← Chapters

ပဲ့တင်ထပ်သံထိန်းသိမ်းခြင်းလျှို့ဝှက်ပညာရပ်.......

Vol. 24 Ch. 335

ပဲ့တင်ထပ်သံထိန်းသိမ်းခြင်းလျှို့ဝှက်ပညာရပ်.......

Vol. 24 Ch. 335

သိပ်မကြာခင် တာအိုနယ်မြေ ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် လီလော့ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။

သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။လုချင်းအာ ကို ရွှေနဂါးတောင်တန်းစာချွန်လွှာရအောင် ကူညီပေးဖို့ လွယ်ကူမည်မဟုတ်ပေ။ အထူးသဖြင့် သူတို့သုံးယောက်စလုံး ကျင့်ကြံမှုပိုင်းတွင်အဆင့်နိမ့်ကြသည့်အတွက်ပင်.....

အခြားရွှေနဂါးဘဏ်ခွဲများမှာ လာရောက်မာ့်သူများ မည်မျှအားကောင်းသည်ကို သူမသိသော်လည်း နင်းကျောက်တို့ကတော့ သန်မာအားကောင်းကြသည်မှာ အမှန်ပင်.....

သန်မာတဲ့အသင်းတွေကြားမှာ တောက်ပဖို့ ခက်ခဲလိမ့်မည်။

သို့တိုင် လီလော့သည် လုချင်းအာ သူ့ကိုရွေးချယ်သည့်အတွက် အပြစ်မတင်နိုင်ခဲ့ပေ။ အခုလို ဝင်ခွင့်ရရုံနဲ့တင် ကျေးဇူးတင်စရာကောင်းနေပြီဖြစ်ပြီး အရင်တုန်းကညသူမ ကူညီပေးခဲ့သမျှကို ကျေးဇူးဆပ်ဖို့အခွင့်အရေးရလာခဲ့ပြီ။

ထို့ကြောင့် လီလော့ သည် ရက်အနည်းငယ်ကြာအောင် ရူးသွပ်စွာလေ့ကျင့်ခဲ့ပြီး ကျန်းချင်းအာကိုလည်း အတူလေ့ကျင့်ရန်ဖိတ်ခေါ်ထားခဲ့သည်။

...................

လော့လန်အိမ်တော် ဌာနချုပ်၊ လေ့ကျင့်ရေးခန်းမ.......

လီလော့သည် ပဲ့တင်ထပ်သံစွမ်းအားဖြင့် တောက်ပနေသော ဓားတိုများကို  အနက်ရောင် သစ်သားလေ့ကျင့်ရေးဓားဖြင့် ငြိမ်သက်စွာ ရပ်နေသော ကျန်းချင်းအာဆီသို့ ပြင်းထန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။

သူမသည် ခြေတစ်လှမ်း  အဆောတလျင် လှမ်းခဲ့ပြီးလက်ကောက်ဝတ်ကို အမြန်လှည့်လိုက်ကာ သူမ၏ဓားထိပ်ပေါ်မှ အလင်းတန်းတစ်ခုနှင့် လီလော့ ၏တိုက်ခိုက်မှုကို ဖြတ်တောက်ပစ်လိုက်သည်။

အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် လီလော့၏ မျက်လုံးများ တောက်ပလာသည်။ ဓားတိုနှစ်လက်တွင် ပဲ့တင်ထပ်သံစွမ်းအားများကိုအပြည့်အဝပေါင်းစပ်လိုက်သည့်အခါ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသောအသံများသည် တော်တန်ရုံသစ်ပင်များကို ပြိုလဲသွားစေနိုင်သည်။

ထန်.......

အားမာန်အပြည့်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချင်းအာက ကျောက်တိုင်ကြီးသဖွယ် မလှုပ်မယှက်ရပ်နေပြီး လီလော့ကသာ နောက်ဆုတ်လိုက်ရသည်။

လီလော့ ကြမ်းပြင်ပေါ်တွင် ​ခြေပစ်လက်ပစ်လှဲချလိုက်ပြီး......

" ရူးချင်စရာပဲ....ငါဒီလောက်အစွမ်းကုန်သုံးခဲ့တာလေကွာ....ခြေတစ်လှမ်းလောက်ဖြစ်ဖြစ် နောက်ဆုတ်သွားသင့်တယ်......"

ကျန်းချင်းအာ ရယ်လိုက်သည်။

"နင့် ဓားချက်ကို လက်တစ်ဖက်ထဲနဲ့တောင် ဖမ်းနိုင်တယ်..နတ်ဆိုးခန္ဓာအဆင့်ကိုအထင်မသေးနဲ့ ငါနင့်ထက် အများကြီးသန်မာတယ်.....

လီလော့ လှဲနေရာမှ ထရပ်လိုက်သည်။

" အမှန်တိုင်းပြောရရင် တာအိုနယ်မြေထဲမှာ နင်တို့လိုအဖွဲ့တွေအတွက် စာချွန်လွှာရဖို့ခက်ခဲလိမ့်မယ်....လုချင်းအာက စာချွန်လွှာမလိုချင်လို့ရည်ရွယ်ချက်ရှိရှိ ရွေးလိုက်တာထင်တယ်....."

