← Chapters

အခန်း(၁၂၂) ဒါ B-siteရဲ့ ပြောင်းပြန်ပဲ မဟုတ်ဘူးလား

Vol. 9 Ch. 122

အခန်း(၁၂၂) ဒါ B-siteရဲ့ ပြောင်းပြန်ပဲ မဟုတ်ဘူးလား

Vol. 9 Ch. 122

အခန်း(၁၂၂) ဒါ B-siteရဲ့ ပြောင်းပြန်ပဲ မဟုတ်ဘူးလား

ဂိမ်းဒီဇိုင်နာ၏ ရောင်းအား ၃၀၀,၀၀၀ ကျော်လာချိန်တွင် ဒီဂိမ်း စတင်ပြီး အမြတ်ရလာပြီဟု သူခံစားလိုက်ရပါသည်။ ရောင်းအားများသာ ဆက်တက်နေပြီး ယွမ် ၄၀၀,၀၀၀ - ၅၀၀,၀၀၀ လောက်အထိ တက်သွားပါက ယွီအင်တာနက်ကဖေးနဲ့ ဗီဒီယိုအတိုများကြောင့် ဆုံးရှုံးထားသည့် ငွေများကို ပြန်ရှာပေးလာနိုင်သည်။

ဖေးချမ့်အတွက်တော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ ဒါက သတင်းဆိုး ဖြစ်နေပါသည်။ ထို့ကြောင့် မကြာသေးခင်ကမှ ဖေးချမ့်တစ်ယောက် ဂိမ်းဒီဇိုင်နာ၏ ရောင်းအားများကို စောင့်ကြည့်နေခဲ့ပါသည်။ ဂိမ်းက ရှိနေပြီးသားထက် ပိုပြီး ရေပန်းမစားလာပါစေနဲ့ဟု ဆုတောင်းနေပါသည်။

လက်ရှိအခြေအနေအရဆို ဖေးချမ့် ဘာမှ မလုပ်နိုင်တော့ပါ။ ဂိမ်းက ထွက်ပြီးသား ဖြစ်သည်။ ဂိမ်းကို ဆိုးဆိုးရွားရွားဖြစ်အောင် ပြောင်းလဲလိုက်ခြင်းက စည်းကမ်းချိုးဖောက်ရာကျပါသည်။ အပေါစား ကြော်ငြာများနဲ့ ပွက်လောက်ရိုက်အောင် လုပ်ပါကလည်း ဂိမ်မာများက အနုပညာတစ်ခုဟု ထင်သွားပါဦးမည်။

ဖေးချမ့် စိတ်ထဲ အတွေးတစ်ခုသာ ရှိတော့သည်။ သူ အကြီးအကျယ် အကျပ်ရိုက်နေပါပြီ။ ဆရာချောင်း၏ ဗီဒီယိုက အဓိပ္ပာယ်မရှိတာတွေနဲ့ ပြည့်နှက်နေသော်လည်း တစ်ခုတော့ မှန်တာကို ဝန်ခံရမည်။ ပြောခွင့်ရှိသူက နားလည်မှုလွဲခံရဖို့ ကံပါလာသည်ဆိုတာပင်။

ပြောခွင့်ရှိသူ တစ်ယောက်အနေဖြင့် ဖေးချမ့်ကို ရူးလောက်အောင် နားလည်မှု လွဲကုန်ကြသည်။ ထို့အပြင် အားလုံးက သူ့ကို နားလည်မှု လွဲနေကြပါသည်။ ဒါက သူ သွေးအန်ချင်သွားစေလောက်သည့် ကံတရားမျိုး ဖြစ်သည်။

တစ်ဖက်မှာ တခြားလူများကတော့ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ အတွဲ ၃ ပြီးဆုံးမှုအတွက် အောင်ပွဲခံနေကြပါသည်။

“အစ်ကိုဟွမ် အခုဘာလုပ်တော့မလဲ။ အတွဲ ၄ ဆက်ရိုက်မှာလားး။” လုမင်လျန်က မျှော်လင့်တကြီး မေးလိုက်မိပါသည်။ သူက စီးရီးထဲတွင် အလုပ်သင်အနေဖြင့် သရုပ်ဆောင်ရသည်။ တကယ်ပဲ နောက်ထပ်အပိုင်းတွေမှာ သရုပ်ဆောင်ချင်ပါသေးသည်။

