ပဲ့တင်ထပ်သံပူဖောင်းပညာရပ်......
Vol. 24 Ch. 336
" ပဲ့တင်ထပ်သံထိန်းသိမ်းခြင်း လျှို့ဝှက်ပညာရပ်ကို လိုချင်တယ်....ဟုတ်လား...."
ယုဟုန်ရှီက လီလော့ကို မျက်မှောင်ကြုတ်ကာ သူ့စားပွဲမှ မော့ကြည့်လိုက်သည်။
"ဒီလိုအရာတွေက သိပ်ကိုဆန်းကြယ်လွန်းတယ်......"
လီလော့ ခေါင်းညိတ်လိုက်သည်။
"ရွှေနဂါးဘဏ်တိုက်မှာရှိမယ်လို့ ကျွန်တော်ထင်ခဲ့တာ မှန်နေပြီပဲ......... ဉက္ကဌယု....ရွှေနဂါးတာအိုနယ်မြေက မကြာခင် ဖွင့်လှစ်တော့မှာပါ.... အချိန်နည်းနည်းလေးပဲ ရှိသေးပေမယ့် နည်းနည်းတော့ အကူအညီဖြစ်နိုင်မယ်ထင်ပါတယ်....."
တိုးတက်မှုအတွက် သူ့ဆန္ဒကို သူမ လက်ခံခဲ့သည်။ အမှန်မှာ...လုချင်းအာသည်အဖွဲ့ ရွေးချယ်ပြီးကတည်းက စာချွန်လွှာကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ သူ့သမီးအတွက် တခြားနည်းလမ်းကို တွေးတောရတော့မည်။
ထို့ကြောင့် လီလော့ကိုအကူအညီပေးဖို့သယကျန်တော့သည်။
ဝန်ထမ်းတစ်ဦးကို ခေါ်ပြီး အမိန့်ပေးသည့်ခအခါ ကောင်မလေးက ခေါင်းညိတ်ပြကာ နောက်ဆုတ်သွားလေသည်။
ခဏစောင့်ဆိုင်းပြီးနောက် ကျောက်စိမ်းစာနှစ်လိပ်ထည့်ထားသည့် သေတ္တာတစ်လုံးနှင့် သူမ ပြန်လာခဲ့သည်။
"ပဲ့တင်ထပ်သံ အရံသိုလှောင်နိုင်တဲ့
လျှို့ဝှက်ပညာရပ်တွေကသိပ်ကိုရှားပါးတယ်.... ရွှေနဂါးဘဏ်တိုင်မှာတောင် နှစ်ခုပဲ ရှိတယ်။...မင်းနဲ့ ကိုက်ညီမှုရှိမရှိ ကြည့်လိုက်ပါ...."
လီလော့၏ မျက်လုံးများသည် ကြည်နူးမှုဖြင့် တောက်ပနေသည်။ ရွှေနဂါးဘဏ်တိုက်က အံ့ဩစရာကောင်းလွန်းလှသည်။၎င်းတို့တွင် ရှားပါးသောအရာနှစ်ခုပင် ရှိနေသည်မဟုတ်လော.....