ကျန်းချင်းအာ၏ မှတ်ချက်က ထင်မှတ်မထားလောက်အောင်  ပြတ်သားတိကျသည်။

လီလော့ သက်ပြင်းချလိုက်မိသည်။ သူလည်း ကျန်းချင်းအာလို ခံစားနေရသည်မဟုတ်လော....လုချင်းအာက ရွှေနဂါးတောင်တန်းစာချွန်လွှာများကို အမှန်တကယ်စိတ်မဝင်စားခဲ့ပေ။ မဟုတ်ပါက သူမသည် ဇူရွှမ်းနှင့်လင်းစွော်တို့ကို ရွေးချယ်သွားမည်ဖြစ်သည်။ သူနှင့်ချင်ဇူလုကို ရွေးချယ်ခြင်းသည် ဝန်ခံလိုက်သလိုပင်။

ဒေါသထွက်နေသော ယုဟုန်ရှီကိုလည်း အပြစ်မဆိုသာပေ။ လုချင်းအာနှင့်အကူအညီရရန် ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ရသည်မဟုတ်လော.....

"လုချင်းအာက ဉာဏ်မထက်ဘူး...." ဟု ကျန်းချင်းအာက မှတ်ချက်ပြုလိုက်သည်။

"စာချွန်လွှာ မလိုချင်လို့ နင်တို့ကိုရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့တာ...ဒါပေမယ့် နင့်အတွက်ကျတော့ နင့်ကိုယ်နင်တိုးတက်အောင်လုပ်ဖို့အာရုံစိုက်နိုင်သွားပြီ......"

လီလော့ ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်ချေတစ်ခုရှိသည်။ သို့သော်...

"စာချွန်လွှာအကြောင်း သူ စိတ်မဝင်စားရင်တောင် ငါကတော့ စိတ်ဝင်စားရမယ်....ဉက္ကဌယုက ငါ့ကို တာဝန်ပေးလိုက်ပြီ...."

ကျန်းချင်းအာ ပြုံးလိုက်မိသည်။ယုဟုန်ရှီက သူ့သမီးထင်ရာစိုင်းနေမည်ကိုကြိုသိနေသော်ကြောင့် လီလော့ကို ချည်ပြီးတုပ်ပြီး တာဝန်ပေးလိုက်ခြင်းပင်.....

ဟုတ်ပေသည်။ရှပြည်ထောင်စုမှာ သြဇာအရှိဆုံး အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ယုဟုန်ရွှကို စော်ကားတာဟာ ပညာမဲ့တာနဲ့အတူတူပါပဲ....

"တေဖိအားတွေ အများကြီးပဲ....."

လီလော့ ခေါင်းညိတ်လိုက်သည်။

"ငါအဆင်သင့်ဖြစ်နေပါပြီ.....အရိပ်လှိုဏ်ဂူထဲမှာ ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့တောင်ရင်ဆိုင်ခဲ့ဆသးတာပဲ...သန်းခေါင်ထက်တော့ ညဉ့်မနက်တော့မပါဘူး.. .. "

ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး အားပေးနှစ်သိမ့်ဖို့ စကားလမ်းကြောင်းလွှဲလိုက်သည်။

"နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုက အတော်လေးကို အထင်ကြီးလောက်စရာပါပဲ..... စွမ်းအားကွာဟချက်က သိပ်မကြီးတဲ့အခါ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့စွမ်းအားတွေက ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်ပြီး အခြေအနေအများစုမှာ ကစားပွဲတွေကို ပြောင်းလဲပစ်နိုင်တယ်.....ဒါပေမယ့် .စွမ်းအားကို ရည်ရှည်မသုံးနိုင်တာကထင်ရှားတဲ့ အားနည်းချက်တစ်ခုဖြစ်နေတာ်......နင်က အခုမှ  ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်မှာသာရှိသေးတဲ့အတွက် စွမ်းအားကုန်ဆုံးမှုက နှစ်ဆမြန်နေတယ်......"

လီလော့ ခေါင်းညိတ်ပြလိုက်သည်။ပဲ့တင်ထပ်သံနှစ်ခုပေါင်းသပ်ခြင်းသည် မြို့စားအဆင့်များအတွက်သာဖြစ်သဖြင့် သူ့အတွက် အလှမ်းကွာနေဆဲပင်.....

ထို့အပြင် နည်းပြချီချန်းကလည်း ယခင်ကတည်းက ပဲ့တင်ထပ်သံနှစ်ခု၏ အဆင့်သုံးဆင့်အကြောင်းကို ပြောပြခဲ့ဖူးသည်။ ပထမအချက်က အသေးအဖွဲ ပေါင်းစပ်မှု။ ဒုတိယ၊ နှစ်ခုက တစ်ခုဖြစ်လာတဲ့အထိပေါင်းစပ်ခြင်း တတိယအချက်က စိတ်ဓာတ်..... သူသည် ပထမအချက်ကိုသာအကြမ်းဖျဉ်းနားလည်နိုင်သေးသည်။

"ဒါက စွမ်းအားမလုံလောက်လို့ ပြသာနာဖြစ်နေတာ...​ဖြေရှင်းဖို့နည်းလမ်းမရှိဘူးလား ချင်းအာ......"