ဟွမ်းစစ်ပေါ်က ပြုံးကာ ပြောလိုက်သည်။ "ငါတို့ မသေချာသေးပါဘူး။ ဒါပေမယ့် စာချုပ်အတိုင်း အိုင်လီကျွန်းက ငါတို့တွေကို ပေးတဲ့ အကျိုးအမြတ်အရ ငါတို့ အရင်ရိုက်ကူးထားတဲ့ အတွဲတွေအတွက် သုံးထားတဲ့ ကုန်ကျစရိတ်တွေကို ပြန်ကာမိမှာပါ။ ငါတို့ အမြတ်ရနိုင်လောက်တယ်။”

"ငါတို့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝရဲ့ IP တန်ဖိုးကို သက်သေပြပြီးပြီဆိုတော့ ငါတို့ စဥ်းစားစရာ ရွေးချယ်မှုနှစ်ခု ရှိတယ်။ ငါတို့ ဒီ IP မှာပဲ  ဆက်ပြီး ရင်းနှီးမြှုပ်နှံမလား။ ဦးတည်ချက်အသစ်တစ်ခုကို ရှာဖွေမလား ဆိုတာပဲ။ ဒါပေါ့ ငါတို့ အလုပ်ပြန်မလုပ်ခင် နှစ်ပတ်လောက်နားဖို့ စီစဥ်ထားတယ်။ ငါတို့ ဒီအချိန်တောအတွင်း အလုပ်တွေ အများကြီး ပိုလုပ်ခဲ့ရတယ်။ အားလုံး ပင်ပန်းနေမှာပဲ။”

ဖေးချမ့် ထိုစကားများကို ပိုပြီးကြားရလေလေ တစ်ခုခု လွဲနေသလို ပိုခံစားလာရလေလေဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။

အိုင်လီကျွန်းက စာချုပ်ပါအတိုင်း ပေးတဲ့ အကျိုးအမြတ်အပေါ် မူတည်ပြီး သူတို့တွေ အရင် စီးရီးတွဲတွေအတွက် သုံးထားတဲ့ ကုန်ကျစရိတ်တွေကို ပြန်ကာမိလောက်မယ် ဟုတ်လား။ အမြတ်တောင် ရလာနိုင်တယ် ဟုတ်လာား။

ထိုစကားလုံးများက နောက်ထပ် နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်ခြင်းပင်။ ဖေးချမ့် ချက်ချင်းပဲ ကြက်သေ သေသွားပါသည်။

သူတို့ ယခင် စီးရီးတွဲများအတွက် ယွမ် ၁ သန်းကျော်လောက်တောင် သုံးစွဲခဲ့သည်။ စပွန်ဆာလည်း တစ်ခုမှ လက်မခံခဲ့ပေ။ ဘယ်လိုလုပ်ပြီး အကုန်လုံး ပြန်ရနိုင်မှာလဲ။ ဒီဝက်ဘ်ဆိုက်အသေးစားလေးမှာ မက်လုံးပေးသော အစီအစဥ်ရှိနေရင်တောင် ဒီလောက်အများကြီးကို အချိန်တိုအတွင်း ပြန်မရနိုင်လောက်ပါ။

"မင်းတို့တွေ အဆင့်နိမ့် စပွန်ဆာတွေကို လက်မခံခဲ့ပါဘူးနော်" ဖေးချမ့် ရုတ်တရက်ကြီး သတိကြီးလာပါသည်။

ဟွမ်းစစ်ပေါ်က ပြုံးလိုက်သည်။"လက်မခံပါဘူး ဘော့စ်ဖေး။ အိုင်လီကျွန်းမှာ ဗီဒီယိုဖန်တီးဖို့အတွက် မက်လုံးပေးတဲ့ အစီအစဥ် ရှိပါတယ်လို့ အရင်တုန်းက ပြောဖူးတယ်လေ။ အဲ့တာကြောင့်ပဲ ပိုတေးတိုးဝက်ဘ်နဲ့ ခြားနားတာပေါ့။”

"မက်လုံးပေးတဲ့ အစီအစဥ်... ၁၀,၀၀၀ ကလစ်လောက်ဆို ၁၅ ယွမ် ၃၀ ယွမ် လောက်ရမှာ မဟုတ်လား။” ဖေးချမ့်က ပိုပြီး ဇဝေဇဝါဖြစ်ကာ ထပ်မေးလိုက်ပါသည်။