လီလော့ ရှေ့သို့ လျှောက်သွားကာ စာလိပ်နှစ်ခုလုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
တစ်ခုက အတွင်းအိတ်ကပ်ပညာရပ်လို့ခေါ်ပြီး နောက်တစ်ခုကတော့ ပဲ့တင်ထပ်သံပူဖောင်းပညာရပ် ဖြစ်သည်။
အတွင်းအိတ်ကပ်ပညာရပ်သည် အထူးပြုပစ္စည်းများဖြင့် ကျင့်ကြံရန်သင့်တော်ပြီး
ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်သံစွမ်းအားများကို သိုလှောင်နိုင်သည့် အိတ်အမျိုးအစားတစ်ခုဖန်တီးခြင်းဖြစ်သည်။
ပဲ့တင်ထပ်သံပူဖောင်းပညာရပ်သည်ကျင့်ကြံရာတွင် ပုံဆောင်ခဲမှုန့်အချို့လိုအပ်မည်ဖြစ်ပြီး အောင်မြင်သွားသည်နှင့် ခန္ဓာကိုယ်အတွင်း၌ ပဲ့တင်ထပ်သံစွမ်းအားများကို သိမ်းဆည်းထားနိုင်သည့်ပူဖောင်းများ ရှိနေမည်ဖြစ်သည်။
တစ်ယောက်ခုစီမှာ အားသာချက်တွေ နေကြသည်။ အတွင်းအိတ်ကပ်ပညာရပ်သည် စွမ်းအားများကို ကြာရှည်သိမ်းဆည်းထားနိုင်သော်လည်း ပဲ့တင်ထပ်သံပူဖောင်းပညာရပ်သည် စွမ်းအားများကို ပိုမိုသိုလှောင်ထားနိုင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပူဖောင်းသည် အလိုအလျောက် ကွယ်ပျောက်သွားပြီး စွမ်းအင်ကို အဆက်မပြတ် ဖြည့်သွင်းရန် လိုအပ်သည်။
သူ၏ ရေပဲ့တင်ထပ်သံနှင့်အထူးသည့်လျော်သည့်အတွက် ရေရှည်ကို စဉ်းစားပြီး နောက်ဆုံးတွင် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကို ရွေးချယ်ခဲ့သည်။
သူ့အတွက်၊ စဉ်ဆက်မပြတ် စွမ်းအင်ဖြည့်သွင်းပေးခြင်းက စိုးရိမ်စရာမရှိသည့်အပြင် သူ့တွင် ပဲ့တင်ထပ်သံနန်းတော်နှစ်ခုနေသည်။ ထို့ကြောင့် သူသည် အခြားသူများထက်သဘာဝစွမ်းအင်ကို ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်သည်။
"ဉက္ကဌယု၊ ကျွန်တော် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ကို ရွေးလိုက်မယ်....."
ယုဟုန်ရှီ က ရုတ်တရက် ပြုံးလိုက်ပြီး....
"ဒါဆို ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်။ ပဲ့တင်ထပ်သံပူဖောင်းပညာရပ်က
ကောင်းကင်ရွှေ ၃.၅၃ သန်း တန်ကြေးရှိတယ်....."
လီလော့ ရုတ်တရက် မိုးကြိုး ပစ်ချခံလိုက်ရသလိုခံစားလိုက်ရသည်။
"ဒီအတွက် 3.53 သန်း?!"
ဤစာလိပ်သည် အစွမ်းထက်သည်မှာမှန်သော်လည်းဤမျှလောက် မထိုက်တန်သည်မှာ သေချာပါသည်။ သုံးသန်းခွဲကျော်ဆိုသည်မှာ အချို့သော နဂါးအဆင့်ပညာရပ်များထက်ပင် ဈေးပိုကြီးနေသည်။
"ရှားပါးပစ္စည်းတွေက စျေးပိုကြီးတယ်.... ဒါက စီးပွားရေးပဲ" ဟု ယုဟုန်ရှီ က ချစ်စရာကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
"မတတ်နိုင်ဘူး!"
လီလော့ မျက်မှောင်ကုတ်လိုက်သည်။
သူသည် အဆင့်ခုနှစ် ဝိညာဉ်ရည်များရရန် ခြွေတာနေရသူဖြစ်သည်။
သုံးသန်းကိုဘယ်နားကသွားရှာရမှာလဲ...အစ်မချိုင်ဝေသာသိရင်တခါတည်း အလုပ်ထွက်သွားလိမ့်မယ်......
"အိုးးး.လီတိုင်ရွှမ်နဲ့တိုက်တန်လန်က သားလေးတစ်ယောက်တည်းအတွက် ဘာမှမချန်ထားခဲ့ဘူးပဲ......"
"ကျွန်တော်မလိုချင်တော့ဘူး"
သူ လှည့်ထွက်လာခဲ့လိုက်သည်။
"ခဏနေဉီး..... ကလေးတွေများ နည်းနည်းပါးပါးတောင် အစနောက်မခံဘူး......"
"ယူလိုက်ပါ... အဲ့ဒါကို ချင်းအာရဲ့ စာချွန်လွှာအတွက် ရင်းနှီးမြုပ်နှံတယ်လို့ပဲသဘောထားလိုက်..... အခုနေယူသွားရင် အလကားပေးလိုက်မယ်....နောက်မှလာဝယ်မယ်ဆို တပြားမှလျှော့မပေးဘူးနော်.....ပိုက်ဆံမပေးမချင်း ကျန်းချင်းအာကို အလွတ်မပေးဘဲပြသာနာလိုက်ရှာနေမှာ....."
