္ဍန်ဖွဲ့စည်းခြင်းအဆင့်ဆိုပေမယ့် အရိပ်လှိုဏ်ဂူထဲမှာ အစွမ်းထက်တဲ့ ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို သုတ်သင်နိူင်တဲ့အတွက် ကျောင်းက သူ့ကို အမှတ် 100,000 ပေးခဲ့တယ်..... ဇူရွှမ်းက အားကောင်းပေမယ့် ဒါမျိုးလုပ်နိုင်လို့လား...."

ယုဟုန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။ ဒီလိုသတင်းမျိုးကို သူမ ပထမဆုံးအကြိမ် ကြားခဲ့ရခြင်းဖြစ်သည်။

"ဉက္ကဌယု....ချင်းအာရဲ့ ချဲ့ကားပြောဆိုမှုတွေကို မယုံပါနဲ့......ကျွန်တော့်ဘက်မှာ တခြားအကူအညီတွေရှိခဲ့လို့ပါ.... တကယ်လို့ ကျွန်တော်တစ်ယောက်တည်းသာဆိုရင် ကျွန်တော်လည်း သေနေလောက်ပြီ....." ဟု လီလော့က အလျင်စလို ရှင်းပြလိုက်သည်။

လုချင်းအာ ဝါကြွားလွန်းနေပြီ......

ယုဟုန်ရှီသည် ဤထူးဆန်းသော အချက်အလက်အသစ်ကို တွေးတောလိုက်ပြီး နောက်ဆုံးတွင် သူမ၏ ခေါင်းခါလိုက်သည်။

"ချင်းအာက မင်းကို ရွေးပြီးပြီမို့ ငါ ဘာမှမပြောတော့ဘူး....."

သူ လီလော့ ဘက်လှည့်လိုက်ပြီး.....

"လီလော့၊ မင်းငါ့ကို ကျေးဇူးဆပ်ပြန်ဆပ်မယ်ပြောခဲ့တယ်မဟုတ်လား.... မင်းငါ့ မင်းအတွက် ငါအရမ်းခက်ခဲအောင် လုပ်မှာမဟုတ်ဘူး.... ချင်းအာကို ရွှေနဂါးတောင်တန်းစာချွန်လွှာရအောင် လုပ်ပေးနိုင်ရင် အကြွေးကျေပြီ....ဘယ်လိုလဲ....."

လီလော့ မျက်မှောင်ကြုံ့ကာစဉ်းစားနေ၏။

ရွှေနဂါးဘဏ်တိုက်တွင် အခြားအသင်းများ မည်သို့မည်ပုံရှိမည်ကို သူမသိသော်လည်း ၎င်းတို့သည် ဇူရွှမ်းတို့အဖွဲ့ထက် အားနည်းနေမည်မဟုတ်ပေ။ ထိုသူများနှင့် ယှဉ်၍စာချွန်လွှာတစ်စောင်ကို လုယူခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။

"မေမေ....အဲ့လူတွေကို နေရာပေးလိုက်လို့ မရဘူးလား.... ရွှေနဂါးတောင်တန်းကို သမီး ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။....ကြယ်တာယာခရီးရှည်ကောလိပ်ကလည်း ကြီးကျယ်ပါတယ်....."

ယုဟုန်ရှီ က သူ့သမီးကို တင်းမာစွာ ကြည့်နေသည် ။

“ရွှေနဂါးတောင်က နင့်ရဲ့​အနာဂတ်ကို ပြင်ဆင်ပေးလိမ့်မယ်... ကြယ်တာယာခရီးရှည်ကောလိပ်က လက်ရှိအတွက် တထောက်နားစရာနေရာတစ်ခုအပြင်မပိုဘူး......"

သူမက လီလော့ ကို ပြန်ကြည့်လ်ိုက်ပြီး....

"မင်းကတိပေးမှာလား.....မင်းဒီလိုလုပ်နိုင်ရင် မင်းအကြွေးကိုပြန်ဆပ်ရုံတင်မကဘူး၊ မင်းဒုက္ခတွေကြုံလာတဲ့အခါ ငါမင်းကိုကူညီပေးမယ်......."

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။

"ဉက္ကဌယုပြောတဲ့ အကူအညီဆိုတာဘာများလဲ......"

"ဘယ်သူသိနိုင်မလဲ?"

လီလော့ က ဒါကို ခဏလောက် စဉ်းစားလိုက်ပြီး.....

"ပထမဆုံးအနေနဲ့၊ ဉက္ကဌယု ကျွန်တော့်ဆီကနေ ဒီလိုကတိတွေတောင်းဖို့မလိုပါဘူး....