မက်လုံးပေးသော အစီအစဥ်မှာ အင်တာနက်တစ်ခုလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ ဆိုလိုရင်းက စျေးနှုန်းမှာ အရမ်းမြင့်လို့ မဖြစ်ပါ။ ပုံမှန်ဆို ၁၀,၀၀၀ ကလစ်ပမာဏဆို ၁၅ယွမ် ၃၀ယွမ်လောက် ရနိုင်သည်။ ကလစ် ပမာဏ ၁ သန်းနဲ့ဆို ယွမ် ၂,၀၀၀လောက်သာ ရနိုင်သည်။

အမှန်ပင်။ တချို့ဝက်ဘ်ဆိုက်များ၏ မက်လုံးပေးသည့် အစီအစဥ်များက ဗီဒီယို၏ ကလစ်ပမာဏ စုစုပေါင်းအပေါ် မူတည်ပြီး ထိုစျေးနှုန်းများကို တိုးမြှင့်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကလစ် ၁ သန်း၊ ၂ သန်း၊ ၃ သန်း... အားလုံးကို ၁၀,၀၀၀ ကလစ်တိုင်း ခြားနားစွာ ပိုက်ဆံပေးပါသည်။ သို့သော်လည်း အလွန်အမင်း များပြားသော ပမာဏတော့ မပေးပါ။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝက စီးရီးတွဲတစ်ခုကို ၁၀ ပိုင်းသာ ရှိသဖြင့် ၎င်းတို့ အများဆုံး ယွမ် ၃၀,၀၀၀ - ၅၀,၀၀၀ယွမ်လောက်သာ ရနိုင်သည်။ ထို့ထက်တော့ ပိုမရနိုင်လောက်ပါ။

ဖေးချမ့် ခေါင်းထဲမှာ ဘယ်လိုပဲ တွက်ချက်ကြည့်ပါစေ ယွမ် ၁ သန်းကို ဘယ်လိုပြန်ရနိုင်မှာလဲ နားမလည်ပေ။

ဟွမ်းစစ်ပေါ်က အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ ဖေးချမ့်ကို အသေးစိတ် ရှင်းပြလိုက်ပါသည်။

"ဘော့စ်ဖေး နားမလည်တာတွေ ရှိတယ်။ ဒီမက်လုံးပေးတဲ့ အစီအစဥ်က အကြောင်းအရာ ဖန်တီးသူတွေအားလုံးကို ပစ်မှတ်ထားတာ။ ဒါပေမယ့် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ အွန်လိုင်းပေါ်မှာ ဘယ်လောက်နာမည်ကြီးသလဲဆိုတာကို ထည့်တွက်ပြီး အိုင်လီကျွန်းနဲ့ ပိုကောင်းတဲ့ သဘောတူညီမှုတွေအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ဝင်ဆံ့နိုင်မှုက သာမန် အကြောင်းအရာ ဖန်တီးသူတစ်ယောက်နဲ့ မတူတော့ဘူး။”

"မားကတ်တင်းအတွက် အိုင်လီကျွန်းက ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ သီးသန့်ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ကိုဝယ်ယူဖို့အတွက် အများကြီး ကမ်းလှမ်းခဲ့ယ်။ သူတို့ အမြတ်ငွေကို တစ်ဝက်ခွဲဖို့ လက်ခံလိုက်တာလည်း အရမ်း ရက်ရောတယ်။”

"အိုင်လီကျွန်းရဲ့ အထက်စီမံရေးလူတွေက ဒီလိုမျိုး ဗီဒီယိုအတိုလေးတွေက ဗီဒီယီု အကြောင်းအရာတွေရဲ့ အနာဂတ်လို့ ထင်နေကြတယ်။ ဒီရှိုးမှာ အလားအလာတွေ အမျာကြီး ရှိတယ်။ အဲ့တာကြောင့် သူတို့ခြွင်းချက်ထားပြီး ကျွန်တော်တို့ကို အဆင့် Bကနေ A အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်။”

"စည်းမျဥ်းအရဆို- အကောင့်တစ်ခုက A အဆင့် စီးရီးတစ်ခုရဲ့ အပိုင်းတစ်ပိုင်းကို ကလစ်လိုက်ပြီး ဗီဒီယိုကို ၆ မိနစ်ထက်ကျော်အောင်ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ ကလစ်အဖြစ် သတ်မှတ်ခံရပြီး အောင်မြင်တဲ့ ကလစ်တစ်ခုကို ၀.၄ ယွမ်လောက်ရတယ်။”