" ဟွန့် လော့လန်အိမ်တော်ရဲ့သခင်လေးက မုန့်ဖိုးသာသာပိုက်ဆံလောက်ကို ဂရုစိုက်နေစရာလား......"
လီလော့သည် စာလိပ်ကို လောဘကြီးစွာဖြင့်ဆွဲယူပြီး သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ကာဒေါသတကြီးဖြင့်.....
"ဒါပေမယ့် ချင်းအာက ကျွန်တော့်သူငယ်ချင်းမိို့ သူ့အတွက်အကောင်းဆုံးကြိုးစားပေးမှာပါ....."
ယုဟုန်ရှီသည် လီလော့၏သရုပ်ဆောင်မှုကို ရွှင်မြူးစွာ ကြည့်နေသည်။ လီလော့သည် သူ့အဖေနဲ့ ယှဉ်ရင် ပိုပြီး ရေလိုက်ငါးလိုက်နေတတ်သည်။
"အိုး၊ ဉက္ကဌယု..."
ယခုတော့ လျှို့ဝှက်ပညာရပ်ကိစ္စပြေလည်သွားသောအခါ လီလော့၏ စိတ်သည် ကျန်းချင်းအာ၏ အခြားသတိပေးချက်ဆီသို့ လှည့်သွားခဲ့သည်။
"လင်းစွော်အကြောင်း သိချင်လို့ပါ......"
ယုဟုန်ရှီ သည် သူ့အတွေးကို ချက်ချင်းနားလည်လိုက်သည်။
"သူ မင်းကို ပစ်မှတ်ထားနေတယ်လို့ ထင်နေတာလား...."
"မဟုတ်ဘူးလား...?"
"မင်းရဲ့သတိကြီးမှုကို ငါနားလည်တယ်။"
သူမ စာနာစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။
"လော့လန်အိမ်တော်မှာ ဝံပုလွေတွေပတ်လည်ဝိုင်းနေတယ်ဆိုပေမယ့် လင်းစွော်က တခြားသူမဟုတ်ပါဘူး.....ထျန်းကန်ပြည်နယ်မှာရှိတဲ့ ရွှေနဂါးဘဏ်တိုက်ရဲ့ ဘဏ်ခွဲကနေ ရဲချူတင်းအစား ပို့လိုက်တဲ့သူပါ....."
အိုး.. ဒါဆို လင်းစွော်က သူတို့ထဲက တစ်ယောက်ပေါ့... သူ အတွေးလွန်သွားပြီလား?
မည်သို့ပင်ဆိုစေကာမူ သတိထားသည်က ပိုကောင်းမဟုတ်လော.....
ယုဟုန်ရှီ ၏အာမခံချက်များကိုမှတ်သားပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူသည် ပဲ့တင်ထပ်သံပူဖောင်းပညာရပ် ကို အပြည့်အဝအာရုံစိုက်ရန် စိတ်အားထက်သန်နေပြီ။
သူက တံခါးပေါက်နားတွင် ခေတ္တရပ်လိုက်ပြီး စာရွက်စာတမ်းတွေ ဖတ်ရှုနေပြီဖြစ်တဲ့ ယုဟုန်ရှီ ဆီကို လှည့်ကြည့်လိုက်ပြီး....
"ဉက္ကဌကြီး၊ ကျေးဇူးတင်ပါတယ်......"
စာချွန်လွှာတွင် ရင်းနှီးမြုပ်နှံမှုအဖြစ် ကူညီပေးနေသည်ဟု သူမ ပြောနေသော်လည်း ကြင်နာမှုများစွာကို ပြသနေဆဲဖြစ်သည်။
လက်ရှိတွင် သူ့အစွမ်းအစလောက်နှင့် ယုဟုန်ရှီကို ဘာမျှမကူညီနိုင်သေးသော်လည်း အခွင့်ရေးရပါက ထိုကျေးဇူးတရားများကို ပြန်ပေးဆပ်ရမည်။
ယုဟုန်ရှီ က မော့မကြည့်ဘဲ အသိအမှတ်ပြုသည့်အနေဖြင့် လက်ပြလိုက်သည်။
တံခါးပိတ်ပြီးမှသာ စာရွက်တွေကို ချလိုက်ပြီး
"လီတိုင်ရွှမ်... တိုင်တန်လန် ....ဒီပျက်စီးနေတဲ့ အညစ်အကြေးတွေကြားမှာ တဉီးတည်းသောသားလေးကိုထားခဲ့ရက်တယ်နော်....."
***