ကျွန်တော်က ချင်းအာနဲ့ တဖွဲ့တည်းသားမို့ စာချွန်လွှာရဖို့ ကူညီပေးမှာပါ....ချင်းအာက ကျွန်တော့်ကိုအများကြီးကူညီပေးခဲ့ဖူးတယ်....ဒါ့ကြောင့် သူ့အတွက် အစွမ်းကုန်ကြိုးစားပေးမှာပါ......မလုံလောက်မှန်းသိပေမယ့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီပါ့မယ်.....ဉက္ကဌယုရဲ့ အကူအညီအတွက် ကမ်းလှမ်းချက်က ကျွန်တော့်ကို အရမ်းသွေးဆောင်နေတယ်.... ဒါပေမယ့် မလိုအပ်ပါ...ဘူး ဒါကိုသာ လက်ခံလိုက်ရင် ချင်းအာကိုကျွန်တော်ကူညီတာက အပေးအယူလုပ်သလိုဖြစ်သွားလိမ့်မယ်....."

ယုဟုန်ရှီသည် လီလော့ကို  မတုန်မလှုပ် ငေးကြည့်နေမိသည်။

လီလော့သည်ရှပြည်ထောင်စုကို မုန်တိုင်းထန်စွာ သိမ်းယူခဲ့သော အမျိုးသားနှင့် ဆင်တူသဖြင့် သူမ ထိတ်လန့်ခဲ့မိသည်။ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနှင့် ကျွမ်းကျင်မှုသည် သူမကိုယ်တိုင်အပါအဝင် မြင့်မြတ်သော မိန်းကလေးတိုင်း၏ နှလုံးသားတံခါးကို တွန်းဖွင့်နေသည့်နှယ်.......

လီလော့သည် သူ့အဖေနှင့် ယှဉ်လျှင် များစွာ ချို့တဲ့နေနိုင်သော်လည်း ထိုမာနကတော့ အကြီးသားပင်.....

သူမကတော့ ထိုအချက်ကိုသဘောကျသည်။

လုချင်းအာသည် လီလော့ ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း နှုတ်ခမ်းကိုက်လိုက်သည်။

ချင်ဇူလုကတော့ သူ့ကိုယ်သူ တိတ်တိတ်လေး သနားနေမိသည်။

"ငါဘာလို့ဒီမှာရှိနေတာလဲ! တာအိုနယ်မြေက

နှစ်ယောက် တစ်ဖွဲ့ ဖွဲ့ဖိုပ ဘာလို့ မတောင်းဆိုတာလဲ....ငါဘာလို့ ဒီအသင်းမှာရှိနေရမှာလဲ......"

"မင်းအဖေလို ဂုဏ်ယူစရာကောင်းသားပဲ...ဒါပေမယ့် ချိုမြိန်တဲ့ စကားလုံးတွေက ဘယ်လျှာကိုမဆို လိပ်သွားစေနိုင်တယ်....ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကြည့်ကြရအောင်...."

"ရွှေနဂါးတာအိုနယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရှင်းပြပေးမယ်...." ဟု သူမက ဆက်ပြောသည်။

“တာအိုနယ်မြေကအလွန့်အလွန် ကျယ်ဝန်းပြီး အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး

ပိုင်းခြားထားတယ်......မင်းတို့တွေအပြင်ပိုင်းမှာနေရလိမ့်မယ်....ရွှေနဂါးဘဏ်တိုက်အုပ်စုမှာ ဘဏ်ခွဲတွေ အရမ်းများတဲ့အတွက် လူတိုင်း ပူးပေါင်းလို့မရဘူး...အဲ့တော့ နယ်ပယ်ပေါင်းစုံကို ကျပန်း ခွဲထားရတယ်...."

"ဧရိယာတစ်ခုစီမှာ အသင်းပေါင်း 100 နီးပါးရှိပြီး စာချွန်လွှာပေးပို့မှု ငါးခု၊ခြောက်ခုလောက်ပဲရှိလိမ့်မယ်......"

"မင်းတို့သိထားရမယ့် အဓိကအချက်နှစ်ခုရှိတယ်...တာအိုရွှေနဲ့ ရေလှောင်တမံပဲ....."

"တာအိုရွှေ.... ရေလှောင်တမံ?" လီလော့နှင့် ချင်ဇူလုတို့နှစ်ယောက်စလုံး စေ့စေ့စပ်သပ်နားထောင်နေကြသည်။

"တာအိုရွှေကို အထူးငွေကြေးအဖြစ် ယူဆနိုင်ပေမယ့်  ရွှေအစစ်နဲ့လုပ်ထားတာမဟုတ်ဘူး.... သူ့ကို ရွှေနဂါးတာအိုနယ်မြေရဲ့စွမ်းအင်တွေနဲ့ပြုလုပ်ထားတာ....."

"မင်းတို့တွေ နယ်မြေထဲ ဝင်လိုက်တာနဲ့ တာအိုနံ့သာတိုင်တစ်ခု ပေးလိမ့်မယ်.... ရတနာတွေ၊ အံ့သြဖွယ်ကောင်းတဲ့ ဆေးဖက်ဝင်အပင်တွေ၊ ဒါမှမဟုတ် နတ်သားရဲတွေကို သတ်နိုင်ရင် နံ့သာတိုင်ကို မီးညှိလိုက်တာနဲ့ တာအိုနယ်မြေတွေက တန်ဖိုးတူတဲ့ တာအိုရွှေတွေပြန်ပေးလိမ့်မယ်......"