"ဟုတ်တာပေါ့ ကျွန်တော်တို့ ဗီဒီယိုတွေက အရမ်းတိုပြီး တစ်ပိုင်းကို တစ်မိနစ်လောက်ပဲ ကြာတော့ ဒီစံနှုန်းကို လျှော့လိုက်ရတာပေါ့။ အကောင့်တစ်ခုက ကျွန်တော်တို့ တစ်ပိုင်းကို ကလစ်လိုက်ပြီး ၃၀စက္ကန့်ထက် ကြာအောင် ကြည့်မယ်ဆို အောင်မြင်တဲ့ ကလစ်အဖြစ် သတ်မှတ်ခံရမယ်။ ဒါပေမယ့် ရငွေလည်း လျော့သွားတယ်။ အောင်မြင်တဲ့ ကလစ်တစ်ခုစီကို ၀.၂ ယွမ်ရမယ်။”

"တစ်နည်းအားဖြင့် ကျွန်တော်တို့ စီးရီးတွဲ3 ရဲ့ အပိုင်း ၁၀ ပိုင်းစလုံးမှာ ကလစ်ပေါင်း ၁သန်းကျော်ရှိမယ်ဆိုရင်  ကျွန်တော်တို့ ၂ သန်းလောက်ရနိုင်မယ်ဆိုတဲ့ သဘောပဲ။”

"ကျွန်တော်တို့ အသုံးစရိတ်နဲ့ အခွန်တွေကို လျှော့လိုက်ရင်တောင် အမြတ်ရနိုင်ပါသေးတယ်။”

"အားလုံးက ဘော့စ်ဖေးရဲ့ တိကျတဲ့ ဗျူဟာခင်းနည်းကြောင့်ပါပဲ။ အဆင့်နိမ့်စပွန်ဆာတွေ အားလုံးကို ငြင်းခဲ့လို့သာ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝက ဒီလို IP တန်ဖိုးမြင့် ဝက်ဘ်စီးရီးတစ်ခုအဖြစ် နာမည်ရခဲ့တာ။ အဲ့တာကြောင့် အိုင်လီကျွန်းက ကျွန်တော်တို့ အဆင့်ကို တိုးပေးပြီး ဒီလို ဆွဲဆောင်မှုရှိတဲ့ အမြတ် တစ်ယောက် တစ်ဝက် သဘောတူညီမှုမျိုးကို ကမ်းလှမ်းတာပေါ့။”

"အားလုံးက ဘော့စ်ဖေးရဲ့ အမြော်အမြင်ကြောင့်ပါပဲ။"

ဖေးချမ့် ရင်ထဲမှာ ကျိန်ဆဲလိုက်မိပါသည်။

ကလစ်တိုင်းက ၀.၂ ယွမ်ရမယ်ဟုတ်လား။ ဒါဆို ကလစ် ၁၀,၀၀၀တိုင်း ယွမ် ၂,၀၀၀ ရနေမည်ဟူသည့်သဘောပင်။ သာမန် ဝက်ဘ်ဆိုက်များ၏ မက်လုံးပေး အစီအစဥ်များထက် အဆ ၁၀၀လောက်ပင် ပိုများပါသည်။

ဖေးချမ့် တကယ်ပဲ ဒီလိုဖြစ်လာမှာကို မမျှော်လင့်မိခဲ့ပါ။

ဗီဒီယိုဝက်ဘ်ဆိုက်များက တကယ်ပဲ ရေပန်းစားသည့် စီးရီးများနဲ့ မူပိုင်ခွင့်၊ သို့မဟုတ် ရေပန်းစားသည့် ရသစုံရှိုးပွဲများ၏ သီးသန့်ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်များကို ဝယ်ယူဖို့ ငွေအမြောက်အများ အသုံးပြုတတ်ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ ထိုရှိုးများကို မန်ဘာများအား အစုလိုက် အပြုံလိုက် ရောင်းချပြီး ၎င်းတို့၏ ယှဥ်ပြိုင်မှုကို တိုးမြှင့်စေပါသည်။ မူပိုင်ခွင့်များက ဗီဒီယိုဝက်ဘ်ဆိုက်များအတွက် အကာအရံများ ဖြစ်၏။ ဗီဒီယိုဝက်ဘ်ဆိုက်များ ငွေအများဆုံး အသုံးပြုရသော နေရာလည်း ဖြစ်သည်။

သို့သော်လည်း ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝလို သာမန် ဝက်ဘ်စီးရီးတစ်ခုက ဒီလိုအခွင့်ထူးမျိုး ရလိမ့်မည်ဟု ဖေးချမ့် တစ်ခါမှ ထင်မထားခဲ့ပေ။