"စွမ်းအားတွေခဏတာ မြှင့်တင်နိူင်တဲ့ လျှို့ဝှက်ပညာရပ်တစ်ခုလား.... အဲ့ဒါတွေက ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေတဲ့အတွက် သေရေရှင်ရေးအခြေနေမျိုးမှသာ ထုတ်သုံးကြတာ..... "

လီလော့ သက်ပြင်းချလိုက်မိသည်။

"ဒါပေမယ့်...နောက်ထပ် သင့်တော်တာ ရှိလိမ့်မယ်ထင်တယ်....."

ရှားပါးတဲ့လျှို့ဝှက်ပညာရပ်တစ်ခု ရှိတယ်....အဲ့ပညာရပ်က  လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်အတွင်းမှာ ပဲ့တင်ထပ်သံစွမ်းအားတွေကို ခဏတာ သိုလှောင်ထားစေနိုင်တဲ့အတွက်  ပဲ့တင်ထပ်သံထိန်းသိမ်းခြင်းလျှို့ဝှက်ပညာရပ်လို့ ခေါ်တယ်....ဒီပညာရပ်ကိုသာ လေ့ကျင့်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ  အရံစွမ်းအား​တွေသိုလှောင်နိုင်ပြီ......ပြီးတော့ ဒီပညာရပ်က နင့်ရဲ့အခြေခံအုတ်မြစ်တွေကို ပျက်စီးစေမယ့် တခြားအမျိုးအစားတွေလောက်တော့ မဆိုးဝါးဘူး....."

လီလော့ ဝမ်းသာသွားသည် ။ ဒါက သူ့အတွက်တော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပင်.....

"သိပ်ကောင်းတယ်...."

ကျန်းချင်းအာက သူ့ပျော်ရွှင်မှုကို မဖျက်စီးချင်သော်လည်း.....

"ကောင်းတယ်... ဒါပေမယ့် ငါတို့ လော့လန်အိမ်တော် မော်ကွန်းတိုက်မှာ ဒီလို လျှို့ဝှက်ပညာရပ်မျိုး မရှိဘူး...."

လီလော့သည် မြေပြင်ကို ကလေးဆန်စွာ ဆောင့်နင်းလိုက်သည်။

"ပဲ့တင်ထပ်သံထိန်းသိမ်းခြင်းလျှို့ဝှက်ပညာရပ်က တော်တော်ရှားပါးတယ်....ငါတို့မှာ တစ်ခုရှိခဲ့ရင်တေယင် ထူးဆန်းနေလိမ့်မယ်....နင် တကယ်လိုချင်ရင် ရွှေနဂါးဘဏ်တိုက်ကို မေးလို့ရတယ်..... ဉက္ကဌယု စိတ်ကောင်းဝင်ပြီး ပေးရင်ပေးလိုက်မှာပေါ့....."

ငါ ယုဟုန်ရှီကိုကြောက်နေမှန်းသိလို့ သက်သက်တွန်းပို့တာ...ရက်စက်လိုက်တာငန်းဝတုတ်ရယ်......

သို့တိုင် မသွားဘဲနေရန် ရွေးချယ်၍မရပေ။

"ဒါ့အပြင် လင်းစွော်ရဲ့ နောက်ခံအကြောင်းကိုလည်း မေးသင့်တယ်..... နင်ပြောတဲ့အတိုင်းဆို သူက ရိုးရှင်းတဲ့သူမဖြစ်နိုင်ဘူး....သတိထားစောင့်ကြည့်ရမယ်....."

"ဘာကိုဆိုလိုတာလဲ?" လီလော့ အံ့သြစွာမေးလိုက်သည်။

"သူ ငါ့နောက်ကိုလိုက်လာယ်လို့ ထင်နေတာလား..."

" မဖြစ်နိူင်စရာသိပ်မရှိဘူး...ရွှေနဂါးတာအိုနယ်မြေက ရှပြည်ထောင်စုထဲမှာ မဟုတ်တော့ လူသတ်ဖို့ နေရာကောင်းတစ်ခုလိုဖြစ်နေတယ်.......သူ့ကို ဘယ်သူက လွှတ်လိုက်တာလဲတော့ မသိဘူး...ဖေဟောင်၊ ဒူဇီအိမ်တော် ဒါမှမဟုတ်ဂျိယန်အိမ်တော်လည်း ဖြစ်နိုင်တယ်....လော့လန်အိမ်တော်က ရန်သူတွေပတ်လည်ဝိုင်းနေတော့ မှန်းရခက်တယ်......ဘာပဲဖြစ်ဖြစ် သတိထားတာအကောင်းဆုံးပဲ"

လီလော့ သည် ဤဆိုးရွားသော အတွေးအမြင်သစ်ကြောင့် အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။

ကောင်းပြီ...အခုချက်ချင်း ရွှေနဂါးဘဏ်တိုက်ကိုသွားရမယ်.......

***

All Chapters