" အခြားအဖွဲ့ဝင်တွေကို အနိူင်တိုက်နိုင်ရင်လည်း နံ့သာတိုင်ထွန်းလို့ရတယ်....သူတို့တွေကို ဖယ်ထုတ််လိုက်လိမ့်မယ်....."

"အဲ့ဒါနဲ့ ကျွန်တော်တို့ဘာလုပ်ရမှာလဲ"

လီလော့က မေးသည်။

"အဲ့ဒါက မင်းတို့ကို ရေလှောင်တမံဆီ ခေါ်သွားပေးလိမ့်မယ်... ရေလှောင်တမံထဲမှာ ရှပြည်ထောင်စုမှာရှိတဲ့ ရွှေနဂါးဘဏ်တိုက်ရဲ့ ကိုယ်ပိုင်သိုလှောင်ရုံထက် သာလွန်တဲ့ ရတနာသိုက်တွေ အများကြီးရှိတယ်.....တာအိုနယ်​မြေထဲ ဝင်တဲ့သူတိုင်း ဆန္ဒရှိရင် ရေလှောင်တမံဆီသွားလို့ရတယ်...ဟုတ်တယ်၊ မင်းသူတို့ကို ဖယ်ထုတ်ချင်ရင် တာအိုရွှေများများရအောင်ရှာရမယ်....ရတနာလက်နင်တွေအဆင့်မြင့်လေတန်ဖိုးကြီးလေပဲလေ....ဒါပေမယ့် မင်းကိုပိုပြီးအထာက်အကူပြုပေးနိုင်တယ်မဟုတ်လား....."

လီလော့၏ မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ ဝိုင်းစက်နေသည်။

ရွှေနဂါးဘဏ်တိုက်က အရမ်းချမ်းသာလွန်းတယ်။ အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကို ရေလှောင်တမံနဲ့တောင်ထည့်ထားတာတဲ့....

သူလက်ရှိပိုင်ဆိုင်တာက သူအခုမှရထားတဲ့ အိတ်​ဆောင်စက်လုံးအပြင် ကျောင်းအုပ်ကြီးဆီက တံဆိပ်တစ်ခါသာရှိသည်။

သူ၏ ဓားတိုနှစ်ချောင်းသည်ပင် အဖိုးတန် ရှေးဟောင်းပစ္စည်းများ မဟုတ်ခဲ့ပေ။

" တာအိုရွှေတွေက ရေလှောင်တံမှာ စျေးဝယ်ဖို့သက်သက်မဟုတ်ဘူး....တာအိုနယ်မြေထဲက ထွက်သွားတဲ့အခါ  နင်တို့လက်ထဲမှာ ပေါက်ကွဲပြီး အဲ့အထဲမှာသိုလှောင်ထားတဲ့ စွမ်းအားတွေကို ခန္ဓာကိုယ်ဆီ လွှဲပြောင်းပေးလိမ့်မယလ.... ကံကောင်းရင် အဲ့နေရာမှာ အောင်မြင်မှုတွေရရှိနိူင်တယ်......

"ဒါကြောင့် တာအိုရွှေတွေက မင်းတို့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်လို့ပြောတာပေါ့......"

"ကျွန်တော်က ရွှေနဂါးဘဏ်တိုက်မိသားစုထဲ ဝင်ချင်တယ်"

ရွှေနဂါးတာအိုနယ်မြေ​တွေကအရမ်းမိုက်တယ်။

"နားလည်ပါပြီ.....နယ်မြေထဲရောက်တာနဲ့ တာအိုရွှေတွေရှာရမယ်...ပြီးရင် ရေလှောင်တမံမှာပစ္စည်းလဲမယ်....အားလုံးပြင်ဆင်ပြီးရင် စာချွန်လွှာ လုရမယ်....."

ယုဟုန်ရှီ ခေါင်းညိတ်လိုက်သည်။

"ဒါက ရွှေနဂါးဘဏ်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ ထူးခြားချက်ပဲ" ဟု လီလော့က သုံးသပ်လိုက်သည်။

"ဒါက ရွှေနဂါးတာအိုနယ်မြေ ရဲ့ စည်းကမ်းတွေပါ.....ဖွင့်ဖို့ ရက်ပိုင်းလောက်လိုသေးတယ်....တတ်နိုင်သမျှ ပြင်ဆင်ထားကြပါ..."

ယုဟုန်ရှီက လီလော့ရှေ့တွင်မတ်တပ်ရပ်လိုက်ပြီး..

"မင်း အစွမ်းကုန်ကြိုးစား... မင်းအမွေရထားတဲ့ လီတိုင်ရွှမ်ရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ငါ့ကိုပြပါ...မင်းငါ့ကိုစိတ်မပျက်စေဖို့  ငါမျှော်လင့်တယ်......"

***

All Chapters