ပုံမှန်ဆို ဝက်ဘ်ဆိုက်များက ဝက်ဘ်စီးရီးများကို အဆင့် A- B- C- သို့မဟုတ် D- မသတ်မှတ်ခင် လိုအပ်ချက်များ ပြည့်မှီထားဖို့ လိုအပ်သည်။ ကန့်သတ်ချက်များစွာကိုလည်း ဒီနေရာမှာ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားပါသည်။ ဝက်ဘ်စီးရီးတစ်ခုက အဆင့်တစ်ဆင့် သတ်မှတ်ပေးဖို့ ထိုက်တန်စေဖို့အတွက် အလွန်ကောင်းမွန်မှဖြစ်ပါမည်။

ထို့အပြင် အဆင့်တစ်ခုရနိုင်ဖို့ ဝက်ဘ်စီးရီးတစ်ခုကို ထိုဝက်ဘ်ဆိုက်များအား သီးသန့် ထုတ်လွှင့်ပြသခွင့် ပေးရမည်။

ဒီလိုဆို ဗီဒီယိုဝက်ဘ်ဆိုက်များက သီးသန့် ထုတ်လွှင့်ပြသမူပိုင်ခွင့်များအတွက် တစ်ခါတည်း ပေးသွင်းရမည်မဟုတ်တော့ပေ။ ထို့အစား ဗီဒီယိုများ၏ ရေပန်းစားမှုအပေါ်မူတည်ပြီး အမြတ်များကို အကြောင်းအရာ ဖန်တီးသူများနဲ့ ခွဲယူနိုင်ပါသည်။ ဝက်ဘ်ဆိုက်နဲ့ အကြောင်းအရာ ဖန်တီးသူများအတွက် ဒါက လက်တွေ့အကျဆုံးနဲ့ အမြတ်ငွေခွဲရာတွင် ဘေးအကင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

အိုင်လီကျွန်းဟု ခေါ်သည့် ဒီဝက်ဘ်ဆိုက်ကလည်း မကြာသေးခင်က ပိုက်ဆံအများကြီး သုံးဖို့ ဆုံးဖြတ်ခဲ့သည်။ အထက်လူကြီးများက ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို မတော်တဆ ရွေးမိသွားတာ ဖြစ်နိုင်သည်။ ထို့ကြောင့် ဒီလိုတွေ ဖြစ်နေခြင်း ဖြစ်ပါသည်။

"ဒီနေ့ည ၈ နာရီမှာ ကျွန်တော်တို့ရဲ့ တတိယတွဲကို အိုင်လီကျွန်းမှာ ထုတ်လွှင့်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ ကျေးဇူးပြုပြီး မှတ်ထားပေးကြပါ။ အဲ့ကျရင် အတော်လေး စည်ကားတော့မယ်ထင်တယ်။” ဟွမ်းစစ်ပေါ်က ကိုယ့်ကိုယ်ကို ဂုဏ်ယူစွာဖြင့် ကြေညာလိုက်ပါသည်။

"ဟုတ်ပြီ၊ ဟုတ်ပြီ၊ သေချာပေါက် အားပေးမယ်။"

"ပထမဆုံး ကျည်ဆန်ကောမန့်ကို ရေးလိုက်မယ်။”

အားလုံး အလွန်စိတ်လှုပ်ရှားနေပါသည်။

ဖေးချမ့်ကတော့ ကယောင်ချောက်ချား စဖြစ်နေလေပြီ။ သူလည်း ကြည့်သင့်သည်ဟု ခံစားမိသည်။

"အဲ့အိုင်ဆိုက်ရဲ့ လိပ်စာက ဘာတဲ့လဲ" ဖေးချမ့်က မေးလိုက်သည်။

"သြော် ဒီမှာပါ" ဟွမ်းစစ်ပေါ်က ဖုန်းကို တစ်တောက်တောက် နှိပ်လိုက်ပြီး ဖေးချမ့်ကို ပြလိုက်ပါသည်။

ရှည်လျားသည့် အင်္ဂလိပ်စာ စာတန်းတစ်ခုက ဖန်သားပြင်ပေါ်တွင် ပေါ်လာပါသည်။

'www.ilidilid.com'...

ဖေးချမ့် လန့်သွားသည်။

ဒါ... ဒါ Bilibili ရဲ့ပြောင်းပြန်ပုံကြီး မဟုတ်ဘူးလား။

All Chapters